Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ကျွန်တော် မျှော်နေတာကို သိရင်ကော
ကျွန်တော့ကို ပစ်ထားမှာလား ဒီရက်တွေမှာ
ရာသီဥတုက အေးနေတာလားဒါဒါမှမဟုတ်
ကျွန်တော်တို့ဆက်ဆံရေးတွေက ပိုအေးစက်
နေတာလား မသဲကွဲတော့ဘူး---"
သေချာတာကတော့ ဒီရက်တွေမှာ
လူကော စိတ်ကော နေလို့ကောင်းမနေတာပါပဲ
အရင်ကဆိုလေ ပြီးတော့ အရင်ကလိုလေ ဆိုတဲ့
အိပ်မက်တွေချည်း ခဏခဏ မက်သလို
ငါဘာများမှားသွားခဲ့တာလဲဆိုပြီး မကြာခဏ
တွေးနေမိတယ်---"
ကျွန်တော် မျှော်နေတယ်လေနော် ဆိုတဲ့စကားကို
မပြောဖြစ်ခဲ့ပေမယ့် သေချာပေါက်ကို
အဲ့ဒီအခြေအနေမှာပဲ ရှိချင်ခဲ့တာပါ ပြီးတော့
စောင့်နေပါလို့ မပြောပဲလည်း မျှော်နေခဲ့တာပါ---"
ကျွန်တော် မျှော်နေတာကို သိရင်ကော
ကျွန်တော့်ကို ဒီအတိုင်းပဲ ပစ်ထားဦးမှာလား
ဟင် ပို့နေတဲ့စာတွေ ခေါ်နေတဲ့ဖုန်းတွေ---"
ပြီးတော့
မင်းနဲ့ပဲ ပျော်ချင်နေတဲ့စိတ်တွေကို
နည်းနည်းလေးတောင်
ပြန်ငဲ့ကြည့်မပေးချင်တော့ဘူးလား---"
#2001
ပြန်အဖက်ဆယ်လို့လဲ မရတော့ဘူး
ပြန်ဆက်သွယ်လို့လဲ မရတော့ဘူး
ဒီလိုနဲ့ ဝေးသွားရတဲ့ အကြောင်းအရာတွေထဲမှာ
သူနဲ့ကိုယ် အဆုံးသတ်ဖြစ်သွားရမဲ့ ဘဝနှစ်ကို
ရည်ရွယ်ခဲ့တာဆိုရင်
ဟန်ဆောင်ချစ်ခဲ့တဲ့ ချစ်ခြင်းတစ်ခုကိုတော့
သူရောကိုယ်ရော လွယ်လွယ်နဲ့ဖြစ်ခဲ့ကြတာမဟုတ်ဖူး
သူ့ဘက်က ယုံကြည်မှုတွေ နားလည်မှုတွေ
လွဲသွားတဲ့အခါ
ကိုယ့်ဘက်က ဝေးကွာခြင်းနဲ့
အစပျိုးပေးလိုက်ရတယ်
ကောက်ချက်လွဲပြီး ဝေးရတဲ့ဘဝနှစ်ခုမှာ
ဘယ်သူက ပိုပြီး ရင်တွေကွဲခဲ့ရသလဲ
ဘယ်သူက ပိုပြီး ပြိုလဲပေးလိုက်ရသလဲ
ဘယ်သူက ပိုပြီး မျက်ရည်တွေကြပေးလိုက်ရသလဲ
ကိုယ့်မှာတော့နားလည်မှုတွေ ပေးနိုင်မယ်အထင်နဲ့
ဘဝတစ်ခုစာ ရွေးချယ်ခဲ့ပြီးမှ
နားလည်မှုများစွာနဲ့ စွန့်လွှတ်ပေးခဲ့ရတယ်
ရင်တွေကွဲခဲ့တယ်ဆိုတာကိုလဲ
ထည့်မတွက်မိတော့ပါဘူး
ကိုယ့်မှာ ဆုံးရှုံးမှုတွေမှာလဲ နားလည်မှုအပြည့်နဲ့
ကိုယ့်မှာ ဝေးခဲ့တယ်ဆိုလဲ နားလည်မှုအပြည့်နဲ့
ထားခဲ့တဲ့သစ္စာတရားဟာ လှောင်ရယ်သံနဲ့
လှည့်ထွက်သွားတော့
ပြည့်ပြည့်ဝဝပေးခဲ့ဖူးတဲ့ နားလည်မှုတွေပါ မကျန်
ကိုယ့်ဘက်က ဒီတစ်ခါ လှည့်ထွက်သွားခြင်းတွေဟာ
ဘဝနှစ်ခုကို သေချာပေါက် နားလည်မှုအပြည့်နဲ့အဆုံးသက်လိုက်ပါပြီ
သူ့ဘဝလေး ကိုယ်ထင်တာထပ်ပို၍ အေးချမ်းပါစေ,,
နေခ/စာတိုက်ပုံး
တချိူ့ကခိုင်းစရာရှိမှ ကိုယ့်ကိုသတိရရင်စိတ်ဆိုးကြတယ်
တချိူ့ကလဲ အကူအညီလိုချိန်မှ ကိုယ့်ကိုဆက်သွယ်ရင်စိတ်ဆိုးကြတယ် ကိုယ်ကတော့ သူတို့လိုအပ်ချိန်တိုင်းကိုယ့်ကိုပဲအရင်သတိရတဲ့ထိကိုယ်ကူညီနိုင်တဲ့အရာဖြစ်နေတာကိုကြေနပ်တယ် အခက်အခဲတွေကို ဘယ်လောက်ထိအောင်မြင်အောင်ဖြေရှင်းနိုင်လဲဆိုတာကသာ ကိုယ့်ရဲ့အရည်အချင်းလို့သတ်မှတ်ထားပြီးကြိုးစားတယ် ကြိုးစားသလောက်အရာထင်နိုင်တာကိုပဲ အောင်မြင်မှူလို့မှတ်ယူတယ် 👍