မနက်ဖြန်ဆိုတာ
ခဏ ခဏ ပွင့်ပြီး
ပွင့်မှန်း မသိလိုက်ခင်
ကြွေသွားတဲ့ပန်းပဲ
အဲ့ဒါပါပဲ ကွာ ။
#အောင်ချိမ့်
Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
မနက်ဖြန်ဆိုတာ
ခဏ ခဏ ပွင့်ပြီး
ပွင့်မှန်း မသိလိုက်ခင်
ကြွေသွားတဲ့ပန်းပဲ
အဲ့ဒါပါပဲ ကွာ ။
#အောင်ချိမ့်
Top Secret Pursuit 2021
လျန်ကျားဒေသက မူးယစ်ကုန်သွယ်ရေးဂိုဏ်းတစ်ခုဟာ
ရဲတွေအချိန်ကြာကြီး စုံစမ်းနေပေမဲ့ လက်ပူးလက်ကြပ်မဖမ်းနိုင်တဲ့ “ချန်ကျားဟောက်”ဦးဆောင်တဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။
ချန်ကျားဟောက်ဟာလည်း “ကိုယ့်ဒူးကိုယ်တောင်
မယုံတဲ့လူမျိုးဖြစ်တဲ့အတွက် မူးယစ်ဆေးဝါးထုတ်လုပ်ရာ
ဂိုထောင်စက်ရုံကြီးကို လျှို့ဝှက်စွာဖုံးကွယ်ထားပါတော့တယ်။
အမြစ်ကိုမရှင်းနိုင်တဲ့သစ်ပင်တစ်ပင်ဟာ ဘယ်တော့မှမသေဆုံးနိုင်သလိုပဲ ပြဿနာရဲ့ဇစ်မြစ်ဖြစ်တဲ့ထိုစက်ရုံကြီးကိုပါ ရှာဖွေနိုင်ဖို့ ရဲတွေဟာကြိုးပမ်းပါတော့တယ်
ဒီလိုနဲ့ ချန်ကျားဟောက်အဖွဲ့ထဲက “ချောင်ရန့်ဖန်”ဆိုသူဟာရဲတွေထောက်လှမ်းဖို့လွန်ခဲ့တဲ့၄နှစ်တည်းက ထည့်ထားတဲ့သူလျှိုဖြစ်နေတဲ့အခါမှာတော့… ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ဆက်လက်ကြည့်ရှုခံစားပါ
မြန်မာတွေအတွက် DV ပေါက်ပြီး အမေရိကန်ရောက်ဖို့ အိမ်မက် ပျောက်ဆုံးတော့မည်လော
ဒေါ်လာ ၅ သန်းပေးရင် ဘယ်သူမဆို အမေရိကန်နိုင်ငံသားရမယ်လို့ သမ္မတထရမ့်က ပြောလိုက်ပါတယ်။ ရုရှားက ရေနံသူဌေးတွေလဲ ဒေါ်လာ ၅ သန်းပေးရင် အမေရိကန်နိုင်ငံသားဖြစ်လာမယ်လို့ သူက ဆိုပါတယ်။ ဆင်းရဲတဲ့နိုင်ငံတွေက လူတွေကို ခေါ်ယူပြီးနေရာချထားပေးတဲ့ DV လိုအရာမျိုးတွေကိုတော့ ပယ်ဖျက်သွားမယ်လို့ ဆိုပါတယ်။ လွှတ်တော်က မတုံ့ပြန်နိုင်ရင်တော့ အတည်ဖြစ်သွားတော့မှာပါ။
အမေရိကန်ရဲ့ အခြေခံမူတွေဖြစ်တဲ့ စာနာမှု၊ ညှာတာမှူနဲ့ အမေရိကန်မှာ အိပ်မက်အသစ်ရှာဖွေခွင့်တွေဟာ ထရမ့် လက်ထက်မှာတော့ ပျောက်ဆုံးသွားရပြီ ဖြစ်ပါတယ်။ အရာရာကို ငွေနဲ့ပဲ ဆုံးဖြတ်တော့မှာပဲ ဖြစ်ပါတယ်။
ခြင်ဆေးခွေထွန်းထားရာမှ လျှပ်စစ်ပစ္စည်းများ မီးလောင်မှု ပြည်ကြီးတံခွန်၌ ယနေ့ဖြစ်ပွား
ဖေဖော်ဝါရီ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် ၁၁၈ လမ်းနှင့် ၆၂ လမ်းထောင့်၊ (ဂ)ရပ်ကွက်ရှိ နှစ်ထပ်အဆောက်အအုံ၏ အောက်ထပ်တွင် လျှပ်စစ်ပစ္စည်းများထားသည့်အခန်း၌ ဖေဖော်ဝါရီလ ၂၆ ရက် နံနက် ၄ နာရီ ၃၂ မိနစ်ခန့်က ဂျပ်ဖာပုံးများအနီး ခြင်ဆေးခွေထွန်းအိပ်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
မီးလောင်မှုမှာ ၁၇ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး လျှပ်စစ်ပစ္စည်းများနှင့် လျှပ်စစ်ပစ္စည်းများထားရှိသည့် အခန်းမှ တံခါးများ မီးလောင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၆ စီး၊ ရေသယ်ယာဥ် ၂ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၆၀ ခန့်ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၄၉ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် အသက် ၂၅ နှစ်အရွယ် အမျိုးသားကို ပြည်ကြီးတံခွန်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။
#centralnewsnaypyitaw