6 w - Translate

တူဟယ်ကို အင်္ဂလန်နည်းပြခန့်အပ်မှု ဝိန်းရွန်းနီ အံ့အားသင့်

တူဟယ်ကို အင်္ဂလန်နည်းပြခန့်အပ်လိုက်တဲ့အပေါ် အံ့အားသင့်မိကြောင်း နည်းပြဝိန်းရွန်းနီ က ပြောသွားပါတယ်။

အသက် ၅၁ နှစ်ရှိ ချဲလ်ဆီးနည်းပြဟောင်းဟာ လာမယ့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလကစတင်ပြီး အင်္ဂလန်အသင်းကို တာဝန်ယူသွားမှာပါ။

တူဟယ်က အလွန်တော်တဲ့ နည်းပြ ကောင်းတယောက် ဖြစ်ပေမဲ့ အက်ဖ်အေရဲ့ ခန့်အပ်မှုအပေါ် အံ့အားသင့်မိကြောင်း၊ အက်ဖ်အေဟာ နည်းပြကောင်းတွေပေါ်ထွက်လာဖို့ ၁၅ နှစ်လောက် လုပ်ဆောင်ခဲ့ပေမဲ့ အဲဒီထဲကနေ ဘယ်သူ့ကိုမှ ခေါ်ယူခြင်းမရှိခဲ့တာက အံ့အားသင့်စရာဖြစ်ကြောင်း ရွန်းနီက ပြောပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် နည်းပြတူဟယ်အနေနဲ့ အင်္ဂလန်အသင်းနဲ့အတူ အောင်မြင်မှု ရရှိပါစေကြောင်းရွန်းနီက ဆန္ဒပြု သွားခဲ့ပါတယ်။
DVB

image
6 w - Youtube

6 w - Youtube

image
6 w - Translate

🤤😋

Run!!

6 w - Translate

၂၄နာရီအတွင်း
ဧရာဝတီတိုင်း ရန်ကုန်တိုင်း ပဲခူးတိုင်းတောင်ပိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် ဒေသတွေမှာ မိုးရွာနိုင်ပြီး
တနင်္သာရီတိုင်း ဒေသကြီးမှာ မိုးကြီးနိုင်ပါတယ်
ISSUED TIME
18/10/2024 6:22am(MMT)
#တိကျမှန်ကန်
Su Su San
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆

image

Beautiful!

image
6 w - Translate

ဘရန့်ဖို့ဒ်နည်းပြ သောမက်စ်ဖရန့် မန်ယူနည်းပြဖြစ်လာရန် ရေပန်းစား

ဘရန့်ဖို့ဒ်အသင်းနည်းပြ သောမက်စ်ဖရန့်ဟာ မန်ယူနည်းပြဖြစ်လာဖို့ ရေပန်းအစားဆုံး ဖြစ်လာပါတယ်။

မန်ယူအသင်းဟာ နည်းပြ အဲရစ်တန်ဟတ်ဂ်ကို ထုတ်ပယ်ဖြစ်ခဲ့မယ်ဆိုရင် နည်းပြတယောက် အသင့်အစားထိုးနိုင်ဖို့ ရှာဖွေနေတာပါ။

လက်ရှိအချိန်မှာတော့ ဘရန့်ဖို့ဒ်နည်းပြ သောမက်စ်ဖရန့်က မန်ယူနည်းပြဖြစ်လာဖို့ ရေပန်းအစားဆုံး ဖြစ်လာခဲ့တာပါ။

ဒိန်းမတ်နည်းပြ ဖရန့်ဟာ ဘရန့်ဖို့ဒ်အသင်းကို အဆင့်တခုရောက်ရှိလာအောင် ဦးဆောင်နိုင်ခဲ့ပြီး ထိပ်တန်းအသင်းကြီးတသင်းကို အောင်မြင်မှုရရှိအောင် စွမ်းဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်နေကြတာပါ။

မန်ယူအသင်းဟာ အောက်တိုဘာ ၁၉ ရက် စနေနေ့မှာ ဘရန့်ဖို့ဒ်သင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပြီး အဲဒီပွဲရလဒ်က သောမက်စ်ဖရန့်နဲ့ နည်းပြတန်ဟတ်ဂ်အပေါ် အပြောင်းအလဲတချို့ ရှိလာနိုင်တယ်လို့ သိရပါတယ်။
DVB

image