6 w - Translate

Autumn Nail Designs Too Chic To Resist🍁

image
6 w - Translate

Autumn Nail Designs Too Chic To Resist🍁

image
6 w - Translate

Autumn Nail Designs Too Chic To Resist🍁

image
6 w - Translate

Autumn Nail Designs Too Chic To Resist🍁

image
6 w - Translate

Autumn Nail Designs Too Chic To Resist🍁

image
image
image
image
image
6 w - Translate

မီးလောင်မှုများ ခပ်စိပ်စိပ်ဖြစ်နေသည့်အတွက် မီးဘေးအန္တရာယ် ဂရုစိုက်ရန် လိုအပ်လာ

ရန်ကုန်၊ မန္တလေး၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် အောက်တိုဘာ (၁၅)ရက် ညပိုင်းနှင့် အောက်တိုဘာ (၁၆)ရက် နေ့လယ်ပိုင်းအချိန်တွင် မီးလောင်မှုအချို့ ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့သတင်းများအရ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကြံကောက်ရပ်ကွက်၊ (၅၆)လမ်းနှင့် (၅၇)လမ်း၊ (၂၉)လမ်းနှင့် လမ်း (၃၀)ကြားတွင် ယနေ့ အောက်တိုဘာ (၁၆) ရက်၊ နေလယ် (၁)နာရီ (၅၅)မိနစ်အချိန်ခန့်က RC (၂)ထပ်တိုက် ဒုတိယထပ်တွင် မီးလောင်မှုဖြစ်ပွားရာ ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်အုပ်စု ထွက်ခွာငြှိမ်းခဲ့ရာ နေ့လယ် (၂)နာရီ (၂၅)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာ (၁၆) ရက်၊ နံနက်အစောပိုင်း (၅)နာရီအချိန်ခန့်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့၊ ကောင်းမှုလွယ်ရပ်ကွက်၊ ဖူလီလိုက်လမ်းတွင် မီးလောင်မှုဖြစ်ပွားရာ မူဆယ်ခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ အချိန်(၁)နာရီကျော် ငြှိမ်းသတ်ခဲ့ရပြီး နံနက် (၆)နာရီ (၅)မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

အလားတူ အောက်တိုဘာ (၁၆)ရက်၊ နံနက် (၄)နာရီ (၁၅) မိနစ်အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ နွယ်ချို(၁)ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားရာ ပေါင်းတည်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃) စီး၊ ပေါင်းတည်မြို့နယ် အရန်မီးသတ်စခန်းများမှ ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက်(၄)နာရီ (၃၅) မိနစ် အချိန်တွင် မီးငြိမ်းခဲ့သည်။

ထို့ပြင် အောက်တိုဘာ (၁၅)ရက်၊ ည(၈)နာရီ (၂၅)မိနစ်အ ချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ရေ ကျော်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားရာ ဒိုက်ဦးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ပြွန်တန်ဆာနယ် မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည(၉)နာရီအချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

အလားတူ အောက်တိုဘာ (၁၅)ရက်၊ နေ့လယ် (၂)နာရီ (၅၃) မိနစ် အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရ၉ ရပ်ကွက်၊ အောင်သစ္စာလမ်းတွင် မီးလောင်မှုဖြစ်ပွားရာ ဒဂုံဆိပ်ကမ်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာ ဉ်(၂)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ရာ (၃)နာရီ (၁)မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

image
6 w - Translate

သီတင်းကျွတ်လပြည့်အကြို အဖိတ်နေ့ရွှေတိဂုံဘုရားမြင်ကွင်း

ရွှေတိဂုံစေတီတော်မြတ်ကြီး၌သီတင်းကျွတ်လပြည့်အကြို အဖိတ်နေ့တွင် ဆီမီးလှည့်လည်ပူဇော်ပွဲနှင့် ဆီမီး ၁၀,၀၀၀ ပူဇော်ပွဲကို ယနေ့တွင်ပြုလုပ်သည့် မြင်ကွင်းများဖြစ်သည်။

ဘုရားဖူးပြည်သူများအနေဖြင့် သီတင်းကျွတ်အခါသမယတွင် မီးပူဇော်ခြင်းကို ပါဝင်ဆင်နွှဲနိုင်ကြောင်း ၊ သီတင်းကျွတ်လပြည့်နေ့အခါသမယတွင်လည်း ပုံမှန်ဘုရားဖွင့်ချိန်ဖြစ်သည့် နံနက် ၅ နာရီမှ ည ၁၀နာရီ အထိ ရွှေတိဂုံစေတီတော်ကြီးသို့ ဘုရားဖူးများ လာရောက်ဖူးမြော်နိုင်ကြောင်း သိရသည်။

image
6 w - Translate

မီးသတ်တပ်ဖွဲ့ဝင်များ သွေးလှူဒါန်း

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ အမျိုးသားသွေးဌာနတွင်လိုအပ်သည့်သွေးများအတွက် မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့ အောက်တိုဘာ ၁၆ ရက်နံနက် ၇ နာရီက သွေးများလှူဒါန်းခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သွေးလှူရှင် မီးသတ်တပ်ဖွဲ့ဝင်(၃၉)ဦး၊ ရန်ကုန်တိုင်းမီးသတ်ဦးစီးမှူးရုံး၏ကွပ်ကဲမှုအောက်ရှိ မီးသတ်တပ်ဖွဲ့ဝင်(၁၇)ဦးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်(၁)ဦး (စု စုပေါင်း ၅၇ ဦး)က အမျိုးသားသားသွေးဌာနတွင်လိုအပ်နေသည့် သွေးများကိုလှူဒါန်းခဲ့ကြကြောင်း သိရသည်။

သွေးလှူဒါန်းခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်များအား ဖြည့်စွက်အာဟာရများကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ဒု-ညွှန်ကြားရေးမှူးချုပ်ဦးရဲမင်းသူနှင့် အမျိုးသားသွေးဌာနမှ တာဝန်ရှိသူ များကထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။

image
6 w - Translate

မုဒုံမြို့ရှိ ကန်ကြီးစေတီတော်မြတ်ကြီး၏ (၁၅၀) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၌ လှေလှော်ပြိုင်ပွဲထည့်သွင်းကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့ရှိ ဆံတော်ရှင်ကန်ကြီးစေတီတော်မြတ်ကြီး၏ (၁၅၀)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၌ လှေလှော်ပြိုင်ပွဲအား ယနေ့ အောက်တိုဘာ ၁၆ ရက်နံနက် ၁၀ နာရီမှစတင်၍ ထည့်သွင်းကျင်းပလျက်ရှိကြောင်း သိရသည်။

မျိုးဆက်သစ်လူငယ်များ အားကစားစိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်နှင့် ပြည်နယ်အတွင်း လှေလှော်အားကစားသမားကောင်းများပေါ်ထွက်လာစေရန်ရည်ရွယ်၍ လှေလှော်ပြိုင်ပွဲအား ကန်ကြီးမင်္ဂလာကန်တော်၌ကျင်းပရာ အဖွင့်ပွဲစဉ်အဖြစ် မာရဇိန်လှေလှော်အသင်းနှင့် မျိုးဆက်သစ်လှေလှော်အသင်းတို့ ယှဉ်ပြိုင်လှော်ခတ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ လှေလှော်ပြိုင်ပွဲအား မုဒုံမြို့ပေါ် ရှိ ရပ်ကွက်များမှ လှေလှော်အသင်း(၇)သင်းဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားအား အောက်တိုဘာ ၁၇ ရက်(သီတင်းကျွတ်လပြည့်နေ့)တွင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ပထမဆုရရှိသည့်အသင်းအား (၇) သိန်းကျပ်၊ ဒုတိယဆုရရှိသည့်အသင်းအား (၅) သိန်းကျပ်၊ တတိယဆုရရှိသည့်အသင်းအား (၃) သိန်းကျပ်၊ စတုတ္ထဆုရရှိသည့်အသင်းအား (၂) သိန်းကျပ်နှင့် နှစ်သိမ့်ဆုများကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။