马圭市(မကွေးမြို အလှများ)

image

马圭市(မကွေးမြို အလှများ)

image

马圭市(မကွေးမြို အလှများ)

image

马圭市(မကွေးမြို အလှများ)

image

马圭市(မကွေးမြို အလှများ)

imageimage
+7
8 w - Translate

(၂၆.၂.၂၀၂၅) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်းနှင့်စက်ဆီဈေးနှုန်းများ
-----------------------
၁၆ ပဲရည် ရွှေတစ်ကျပ်သား
YGEA စျေး - ၅,၅၀၀,၀၀၀ ကျပ်
ပြင်ပပေါက်စျေး- ၆,၇၂၀,၀၀၀ ကျပ်
အမေရိကန်ဒေါ်လာ
ဗဟိုဘဏ်စျေး- ၂၁၀၀ ကျပ်(ဝယ်)၊ ၂၁၁၀ ကျပ်(ရောင်း)
ပြင်ပပေါက်စျေး- ၄၄၀၀ ကျပ်(ဝယ်)၊ ၄၄၅၀ ကျပ်(ရောင်း)
စက်သုံးဆီ(ရန်ကုန်)
Octane 92 - ၃၂၁၅ ကျပ်
Octane 95 - ၃၂၇၀ ကျ​ပ်
Premium Diesel - ၃၄၂၅ ကျပ်
Diesel - ၂၇၆၅ ကျပ်
ဖော်ပြပါ စျေးနှုန်းများမှာ အချိန်နှင့်နေရာအလိုက် အပြောင်းအလဲ ရှိနိုင်ပါတယ်။

image

အဂ်လန်ပရီးမီးယားလိဂ်ကလပ်မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနွေရာသီကာလကစားသမားအပြောင်းအရွှေ့စျေးကွက်မှာကနေဒါလက်ရွေးစင်တိုက်စစ်မှူး ဂျော်နသန် ဒေးဗစ်ကိုအသင်းဆီအမှန်တကယ်ခေါ်ယူချင်နေတယ်လို့ စပိန်အားကစားသတင်းဆိုင်ရာFichajes သတင်းကဖော်ပြခဲ့ပါတယ်။

ရာမို့စ်ဟော်ဂျ်လန်း(၂ဂိုး)နဲ့ဂျိုချူဝါဇာလ်ချီ(၃ဂိုး) တို့ဟာပရီးမီးယားလိဂ်မှာစုစုပေါင်း ၅ ဂိုးသာသွင်းယူနိုင်ခဲ့ပြီးနောက်မှာတော့ ဂိုးသွင်းအဆုံးသတ်ပိုင်းဖြေရှင်းဖို့အတွက်တိုက်စစ်မှူးခေါ်ယူချင်နေပါတယ်။အသင်းတသင်းလုံးအနေနဲ့လည်း ပွဲပေါင်း ၂၆ ပွဲပါဝင်ကစားထားရာမှာ ဂိုး ၃၀ သာသွင်းယူထားနိုင်ခဲ့ကာသရဲနီအသင်းအနေနဲ့ လက်ရှိမှာရမှတ် ၃၀ တည်းနဲ့ အဆင့် ၁၅ နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြရူဘင်အာမိုရင်အနေနဲ့နောက်ဆုံးမှာတော့ ဂျိုနသန်ဒေးဗစ်ကိုအသင်းဆီခေါ်ယူဖို့ပစ်မှတ်ထားနေတယ်လို့နောက်ဆုံးရသတင်းအရင်းအမြစ်တွေကဖော်ပြလာခဲ့ပါတယ်။အသက် ၂၅ နှစ်အရွယ်တိုက်စစ်မှူးဟာ ဗဟိုတိုက်စစ်နေရာမှာရော နောက်ချန်တိုက်စစ်နေရာမှာပါကစားနိုင်ပြီး ဒီရာသီကုန်ပြီးနောက်မှာတော့လက်ရှိကလပ်လိုင်လီအသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာလည်းဖြစ်ပါတယ်။

ဒါကြောင့်မန်ယူအသင်းအနေနဲ့ ဂျိုနသန်ဒေးဗစ်ကို ကျေနပ်စရာလုပ်ခလစာနဲ့ကမ်းလှမ်းခဲ့မယ်ဆိုရင် အလွတ်ပြောင်းရွှေ့ကြေးနဲ့အသင်းဆီခေါ်ယူဖို့အခွင့်အရေးရှိနေတာဖြစ်ပါတယ်။ဒီရာသီကာလမှာတော့ကာယကံရှင်အနေနဲ့ ကစားပုံအားကောင်းနေတဲ့ကာလမှာရှိနေပြီး ပြိုင်ပွဲစုံ ၃၆ ပွဲပါဝင်ကစားထားရာမှာ ဂိုး ၂၀ သွင်းယူထားကာ ၉ ဂိုးဖန်တီးနိုင်ခဲ့ပြီး လိုင်လီအသင်းကိုဥရောပချန်ပီယံ ၁၆ သင်းရှုံးထွက်အဆင့်ရောက်အောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ဝက်စ်ဟမ်းယူနိုက်တက်အသင်းအနေနဲ့ ဂျိုနသန်ဒေးဗစ်ကိုခေါ်ယူဖို့စိတ်ဝင်စားမှုရှိနေပေမဲ့လည်းမန်ယူအသင်းက အသင်းဆီခေါ်ယူဖို့အခွင့်အရေးပိုများနေတယ်လို့ယူဆရတာဖြစ်ပါတယ်။
 
#ဘောလုံးသတင်းစုံ

image

အမေရိကန်နိုင်ငံသား ဖြစ်ခွင့်အတွက် ဒေါ်လာငါးသန်းတန် Gold Card တွေရောင်းချတော့မယ်

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၆

အမေရိကန်နိုင်ငံသား ဖြစ်ခွင့်လမ်းကြောင်းရှိတဲ့ ဒေါ်လာ ငါးသန်းတန် Gold Card တွေရောင်းချဖို့ စီစဉ်နေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဒါဟာ နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေကို အဓိကဆွဲဆောင်တဲ့ ဗီဇာအစီအစဉ်ဖြစ်ပြီး ရွှေ့ပြောင်းနေထိုင် ရင်းနှီးမြုပ်နှံသူတွေအတွက် ထုတ်ပေးတဲ့ EB-5 ဗီဇာအစီအစဉ်နေရာမှာ အစားထိုးသွားမှာဖြစ်ပါတယ်။

EB-5 ဗီဇာအစီအစဉ်ဟာ အမေရိကန်မှာ ရင်းနှီးမြုပ်နှံဖို့ ကတိပြုထားတဲ့ နိုင်ငံခြားသားတွေကို Green Card ထုတ်ပေးတာဖြစ်ပါတယ်။ Gold Card ကိုဒေါ်လာ ငါးသန်းနဲ့ ရောင်းချသွားမှာဖြစ်ပြီး Green Card အခွင့်အရေးတွေအပြင် အမေရိကန်နိုင်ငံသားဖြစ်ခွင့် လမ်းကြောင်းလည်းဖြစ်တယ်လို့ ထရန့်ကပြောပါတယ်။

ချမ်းသာတဲ့သူတွေ ဒီကတ်ကိုဝယ်ပြီး အမေရိကန်ကို လာနိုင်ကြတယ်လို့ ဆိုပါတယ်။ ရုရှားစီးပွားရေးသမား အိုလီဂါ့တွေတောင် ဒီကဒ်ကိုဝယ်နိုင်တယ်လို့ ထရန့်က ပြောပါတယ်။ EB-5 ဗီဇာအစီအစဉ်ဟာ ၁၉၉၀ ခုနှစ်မှာ ကွန်ဂရက်က ပြဌာန်းခဲ့တာဖြစ်ပါတယ်။

အဲဒီ Gold Card တွေကို ရောင်းချမယ့် အသေးစိတ်အစီအစဉ်တွေနဲ့ပတ်သက်ပြီး လာမယ်နှစ်ပတ်အတွင်း ထုတ်ပြန်သွားမယ်လို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။

EB-5 အစီအစဉ်ဟာ လိမ်လည်မှုတွေရှိနေပြီး စျေးသက်သာတဲ့ Green Card ရတဲ့နည်းလမ်းတခုဖြစ်နေပြီး ဒါကို သမ္မတထရန့်က အဆုံးသတ်ပြီး Gold Card အစီအစဉ်နဲ့ အစားထိုးသွားမှာဖြစ်တယ်လို့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Howard Lutnick က သတင်းထောက်တွေကို ပြောပါတယ်။

Ref:Reuters
Photo:Reuters

#သတင်းဟင်းလေးအိုးကြီး

image
8 w - Translate

hello everyone, very nice to meet you all here,
I would like to make friends and partners here, because I can access alot manufacturer resource in my country, would be great for Myanmar market, looking for someone can speak english and discuss further cooperation, thanks. 🙂

8 w - Translate

အဒေါ်ဖြစ်သူ တေးကို ထိပ်ဆုံးကနေ အားပေးတဲ့ ထရက်ရှာ 🥰🥰🥰Sandi Myint Lwin ရဲ့သမီးလေး
ထရက်ရှာလေးက ကြင်ဖော်ဇာတ်လမ်းတွဲကို ထိုင်စောင့်ကြည့်ပြီးအဒေါ်ဖြစ်သူ စိုးပြည့်သဇင်လေးကို အားပေးတဲ့ အဖွဲ့ကပါတဲ့။ ကြင်ဖော်ဇာတ်လမ်းတွဲမှာ စိုးပြည့်သဇင်ဟာ တေးနုယဉ်နေရာကနေပြီး သရုပ်ဆောင်ထားကာ ယခုလက်တလော ပရိသတ်တွေကြား လူကြိုက်များနေတဲ့ ဇာတ်လမ်းတွဲလည်းဖြစ်ပါတယ်။ ထရက်ရှာလေးက အပြင်ရောက်နေတဲ့ မေမေနဲ့ဖေဖေကို ဖုန်းဆက်ပြီး ကြင်ဖော်မလာသေးဖူးလားလို့ တကူးတက မေးကာ တေးကိုတွေ့တော့ ထိပ်ဆုံးကနေ အားပေးပုံလေးကို အဖွားဖြစ်သူက အမှတ်တရရိုက်ကူးပြထားတာပါ။
#soepyaethazin
#sandi Myint Lwin
#ကြင်ဖော်
#celenews

image