Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဂျိမ်းစ်ဘွန်းရုပ်ရှင်ထဲက ကားကို ဒေါ်လာ ၁ သန်းပေးဝယ်ခဲ့တဲ့ အီလွန်မတ်စ်
_____________________
blind auction လေလံမှာ ကားအိုတစ်စီးကို ဒေါ်လာ ၁၀၀ နဲ့ ဝယ်မိခဲ့တဲ့ စုံတွဲတစ်တွဲဟာ ၂၅ နှစ်လောက်အကြာမှာ ဒီကားကို ဒေါ်လာ ၁ သန်းနီးနီး ပေးဝယ်မယ့်သူ တွေ့ခဲ့ပါတယ်။
၁၉၈၉ ခုနှစ်က နယူးယော့ခ်ပြည်နယ် လောင်းအိုင်းစ်လန်းက စုံတွဲတစ်တွဲဟာ blind auction လို့ ခေါ်တဲ့ ချိတ်ပိတ်ထားတဲ့ပစ္စည်း လေလံတစ်ခုမှာ ကားတစ်စီးကို ဒေါ်လာ ၁၀၀ နဲ့ လေလံဆွဲနိုင်ခဲ့ပါတယ်။ blind auction မှာက အထဲမှာ ဘာပစ္စည်းရှိမှန်း ရောင်းသူရော ဝယ်သူပါ မသိဘဲ စာအိတ်ထဲ ဈေးပေးလေလံဆွဲတာမျိုးပါ။ ဈေးအမြင့်ဆုံးပေးသူ လေလံအောင်ပါတယ်။
စောင်ဟောင်းနဲ့ အုပ်ထားတဲ့ လေလံအောင်တဲ့ပစ္စည်းကို ဖွင့်ကြည့်ရာမှာတော့ ၁၉၇၆ မော်ဒယ် Lotus Esprit ပြိုင်ကားတစ်စီး ဖြစ်နေတာ တွေ့ခဲ့ရပါတယ်။ အံ့ဩဖို့ ကောင်းတာက ဒီကားက The Spy Who Loved Me ရုပ်ရှင်မှာ ဂျိမ်းစ်ဘွန်းမင်းသားကြီး ရော်ဂျာမိုးစီးခဲ့တဲ့ ကားဖြစ်နေတာပါ။
၁၉၇၇ ခုနှစ်က ဒီရုပ်ရှင်ထဲမှာ ရေငုပ်သင်္ဘောအဖြစ် ပုံစံပြောင်းပြီး ရေအောက်မှာတင် ဒုံးကျည်တွေ ပစ်နိုင်တဲ့ ကားဆိုပြီး နာမည်ကြီးခဲ့တဲ့ကားလည်း ဖြစ်ပါတယ်။ ပိုအံ့ဩဖို့ကောင်းပုံက ဒီကားကို လေလံအောင်တဲ့ စုံတွဲဟာ ဂျိမ်းစ်ဘွန်း ရုပ်ရှင်ကားတစ်ကားမှ မကြည့်ဖူးတာပါပဲ။
ဆောက်လုပ်ရေးပစ္စည်းအငှားလုပ်ငန်း လုပ်နေတဲ့ ဒီလင်မယားက ဒီကားအကြောင်း မသိခဲ့ပါဘူး။ Wet Nellie လို့ နာမည်ပြောင်ပေးထားတဲ့ ဒီကားဟာ ရုပ်ရှင်အတွက် ရေအောက်ထဲ သွားလို့ရအောင် ဒေါ်လာ ၁ သိန်းကျော် အကုန်အကျခံပြီး ပုံပြောင်းထားတာပါ။
လေလံတင်ရောင်းချိန်က ဒီကားမှာ ဘီးမပါဘဲ ရေယက်တွေပဲ ပါရှိပါတယ်။ ဒီကားက မြေပြင်မှာ မောင်းမရပေမယ့် ရေအောက်မှာ ကောင်းကောင်းကြီး မောင်းနှင်နိုင်စွမ်း ရှိပါတယ်။ နောက်တော့ ဒီကားကို အမိုးချိုင့်တာတွေ ပြင်ပြီး အမြင်လှအောင် ပြန်သ,ကာ ပြပွဲတွေ လုပ်ခဲ့ပါတယ်။ ၂၀၁၃ မှာတော့ ဒီကားကို လေလံတင်ခဲ့ပါတယ်။
ဒီကားအကြောင်း သတင်းကြားသွားတဲ့ အီလွန်မတ်စ်က RM Sotheby's ကို ဆက်သွယ်ပြီး လျှို့ဝှက်ဝယ်သူအနေနဲ့ ဒေါ်လာ ၉၉၇၀၀၀ ပေးဝယ်ခဲ့ပါတယ်။ ကလေးဘဝ တောင်အာဖရိကမှာတည်းက ဂျိမ်းစ်ဘွန်းကားတွေကို နှစ်ခြိုက်ခဲ့တဲ့ အီလွန်မတ်စ်ဟာ ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ရေအောက်သွားယာဉ်ပြောင်းနိုင်တာကို စိတ်ဝင်စားတာ မဆန်းပါဘူး။
"ရုပ်ရှင်ထဲကလို တကယ်ပုံပြောင်းမသွားလို့ ကျွန်တော်စိတ်ပျက်သွားတယ်။ ကျွန်တော်က ဒါကို Tesla လျှပ်စစ်ပါဝါလိုင်းစနစ် နဲ့ အဆင့်မြှင့်ပြီး တကယ် ပုံပြောင်းအောင် လုပ်ချင်တာ" လို့ အဲ့ဒီတုန်းက မတ်စ်က ပြောဖူးပါတယ်။
ဒါပေမယ့်လည်း Lotus Esprit sport car ဟာ Cybertruck လို့ ဖြစ်လာမယ့် လျှပ်စစ်ထရပ်ကားရဲ့ ဒီဇိုင်းရှေ့ပြေး ဖြစ်ခဲ့ပါတယ်။ Cybertruck ဟာ Lotus ကားရဲ့ ဒီဇိုင်းကို ယူပြီး အဆင့်မြှင့်တင်ထားတာပါ။
၁၉၇၆ ထုတ် Lotus Esprit submarine က လေလံပွဲမှာ ဈေးအကြီးဆုံးကား ဂျိမ်းစ်ဘွန်းစီးခဲ့တဲ့ ကားမဟုတ်ပါဘူး။ ၁၉၆၅ ခုနှစ်က Thunderball ရုပ်ရှင်မှာ ပါခဲ့တဲ့ Aston Martin DB5 ဟာ ဒေါ်လာ ၆.၄ သန်းနဲ့ လေလံအောင်ထားပါတယ်။
ငွေလဲကောင်တာများတွင် တစ်ဒေါ်လာ ပုံသေ ကျပ် ၃၅၀၀ ဝန်းကျင်ဖြင့် ရောင်းချရန် ညွှန်ကြားထားခြင်းမရှိဟု ဗဟိုဘဏ်ပြော
ငွေလဲကောင်တာ (Money Changer) တွေကို ပုံသေ တစ်ဒေါ်လာ ကျပ် ၃၅၀၀ ဝန်းကျင်နဲ့ ရောင်းချပေးဖို့ ညွှန်ကြားထားခြင်းမရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ပြောကြားပါတယ်။
Money Changer တွေရဲ့ နိုင်ငံခြားငွေ ဝယ်ဈေးကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ FX Trading Platform မှ တင်ပြချက်တွေအပေါ် တွက်ချက်ထားတဲ့ Optimum Level ရှိ Average Rate အရ သတ်မှတ်ထားတဲ့ FX Trading Rate အတိုင်း သတ်မှတ်ဖို့ ညွှန်ကြားထားပါတယ်။
ဒါ့အပြင် နိုင်ငံခြားငွေ ရောင်းဈေးကို သတ်မှတ်ရာမှာတော့ FX Trading Rate + ၁၀ ကျပ်နဲ့ အမြင့်ဆုံး ဆောင်ရွက်ဖို့ သတ်မှတ်ထားကြောင်း ဗဟိုဘဏ်က ဆိုပါတယ်။
လက်ရှိ FX Trading Rate က (၁၀-၁၀-၂၀၂၄) ရက်နေ့မှာ တစ်ဒေါ်လာ ၃၅၅၄ ကျပ်ဖြစ်ပြီး အတက်အကျ ရှိနေမှာဖြစ်တယ်လို့ CBM ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
FX Trading Rate ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် Website မှာ ဖော်ပြပေးထားပြီး ငွေလဲကောင်တာတွေရဲ့ Board တွေမှာလည်း ကြေညာထားပါတယ်။
“ပုံသေ ၃၅၀၀ ဝန်းကျင်ဆိုပြီး သတ်မှတ်ထားခြင်းမရှိပါ”လို့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ပြောကြားချက်အရ သိရပါတယ်။
ဗဟိုဘဏ် ပါဝင်တဲ့ FX Trading Platform မှာ ဒေါ်လာငွေလဲနှုန်း ၃၅၅၄ ကျပ်နဲ့ အရောင်းအဝယ်ပြုလျက်ရှိပြီး ပြင်ပနိုင်ငံခြားငွေကြေးဈေးကွက်မှာတော့ ဒေါ်လာငွေဈေး ၄၅၅၀ - ၄၆၅၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။
ဗဟိုဘဏ်အနေနဲ့ ငွေလဲနှုန်း ၃၅၅၄ ကျပ်နဲ့ အမေရိကန်ဒေါ်လာ ၁၂ သန်းကျော်ကို အောက်တိုဘာလ ၁၀ ရက်နေ့မှာ ထုတ်ရောင်းခဲ့ပြီး အဲဒိနေ့ တစ်ရက်တည်းမှာ ထိုင်းဘတ် ၃၈ သန်းကျော်ကိုလည်း ငွေလဲနှုန်း ၁၁၅.၉ ကျပ်နဲ့ ထုတ်ရောင်းပေးခဲ့ပါတယ်။
မှိုဟင်း
ခရမ်းချဉ်သီး တလုံး ကြက်သွန်ဖြူနီရယ်
ငြုပ်သီး အမှည့်စိုလေးရယ်(သို့)အစိမ်းတောင့်လေးရယ်မညက်တညက်ထောင်း(သို့)ကပ်ကြေးနဲ့ညှပ် ပီး
ဆီနည်းနည်းထည့် ဆီသတ်ပြီး မှိုထည့်ပါ ဆား အရသာ ထည့်ပါ ရေမထည့်ပါနဲ့ သူ့ထွက်လာတဲ့ရေလေးနဲ့ထားပါ ကျက်ခါနီး ပင်းစိမ်းရွက်လေးခပ်ပါ စားလို့ကောင်းတယ် တခွက်တည်းနဲ့ဟင်းဖြစ်တယ် မှိုဆေးရင်လဲ မလှီးခင်ရေဆေးနော် လှီးပြီးမှရေဆးရင် ရေတေပိုထွက်တယ် ချက်ထားတာ ပျိုးမှိုကောက်ရိုးမှိုဆို ခဏပဲချက်ပါ
သဘာဝမှိုဆိုရင်တော့
ရေထည့်ပြီးကြာကြာလေးချက်ပါနော် (သဘာဝမှိုလည်းဒီချိန်မပေါ်သေးပါ)အဆိပ်တောက်ပြေအောင်လဲ ကန်စွန်းရွက်ထည့်နိုင်ပါတယ်
ပင်စိမ်းရွက်က တော့မှိုနဲ့အရအလိုက်ဘက်ဆုံးပါလို့...
ရေမပျစ်မကျဲလေးမှာ ချပါ အရမ်းစားကောင်းတာ တမျိုးတည်းနဲ့ 🤍
သီးစုံ ပဲကုလားဟင်း 😋
***********************
(အဟာရပြည့်ပြီး အရသာရှိတဲ့ သီးစုံ ပဲကုလားဟင်း ချက်နည်းကို ဖော်ပြပေးလိုက်ပါတယ်)
ပါ၀င်ပစ္စည်းများ
ကုလားပဲခြမ်း - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တခွက်
မကျီးသီးမှည့် - ကွမ်းသီးဆံလုံးလောက်
ပျဉ်းတော်သိမ်းရွက် - အခက်ကြီးကြီး ၂ခက်
အာလူး - အနေတော် ၃လုံး
ခရမ်းသီး - အလုံးကြီးကြီး တလုံး
ပန်းဂေါ်ဖီ - အခက်ကြီးကြီး ၃ခက်
ပဲသီး - ၁၀တောင့်ခန့်
မုံလာဥနီ - ဥကြီးကြီး တဥ
ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
ငါးငံပြာရည် - ထမင်းစားဇွန်း ၃ဇွန်း
အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း (ပဲပြုပ်ထဲနှင့်ဆီသတ်ရာတွင် သုံးရန်)
ကြက်သွန်နီ - အနေတော် တခြမ်း
ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
ချင်း - လက်တဆစ်ရဲ့တ၀က်
ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
ကုလားလေးမဆလာ - တထုတ်
ဆီ - ထမင်းစားဇွန်း ၃ဇွန်း
ပြင်ဆင်ပုံ
ကုလားပဲဆန်ကို ရေဆေးပြီး ရေမြုပ်အောင်ထည့် နနွင်းမှုန့် အနည်းငယ်ထည့်ပြီး ပဲကိုမနူးတနူး ပဲအခြမ်းလိုက် အနေအထားမပျက်အောင် ပြုပ်ပြီးထားပါ
မကျီးသီးမှည့်ကို ရေတထပ်ဆေးပြီး ရေမြုပ်အောင် ထည့်ကာ ရေစိမ်ထားပါ
အသီးအရွက်များနှင့် အာလူးကို သင့်သလိုလှီးကာ ရေဆေးထားပါ
ကြက်သွန်ဖြူ နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်တို့နဲ့ရောပြီး ထောင်းထားပါ
အားလုံးအဆင်သင့်ဖြစ်တာနဲ့ ဒယ်အိုးတလုံးကို အပူပေးပြီး ဆီထည့်ပါ ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ကာ ငရုတ်သီးထောင်းကိုထည့်ပြီး မွှေးလာအောင် ဆီသတ်ပေးပါ
ဆီသတ်နံ့မွှေးလာတာနဲ့ ပျဉ်းတော်သိမ်းရွက်များကို ထည့်ပြီးဆီသတ်ပါ
ပြီးတာနဲ့ ဟင်းချက်ရန် ပြင်ထားသောအာလူးနှင့် အသီးအရွက်များ ဆား ငံပြာရည် အရသာမှုန့်တို့ကိုထည့်မွှေပြီး ဆီသတ်ပါ
ဆီသတ်နံ့ မွှေးလာတာနဲ့ မီးပိတ်ထားပေးပါ
အသီးအရွက်များ ဆီသတ်ပြီးတာနဲ့ ပြုပ်ထားသော ပဲအိုးထဲကို ပြောင်းထည့်ပြီး ရေလိုသလောက်ထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
ရေပွက်ပွက် ဆူလာတာနဲ့ မာနေသော အသီးအရွက်များ နူးအောင် တည်ပေးကာ ရေစိမ်ထားသော မကျည်းမှည့်ကို လက်နဲ့နယ်ဖျော်ပြီး မကျည်းရည် ထည့်ပေးပါ
ဟင်းရည်ပွက်ပွက်ဆူပါက အရသာမြည်းပြီး လိုသလိုပြင်ကာ ကုလားလေးမဆလာကို ထည့်ပြီးမွှေပေးပါ
အသီးအရွက်များ နူးလာတာနဲ့မဆလာနံ့ မွှေးနေသော သီးစုံပဲဟင်း အရည်သောက်ဆမ်းကို သုံးဆောင်နိူင်ပါပြီ။