3 w - Translate

My Best Friend’s Exorcism (2022)

Prime က ရိုက်ကူးထားတဲ့ လူငယ်ဆယ်ကျော်သက် သရဲကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
၁၉၇၀ , ၈၀ ကာလမှ ဇာတ်အိမ်တည်ထားတဲ့အတွက် Stranger Things ဆန်ဆန်အငွေ့အသက်တွေနဲ့ ရစေမှာပါ…
အက်ဘီနဲ့ဂရက်ချန်လန့်ဆိုတဲ့ သူငယ်ချင်းကောင်မလေး ၂ ယောက်ရှိပြီး
တစ်ယောက်နဲ့တစ်ယောက် အတိုင်အဖောက်ညီပြီး အရမ်းခင်ကြပါတယ်…
တစ်နေ့ ကျောင်းက သူငယ်ချင်းတစ်စုနဲ့ မြိုအစွန်က ရေကန်အိမ်မှာ ပျော်ပွဲစားထွက်ကြရင်း
ညဘက် သရဲခေါ် ဘုတ်ပြားဂိမ်းအတူတူဆော့တာကနေ ဇာတ်လမ်းစပါတော့တယ်။
ဂရက်ချန်ကို အမည်မသိ မကောင်းဆိုးတစ်ကောင်ဝင်ပူးသွားပြီး….ဘယ်သူမှမသိလိုက်ပါဘူး
ကျန်တဲ့ သူငယ်ချင်းတွေလည်း ဘာမှမဖြစ်သလိုပုံမှန်ပဲနေခဲ့ကြပြီး….နေ့စဉ်ဘဝကို ဆက်လက်ဖြတ်သန်းနေပါတယ်
ဒါပေမယ့် ဝင်ပူးခံရတဲ့ ဂရက်ချန်ရဲ့ အပြုအမူတွေကဟာ တစ်နေ့တစ်နေ့ပိုပိုဆိုးလာပြီး အက်ဘီက
ရိပ်မိသွားပါတော့တယ်….အက်ဘီတစ်ယောက် သူ့အချစ်ဆုံး သူငယ်ချင်းကို ဘယ်လို သရဲနှင်မလဲဆိုတာကိုတော့
ဒီကားလေးမှာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

👇ချန်နယ်လေး အရင် Join ပေးပါ

https://t.me/HaveFunMovies777

{{{{ ကြည့်ရှုရန် နှိပ်ပါ 👇 }}}}

https://t.me/HaveFunMovies777/975

image
3 w - Translate

T e m b a n g L i n g s i r [2019]

ဒီဇာတ်ကားကို အသည်းငယ်သူများ သက်ကြီးရွယ်အိုများ နှလုံးရောဂါရှိသူများ မကြည့်သင့်ပါ

January 31, 2019 ကထွက်ရှိထားတဲ့ အင်ဒိုသရဲကားကောင်းလေးနဲ့ မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ Rating 5.2 ရရှိထားပြီး မင်းသမီးချော Marsha Aruan က မာလာအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။

မာလာရဲ့အမေက အိမ်မီးလောင်လိုဆုံးပါးသွားပြီး အဲဒီမတော်တဆမှုကြောင့် မာလာဟာ အသံအိုးပိုးဝင်တဲ့ရောဂါနဲ့ စကားမပြောနိုင်ဖြစ်နေပါတယ်။

မိသားစုမရှိတော့တဲ့မာလာကို ဦးလေးလင်မယားက သူတိုအိမ်ခေါ်သွားတဲ့အခါမှာတော့ ထိတ်လန့်ချောက်ချားစရာတွေ ကြုံလာရပါတော့တယ်။ မာလာရဲ့ ညီမဝမ်းကွဲကလည်း သူ့သူငယ်ချင်းတွေကို အိမ်ခေါ်ပြီး မွေးနေ့ပွဲလုပ်တဲ့အခါ မထင်မှတ်တာတွေကြုံရတယ်။ မာလာရဲ့ဦးလေး လူထူးဆန်းကြီးကလည်း သူ့မိသားစုကိုဖုံးကွယ်ထားတာရှိနေတယ်။

ကံဆိုးတဲ့မာလာတစ်ယောက် နောက်ထပ်ဘယ်လိုအဖြစ်အပျက်တွေ ကြုံရဦးမလဲ? ဦးလေးဖြစ်သူက နောက်ကွယ်မှာဘာတွေလုပ်ထားသလဲ? ဆိုတာ ဇာတ်အိမ်ခိုင်ခိုင်နဲ့ ကြည့်ရှုရမယ့် မိသားစုသရဲကားလေးဖြစ်ပါတယ်။

👇ချန်နယ်လေး အရင် Join ပေးပါ

https://t.me/HaveFunMovies777

{{{{ ကြည့်ရှုရန် နှိပ်ပါ 👇 }}}}

https://t.me/HaveFunMovies777/977

image
3 w - Translate

Heir of the Witch [ 2023 ]ဇာတ်ကားသစ်

လူတကာအနှိမ်ခံရတဲ့ အပ်ချုပ်သမလေးအန်နာဟာအပေါင်းအသင်းဝင်ဆံ့အောင်
ကြိုးစားနေရပေမယ့် အတိတ်ကအရိပ်ဆိုးတွေရဲ့ခြောက်လှန့်မှုကြောင့်အထီးကျန်နေရသူလေးဖြစ်ပါတယ်။ရည်းစားသနာလည်းမရှိသလိုပညာရေးကအစနောက်ကျပြီးလူတကာရဲ့ခိုင်းဖတ်လိုဆက်ဆံခံရသူလည်းဖြစ်ပါတယ်။အဒေါ်နဲ့
အတူအမေရိကကိုထွက်ပြေးလာတဲ့ အန်နာဟာအဖွားဆီက အပ်ချုပ်တော်တဲ့အမွေရခဲ့ပေမယ့်အပ်ချုပ်ပညာနဲ့လောက်လောက်လားလား အသက်မွေးခွင့်မရရှာပါဘူး။အန်နာတိုမျိုးရိုးဟာမကောင်းဆိုးဝါးစုန်းမတစ်ယောက်ရဲ့ကျိန်စာသင့်နေရတာကြောင့်အန်နာ့လက်ထက်မှာကျိန်စာစူးသလိုလိုဖြစ်နေပေမယ့်ကံစီမံရာအတိုင်းလက်မခံဘဲညင်းဆန်ဖိုကြိုးစားခဲ့ပါတယ်။ဒီအတောအတွင်းသူငယ်ချင်းဖြစ်သူ ကလိုဝီဆီမှာကူညီလုပ်ကိုင်ပေးရင်း ကလိုဝီနဲ့ထိပ်တိုက်တွေ့ရမယ့်အဖြစ်မျိုးကြုံရသလိုအပေါင်းအသင်းဝင်ဆံ့အောင် ကြိုးစားနေတဲ့သူမဘဝလည်း
စုပ်လည်းစူးစားလည်းရူးအဖြစ်မျိုးရောက်ရှိလာပါတော့တယ်။
မျိုးရိုးစဉ်ဆက်စူးတတ်တဲ့ကျိန်စာကို...

👇ချန်နယ်လေး အရင် Join ပေးပါ

https://t.me/HaveFunMovies777

{{{{ ကြည့်ရှုရန် နှိပ်ပါ 👇 }}}}

https://t.me/HaveFunMovies777/961

image
3 w - Translate

The Guardian _ [2021]

ဗီယက်နမ်ရဲ့ရှေးရိုးစွဲအယူအဆတစ်ခုလည်းဟုတ် အောက်လမ်းလည်းဖြစ်တဲ့ Kumanthong အရုပ်အကြောင်းပါ.
လီ‌ဆိုတဲ့ကောင်မလေးဟာရုပ်ရည်ရှိ အသံလေးလည်းကောင်းပေမယ့် သူဖြစ်ချင်တဲ့နာမည်ကြီးအဆိုတော်တော့ဖြစ်ခွင့်မကြုံသေးပါဘူးအဲဒီအစားနာမည်ကျော်ဂီ‌တလောကရဲ့princessလိုတင်စားကြတဲ့ လန်ဖွန်ရဲ့နောက်ခံအဆိုတော်လေးပေါ့.
တစ်နေ့မှာအဆိုတော်လန်ဖွန်ရဲ့ လိင်မှုဗီဒီယိုပျံ့နှံမှုနဲ့အတူသူမရဲ့ အဆုံးစီရင်တဲ့သတင်းကပါကပ်လိုက်လာတဲ့အခါလူတွေကြားမှာ ကြီးမားတဲ့ရိုက်ခတ်မှုတွေ ဖြစ်လာပါတော့တယ်.ထူးခြားတာကဖွန်သေဆုံးတဲ့နေရာမှာKumanthongအရုပ်ကို တွေ့ရှိရတာပါပဲ.ဒီတော့
‌Kumanthongအရုပ်ကိုယုံကြည်သူတစ်ချိုကအရုပ်နဲ့ပတ်သတ်တယ်လို ယူဆကြပါတယ်.
ရဲဘက်က‌တော့လိင်မှုဗီဒီယိုထဲမှာပါတဲ့ပါတီပွဲကို ဖွန်နဲ့လီအတူသွားခဲ့တယ်လိုပြောပြီးစစ်ဆေးပေမယ့်လီတစ်ယောက်ဘူးခံငြင်းနေပါတယ်
တစ်နေ့မှာသီချင်းဆိုပြိုင်ပွဲမှာသူဌေးမတစ်ယောက်နဲ့ဆုံပြီးနောက် Kumanthong အရုပ်ကိုအသက်သွင်းလိုက်ပြီးလီတစ်ယောက် ရုတ်တရက်အောင်မြင်သွားပေမယ့် ဆက်တိုက်ဖြစ်လာတဲ့လူသတ်မှုတွေ ကပ်ပါလာတဲ့အခါပါတီပွဲညကဘာတွေဖြစ်ခဲ့တာလဲ


👇ချန်နယ်လေး အရင် Join ပေးပါ

https://t.me/HaveFunMovies777

{{{{ ကြည့်ရှုရန် နှိပ်ပါ 👇 }}}}

https://t.me/HaveFunMovies777/985?single

image
3 w - Translate

Raven’s Hollow (2022)

အမေရိကန် နိုင်ငံရဲ့ ၁၈၃၀ ခုနှစ် ဆောင်းဦးကာလမှာ ဗိုလ်လောင်း အက်ဂါ ပိုး ဟာ
တခြား ဗိုလ်လောင်း ၄ ယောက်နဲ့အတူ လေ့ကျင့်ရေးကွင်းဆင်းဖို ထွက်လာခဲ့ပါတယ်။
ထိုသို ထွက်လာရင်း လူတစ်ယောက်ကို စာ‌ခြောက်ရုပ်သဖွယ် ကြိုးတွေနဲ့ ချည်ထားပြီး
ဗိုက်ကို ဓားနဲ့ အခွဲခံထားရတာကို တွေ့လိုက်ရပါတယ်။ ထိုသူမသေခင် နောက်ဆုံး
ပြောသွားတဲ့ စကားမှာ “ကျီးကန်း” ဆိုပြီး တစ်ခွန်းတည်း ပြောသွားခဲ့ပါတယ်။
ထိုအခါမှာ ပိုးလည်း လိုက်စုံစမ်းရင်း ကျီးကန်းဆိုတဲ့ မြိုလေးတစ်မြိုဆီကို ရောက်သွား
ပါ‌တော့တယ်။ အဆိုပါ မြိုလေးဟာ သေးငယ်ပြီးတော့ လူလည်း မရှိသလောက်ဖြစ်နေပါ
တော့တယ်။ လူတစ်ယောက်က သူတိုကို မနေဖို တားပေမယ့် ဆက်နေခဲ့ကြပါတယ်။
ထိုနေ့ညမှာပဲ သူတိုထဲက တစ်ယောက် ပျောက်ဆုံးသွားပါတော့တယ်။

ထိုမြိုလေးကတော့ “ကျီးကန်း” ဆိုသည့်အရာကြီးကို နတ်ဆိုးအဖြစ် သတ်မှတ်ထားပြီး
ကြောက်ရွံနေပါတယ်။ ပိုးတို လူတစ်စုလည်း မြိုမှာ သောင်တင်နေပြီး ထွက်ဖို ကြိုးစားတဲ့
သူက သေဆုံးသွားပါတော့တယ်။ ထိုသို ဆန်းကြယ်တဲ့ အဖြစ်တွေကို ဆက်တိုက်ကြုံနေရ
ပါတယ်။ “ကျီးကန်း” ဆိုတဲ့အရာကြီးက ဘာလဲ ထိုမြိုနဲ့ ဘယ်လို ပတ်သက်နေလဲဆိုတာ

👇ချန်နယ်လေး အရင် Join ပေးပါ

https://t.me/HaveFunMovies777

{{{{ ကြည့်ရှုရန် နှိပ်ပါ 👇 }}}}

https://t.me/HaveFunMovies777/1001

image
3 w - Translate

Jennifer's Body (2009)

တစ်ခါတုန်းက မြိုငယ်လေးတစ်ခုက ကျောင်းတစ်ကျောင်းမှာ Jennifer လိုခေါ်တဲ့ အလှပဂေးနဲ့ Needy လိုခေါ်တဲ့ ရုပ်ဆိုးဆိုး ကျောင်းသူလေး ၂ယောက်ရှိကြတယ်

သူတိုနှစ်ယောက်ဟာ သူစိမ်းတွေအမြင်မှာ ရုပ်ရည်အသွင်အပြင်အရ အရမ်းကွာခြားနေပေမဲ့ အမှန်တော့ သူတို ၂ ယောက်သားက အရမ်းချစ်ကြတဲ့ ငယ်သူငယ်ချင်းတွေပါ

တစ်ညတော့ Jennifer တိုသူငယ်ချင်း ၂ ယောက် Bar တစ်ခုကိုသွားတုန်း ရုတ်တရပ်ကြီး Barက မီးထလောင်လို ၂ယောက်သား အသက်လုပြီးပြေးလိုက်ရပါတယ်

ဒါပေမဲ့ အကြောက်လွန်ပြီးတုန်ရီနေတဲ့ Jennifer ကို ယောင်္ကျားလေးတစ်အုပ်က ဆွဲခေါ်သွားခဲ့ပြီး Needy လည်းတားပေမဲ့ Jenniferက လိုက်သွားခဲ့ပါတယ်

ညကြီးသန်းခေါင်ကြီးမှာ Jennifer ဟာ အဲ့ဒီကောင်လေးတွေဆီကပြန်လာခဲ့ပြီး ခန္ဓာကိုယ်မှာလဲသွေးသံတရဲရဲဖြစ်နေကာ အခြားလူတစ်ယောက်လိုဖြစ်နေပါတော့တယ်
👇ချန်နယ်လေး အရင် Join ပေးပါ

https://t.me/HaveFunMovies777

{{{{ ကြည့်ရှုရန် နှိပ်ပါ 👇 }}}}

https://t.me/HaveFunMovies777/1002

image
3 w - Translate

Sewu Dino / A Thousand Days (2023)

IMDb 6.6 ရထားတဲ့ အင်ဒိုနီးရှား Horror ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။ Sri က ဆင်းရဲတဲ့ မိသားစုက ကောင်မလေးဖြစ်ပြီးတော့ အဖေဆေးကုဖိုအတွက် ပိုက်ဆံလိုနေလို Atmojo မိသားစုက လစာအများကြီးပေးပြီး အမျိုးသမီးအိမ်အကူတွေ ခေါ်တဲ့အလုပ်ကို လျှောက်လိုက်မိပါတယ်။ ကံကောင်းချင်တော့ အလုပ်ရသွားပေမယ့် သူအလုပ်လုပ်ရမယ့်နေရာကို ခေါ်သွားတော့မှ လူသေကို ရေချိုးပေးရတဲ့ အလုပ်ဖြစ်နေမှန်း သိလိုက်ရတယ်။

အဲဒီရိုးရာကို ညနေ နေဝင်ရီတရောအချိန်မှာ ညွှန်ကြားထားတဲ့အတိုင်း လုပ်ပေးရမှာဖြစ်ပြီးတော့ ရက် ၁၀၀၀ ပြည့်တဲ့အထိ လုပ်ပေးရမှာပါ။ သူတိုရေချိုးပေးရမယ့်သူကတော့ Atmojo မိသားစုရဲ့ မြေးဖြစ်တဲ့ Della ကိုပါ။

Della ရဲ့ကိုယ်ထဲမှာ မကောင်းဆိုးဝါး ဝင်ပူးနေပြီးတော့ အဲဒီမကောင်းဆိုးဝါးက ရက် ၁၀၀၀ အတွင်း အပြင်ထွက်ခွင့်ရဖို အမျိုးမျိုးကြိုးစားတဲ့အခါမှာ Sri တိုတွေ ရက် ၁၀၀၀ ပြည့်တဲ့အထိ နေနိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းထဲမှာပဲ ဆက်ကြည့်လိုက်ရအောင်နော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။

👇ချန်နယ်လေး အရင် Join ပေးပါ

https://t.me/HaveFunMovies777

{{{{ ကြည့်ရှုရန် နှိပ်ပါ 👇 }}}}

https://t.me/HaveFunMovies777/1007

image
3 w - Translate

Cracked (2022)

ရုကျက အကြောင်းအရင်းတစ်ခုကြောင့် မွေးရပ်မြေချင်းမိုင်ကနေ နယူးယောက်မှာ သမီးဖြစ်သူ ရေချယ်နဲ့ နှစ်ဦးတည်းနေထိုင်နေသူတစ်ယောက်ဖြစ်ပါတယ်...

တစ်ရက် သမီးဖြစ်သူ ရေချယ်က မျက်စိပြဿနာတစ်ခုကြောင့် ကောင်းကောင်းမမြင်ရဘဲ ခွဲစိတ်မှုပြုလုပ်ဖိုငွေလိုအပ်လာပါတော့တယ်...

ဒီအချိန်မှာပဲ ရုကျရဲ့ဖခင် သေဆုံးပြီမို မွေးရပ်မြေချင်းမိုင်ကိုပြန်လာဖို ဖခင်ဖြစ်သူရဲ့သူငယ်ချင်းဝိချိုင်က ခေါ်ခဲ့တာမို ပြန်လာခဲ့ရပါတော့တယ်...

ချင်းမိုင်ကိုရောက်တော့ ဝိချိုင်က ရုကျရဲ့ဖခင်ပကွန်ရေးဆွဲခဲ့တဲ့ပန်းချီကားနှစ်ကားကို သန်းချီပေးပြီးဝယ်ချင်သူရှိကြောင်းပြောတာမို သမီးဖြစ်သူရဲ့ခွဲစိတ်မှုအတွက် ရုကျက ရောင်းဖိုဆုံးဖြတ်ခဲ့ပါတယ်...

ပန်းချီကားတွေမှာ အက်ရာတွေရှိနေတာမို မရောင်းခင် ပြုပြင်ထိန်းသိမ်းဖို ဝိချိုင်က သားဖြစ်သူ ထင်မ်ကိုအပ်ခဲ့ပါတယ်...

ရုကျအနေနဲ့ ဘာလို ဖခင်ဖြစ်သူပကွန်ကို ဘာလိုမုန်းတီးပြီး မွေးရပ်မြေကနေထွက်သွားရတာလဲ..?

ပန်းချီကားတွေနဲ့စတူဒီယိုကိုရော ရုကျက ဘာလိုကြောက်ရွံနေရတာလဲ..?
👇ချန်နယ်လေး အရင် Join ပေးပါ

https://t.me/HaveFunMovies777

{{{{ ကြည့်ရှုရန် နှိပ်ပါ 👇 }}}}

https://t.me/HaveFunMovies777/1008

image
3 w - Translate

Incident In A Ghostland (2018) ✅

Psychopath ကားမျိုးကိုမှ ကြည့်ချင်တဲ့သူအတွက် Ghostland ဆိုတဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းနဲ့မိတ်ဆက်ပေးပါရစေ။Incident in Ghostland ဆိုတဲ့ ဖြစ်ရပ်မှန်သရဲဝတ္တုစာအုပ်နဲ့ ရောင်းအားအကောင်းဆုံးမှာ ရှိနေတာပါ။

Beth မှာ အမေရယ် Vera ဆိုတဲ့ အစ်မတစ်ယောက်ရှိပါတယ်သူတိုဟာ လွန်ခဲ့တဲ့ ၁၆ နှစ်က သူရယ် သူ့အစ်မရယ် သူ့အမေ ရယ်က အိမ်ကြီးတစ်အိမ်ပြောင်းသွားတော့ Psychopath နှစ်ယောက်ရဲ့ တိုက်ခိုက်မှုကိုခံရတဲ့ အကြောင်းကို Beth ကရေးထားတာလေ။ အဲ့တော့ လူတိုင်းက စိတ်ဝင်စားနေကြတာပေါ့တစ်ရက်တော့ အဲ့ဒီကို အိမ်ကို သူပြန်ဖိုအကြောင်းဖန်လာခဲ့ပါတယ်။

သူပြန်ရောက်တော့ သူ့အစ်မ Vera နဲ့တွေ့ပြီး တကယ့်လက်တွေ့ဘဝက သူအဲ့ဒီအိမ်မှာပဲပိတ်မိနေသေးတယ်ဆိုတာ သိလိုက်ရတဲ့အချိန်မှာ သူတိုညီအစ်မ နှစ်ယောက် ဘယ်လို လွတ်အောင်ပြေးမလဲဆိုတာ။

👇ချန်နယ်လေး အရင် Join ပေးပါ

https://t.me/HaveFunMovies777

{{{{ ကြည့်ရှုရန် နှိပ်ပါ 👇 }}}}

https://t.me/HaveFunMovies777/1018

image

ငယ်ငယ်တုန်းက သေစေနိုင်တဲ့ အဆိပ်တွေကို ကြောက်တာ အခုကြီးလာတော့ မသေဘဲ ဆွေးမြည့်နေရတဲ့ ပြတ်လုပြတ်ခင်၊ ပြတ်လည်း မပြတ်ဘဲ၊ ပြတ်ဖို့ လိုနေတဲ့ “အဆိပ်သင့်ဆက်နွှယ်မှု”တွေကို ပိုကြောက်တတ်လာတယ်
ဆက်နွှယ်မှုတစ်ခုက အဆိပ်သင့်ရင် . . .
လူတစ်ယောက်ကို နာနာကျင်ကျင် . . . သို့မဟုတ်...
သူ့စိတ်ကို နာနာကျင်ကျင် ။
အဆုံးမှာ... သူကိုယ်တိုင် သေဖို့
ရွေးချယ်သွားသည်အထိ တတ်စွမ်းနိုင်တယ်လေ...။
#နေမီကျော်

image