Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ချစ်နေရခြင်းကို
ဖယ်ကြည့်လိုက်ရင်
အရာအားလုံးဟာ
ဒဏ်ရာတွေပါပဲ...
ဘာကြောင့် မငိုသလဲ မေးရင်
"သိပ်နာလွန်းလို့" လို့
ဖြေရပါလိမ့်မယ် ။
#အောင်ချိမ့်
1014. The Day Shall Come (2019) 👈
ဒီတစ်ခေါက်တော့ Channel Myanmarပရိသတ်ကြီးအတွက် Comedy,Thrillerကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးနာမည်ကThe Day Shall Come (2019) ပဲဖြစ်ပါတယ်။Imdb Rating 5.4/10 Rotten Tomatoes 75% တောင်ရရှိထားတဲ့ ဒီကားလေးကတော့ နိုင်ငံရေးကို သရော်တော်တော်ရိုက်ကူးထားတဲ့ ကားလေးလိုပြောရမှာပါပဲ။
ဇာတ်လမ်းအကျဉ်းလေးကိုလဲ အနည်းငယ်တင်ပြလိုပါတယ်။ရှာဘတ်ဆိုတာက အလာအရှင်မြတ်ကို ကိုးကွယ်ယုံကြည်တဲ့လူမည်းတစ်ဦးဖြစ်ပြီး ငြိမ်းချမ်းရေးကိုမြတ်နိုးသူ လယ်သမားတစ်ယောက်လဲဖြစ်ပါတယ်။ လူဖြူအစိုးရကို ဖြုတ်ချပြီး တစ်နေ့မှာတော့လူမည်းတွေအုပ်ချုပ်မယ်ဆိုတဲ့စိတ်ကူးနဲ့ စစ်တပ်တစ်တပ်ကိုတည်ထောင်ထားပါတယ်။စစ်တပ်ဆိုတာကလဲ သူ့ရဲ့အမျိုးလေးယောက်ရယ် သူရယ်ပါပဲ။သူကအဲလိုစည်းရုံးရေးတရားတွေပြောနေတာကိုတစ်နေ့မှာတော့ FBI က မျက်စိကျကာ ရာထူးတိုးရေးအတွက် အကြမ်းဖက်သမားတံဆိပ်တပ်ကာအကွက်ချဖမ်းဆီးပါတော့တယ်။
သေနတ်တောင်မကိုင်တဲ့ ရှာဘတ်တိုတတွေ FBI ရဲ့လှည့်ကွက်တွေထဲမှာဘယ်လိုရှေ့ဆက်သွားကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ဟာသဇာတ်လမ်းလေးပါ။ဇာတ်လမ်းလေးရဲ့နာမည်ကတော့ The Day Shall Come(2019)ပါ။
The Croods (2013)
ဂရုစ် ဆိုတဲ့ ဂူအောင်းလူသားကြီးက သူ့မိသားစု ၆ ယောက်ကို ဘေးရန်တွေကကာကွယ်ပေးပြီး စောင့်ရှောက်လာတာ နှစ်တွေကြာခဲ့ပြီးသမီးလေး အိဗ်တောင် အရွယ်ရောက်ခဲ့ပြီပေါ့…ဒီအချိန်မှာပဲ ဂိုင်း ဆိုတဲ့ ကျောက်ခေတ်လူသားကောင်လေး တစ်ယောက်က ပေါက်ချလာပြီးကမ္ဘာကြီး ပျက်မယ့် အကြောင်းတွေ ပြောပြပြီး မီးကို စတင် ဖန်တီးပြတော့တာပဲ။ဂိုင်း က သူတို့ နဲ့ မတူတဲ့ အချက် ရှိတယ် သူက မကြောက်တက်သလို တီထွင်ဖန်တီးတက်တယ်။ ဂရုစ် တို့ အုပ်စု ကြ တစ်ခုခုဆို ဂူထဲ ပဲ ပြေးအောင်းတက်ကြတာ။ ဒီမှာပဲ ဂရုစ် သဘောမကျပေမဲ့ သူ့မိသားစု က ဂိုင်း ရဲ့ လမ်းပြမှုနဲ့ ကမ္ဘာပျက်ဘေးက လွတ်မယ့်နေရာကို စတင် ထွက်ကြတော့တာပဲ
ဇာတ်ကားလင့်
https://t.me/c/2186686827/39
Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl
ချစ်သောယွန်းခင်ခင် - မြသန်းတင့်
" မြန်မာပြည်ကို ဗြိတိသျှတွေသိမ်းတဲ့
ကိစ္စဟာ ဘုံဘေဘားမားသစ် ကိစ္စကြောင့်
ဖြစ်ရတယ်လို့ထင်လား "
"မဟုတ်ဘူးဗျ ဖဲင်နီရဲ့ အချစ်ကိစ္စကြောင့် "
မြန်မာနိုင်ငံရဲ့ နောက်ဆုံးမင်းဆက်အကြောင်းကို အခြေခံပြီး ဇာတ်လမ်းဖွဲ့ထားခဲ့တဲ့ ဝတ္ထုတစ်ပုဒ် ။
အင်္ဂလိပ်စာရေးဆရာမ တင်နီဂျက်ဆင် က
စုဖုရားလတ်ရဲ့ အပျိုတော် ၊ ရက်ကန်းဆရာကြီးသမီး ၊ ကုလားဝန်သမီး စတဲ့ သူတို့တွေကို တွေ့ဆုံမေးမြန်းပြီး ရေးခဲ့တဲ့ဇာတ်လမ်းပေါ့ ။
သီပေါမင်းနဲ့စုဖုရားလတ် ဇာတ်လမ်းဟာ နားရည်ဝနေခဲ့ပြီဖြစ်ပေမယ့် မတွေးဖူးတဲ့ ရှုထောင့်ကနေ
ပြန်မြင်တဲ့ သမိုင်းတစ်ခုကို မြင်လိုက်ရသလိုပါပဲ ။
ဒီအကြောင်းဟာ တကယ်အမှန်ပဲလား
စာရေးဆရာရဲ့ စာရေးခြင်းအနုပညာနဲ့ ဖန်တီးရေးဖွဲ့ထားတာလားဆိုတာကိုတော့ ကိုယ့်ဘာသာဆုံးဖြတ်ချင့်ချိန်ကြည့်ရမှာပါ ။
စုဖုရားလတ်ရဲ့ အပျိုတော်အဖြစ် ခစားရတဲ့
အီတလီ - မြန်မာ ကပြားမလေး ဖဲလ်နီ ။
သူဟာမြန်မာသွေးပါတာမို့ နန်းတွင်းထဲမှာ ပျော်မွေ့တဲ့သူတစ်ယောက် ။ လျှို့ဝှက်ကြံစည်တာ တိတ်တဆိတ်လုပ်တာတွေကလည်း
စုဖုရားလတ်နဲ့ တူနေတာ ။ ဒါကြောင့်မို့လည်း နန်းမတော်အရှင်မရဲ့ လူယုံတော်ဖြစ်ခဲ့တာပေါ့ ။
နန်းတွင်းအရှုပ်တော်ပုံတွေကတဆင့်
ပေါ်ပေါက်လာတဲ့ ဖဲလ်နီရဲ့ အချစ်ဇာတ်လမ်း ။
ပြင်သစ်အထောက်တော် ဗွန်ဗွိုင်ဆင် နဲ့ ဇာတ်လမ်းဖြစ်ခဲ့တဲ့ ဖဲလ်နီ ။
မန္တလေးမြို့တော်တစ်ဝိုက်မှာ လှည့်လည်
ခြေခုတ်နေကြတဲ့ အင်္ဂလိပ် ပြင်သစ် အီတလီတရုတ်စတဲ့ နိုင်ငံခြားသားကုန်သည်တွေ ။
ရှေးခေတ်နန်းတွင်းဓလေ့ထုံးတမ်းကြားမှာ
နန်းလုပွဲတွေကြားမှာ အိပ်မောကြပျော်ရွှင်နေဆဲ
မြန်မာဘုရင်နဲ့နန်းတွင်းသားနန်းတွင်းသူတွေ ။
မြန်မာနဲ့ပြင်သစ်ကြားက စာချုပ်တွေ ။
မန္တလေးမြို့တော်မှာ ပြင်သစ်တွေနဲ့အတူ ပျော်ရွှင်စွာ နေထိုင်ရမယ်လို့ စိတ်ကူးနဲ့ တွေးပျော်ခဲ့တဲ့
ဖဲလ်နီရဲ့ အိပ်မက်တွေ ။
ဗွန်ဗွိင်ဆင်တစ်ယောက် ဖဲလ်နီကို ထားခဲ့ပြီး
ပြင်သစ်သူတစ်ယောက်ကို လက်ထပ်ယူသွားတဲ့အခါ ပေါ်ပေါက်လာခဲ့တဲ့ အချစ်ကလဲ့စားလို့
ဆိုရမလား အမုန်းကလဲ့စားလို့ ပြောရမလား ။
အမျိုးသမီးတစ်ယောက်ရဲ့ အမုန်းနဲ့အတူ
မြန်မာပြည်ရဲ့ ကံကြမ္မာ ။ ဖဲလ်နီရဲ့ အိပ်မက်တွေနဲ့အတူ ဗြိတိသျှလက်အောက် ရောက်ခဲ့တဲ့
မြန်မာပြည် ။
ရယ်စရာတော့ကောင်းသားနော် နိုင်ငံကြီးတစ်ခုလုံးကို သိမ်းပိုက်ပစ်တာကို သာမန် အချစ်ဇာတ်လမ်းလေးတစ်ခုကြောင့်ပါလို့ ဇာတ်လမ်းဖွဲ့ရေးတတ်တဲ့ အင်္ဂလိပ်တွေပါပဲ ။
အမှန်တော့ ဆရာမြသန်းတင့် ပြောသလိုပါပဲ
ဖဲလ်နီ အချစ်ကိစ္စ ရှိရှိ မရှိရှိ ၊ ဘုံဘေဘားမားသစ်ကိစ္စဖြစ်ဖြစ် မဖြစ်ဖြစ် သိမ်းမှာက သိမ်းပိုက်မှာပဲဆိုတာလေ ။ တကယ်လို့ ဟုတ်မှန်ခဲ့တယ်ဆိုရင်တောင် ဖဲလ်နီဆိုတာ စက်ယန္တာရားကြီးတစ်ခုထဲ ဝက်အူစိတ်လေးတစ်ခုပါပဲ ။