Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
OpenAI ဝန်ထမ်းများကို Bonus ဒေါ်လာ သန်း၁၀၀နဲ့ကမ်းလှမ်းထားသည့် Meta
Meta သည်လက်ရှိ AI နည်းပညာပြိုင်ပွဲအရှိန်မြင့်မားနေချိန်တွင် OpenAI ၏ ဝန်ထမ်းများအား AI ကြိုးစားအားထုတ်မှုတွင်ပါဝင်ရန် Bonus အဖြစ်ဒေါ်လာ သန်း 100 နှင့်ကမ်းလှမ်းထားကြောင်းသိရသည်။
OpenAI အမှုဆောင်အရာရှိချုပ် Sam Altman က Meta သည် ၎င်း၏အဖွဲ့အား စွဲမက်ဖွယ်ကမ်းလှမ်းမှုများကို ပြုလုပ်ခဲ့သော်လည်း OpenAI ၏ ထိပ်တန်း၀န်ထမ်းတစ်ဦးမှ ၎င်းတို့ကိုယခုအချိန်အထိ လက်ခံခြင်းမရှိသေးကြောင်း ပြောကြားခဲ့သည်။
Meta ၏ AI နည်းပညာတိုးတက်ရေးအတွက် လုပ်ဆောင်မှုများထဲတွင် Scale AI သို့ $14.3 ဘီလီယံ ရင်းနှီးမြှုပ်နှံမှု နှင့် superintelligence အဖွဲ့အသစ်ကို ဦးဆောင်စေရန် Alexandr Wang ကိုခန့်အပ်မှုတို့လည်းပါဝင်သည်။
Altman ကလည်း Meta သည် OpenAI အတွက် အကြီးမားဆုံးသော ပြိုင်ဘက်အဖြစ် မြင်ကြောင်းမှတ်ချက်ပေးထားသည်။
ဇူလှိုင် ၁ ရက်မှာ မိတ်ဆက်တော့မယ့် Nothing Phone 3 ရဲ့ ဈေးနှုန်းကတော့ လန်ပြန်ထွက်နေတာပါပဲ။ လက်ရှိသတင်းတွေအရဆို ဒေါ်လာ 899 အထိလို့ ပြောနေကြပါတယ်။ Nothing Official ဘက်ကနေ ဈေးနှုန်းနဲ့ပတ်သတ်ပြီး ဒေါ်လာ 1000 နီးပါးအထိပြောခဲ့ဖူးပါသေးတယ်။ ဈေးနှုန်းအပထား Sepc: အချို့ကိုတော့ ဖော်ပြလာပါပြီ။
Nothing Phone 3 မှာက အရင်ခန့်မှန်းထားသလို Snapdragon 8 Elite နဲ့ မဟုတ်ဘဲ Snapdragon 8s Gen 4 နဲ့ လာမယ့်အပြင် Security Update ကို 7 နှစ်နဲ့ Software Update ကိုတော့ 5 နှစ် support ပေးသွားမှာဖြစ်ကြောင်း Nothing Co-founder ဖြစ်သူ Akis Evangelidis ကိုယ်တိုင် အတည်ပြုလိုက်ပါတယ်။
အခြားအနေနဲ့ အရင်ရက်ပိုင်းတွေက ဖော်ပြခဲ့သလို Glyph Interface မပါတော့ဘဲ Dot-matrix Display နဲ့ ဖြစ်ပါမယ်။ Screen Size 6.7” AMOLED Display နဲ့ 120Hz Refresh Rate ရမယ်။ 50MP Triple Camera Set up နဲ့ 3x optical zoom အထိ 50MP telephoto ပါမယ်။
တစ်ခုရှိတာက အခုက သူသူငါငါ ဖုန်းတိုင်းလိုလို AI ကို အပြိုင်အဆိုင်ထည့်လာပေမဲ့ Phone 3 ကတော့ Flagship မော်ဒယ်လို့ ကြေညာထားပြီး AI နဲ့ပတ်သက်ပြီး ဘာမှဖော်ပြလာခြင်းမရှိတာပါပဲ။ ဒါပေမဲ့ မိတ်ဆက်မယ့် ဇူလှိုင် ၁ ရက်နေ့မှ ပိုသိရမှာဆိုတော့ ဒီကြားထဲထပ်ထွက်လာလောက်မယ့် Leak တွေကိုပဲ အရင်စောင့်ကြည့်ရတာပေါ့ဗျာ...
#နိုင်ငံတကာသတင်း
◼ရာထူးမှနုတ်ထွက်ရမည့်အရေးနှင့် ထိုင်းဝန်ကြီးချုပ် ရင်ဆိုင်နေရ
အစိုးရညွန့်ပေါင်းအဖွဲ့မှ အရေးပါသောပါတီတစ်ခုက ၎င်းအား ရာထူးမှနုတ်ထွက်ရေး တောင်းဆိုရန်ရှိနေချိန်တွင် တိုက်ပွဲဝင်နေရသော ထိုင်းဝန်ကြီးချုပ် ပေထုန်တန်သည် အစိုးရအဖွဲ့အတွင်း လူများစုနေရာကို ဆုံးရှုံးမည့်အရေးနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ပေထုန်တန်၏ ဖွေထိုင်းပါတီ ဦးဆောင်သောညွန့်ပေါင်းအဖွဲ့တွင် ၎င်းတို့ ဆက်လက်ပူးပေါင်းပါဝင်ရေးကို အလိုရှိပါက အသက် (၃၈) နှစ်အရွယ် ထိုင်းနိုင်ငံ၏အသက် အငယ်ဆုံး ဝန်ကြီးချုပ် နုတ်ထွက်ရမည်ဖြစ်ကြောင်း ညွန့်ပေါင်းအဖွဲ့တွင် ဒုတိယအကြီးဆုံး ပါတီ ဖြစ်သည့် စည်းလုံးညီညွတ်သောထိုင်းနိုင်ငံ (UTN) ပါတီ က တောင်း ဆိုသွားမည်ဖြစ်ကြောင်း ပါတီသတင်းရင်းမြစ် နှစ်ဦး က ရိုက်တာသတင်းအား ပြောကြားသည်။
“ သူ မနုတ်ထွက်ဘူးဆိုရင် ပါတီက အစိုးရအဖွဲ့ကနေ ထွက်မယ်” ဟု မီဒီယာများကို တရားဝင်ပြောဆိုခွင့်မရှိသဖြင့် အမည်မဖော်ခဲ့သော သတင်းရင်းမြစ်တစ်ဦး ဆိုသည်။
ယင်းကိစ္စအား ဝန်ကြီးချုပ်အား ပါတီခေါင်းဆောင်ကလေးစားသမှုဖြင့် အသိပေးသွားမည်ဖြစ်ကြောင်း အဆိုပါသတင်းရင်းမြစ်က ဆိုသည်။
အခြား မဟာမိတ်ပါတီတစ်ခုဖြစ်သော ဒီမိုကရက်တစ်ပါတီ က ဝန်ကြီးချုပ်အား ထောက်ခံသွားမည်ဟု ပြော ကြား ခဲ့သဖြင့် အားတက်စရာဖြစ်သော်လည်း ဗုဒ္ဒဟူးနေ့က ပိုမိုကြီးမားသော ဘန်ဂျေထိုင်းပါတီ ညွန့်ပေါင်းအဖွဲ့မှနုတ်ထွက်သွားခဲ့ပြီးနောက် ပေထုန်တန် အနေဖြင့် UTN ပါတီ၏ ထောက်ခံမှုကို မဖြစ်မနေလိုအပ်နေကြောင်း သိရသည်။
သို့သော် UTN ပါတီ က ၎င်းတို့၏ရပ်တည်ချက်အား မည်သည့်အချိန်၌ ပြောကြားမည်ကို မပြောသေးပေ။
၎င်းတို့၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ မေးမြန်းချိန်တွင်လည်း ပါတီ ပြောခွင့်ရပိုဂ္ဂုလ် က အသေးစိတ်ပြောရန် ငြင်းဆိုခဲ့သည်။
“ ပါတီ ခေါင်းဆောင်က ဝန်ကြီးချုပ်ကို အသိပေးတာကို ကျွန်တော်တို့စောင့်ဆိုင်းရပါမယ်။” ဟုသာ ပြောခွင့်ရသူ ဝေါင်ပစ်တာခရော့ က ပြောသည်။
ပေထုန်တန် နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် တို့ကြားက ဖုန်းပြောဆိုမှု ပေါက်ကြားခဲ့ပြီးနောက် ၎င်းသည် ပြည်တွင်း အမျက်ထွက်မှု ၊ မဟာမိတ်ပုန်ကန်မှုများကို ရင်ဆိုင်နေခဲ့ရသည်။
ယင်းဖုန်းခေါ်ဆိုမှုအတွင်း နှစ်နိုင်ငံကြားက နယ်စပ်ပြဿနာအား ငြိမ်းချမ်းစွာ ဖြေရှင်းရေး ပေထုန်တန် က ပြောကြားသော်လည်း စကားပြောပွင့်လင်းသော ထိုင်းဗိုလ်ချုပ်ကြီးတစ်ဦးအား အိုက်တင်များသူဟု မလေးမစားပြောကြားခဲ့ရာ နိုင်ငံရေးတွင်စစ်တပ်အရှိန်အဝါကြီးမားသော နိုင်ငံတွင် အနီရောင်စည်းကို ကျော်ဖြတ်ခြင်းဖြစ်သည်။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကလည်း ပေထုန်တန်နုတ်ထွက်ရန် နှင့် မဟာမိတ်ပါတီများ အစိုးရအဖွဲ့မှ ထွက်ရေး တောင်းဆိုရန် ဇွန် ၂၈ ရက်မှစ၍ ဘန်ကောက်မြို့တွင် ဆန္ဒပြပွဲများလုပ်ရန် စီစဉ်ထားကြသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
Green Line မှာ ဆရာတစ်ဆူဖြစ်တဲ့ OnePlus ကနေ Gaming Series အသစ်ထုတ်ဖို့ ပြင်ဆင်နေပါတယ်။ Gaming ပိုင်းကို Focus ထားတဲ့ Series ဖြစ်မယ့်အပြင် လက်ရှိဖုန်းတွေထက် ပိုကြီးတဲ့ ဘတ်ထရီ၊ Flagship SOC တွေနဲ့ dedicated gaming trigger တွေလည်း ပါဝင်လာမယ်လို့ ဆိုပါတယ်။
အရမ်းမျှော်လင့်လို့မရတာက ဒီ Gaming Series ကို ဦးဦးဖျားဖျားအနေနဲ့ တရုတ်နိုင်ငံမှာပဲ ရောင်းချသွားမှာဖြစ်ပါတယ်။ တရုတ်မှာ အောင်မြင်မှုရလာခါမှ Global ကို ဖြန့်မယ့်သဘောမှာ ရှိနေပါတယ်။
အသေးစိတ်အချက်အလက်တွေတော့ ဖော်ပြလာခြင်းမရှိသေးပါဘူး။ ထပ်မံစောင့်ကြည့်ရပါဦးမယ်။ Redmagic တို့ Redmi K Series တို့နဲ့ အပြိုင်ဖြစ်လာမလားဆိုတာကတော့ မျှော်လင့်ရမှာပေါ့လေ...
Nothing Phone 3 နဲ့အတူ အတော်လေးမျှော်နေကြတဲ့ ကောင်လေးလို့ ပြောရပါမယ်။ Nothing ရဲ့ ပထမဆုံး Heaphone ဖြစ်လာမယ့် Nothing Headphone (1) ပါ။ Frist Look တွေတော့ ထွက်လာပါပြီ။ ကက်ဆက်တိတ်ခွေပုံစံလိုမျိုးလို့ပြောရမလား။ ခေါက်သိမ်းလို့တော့မရဘူးထင်တယ်။
ကြိုးမဲ့နားကြပ်လို့ဆိုပေမဲ့ ပုံတစ်ပုံမှာက 3.5mm audio jack နဲ့ တွဲပြထားတာလည်း တွေ့ရတယ်။ ဆိုတော့ ရွေးချယ်စရာတွေ ရှိမယ့်ပုံပါပဲ။ နောက်ပြီး Headphone (1) ကို British audio brand တစ်ခုဖြစ်တဲ့ KEF နဲ့ ပူးပေါင်းပြီး ဖန်တီးထားတယ်လို့လည်း ဆိုတယ်။
အသေးစိတ်ကို မဖော်ပြသေးပေမဲ့ မိတ်ဆက်မယ့် ဇူလှိုင် ၁ ရက်မတိုင်ခင်တော့ တဖြေးဖြေးထပ်သိရပါလိမ့်မယ်။ လက်ရှိတော့ ဒေါ်လာ 300 ဝန်းကျင်ဖြစ်မယ်လို့ သတင်းတွေထွက်ထားပါတယ်။