edit မပါတဲ့ signက ပါလေရာ ငပိ”)
ဝီအာ သူများတွက်ဆိုစုံထောက်🙂↕️
သူ့အတွက်ဆိုစောက်ထုံ💔
#lunatarot

Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
edit မပါတဲ့ signက ပါလေရာ ငပိ”)
ဝီအာ သူများတွက်ဆိုစုံထောက်🙂↕️
သူ့အတွက်ဆိုစောက်ထုံ💔
#lunatarot
ပရီးမီးယားလိဂ်ဖလားကို လက်လွှတ်ဖို့ အာတီတာငြင်းဆန်
ဖေဖော်ဝါရီ ၂၇
အာဆင်နယ်အသင်းဟာ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ဂိုးမရှိ သရေကျပြီး ထိပ်ဆုံးနေရာက လီဗာပူးလ် အသင်းနဲ့ ၁၃ မှတ်အထိ ကွာဟသွားခဲ့ပေမယ့် နည်းပြအာတီတာက ဆုဖလားကို လက်လွှတ်ဖို့ ငြင်းဆန်ထား ပါတယ်။
အာတီတာက “လွန်ခဲ့တဲ့ တစ်ပတ်၊ လွန်ခဲ့တဲ့ နှစ်ပတ်၊ လွန်ခဲ့တဲ့ ၃ လလောက်ကလည်း ဒီလိုပါပဲ။ ကျနော်တို့ လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက ကျနော်တို့ရဲ့ပွဲတွေကို အနိုင်ရယူပြီး ရမှတ်ဘယ်လောက် ရယူနိုင်မလဲဆို တာ ကြည့်ရမှာပါ။ ဒီပွဲမှာ ကျနော်တို့ ၂ မှတ်လျော့ခဲ့ပြီး နာကျင်ရပါတယ်။ အနိုင်ရယူဖို့ ရောက်ရှိလာခဲ့တာကြောင့် ခံစားချက် မကောင်းပါဘူး။ ကျနော်တို့ဟာ နိုင်ပွဲရရှိချင်တာကြောင့် နည်းလမ်းပေါင်းမျိုးစုံနဲ့ ကြိုးစားခဲ့သလို ပွဲကိုလည်း ကြီးစိုးနိုင်ခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၂ ပွဲမှာ ရမှတ် ၅ မှတ်အထိ လျော့ခဲ့ပြီး အဲဗာတန်၊ အက်စတွန်ဗီလာအသင်းတို့နဲ့ သရေကျခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့ အမှတ်လျော့မှုကို အခွင့်ကောင်း မယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ဖောရက်စ်အသင်းနဲ့ပွဲစဉ်မှာ ဂိုးပေါက် ကန်သွင်းမှု အများအပြား ရှိခဲ့ပေမယ့် ဂိုးပေါက် တည့်မှု ၁ ကြိမ်သာ ရှိခဲ့တာကြောင့် ရမှတ် ၃ မှတ် ရယူနိုင်ခဲ့ခြင်းမရှိတာပါ။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့ လီဗာပူးလ်အသင်းဟာ နယူးကာဆယ် အသင်းကို ၂ ဂိုး-ဂိုး မရှိနဲ့အနိုင်ရရှိခဲ့တာကြောင့် အာဆင်နယ်အသင်းကို ၁ ပွဲပိုကစားပြီး ရမှတ် ၁၃ မှတ်အထိ ဖြတ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ လီဗာပူးလ်အသင်းနဲ့ ပွဲစဉ် အပါအဝင် ပရီးမီးယားလိဂ် ၁၁ ပွဲကစားဖို့ ကျန်ရှိနေ သေးတာကြောင့် နည်းပြအာတီတာက ဆုဖလားပြိုင်ပွဲအတွက် သူတို့ရဲ့ချဉ်းကပ်ပုံကို မပြောင်းလဲဘူးလို့ ပြောထားတာပါ။
အာဆင်နယ်အသင်းဟာ အဓိကတိုက်စစ် ကစားသမားတွေရဲ့ ဒဏ်ရာကြောင့် ရုန်းကန်နေရပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၂ ပွဲဆက် ဂိုးမသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် အာဆင်နယ်အသင်းနည်းပြ အာတီတာက ဖောရက်စ်အသင်းနဲ့ပွဲက ကစားပုံဟာ ဝက်စ်ဟမ်းအသင်း နဲ့ပွဲကထက် ပိုပြီးကောင်းတယ်လို့ ပြောထားပါတယ်။
အာဆင်နယ်အသင်းဟာ လာမယ့် ပွဲစဉ်အဖြစ် PSV အသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
ပုံ - အာဆင်နယ်အသင်းကို တွေ့ရစဉ်
#ဘောလုံးသတင်းစုံ
ပလုံကောက်တဲ့ဖခင် ကောက်ယူလာတဲ့ ကြက်ကင်စားမိရာက ကလေးငယ်သုံးဦး အစာအဆိပ်သင့်မှု တောင်ငူမှာဖြစ်ပွား
ဖေဖော်ဝါရီ ၂၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရဲ့ ကျူးကျော်ရပ်ကွက်တစ်ခုဖြစ်တဲ့ အုန်းတောမြိုင်ရပ်ကွက်အတွင်းမှာ ပလုံကောက်အသက်မွေးပြီးနေထိုင်တဲ့ မိသားစုရဲ့ အသက်ဆယ်နှစ်အောက် ကလေးငယ်သုံးဦးဟာ ဖခင်ကောက်လာတဲ့ ကြက်ကြော်ကို စားမိရာက အစာအဆိပ်သင့်မှု ပြင်းထန်စွာဖြစ်ပွားပြီး တောင်ငူဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူနေရတယ်လို့ အဆိုပါဖြစ်စဉ်အခြေအနေကိုသွားရောက်ကူညီဆောင်ရွက်ပေးခဲ့တဲ့ Save The Trees Rescue Team မှ တာဝန်ရှိသူက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၅ ရက်နေ့ ညသန်းခေါင်အချိန်မှာ အုန်းတောမြိုင် ကျူးရပ်ကွက်ထဲက ကလေးသုံးဦး ဝမ်းလျှော အော့အန် ဝေဒနာခံစားနေရပြီး အသက်ရှစ်နှစ်အရွယ်တစ်ဦး၊ ခြောက်နှစ်အရွယ်နဲ့ တစ်နှစ်ခွဲအရွယ်ကလေးငယ်တစ်ဦးလည်း ပါဝင်တယ်ဆိုတာကြောင့် Save The Trees Rescue Team က သွားရောက်ကာ ဓာတ်ဆားရည်နဲ့ လိုအပ်တဲ့ဆေးဝါးတွေ စီစဉ်ပေးပြီး မနက်မိုးလင်းအထိ မသက်သာပါက ဆေးရုံတင်ပို့ကုသပေးဖို့ စီစဉ်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒီနေ့ ၂၆ ရက်နေ့ မနက် ၈နာရီဝန်းကျင်အထိ အော့အန်တာနဲ့ ဝမ်းလျှောတာ မရပ်တဲ့အတွက် တောင်ငူဆေးရုံကြီးဆီ တင်ပို့ကုသ ပေးခဲ့တယ်လို့ သိရပါတယ်။
Save The Trees Rescue Team မှ တာဝန်ရှိသူက” အဲ့ဒီ အုန်းတောမြိုင်က ကျူးရပ်ကွက်ပေါ့ဗျာ။ ပလုံကောက်သူတွေ၊ တောင်းရမ်းသူတွေ နေတယ်။ ဖြစ်ပုံက ပလုံကောက်တဲ့ အဖေက ဟိုတယ်တစ်ခုရဲ့ စွန့်ပစ်အမှိုက်ပုံးထဲကနေ ကြက်ကင်တွေရလာတယ်။ အဲဒါကို အိမ်ရောက်တော့ သူ့ကလေးတွေကို ပြန်နွှေးပြီး ကျွေးလိုက်တာမှာ ကလေးတွေက အစာအဆိပ်သင့်တာ။ ဆေးဝယ်ဖို့ ပိုက်ဆံလည်း မရှိ၊ ဆေးရုံပြဖို့လည်း မရှိတာနဲ့ ကျွန်တော်တို့ဆီ ချိတ်ဆက်အကူအညီတောင်းလာလို့ ညက ဆေးတွေ ဝါးတွေနဲ့ အသင်းက သွားကူပေးတယ်။ မနိုင်ရင် ဆေးရုံတင်မယ်ပေါ့။ မနက်က ဆေးရုံတင်ပေးလိုက်တာ။ အခု အအန်တော့ ရပ်သွားပြီး၊ ဝမ်းကတော့ သွားနေတုန်း” လို့ ပြောပါတယ်။
တောင်ငူဆေးရုံကြီးဆီရောက်လာပေမယ့် ဆေးကုသဖိုငွေကြေးမပါ၊ ထမင်းစားဖို့တောင် ငွေကြေးမတတ်နိုင်ဘဲ၊ ကလေးတွေ ဆေးရုံတက်ရောက်စဉ် သုံးဖို့အတွက် စောင်နဲ့ ခေါင်းဦးကိုတောင် ဘေးကလူနာဆီက ငှားထားရသူတွေမို့ ကလေးသုံးယောက်လုံးအတွက် ဆေးကုသစရိတ်၊ စားစရိတ် အားလုံးကိုလည်း အသင်းက ကူညီလှူဒါန်းပေးထားတယ်လို့လည်း သိရပါတယ်။
#centralnewsnaypyitaw
“ပညာတွေလည်း သိပ်မတတ်ချင်ပါဘူးဗျာ
လွမ်းစရာသိပ်များတဲ့ လောကကြီးမှာ ပညာနဲ့
လွမ်းရတာ အနာဆုံးပဲ"
"ဘာကို ဆိုလိုတာတုန်းဗျ"
“ဪ... မဖြစ်သင့်တာတွေ ဖြစ်တာကိုမြင်ရင်
ဖြစ်သင့်တာက တစ်မျိုးဆိုတဲ့ အတွေးနဲ့ နှမြော
နာကျင်ရတာ ပညာတတ်တွေရဲ့ ၀ဋ်ဒုက္ခပဲလေ"
#တာရာမင်းဝေ
တိမ်ပန်းချီ - ဟမ်စိုင်း ( ဆေး-မန်း )
" ပန်းချီ အမှောင်ကြောက်တာ မောင် အသိပဲ "
ဆရာဝန် နဲ့ စင်တင်မယ်လေး ရဲ့ကြားက အဖြစ်အပျက်တစ်ခု ။ ဇာတ်လမ်းတူတဲ့
ဖြစ်ရပ်မှန် သုံးခုကို အခြေခံထားတဲ့ ဇာတ်လမ်း ။
စာအုပ်ဖတ်ပြီးချိန်မှာ ခံစားပြီးသိလိုက်ရတဲ့အသိတစ်ခုက ကိုယ့်ရဲ့ အတိတ်အမှားတွေကို
လူတွေက ပြန်ပြန်တူးဆွတတ်တယ်ဆိုတာပါပဲ ။
နောက်တစ်ခုက နောက်တစ်ခါမဖြစ်စေရပါဘူးဆိုတဲ့ စကားကိုယုံမှတ်မိတာ မှားတယ်ဆိုတာကိုပေါ့ ။
ဇာတ်လမ်းက ရိုးရိုးရှင်းရှင်းကလေးပါပဲ ။
တိမ်ပန်းချီဆိုတဲ့ ဆင်းရဲတဲ့မိသားစုက မိန်းကလေးတစ်ယောက် ။
အဖေဖြစ်သူဟာ အက်ဆီးဒန့်ဖြစ်ပြီး အမှုအတွက် လျော်ကြေးပေးရမှာမို့ ပိုက်ဆံအမြန်ဆုံး
ထုတ်ပေးတဲ့ စင်တင်မှာ သီချင်းဆိုတဲ့အလုပ်ကို လုပ်ရဖို့ အကြောင်းဖန်လာခဲ့ပါတယ် ။
တိမ်ပန်းချီကနေ ကြယ်စင်ဘဝအဖြစ်နဲ့
အမှောင်လှိုင်းကြားမှား ကူးခတ်ရတဲ့ဘဝကို
အလင်းပေးခဲ့သူက ဝေယံဦး ဆိုတဲ့ ဆရာဝန်ပေါက်စလေးတစ်ယောက် ။
စိတ်ကူးယဉ်ထဲကလို သူရဲကောင်းဆန်ဆန်
ချစ်မယ်ဆိုတဲ့ စိတ်နဲ့ ပန်းချီ့ကို ချစ်ခဲ့တဲ့
ဝေယံဦး။ လောကဓံလှိုင်းရဲ့ အရိုက်အပုတ်တွေကို
ခံနိုင်ပါ့မလား ။
အိမ်ထောင်တစ်ခုကို အစပြုလိုက်ပြီဆိုတာနဲ့
ကြုံလာရနဲ့ ပြဿနာအထွေထွေကို ရင်ဆိုင်ကြရတာ လူတိုင်းလိုပါပဲ ။ ဝေယံဦး နဲ့ ပန်းချီတို့ကရော ဘယ်လို ရင်ဆိုင်ကြမလဲ ။
အတိတ်ကို ပြန်ပြန်ပြောပြီး တူးဆွတဲ့အခါ
ငွေကြေးအခြေအနေတွေ ကျပ်တည်းလာတဲ့အခါ
အမှောင်လှိုင်းထဲက ရုန်းထွက်ကူးခတ်ဖို့ ခေါ်ဆောင်ခဲ့ပြီးမှ အမှောင်လှိုင်းထဲကို ပြန်ပြီး ထိုးချ
ကူးခတ်သွားခဲ့နိုင်တာ ငွေကြေးကြောင့်လား
ကိုယ်ကျင့်တရားကြောင့်လား ။
တိမ်ပန်းချီဆိုတဲ့ အမျိုးသမီးလေးတစ်ယောက်
အခက်အခဲတွေ စိတ်ဒုက္ခတွေ မျိုသိပ်ခဲ့ရတာတွေ
ကြိတ်မှိတ်ခံစားခဲ့ရတာတွေ ငိုကြွေးခဲ့ရတာတွေကို ဒီတိမ်ပန်းချီဆိုတဲ့ စာအုပ်ထဲမှာ မြင်ရပါလိမ့်မယ် ။
ခိုင်မာပြီး ခေတ်မီသည့် စစ်တပ်ကို ထူထောင်ရန် ကင်မ် ပြော
ပြုံယမ်း၊ ဖေဖော်ဝါရီ ၂၇
မည်သည့် စစ်ပွဲကိုမဆို ရင်ဆိုင်တိုက်ခိုက်ရန် အင်အားတောင့်တင်းပြီး ခေတ်မီသည့် စစ်တပ်ကို ထူထောင်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) က ပြောကြားခဲ့သည်ဟု နိုင်ငံပိုင် KCNA က ဖေဖော်ဝါရီ ၂၆ ရက်တွင် ဖော်ပြခဲ့သည်။
ကင်မ်သည် Kang Kon စစ်အကယ်ဒမီသို့ သွားရောက်သည့် ခရီးစဉ်အတွင်း ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ကင်မ်သည် ယခုသီတင်းပတ် အတွင်းကလည်း လက်ရွေးစင် ကေဒါများကို မွမ်းမံသင်ကြားသည့် ကင်အီဆွန်း နိုင်ငံရေးတက္ကသိုလ်သို့ သွားရောက်ခဲ့ပြီး စစ်တပ်အနေဖြင့် သစ္စာစောင့်သိရန်နှင့် စွန့်လွှတ်အနစ်နာခံရန် တိုက်တွန်းခဲ့သည်။
ကင်မ်သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်တပ်၏ တပ်ရင်း၊ တပ်ဖွဲ့စခန်းများ၊ စစ်သင်တန်းများကို သွားရောက် လေ့လာခဲ့ပြီး ထိုလေ့လာရေးခရီးစဉ်များသည် ရုရှားအတွက် နောက်ထပ် စစ်ကူများ စေလွှတ်ပေးရန် ပြင်ဆင်နေ ခြင်းဖြစ်နိုင်ကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီက ပြောကြားခဲ့သည်။
ကင်မ်သည် နောက်ဆုံးအကြိမ် စစ်သင်တန်းကျောင်းသို့ သွားရောက်ခဲ့ချိန်အတွင်း သင်တန်းကျောင်း၏ ညံ့ဖျင်း သည့် စီမံခန့်ခွဲမှု၊ ပညာရေး အဆောက်အအုံများ၏ အခြေအနေတို့ကို ဝေဖန်ခဲ့သည်။
ထိုအခြေအနေများသည် အာဏာရပါတီ၏ ရည်ရွယ်ချက်ဖြစ်သည့် ခေတ်မီပြီး ခေတ်ရှေ့ပြေးသည့် အင်အားကြီး စစ်တပ် ထူထောင်ရေး လမ်းစဉ်နှင့် မကိုက်ညီကြောင်း ပြောကြားခဲ့သည်ဟု KCNA မှ ဖော်ပြခဲ့သည်။
စစ်သင်တန်းကျောင်း၏ အဆောက်အအုံများကို ပြန်လည်ပြုပြင်ရန် လက်တွေ့ကို အခြေခံသည့် ပညာရေးစနစ်ကို ပိုမိုအာရုံစိုက်ရန် ညွှန်ကြားခဲ့သည်။
ထိုသို့ လုပ်ဆောင်မှသာ သင်တန်းသားများသည် မျက်မှောက်ခေတ် စစ်ပွဲများနှင့်ပတ်သက်သည့် စစ်မှန်သော အတွေ့အကြုံများ၊ သင်ခန်းစားများကို သင်ယူနိုင်လိမ့်မည်ဟု ကင်မ်က ဆိုသည်။
ထို့ပြင် သင်တန်းသားများ အနေဖြင့် ခေတ်မီလက်နက်များနှင့် နည်းပညာပိုင်းဆိုင်ရာ ပစ္စည်းကိရိယာများကိုလည်း ကျွမ်းကျင်စွာ အသုံးပြုတတ်စေရန် သင်ယူကြရန် ကင်မ်က ပြောကြားခဲ့သည်။
တောင်ကိုရီးယား အရာရှိများကမူ မြောက်ကိုရီးယားသည် ရုရှားကို မြောက်ကိုရီးယား စစ်သားများ စေလွှတ်ပြီး စစ်ကူပေးခဲ့ခြင်း ၊ စစ်လက်နက်များ ပေးပို့ခြင်းတို့ကြောင့် မျက်မှောက်ခေတ် စစ်ပွဲနှင့်ပတ်သက်သည့် အတွေ့အကြုံများကို ရရှိနိုင်ခြေရှိကြောင်း ပြောကြားခဲ့သည်။
ယူကရိန်းအစိုးရကမူ ယခုနှစ် ဇန်နဝါရီလ အစောပိုင်းမှစပြီး ရုရှားကို စစ်ကူပေးနေသည့် မြောက်ကိုရီးယား စစ်သားများအနက် ၃၀၀၀ ကျော်သည် သေဆုံး သို့မဟုတ် ဒဏ်ရာရခဲ့ကြောင်း ပြောကြားခဲ့သည်။
Source: ရိုက်တာ
ပုံ - မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကို တွေ့ရစဉ်
#သတင်းဟင်းလေးအိုးကြီး
Nothing Phone (3a) Pro ကို လူသားစက်ရုပ်နဲ့ Unboxing လုပ်ပြခဲ့
Nothing Official account ကနေ တင်လာတဲ့ video က ထူးထူးဆန်းဆန်းရယ်ပါပဲ။
First hands-on experience လို့ ပြောထားတဲ့ ဒီ video လေးက နောက်လမှာ မိတ်ဆက်တော့မယ့် Nothing Phone (3a) ကို unboxing လုပ်ပြတဲ့ video အတိုလေးပါ။ Unboxing video က ဘာထူးခြားလို့လဲဆိုတော့ လူသားစက်ရုပ်က unbox လုပ်ပြခဲ့တာမို့ပါ။