Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
တ-ရုတ်က လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပေးတဲ့ ကမ္ဘာ့ အကြီးဆုံး Wind Turbine ကို တည်ဆောက်
=======================================================
ကမ္ဘာကြီး ပျက်ဆီးတာကို လျှော့ချဖို့အတွက် နေရောင်ခြည်နဲ့ လေလို သန့်ရှင်းတဲ့ စွမ်းအင်တွေကို အသုံးပြုဖို့ကြိုးစားနေကြပါတယ်။
အခုတော့ တ-ရုတ်က လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပေးတဲ့ ကမ္ဘာ့ အကြီးဆုံး Wind Turbine ကို တည်ဆောက်လိုက်ပါတယ်။ Wind Turbine ရဲ့ ဧရိယာဟာ ၅၇,၂၅၆ စတုရန်းမီတာ ရှိပြီး ဘောလုံးကွင်း ၁၁ ကွင်းစာလောက် ရှိပါတယ်။ ဒလက်တွေဟာ ၁၃၁ မီတာ ရှည်လျားပြီး ဘောလုံးကွင်း တစ်ကွင်းစာလောက် ရှိပါတယ်။
နှစ်စဉ် နေအိမ် ၁၆၀,၀၀၀ အတွက် လုံလောက်တဲ့ လျှပ်စစ် ဓါတ်အားကို Wind Turbine က ထုတ်လုပ်ပေးနိုင်ပါတယ်။ သက်တမ်း ၂၅ နှစ်ကနေ ၃၀ နှစ်အထိ အသုံးပြုနိုင်အောင် ဒီဇိုင်းထုတ်ထားပါတယ်။ သယ်ယူပို့ဆောင်ဖို့ လွယ်ကူအောင် ပေါ့ပါးတဲ့ ဒီဇိုင်းကို အသုံးပြုထားပါတယ်။ ပေါ့ပါးပေမယ့် ကြံ့ခိုင်မာကျောအောင် တည်ဆောက်ထားပါတယ်။
တ-ရုတ်ရဲ့ Sany Renewable Energy က Jilin ပြည်နယ်မှာ Wind Turbine ကို တည်ဆောက်ထားတာ ဖြစ်ပြီး စွမ်းဆောင်ရည်ကို နောက်နှစ်မှာ အကြိမ် ၂,၀၀၀ နီးပါး စမ်းသပ်မှာ ဖြစ်ပါတယ်။
7 နှစ်ပြည့် Anniversary အဖြစ် ချစ်သူရဲ့ဆေးခန်းခေါင်မိုးပေါ်ကနေ ဘောလုံးပေါင်း ၇၀၀ ကြဲချပေးခဲ့တဲ့ ဒီဇိုင်နာ ငြိမ်းကို 🥰🥰🥰
ဒီလို မမေ့နိုင်တဲ့ အမှတ်တရဖြစ်စဉ်လေးကို ဖန်တီးပေးခဲ့တာကတော့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဖြစ်တယ်လို့ သူကဆိုပါတယ်။ အဲ့ဒီနေ့လေးဟာ သူတို့နှစ်ဦးရဲ့ ချစ်ခြင်းတွေ ၇ နှစ်ပြည့်ခဲ့ကြတဲ့နှစ်ပတ်လည်နေ့လေးလည်းဖြစ်ပါတယ်။ ဒီလာမယ့် ၂၈ ရက်နေ့ဆိုရင်တော့ ၁၃ နှစ်ပြည့်တော့မှာပဲဖြစ်ပါတယ်။ ဒီဇိုင်နာ ငြိမ်းကိုနဲ့ Dr အောင်သီဟတို့ဟာ မြန်မာနိုင်ငံမှာ လက်တွဲအကြာဆုံး LGBT အတွဲဖြစ်တယ်လို့ ပရိသတ်တွေက အားကျမှတ်ချက်ပေးကြတာပါ။
#crd
#celenews
အားလုံးချစ်တဲ့ ပါပါ ဒရက်ကူလာတို့ ပြန်လာပါပြီ
ဒီတစ်ခေါက်တော့ ဒရက်ကူလာဟာ အနားယူပြီး သူ့ဟိုတယ်ကို သူ့သမီး မေးဗစ် နဲ့ သားမက် ဂျွန်နီကို လွှဲပေးခဲ့ချင်ပေမယ့် ဂျွန်နီရဲ့ ပေါက်ကရ စိတ်ကူးတွေကို ကြောက်တာကြောင့် ဟိုတယ်ကို မွန်းစတားမဟုတ်တဲ့ လူသားတွေ ဆက်ခံခွင့်မရှိဘူးဆိုပြီး လိမ်ပြောလိုက်ပါတယ်
အဲဒါကြောင့် ဂျွန်နီဟာ ဗန်ဟဲဆင်းရဲ့ အကူအညီနဲ့ မွန်းစတားအဖြစ် ပြောင်းလဲလိုက်ပေမယ့် တလွဲတွေဖြစ်ပြီး ဒရက်ကူလာနဲ့ မိတ်ဆွေတွေပါ မတော်တဆ လူသားတွေ ဖြစ်ကုန်ပါတယ်
ဒါကြောင့် အရင်အတိုင်းပြန်ဖြစ်အောင်လုပ်ပေးနိုင်မယ့် အရာကိုရှာဖို့ လူသားဒရက်ကူလာနဲ့ မွန်းစတား ဂျွန်နီတို့တွေ ဘယ်လိုစွန့်စားခန်းတွေ ဖွင့်ကြမလဲဆိုတာကိုတော့
Hotel Transylvania (4): Transformania (2022)
ဇာတ်ကားလင့်
https://t.me/c/2186686827/78
Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl
#မှိုထောင်း
လုပ်ရလွယ်ကူးပြီးစားလို့အရမ်းကောင်းတဲ့မှိုထောင်းနည်းလေးကိုမျှဝေပေးလိုက်ပါတယ်
ပါဝင်ပစ္စည်း
- မှို ( ကြိုက်နှစ်သက်ရာမှို )150 g
- ငရုတ်သီးစိမ်း/ နီ 10 တောင့်
- ကြက်သွန်နီ ဥသေးမျိုး 5 ဥ
- ကြ်သွန်ဖြူ 5 မွှာ
- ကြက်သွန်မြိတ် 2 ပင်
- နံနံပင် 2 ပင်
- ငါးပိရည်ကျို (ready made ဘူးလည်းရတယ်)
- ငါးငံပြာရည် ထမင်းစားဇွန်း 1 ဇွန်း
- အချိုမှုန့် ထမင်းစားဇွန်း 1/3
🍄 ပြုလုပ်ပုံ 🍄
- မှို ကြက်သွန်နီ/ဖြူ ငရုတ်သီးစိမ်း/နီ တို့ကိုမီးကင်ထားပေးပါ (ဒယ်ထဲထည့်လှော်လည်းရပါတယ်ရှင့်) ကြက်သွန်မြိတ်နဲဲ့ နံနံပင် တို့ကိုပါးပါးလှီးထားပါ
- ဆုန်ထဲကို မီးကင်းထားတဲ့ ကြက်သွန်နီ/ဖြူ ငရုတ်သီးတို့ကိုမညှက်တညှက်ထောင်းပေးပါ ပြီးရင်မှိုထည့်ထောင်းပါ ငံပြာရည် ငါးပိရည်ကျို အချိုမှုန့် ကြက်သွန်မြိတ် နံနံပင် ထည့်ပြီးရင်ဖွဖွလေးထပ်ထောင်းပေးရင်ရပါပီ
- ထမင်းနဲ့စားတဲ့အခါကိုယ်ကြိုက်နှစ်သက်တဲ့အတို့အရွက်တို့နဲ့တွဲစားလို့ရပါပြီရှင့် လုပ်ရလွယ်ကူးပြီးစားလို့အရမ်းကောင်းပါတယ်ရှင့် ကုန်ကျစရိတ်လည်းသက်သာပါတယ်