image

🇨🇿 ချက်နိုင်ငံ (Czech Republic) အကြောင်း တစေ့တစောင်း 🇨🇿
ခြူးက ချက်နိုင်ငံမှာ ပညာသင်ကြားတယ်လို့ ပြောရင် တော်တော်များများက ချက်နိုင်ငံ ဆိုတာကို မကြားဖူး ကြပါဘူး။ အချို့ မြန်မာပြည်က လူကြီးတွေကတော့ ချက်ကိုဆလိုဗက်ကီးယားလားလို့ မေးကြတယ်။ ဒါလဲ မဟုတ်သေးပါဘူး။ ဒီပိုစ့်လေး ဖတ်ပြီးသွားရင်တော့ စာဖတ်သူတွေ ချက်နိုင်ငံ ဘယ်မှာ ရှိတယ်၊ ဘာလို့ ကျောင်းသားတွေ ချက်နိုင်ငံ မှာ ပညာသင်ကြား ကြတယ်ဆိုတာကို နားလည် သိရှိသွားကြမယ်လို့ ယုံကြည်ပါတယ်။
ချက်နိုင်ငံ၏ တည်နေရာ
___________________
- ချက်နိုင်ငံ ဟာ ဥရောပတိုက် အတွင်းမှာ တည်ရှိပါတယ်။ သူဟာ ဥရောပ အလယ်ပိုင်း (Central Europe) မှာ တည်ရှိပြီး ခရီးသွား အများစုက အရှေ့ဥရောပ (East Europe) မှာ ရှိတယ်လို့ မှားယွင်းစွာ ယူဆလေ့ ရှိပါတယ်။
- ချက်နိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံများကတော့ ဂျာမနီ (Germany)၊ ပိုလန် (Poland)၊ ဆလိုဗက်ကီးယား (Slovakia) နဲ့ ဩစတြီးယား (Austria) နိုင်ငံတို့ ဖြစ်ကြပြီး အကုန်လုံးက အတော်လှပတဲ့ နိုင်ငံတွေ ဖြစ်ကြပါတယ်။
- ပရာ့ (Prague) မြို့ဟာ ချက်နိုင်ငံရဲ့ မြို့တော်ဖြစ်ပါတယ်။ ပရာ့မြို့ကနေ ဆိုရင် အထက်ပါ နိုင်ငံများကို ၂နာရီ ကနေ ၄နာရီလောက် ရထားစီးရုံနဲ့ ရောက်သွား နိုင်ပါတယ်။ ဒါကြောင့်မို့ ကျောင်းသား တော်တော်များများက ဒီလို အချက်အချာကျတဲ့ ပရာ့မြို့ကနေ weekend trips တွေ စီစဉ်ပြီး ခရီးထွက်ရတာ ကို အတာ် သဘောကျကြ ပါတယ်။
ချက်လူမျိုးများ
____________
- ချက်နိုင်ငံမှာ လူပေါင်း ၁၀သန်းကျော်ကျော်သာ ရှိပါတယ်။ အဲဒီ့အတွက်ကြောင့် လူရှုပ်ရှုပ်ယှက်ယှက် မရှိဘဲ ကျောင်းသားတွေ စာအေးအေးဆေးဆေး ဖတ်နိုင်သလို နိုင်ငံရဲ့ လုံခြုံရေး အညွှန်းကိန်း (Global peace index) က ကမ္ဘာ့ ထိပ် နံပါတ် ၁၀မှာ ရှိပါတယ်။
- ရောက်ခါစ ကျောင်းသား တော်တော်များများက ချက်လူမျိုးတွေကို အေးတိအေးစက် ဖြစ်တယ်၊ နိုင်ငံခြားသားတွေကို မဖော်ရွေဘူးလို့ ထင်မိကြပါတယ်။ အဲဒါဘာလို့လဲဆိုတော့ ဒီကလူကြီး တော်တော်များများက အရင် ကွန်မြူနစ် အစိုးရ ခေတ်တုန်းက နိုင်ငံခြားသားတွေ ကျောင်းလာတက်တာ၊ အလုပ်လာလုပ်ကြတာ မကြုံဖူး ခဲ့ကြပါဘူး။ အဲဒါကြောင့် ဒီက လူကြီးတွေဟာ အင်္ဂလိပ်စာ မနားလည်ကြသလို နားလည်တဲ့ သူကလဲ ပြောရမှာ ဝန်လေးတတ်ကြပါတယ်။ အဲဒီတော့ ကျောင်းသားများ ချက်စာကို အနည်းငယ် သင်ယူပြီး ချက်လို နှုတ်ဆတ်တတ်ရင်တောင်မှ သူတို့က အတော်သဘောကျ ကြပါတယ်။
ချက်နိုင်ငံမှာ နေတဲ့ စရိတ်စက
_______________________
- ချက်နိုင်ငံတွေက တက္ကသိုလ် တွေရဲ့ ကျောင်းစရိတ်က UK တို့ USA တို့နဲ့ ယှဉ်ရင် ၅ဆလောက်အထိ သက်သာပါတယ်။ ပညာရေးကတော့ EU Standard နဲ့ ညီမျှပါတယ်။ ချက်မှာ ကျောင်းပြီးရင် သူ့နိုင်ငံ အတွင်း အလုပ်ဆက်လုပ်နိုင်သလို အခြား ဥရောပနိုင်ငံတွေမှာလဲ သူတို့ဘာသာစကား ပြောတတ်ရင် အလုပ်သွားလုပ်လို့ ရပါတယ်။
- ချက်မှာ တခြား ဥရောပနိုင်ငံ တွေလို ယူရို (Euro) မသုံးပါဘူး။ ချက်ကိုရိုနာ (Czech Koruna = Czech crowns = Czk) ကိုသုံးကြပါတယ်။ အဲဒါကြောင့် သူ့ရဲ့ အိမ်နီးချင်း နိုင်ငံတွေနဲ့ ယှဉ်ရင်တောင် နေစရိတ်စားစရိတ်က ပို သက်သာနေပါတယ်။
- Student discount အကြောင်း။ ချက်နိုင်ငံရောက်ရင် အသက် ၂၆နှစ်အောက် ကျောင်းသားတိုင်း International Student Identity Card (ISIC) ကို တက္ကသိုလ် အသီးသီးက ထုတ်ပေးကြပါတယ်။ ချက်မှာ တစ်မြို့နဲ့ တစ်မြို့ ကူးမယ်ဆိုရင် ကားနဲ့ သွားမလား၊ ရထားနဲ့ သွားမလား၊ ဘစ်ကားနဲ့ သွားမလား အကုန်ရှိပါတယ်။ ISIC နဲ့ ဆိုရင် ၇၅% အထိစျေးလျှော့ ပေးပါတယ်။ နောက်ပြီး စာအုပ်ဆိုင်တိုင်းက ၁၀% အမြဲ စျေးလျှော့ပေးပါတယ်။ electronic ဝယ်ရင်လဲ သုံးလို့ရလို တချို့ စားသောက်ဆိုင်တွေကလဲ ISIC အတွက် အထူးပရိုမိုးရှင်းတွေ အမြဲပေးထား ပါတယ်။
အထက်ပါ အကြောင်းအရာတွေကြောင့် ချက်နိုင်ငံကို လာတဲ့ ကျောင်းသားတိုင်းက ဒီမှာ ပညာသင်ရတာကို ဘဘောကျကြပါတယ်။ ဒါ့ကြောင့် မြန်မာပြည်မှာ ရှိတဲ့ ညီငယ် ညီမငယ်များကလဲ နိုင်ငံခြားပညာ သင်မယ် ဆိုရင် UK, US, Australia, Japan စတဲ့နိုင်ငံ တွေချည်း စိတ်ထဲ မထားပဲ ချက်နိုင်ငံကိုလဲ ထည့် စဉ်းစား ကြဖို့ တိုက်တွန်း လိုပါတယ်။
ဒီပိုစ့်လေးကို ဖတ်ပြီး ချက်နိုင်ငံမှာ ပညာသင်ကြားဖို့ စိတ်ဝင်စားတယ်၊ ထပ်ပြီး သိချင်တယ် ဆိုရင် Like & share လုပ်ပြီး ခြူးရဲ့ Czech-in with Chyuu page လေးကို support လုပ်ပေးပါ။ စာဖတ်သူများ အားလုံးကို ကျေးဇူးတင် ပါတယ်။ ❤️

image
image
image
28 w - Translate

Dwayne Johnson ရဲ့ရုပ်ရှင်သစ်ဖြစ်တဲ့ The Smashing Machine ဟာ ရုံဝင်ငွေအခြေအနေမဟန်လှပေမယ့် Oppenheimer, Interstellar, Inception ရုပ်ရှင်တို့ရဲ့ပဲ့ကိုင်ရှင် ဒါရိုက်တာ Christopher Nolan ကတော့ ဒီရုပ်ရှင်ကို ချီးကျူးသွားခဲ့သလို Dwayne Johnson ရဲ့သရုပ်ဆောင်စွမ်းရည်ဟာ ၂၀၂၅ ခုနှစ်အတွက် အကောင်းဆုံးတွေထဲမှာ ပါဝင်ကြောင်းလည်း မှတ်ချက်ပြုသွားခဲ့ပါတယ်။
လက်ဝှေ့ကစားသမားဟောင်း Mark Kerr ရဲ့ဘဝအကြောင်း တင်ဆက်ထားတဲ့ The Smashing Machine ရုပ်ရှင်ကို Oppenheimer ရုပ်ရှင်မှာ Edward Teller အဖြစ်ပါဝင်ခဲ့တဲ့ သရုပ်ဆောင်/ဒါရိုက်တာ Benny Safdie က ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး Dwayne Johnson, Emily Blunt တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ Benny Safdie ဟာ ဒီရုပ်ရှင်အတွက် Emily Blunt ကို Oppenheimer ရိုက်ကွင်းပေါ်မှာ စည်းရုံးခဲ့တာဖြစ်ပြီး ဒီအကြောင်းကို Christopher Nolan က -
“ငါ့ရိုက်ကွင်းမှာ မင်းပြောရမယ့်စကားတွေ အလွတ်ကျက်နေရမယ့်အချိန် မင်းက ရုပ်ရှင်သစ်အတွက် လူလိုက်စုနေတယ်လို့ ပြန်ကြားတယ်နော်” ဆိုပြီး အရွှန်းဖောက်ခဲ့သေးတာပါ။
Christopher Nolan က The Smashing Machine ရုပ်ရှင်ဟာ “အချိန်ကြာလာတာနဲ့အမျှ လူတွေပိုပြီးနားလည်လာမယ့်ရုပ်ရှင်” ဖြစ်ကြောင်း၊ Dwayne Johnson ရဲ့သရုပ်ဆောင်စွမ်းရည်ဟာ အင်မတန်ပြောင်မြောက်ကြောင်း ချီးကျူးသွားပြီး Benny Safdie ကိုလည်း မိတ်ဆွေဖြစ်ရတာ ဂုဏ်ယူကြောင်း ပြောဆိုခဲ့ပါတယ်။ A24 စတူဒီယိုရဲ့ ကုန်ကျစရိတ်အများဆုံးရုပ်ရှင်ဖြစ်တဲ့ The Smashing Machine ဟာ Dwayne Johnson ရဲ့အနုပညာသက်တမ်းတလျှောက် အဖွင့်ရုံဝင်ငွေအနည်းဆုံးရုပ်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ရုံဝင်ငွေအခြေအနေမကောင်းပေမယ့်လည်း ဒီရုပ်ရှင်ဟာ ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ Benny Safdie အတွက် ဒါရိုက်တာဆုဆွတ်ခူးပေးနိုင်ခဲ့သလို Dwayne Johnson ကိုလည်း အော်စကာစင်မြင့်ထက်ကို ပို့ဆောင်ပေးနိုင်ဖို့ အလားအလာရှိတဲ့ရုပ်ရှင်အဖြစ် ထင်ကြေးပေးခံထားရတာဖြစ်ပါတယ်။
ကိုးကား - Deadline

image
29 w - Translate

လူတစ်ယောက်ဟာ ကိုယ်ချစ်တဲ့လူတွေအတွက် ဘယ်လောက်အထိကြိုးစားနိုင်ကြောင်း ပြောကြတဲ့အခါ သက်တော်ရှည် The Simpsons စီးရီးရဲ့ အကောင်းဆုံးအပိုင်းတစ်ပိုင်းကို ထည့်မပြောလို့ မဖြစ်ပါဘူး။ အဖေကြီး Homer ဟာ အကြီးကောင် အကဲစိန်လေး Bart နဲ့ အလတ်မ စာဂျပိုးလေး Lisa တို့ရဲ့ဓာတ်ပုံတွေကို အယ်လ်ဘမ်နဲ့ စနစ်တကျ သိမ်းထားပေမယ့် အငယ်ဆုံးသမီးလေး Maggie ရဲ့ဓာတ်ပုံတွေကိုတော့ အိမ်မှာ လုံးဝမတွေ့ရတာကို တစ်နေ့မှာ ကလေးတွေက သတိထားမိသွားကြပါတယ်။ ဒါဟာ Homer က အငယ်ဆုံးလေးကို မချစ်လို့လို့ ထင်ရင်တော့ အကြီးကြီးမှားသွားပါပြီ။
တကယ်တော့ Homer ဟာ နျူကလီးယားဓာတ်ပေါင်းဖိုက သူ့အလုပ်ကို အရမ်းမုန်းတဲ့သူပါ။ ဒါပေမယ့် Marge နဲ့လက်ထပ်ပြီးနောက် အိမ်ပိုင်လေးရှိဖို့နဲ့ သားသမီး ၂ ယောက်မွေးပြီး တင်ခဲ့တဲ့အကြွေးတွေကြေဖို့အတွက် သူမပျော်တဲ့အလုပ်မှာ သည်းခံပြီး နှစ်ရှည်လများ လုပ်ခဲ့တယ်။ အကြွေးတွေအကုန်ကြေသွားတဲ့တစ်နေ့မှာတော့ Homer ဟာ ချက်ချင်းပဲ သူမျက်မုန်းကျိုးတဲ့သူဌေးကို ခြေစုံကန် အလုပ်ထွက်ခဲ့ပြီး သူတကယ်လုပ်ချင်တဲ့ ဘိုးလင်းရုံမှာ အလုပ်ဝင်လျှောက်ပါရော။ ဖြစ်ချင်တော့ အလုပ်ထွက်တဲ့နေ့တုန်းက Homer နဲ့ Marge တို့ ချစ်ကြည်နူး တစ်တီးတူးခဲ့ရာကနေ Marge မှာ တတိယမြောက်ကိုယ်ဝန်ရှိလာတယ်။​ Maggie ဆိုတဲ့အငယ်ဆုံးသမီးလေးကို သူတို့မိသားစုထဲ ခေါ်လာပေးမယ့် ကိုယ်ဝန်ပေါ့။
Maggie လေးမွေးလာချိန်မှာ Homer က သူ့ဝင်ငွေအခြေအနေကို ပြန်တွက်ကြည့်ရတယ်။ သူပျော်လို့ဝင်လုပ်နေတဲ့ ဘိုးလင်းရုံကအလုပ်က သားသမီး ၂ ယောက်အထိ တင့်တောင့်တင့်တယ် ရှာကျွေးနိုင်ပေမယ့် ၃ ယောက်အထိတော့ မလောက်ငနိုင်တော့ဘူး။ လစာတိုးတောင်းကြည့်တော့လည်း အဆင်မပြေတော့ Homer ဟာ မတတ်သာတော့တဲ့အဆုံး သူခြေစုံကန်ခဲ့တဲ့ နျူကလီးယားစက်ရုံကို ဒူးထောက်ခစားပြီး အလုပ်ပြန်ဝင်လုပ်ရရှာတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ သူ့အလုပ်ခန်းထဲမှာ သူသိပ်ကြိုက်တဲ့ ဒိုးနပ်တွေပဲရှိနေတာမဟုတ်တော့ဘူး။ သမီးလေး Maggie ရဲ့ဓာတ်ပုံတွေကို နံရံအပြည့်ကပ်ထားတယ်။ “မမေ့နဲ့၊ မင်း ဒီမှာတစ်သက်လုံးလုပ်ရမှာ” လို့ကပ်ထားတဲ့စာပေါ်မှာ သမီးလေးဓာတ်ပုံတွေဖုံးရင်း စာတစ်ကြောင်း ထပ်ပေါ်လာအောင်လည်း လုပ်ခဲ့တယ်။ အဲ့စာကြောင်းက “သမီးလေးအတွက် လုပ်လိုက်ပါ” တဲ့။
Homer ဟာ အလိုက်ကမ်းဆိုးသိပ်မသိတဲ့ ခင်ပွန်းတစ်ယောက် ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ သားသမီးအပေါ် အရိပ်သုံးပါးနားမလည်တဲ့ အဖေတစ်ယောက်လည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ လူကြီးဖြစ်ရက်နဲ့ ကလေးဆန်လွန်းပြီး ရှေ့မကြည့် နောက်မကြည့်လုပ်တတ်တဲ့ ဘုကလန့်ဂွစာလူတစ်ယောက်လည်း ဟုတ်ချင်ဟုတ်ပါလိမ့်မယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း သူဟာ မိသားစုနဲ့ သမီးလေးအတွက် ကိုယ်မပျော်ပိုက်တဲ့လုပ်ငန်းခွင်မှာ တစ်နေ့ကို ၈ နာရီမက သမီးလေးဓာတ်ပုံတွေကြည့်ပြီး အားတင်းကျော်ဖြတ်နေတဲ့လူပဲမဟုတ်လား။ ကျွန်တော်တို့ရော ကိုယ်ချစ်တဲ့လူအတွက် ဘယ်လောက်အထိ ကြိုးစားကြမလဲ။ သူတို့ရဲ့ဓာတ်ပုံလေးတွေက ကျွန်တော်တို့ကို ဘယ်လောက်အထိ အားဖြစ်စေသလဲ။
The Simpsons: And Maggie Makes Three (S6 E13)
#cineamboulevard #collage #feelings #thesimpsons #ho

image

ဆုပြည့် ရဲ့ Pranayama & Breathwork Instructor Course Batch 2 အကြောင်း Post ကို Share ပေးသူတွေအတွက်...... Scholarship ကံစမ်းမဲ အစီအစဥ် ပြုလုပ်ပေးဖို့......
6.10.25 သီတင်းကျွတ် လပြည့်နေ့မှာ မဲနှိုက် ပေးသွားမှာ ဖြစ်ပါတယ်.
Batch 1 ဟာ ဆိုရင်လဲ Review ကောင်းများဖြင့် အောင်မြင်စွာ ပြီးဆုံးခဲ့တာ ဖြစ်ပါတယ်.
ကိုယ်တိုင်လဲ ဒီ course အတွက် သင်ပေးရတာကို ယုံကြည်မှု အပြည့်အဝ ရှိ​နေပါတယ်.
နာမည်ကြီး စာအုပ်ဖြစ်တဲ့ Prana & Pranayama စာအုပ်ကို အဓိက မှီငြမ်းပြီး မျှဝေဖြစ်ပါတယ်.
ပြီးတော့ ဆုပြည့်ရဲ့ Science ဆေးပညာ Background Knowledge များနှင့်
ကိုယ်တွေ့ သင်လာဖြစ်ခဲ့တဲ့ Pranayama & Breathwork အတွေ့အကြုံ များကြောင့်
Batch 1 မှာ လာတက်ရောက် သွားသူတွေကတော့
အနှစ်တွေချည်း ရသွားတယ်.....တီချယ် ရှင်းပြတဲ့ ပုံစံတွေ ကြိုက်တယ်နဲ့ good review တွေ ပေးကြလို့ ..... ဝမ်းသာ နေရပါတယ်ရှင့် 🙏
Post Link 🙏👇
https://www.facebook.com/share/p/1GQkPsD7bE/
အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်နော်.
🙏🙏🙏🥰🥰🥰
Dr.Su Yoga

ဆုပြည့် ရဲ့ Pranayama & Breathwork Instructor Course Batch 2 အကြောင်း Post ကို Share ပေးသူတွေအတွက်...... Scholarship ကံစမ်းမဲ အစီအစဥ် ပြုလုပ်ပေးဖို့......
6.10.25 သီတင်းကျွတ် လပြည့်နေ့မှာ မဲနှိုက် ပေးသွားမှာ ဖြစ်ပါတယ်.
Batch 1 ဟာ ဆိုရင်လဲ Review ကောင်းများဖြင့် အောင်မြင်စွာ ပြီးဆုံးခဲ့တာ ဖြစ်ပါတယ်.
ကိုယ်တိုင်လဲ ဒီ course အတွက် သင်ပေးရတာကို ယုံကြည်မှု အပြည့်အဝ ရှိ​နေပါတယ်.
နာမည်ကြီး စာအုပ်ဖြစ်တဲ့ Prana & Pranayama စာအုပ်ကို အဓိက မှီငြမ်းပြီး မျှဝေဖြစ်ပါတယ်.
ပြီးတော့ ဆုပြည့်ရဲ့ Science ဆေးပညာ Background Knowledge များနှင့်
ကိုယ်တွေ့ သင်လာဖြစ်ခဲ့တဲ့ Pranayama & Breathwork အတွေ့အကြုံ များကြောင့်
Batch 1 မှာ လာတက်ရောက် သွားသူတွေကတော့
အနှစ်တွေချည်း ရသွားတယ်.....တီချယ် ရှင်းပြတဲ့ ပုံစံတွေ ကြိုက်တယ်နဲ့ good review တွေ ပေးကြလို့ ..... ဝမ်းသာ နေရပါတယ်ရှင့် 🙏
Post Link 🙏👇
https://www.facebook.com/share/p/1GQkPsD7bE/
အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်နော်.
🙏🙏🙏🥰🥰🥰
Dr.Su Yoga

ဆုပြည့် ရဲ့ Pranayama & Breathwork Instructor Course Batch 2 အကြောင်း Post ကို Share ပေးသူတွေအတွက်...... Scholarship ကံစမ်းမဲ အစီအစဥ် ပြုလုပ်ပေးဖို့......
6.10.25 သီတင်းကျွတ် လပြည့်နေ့မှာ မဲနှိုက် ပေးသွားမှာ ဖြစ်ပါတယ်.
Batch 1 ဟာ ဆိုရင်လဲ Review ကောင်းများဖြင့် အောင်မြင်စွာ ပြီးဆုံးခဲ့တာ ဖြစ်ပါတယ်.
ကိုယ်တိုင်လဲ ဒီ course အတွက် သင်ပေးရတာကို ယုံကြည်မှု အပြည့်အဝ ရှိ​နေပါတယ်.
နာမည်ကြီး စာအုပ်ဖြစ်တဲ့ Prana & Pranayama စာအုပ်ကို အဓိက မှီငြမ်းပြီး မျှဝေဖြစ်ပါတယ်.
ပြီးတော့ ဆုပြည့်ရဲ့ Science ဆေးပညာ Background Knowledge များနှင့်
ကိုယ်တွေ့ သင်လာဖြစ်ခဲ့တဲ့ Pranayama & Breathwork အတွေ့အကြုံ များကြောင့်
Batch 1 မှာ လာတက်ရောက် သွားသူတွေကတော့
အနှစ်တွေချည်း ရသွားတယ်.....တီချယ် ရှင်းပြတဲ့ ပုံစံတွေ ကြိုက်တယ်နဲ့ good review တွေ ပေးကြလို့ ..... ဝမ်းသာ နေရပါတယ်ရှင့် 🙏
Post Link 🙏👇
https://www.facebook.com/share/p/1GQkPsD7bE/
အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်နော်.
🙏🙏🙏🥰🥰🥰
Dr.Su Yoga

imageimage
29 w - Translate

လက်ရှိမှာ တိုင်းမ်စီးတီး (Time City) က ပရလောကဖြစ်ရပ်တွေကြောင့် နိုင်ငံတကာကျောင်းတစ်ခု ပိတ်လိုက်ရတယ်ဆိုတဲ့ သတင်းတွေက လူပြောများနေပါတယ်
ဒီလိုအချိန်မှာ လွန်ခဲ့တဲ့ ၅ နှစ်က တိုင်းမ်စီးတီးနဲ့ ပတ်သက်ပြီး နာမည်ကြီးခဲ့တဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်တချို့ကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်
သမိုင်းနောက်ခံ- ကြံတောသုဿာန် မြေဟောင်း
ရန်ကုန်မြို့ တိုင်းမ်စီးတီး တည်နေရာဟာ မတည်ဆောက်ခင်က ကားပွဲစားတန်းဖြစ်ခဲ့ပြီး အဲဒီ့မတိုင်ခင်ကတော့ ရာစုနှစ်ပေါင်းများစွာ ရန်ကုန်တစ်မြို့လုံးက လူတွေကို သင်္ဂြိုလ်ရာ နာမည်ကြီး ကြံတောသုဿာန်ဟောင်းကြီး ဖြစ်ခဲ့ပါတယ်
နာမည်ကြီးပုဂ္ဂိုလ်တွေနဲ့ ဗြိတိသျှစစ်သားတွေရဲ့ အုတ်ဂူတွေပါ ရှိခဲ့တဲ့နေရာပါ။ ၁၉၉၄ ခုနှစ်မှာ တာမွေသုဿာန်က အုတ်ဂူတွေနဲ့ ရန်ကုန်စိန့်ဂျွန်းက အုတ်ဂူတွေကို ကြံတောကို ပြောင်းရွှေ့ခဲ့ဖူးပါတယ်
၁၉၉၆ ခုနှစ်မှာတော့ အစိုးရက ကြံတောသုဿာန်ကို တစ်လအတွင်း အမြန်ဆုံး ပြောင်းရွှေ့ခိုင်းခဲ့တဲ့ သမိုင်းကြောင်းရှိခဲ့ပါတယ်
ခုတ်မရတဲ့ ညောင်ပင်နဲ့ ရွှေ့မရတဲ့ အုတ်ဂူ ၂ လုံးရဲ့ ထူးခြားမှု
ကြံတောသုဿာန်မြေဟောင်းမှာ တည်ဆောက်ခဲ့တဲ့ တိုင်းမ်စီးတီးမှာ အထူးအဆန်းဖြစ်နေတဲ့ နေရာနှစ်ခု ရှိပါတယ်
တစ်ခုကတော့ ရှေ့ရင်ပြင်မှာ ခုတ်လက်စပုံစံနဲ့ ကျန်ရှိနေပြီး နိုင်ငံစုံက ဘုရားဆင်းတုတော်အစုံအလင်ကို ဝိုင်းပတ်ပူဇော်ထားတဲ့ ညောင်ပင်တစ်ပင်နဲ့၊ နောက်တစ်ခုကတော့ မြေအောက် ကားပါကင် (Basement 3) မှာ ရှိနေတဲ့ ရွှေ့ပြောင်းမရလို့ ကွန်ကရစ်လောင်းပြီး ဖုံးလိုက်ရတဲ့ အုတ်ဂူနှစ်လုံးတို့ပဲ ဖြစ်ပါတယ်
ဒီညောင်ပင် ခု၊တ်ဖို့ ကြိုးစားစဉ်က အလုပ်သမားနှစ်ဦး မမျှော်လင့်ဘဲ အသ၊က်ဆုံ:ရှုံးခဲ့ရတယ်လို့ သိရပါတယ်
အဲဒီညောင်ပင်မှာရှိတဲ့ ပရလောကသားဟာ နှစ်ချို့ပြီး အတော်ကြမ်းတယ်လို့ ဆိုကြပါတယ်။ ၂၀၁၂ လောက်က စတင်တည်ဆောက်စဉ်က မြေညှိဖို့ ဘူဒိုဇာ ၃ စီးနဲ့ ဖြိုဖို့ ကြိုးစားခဲ့ပေမယ့် အခက်အခဲတွေကြောင့် လက်လျှော့ခဲ့ရပြီး၊ အခကြေးငွေ ဘယ်လောက်ပေးပေး ခု၊တ်ရဲသူ မရှိတော့ဘူးလို့ ပြောကြပါတယ်
Time city မဖွင့်ခင်ကတည်းက အဲဒီ့နေရာမှာ ညတိုင်း ပရိုဂျက်တာထိုးပြီး တရားခွေတွေကို အသံချဲ့စက်နဲ့ ဖွင့်ထားရတယ်လို့ အနီးနားက လူတွေက ပြောပြကြပါတယ်
ညောင်ပင်ကို ဝိုင်းပတ်ပြီး နိုင်ငံစုံက ဘုရားမျိုးစုံ ထားရှိရတာဟာ အဲဒီ့ပရလောကသားက ဘယ်လူမျိုး၊ ဘယ်နိုင်ငံသားမှန်း မသိတာကြောင့်ဖြစ်ပြီး နေ့စဉ် သုံးကြိမ် သန့်ရှင်းရေး လုပ်ပေးရတယ်လို့လည်း ဆိုပါတယ်
ဒါဟာ အနှောင့်အယှက် မပေးနိုင်အောင် ပြုလုပ်ထားတဲ့ အစီအရင်တစ်ခု ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်
မြေအောက်ကားပါကင် (Basement 3) မှာ ခပ်ခုံးခုံးဖြစ်နေတဲ့ ကမူ (သို့မဟုတ် နေရာ) ဟာ ဘယ်လိုမှ ရွှေ့မရလို့ ကွန်ကရစ်လောင်းပြီး မြှုပ်နှံလိုက်ရတဲ့ အုတ်ဂူနှစ်လုံးရဲ့ နေရာလို့ သိရှိသူတချို့က ပြောပြပါတယ်
သုဿာန်ဟောင်းတွေရဲ့ နေရာမှာ ထူးဆန်းမှုတွေ ရှိတတ်တာ သဘာဝပါ။ ရှေးတုန်းက မင်းမိန့်နဲ့ သုဿာန်ရွှေ့တဲ့အခါ ပရလောကသားတွေကို အမိန့်ပြန်တမ်း ထုတ်ပြီး ရွှေ့ခိုင်းခဲ့တဲ့ မှတ်တမ်းတွေလည်း ရှိခဲ့ပါတယ်
၁၉၉၆ ခုနှစ်က ကြံတောသုဿာန်ကို အလျင်အမြန် ရွှေ့ပြောင်းခဲ့ရတဲ့အတွက် သုဿာန်ထဲက ပရလောကသားတချို့ဟာ အသစ်ပြောင်းရွှေ့ခဲ့တဲ့ ထိန်ပင်နဲ့ ရေဝေးသုဿာန်တွေကို လိုက်မပါဘဲ ကြံတောမြေဟောင်းမှာ ကျန်နေရစ်ခဲ့တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်
တချို့ကလည်း တိုင်းမ်စီးတီးရဲ့ နေရာတချို့နဲ့ မှန်တံတားပေါ်မှာ ညဖက်မှာ အရိပ်လိုလို လူတချို့ကို မြင်တွေ့ခဲ့ရတယ်လို့ ဆိုကြပါတယ်
ဒီအကြောင်းအရာတွေကို ပြန်လည်ဖော်ပြရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ တိုင်းမ်စီးတီးကို နာမည်ပျက်အောင် လုပ်ခြင်း၊ လူတွေကို ခြောက်လှန့်ခြင်း မဟုတ်ဘဲ ရန်ကုန်မြို့ရဲ့ အထင်ကရနေရာတစ်ခုရဲ့ သမိုင်းကြောင်းကို နောက်လူတွေ သိစေဖို့နဲ့ အဲဒီ့နေရာက ပရလောကသားတွေကို မေတ္တာပို့ အမျှဝေပြီး ကျွတ်တမ်းဝင်စေချင်တဲ့ စေတနာကြောင့်သာ ဖြစ်ပါတယ်

image

Yoga is not just about weight loss, flexibility, or toned muscles.
#yoga #yogapost #yogainformation

image

Yoga is not just about weight loss, flexibility, or toned muscles.
#yoga #yogapost #yogainformation

image