8 w - Translate

#tattooideas

image
8 w - Translate

#tattooideas

image
8 w - Translate

#tattooideas

image
8 w - Translate

#tattooideas

image
8 w - Translate

#tattooideas

imageimage
+6

အယုံအကြည်မရှိ အဆိုကို ချေဖျက်ရန်အသင့်ဟု ပေတုန်တန် ပြော

ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၈

ထိုင်းအတိုက်အခံများက လွှတ်တော်တွင် မိမိအား အယုံအကြည်မရှိ အဆိုတင်သွင်းခဲ့မှုကို ချေဖျက်ပြီး အနိုင်ယူရန် အဆင်သင့်ဟု ဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) က ပြောကြားခဲ့ကြောင်း The Nation မှ ဖော်ပြခဲ့သည်။

ဖေဖော်ဝါရီ ၂၇ ရက်တွင် ပေတုန်တန်သည် လွှတ်တော်သို့ ပထမဆုံးအကြိမ် တက်ရောက်ခဲ့ပြီး ၎င်း၏ အစိုးရအဖွဲ့ အား အယုံအကြည်မရှိအဆို စကားစစ်ထိုးပွဲတွင် အတိုက်အခံများ၏ စွပ်စွဲမှုများကို ငြင်းဆိုခဲ့သည်။

အတိုက်အခံများက ပေတုန်တန်ကို ခေါင်းဆောင်မှုပိုင်း အားနည်းမှုများရှိခဲ့ကြောင်း စွပ်စွဲခဲ့သည်။

ပေတုန်တန်ကမူ ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်ချိန်မှစပြီး ပထမဆုံးအကြိမ် လွှတ်တော်တွင် အတိုက်အခံများ၏ မေးခွန်းများကို ဖြေကြားခဲ့သည်။

ထိုကြားနာစစ်ဆေးမှုသည် အယုံအကြည်မရှိအဆို စကား စစ်ထိုးပွဲအတွက် အကြိုလေ့ကျင့် ပြင်ဆင်မှုအဖြစ် ရှုမြင်ခံခဲ့ရသည်။

ပေတုန်တန်သည် အတိုက်အခံများ၏ အဆိုပြုချက်များကို တုန့်ပြန်ဖြေရှင်းရန် ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် လွှတ်တော်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

သူသည် နံနက် ၁၀ နာရီတွင် တော်ဝင်ထိုင်းရဲတပ်ဖွဲ့ ဌာနချုပ်တွင် ရဲတပ်ဖွဲ့ကော်မရှင် အစည်းအဝေးအား သဘာပတိအဖြစ် ဦးဆောင်ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း လွှတ်တော်သို့ သွားရောက်ရန်အတွက် ထိုအစည်းအဝေး ကို ဖျက်သိမ်းခဲ့သည်ဟု သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

အတိုက်အခံများည် ပေတုန်တန် တစ်ဦးတည်းကိုသာ အယုံအကြည်မရှိ အဆိုတင်သွင်းရေးအတွက် စကား စစ်ထိုးပွဲ ပြုလုပ်ရန် ရွေးချယ်ခဲ့သည့် သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ပေတုန်တန်က လွှတ်တော်သို့ သွားရောက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အတိုက်အခံများက ၎င်း တစ်ဦးတည်းကို အယုံအကြည်မရှိအဆို တင်သွင်းခဲ့သည့် ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး သတင်းထောက်များက မေးမြန်းချိန်တွင် ပေတုန်တန်က “ဒါက နားလည်လို့ရပါတယ်။ အတိုက်အခံတွေဘက်က ဒီလိုလုပ်ပိုင်ခွင့် ရှိပါတယ်” ဟု ဖြေကြားခဲ့သည်။

ပေတုန်တန်သည် ခေါင်းဆောင်မှုပိုင်း အားနည်းမှုကြောင့် ပြည်ပရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုများ လျော့ကျ စေခဲ့သည်ဟု အတိုက်အခံများက စွပ်စွဲထားသည်။

ပေတုန်တန်ကမူ ၎င်းအပေါ် စွပ်စွဲချက်များ အားလုံးကို ဖြေရှင်းရန် အသင့်ရှိကြောင်းနှင့် အတိုက်အခံများ၏ မေးခွန်းများကို တုန့်ပြန်ဖြေကြားရန် ၎င်းအား အကူအညီပေးမည့် အဖွဲ့တစ်ခု ဖွဲ့စည်းသွားမည်ဟုလည်း အတည်ပြုပြောကြားခဲ့သည်။

Source: The Nation

ပုံ - ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image
8 w - Translate

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ရုရှားနိုင်ငံသို့ တပ်ဖွဲ့ဝင်များ မြောက်ကိုရီးယားအစိုးရ ထပ်မံစေလွှတ်
မြောက်ကိုရီးယားနိုင်ငံသည် စစ်မြေပြင်၌ ရုရှားတပ်များနှင့်အတူ တိုက်ပွဲဝင်ရေးအတွက် တပ်ဖွဲ့ဝင်များ ထပ်မံစေလွှတ်ထားကြောင်း တောင်ကိုရီးယားမီဒီယာများက ဖေဖော်ဝါရီ ၂၇ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ထောက်လှမ်းရေး သတင်းအချက်အလက်များအရ ရုရှားနိုင်ငံအနောက်ပိုင်း ခါ့ချ်နယ်မြေတိုက်ပွဲများအတွက် မြောက်ကိုရီးယားနိုင်ငံက ရုရှားနိုင်ငံသို့တပ်ဖွဲ့ဝင်များထပ်မံစေလွှတ်ထားကြောင်းသိရသည်။
သို့ရာတွင် ရုရှားနိုင်ငံသို့ မြောက်ကိုရီးယား ထပ်မံစေလွှတ်ခဲ့သည့် တပ်အင်အားကို ချက်ချင်း မသိရသေးကြောင်း တောင်ကိုရီးယားမီဒီယာများ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြောက်ကိုရီးယားနိုင်ငံက ရုရှားနိုင်ငံသို့တပ်ဖွဲ့ဝင်များ ထပ်မံစေလွှတ်ထားသည်ဟူသော သတင်းနှင့်ပတ်သက်၍ တောင်ကိုရီးယားအမျိုးသားထောက်လှမ်းရေးအဖွဲ့က တစ်စုံတစ်ရာ တုံ့ပြန်မှုမရှိသေးပေ။
မြောက်ကိုရီးယားနိုင်ငံသည် ယူကရိန်းစစ်ပွဲ၌ ပါဝင်တိုက်ခိုက်ရေးအတွက် ရုရှားနိုင်ငံသို့တပ်ဖွဲ့ဝင် ၁၁ဝဝဝ ကျော် စေလွှတ်ထားကြောင်း တောင်ကိုရီးယားအမျိုးသားထောက်လှမ်းရေးအဖွဲ့က ယခင်က ပြောကြားထားသည်။
သို့ရာတွင် ယူကရိန်းစစ်ပွဲ၌ ရုရှားကိုလူအင်အား၊ လက်နက်အင်အားဖြင့် ကူညီနေမှုအား မြောက်ကိုရီးယားနိုင်ငံက တရားဝင် ဝန်ခံထားခြင်းမရှိပေ။
ရိုက်တာ

image
8 w - Translate

ပိုက်ဆံအရွက်တွေ ရို-က်မထုတ်တော့ပဲ မြန်မာ QR ဒီဂျစ်တယ် ငွေပေးချေစနစ်တဲ့ လာပါပြီဗျာ
ဒီဂျစ်တယ်ငွေပေးချေစနစ် မြန်မာ QR (MMQR) ကို ဖေဖော်ဝါရီ ၂၇ နေ့က စတင်ခွင့်ပြုလိုက်ပြီး ဈေးဝယ်တဲ့နေရာမှာပဲ စတင်အသုံးပြုနိုင်ဦးမယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာတော့ QR စနစ်ကို အခွန်အခ၊ မီတာခပေးဆောင်ရာမှာ အသုံးပြုနိုင်မှာဖြစ်သလို နိုင်ငံ့ဝန်ထမ်းတွေကို လစာပေးတာနဲ့ ပင်စင်ထုတ်ပေးတာမှာ သုံးဖို့ရှိတယ်လို့ သိရပါတယ်။
QR စနစ်ကို အသုံးပြုတာနဲ့အတူ နောက်ဆက်တွဲ သက်ရောက်မှုရှိလာနိုင်တဲ့ ကိစ္စတွေကတော့ စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။
#mmqr

image

အယုံအကြည်မရှိ အဆိုကို ချေဖျက်ရန်အသင့်ဟု ပေတုန်တန် ပြော

ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၈

ထိုင်းအတိုက်အခံများက လွှတ်တော်တွင် မိမိအား အယုံအကြည်မရှိ အဆိုတင်သွင်းခဲ့မှုကို ချေဖျက်ပြီး အနိုင်ယူရန် အဆင်သင့်ဟု ဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) က ပြောကြားခဲ့ကြောင်း The Nation မှ ဖော်ပြခဲ့သည်။

ဖေဖော်ဝါရီ ၂၇ ရက်တွင် ပေတုန်တန်သည် လွှတ်တော်သို့ ပထမဆုံးအကြိမ် တက်ရောက်ခဲ့ပြီး ၎င်း၏ အစိုးရအဖွဲ့ အား အယုံအကြည်မရှိအဆို စကားစစ်ထိုးပွဲတွင် အတိုက်အခံများ၏ စွပ်စွဲမှုများကို ငြင်းဆိုခဲ့သည်။

အတိုက်အခံများက ပေတုန်တန်ကို ခေါင်းဆောင်မှုပိုင်း အားနည်းမှုများရှိခဲ့ကြောင်း စွပ်စွဲခဲ့သည်။

ပေတုန်တန်ကမူ ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်ချိန်မှစပြီး ပထမဆုံးအကြိမ် လွှတ်တော်တွင် အတိုက်အခံများ၏ မေးခွန်းများကို ဖြေကြားခဲ့သည်။

ထိုကြားနာစစ်ဆေးမှုသည် အယုံအကြည်မရှိအဆို စကား စစ်ထိုးပွဲအတွက် အကြိုလေ့ကျင့် ပြင်ဆင်မှုအဖြစ် ရှုမြင်ခံခဲ့ရသည်။

ပေတုန်တန်သည် အတိုက်အခံများ၏ အဆိုပြုချက်များကို တုန့်ပြန်ဖြေရှင်းရန် ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် လွှတ်တော်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

သူသည် နံနက် ၁၀ နာရီတွင် တော်ဝင်ထိုင်းရဲတပ်ဖွဲ့ ဌာနချုပ်တွင် ရဲတပ်ဖွဲ့ကော်မရှင် အစည်းအဝေးအား သဘာပတိအဖြစ် ဦးဆောင်ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း လွှတ်တော်သို့ သွားရောက်ရန်အတွက် ထိုအစည်းအဝေး ကို ဖျက်သိမ်းခဲ့သည်ဟု သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

အတိုက်အခံများည် ပေတုန်တန် တစ်ဦးတည်းကိုသာ အယုံအကြည်မရှိ အဆိုတင်သွင်းရေးအတွက် စကား စစ်ထိုးပွဲ ပြုလုပ်ရန် ရွေးချယ်ခဲ့သည့် သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ပေတုန်တန်က လွှတ်တော်သို့ သွားရောက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အတိုက်အခံများက ၎င်း တစ်ဦးတည်းကို အယုံအကြည်မရှိအဆို တင်သွင်းခဲ့သည့် ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး သတင်းထောက်များက မေးမြန်းချိန်တွင် ပေတုန်တန်က “ဒါက နားလည်လို့ရပါတယ်။ အတိုက်အခံတွေဘက်က ဒီလိုလုပ်ပိုင်ခွင့် ရှိပါတယ်” ဟု ဖြေကြားခဲ့သည်။

ပေတုန်တန်သည် ခေါင်းဆောင်မှုပိုင်း အားနည်းမှုကြောင့် ပြည်ပရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုများ လျော့ကျ စေခဲ့သည်ဟု အတိုက်အခံများက စွပ်စွဲထားသည်။

ပေတုန်တန်ကမူ ၎င်းအပေါ် စွပ်စွဲချက်များ အားလုံးကို ဖြေရှင်းရန် အသင့်ရှိကြောင်းနှင့် အတိုက်အခံများ၏ မေးခွန်းများကို တုန့်ပြန်ဖြေကြားရန် ၎င်းအား အကူအညီပေးမည့် အဖွဲ့တစ်ခု ဖွဲ့စည်းသွားမည်ဟုလည်း အတည်ပြုပြောကြားခဲ့သည်။

Source: The Nation

ပုံ - ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကို တွေ့ရစဉ်

#သတင်းဟင်းလေးအိုးကြီး

image

ကိုရီးယားကျွန်းဆွယ် အနောက်ဘက်ကမ်းရိုးတန်းမှာ ခရုဇ်ဒုံးကျည် စစ်ရေးလေ့ကျင့်မှု မြောက်ကိုရီးယား ပြုလုပ်

ပြုံးယမ်း၊ ဖေဖော်ဝါရီ ၂၈

ကိုရီးယားကျွန်းဆွယ် အနောက်ဘက်ကမ်းရိုးတန်းမှာ မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေသတင်းဌာနက ဆိုပါတယ်။

လာမယ့်လမှာ ပြုလုပ်မယ့် အမေရိကန်နဲ့ တောင်းကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားက ပြင်းပြင်းထန်ထန်ဝေဖန်ပြီးနောက် ခရုဇ်ဒုံးကျည် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့တာပါ။ ဒီစစ်ရေးလေ့ကျင့်မှုကို ကင်ဂျုံအန်ကိုယ်တိုင် ကြီးကြပ်ခဲ့တယ်လို့ နိုင်ငံပိုင် သတင်းဌာနက ပြောပါတယ်။

ဒုံးကျည်တွေဟာ ဘဲဥပုံလမ်းကြောင်းအတိုင်း နှစ်နာရီကြာပျံသန်းခဲ့ပြီး ကီလိုမီတာ ၁၅၈၇ အကွာရှိ ပစ်မှတ်တွေကို ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။ နျူကလီးယားကာကွယ်တားဆီးရေးလက်နက်တွေ အသင့်ဖြစ်မှုကို စမ်းသပ်ဖို့နဲ့ စစ်ရေးအင်အားစမ်းသပ်မှုအဖြစ် လေ့ကျင့်ခဲ့ခြင်းဖြစ်တယ်လို့ ကင်ဂျုံအန်က ပြောပါတယ်။

မြောက်ကိုရီးယားဟာ ဖေဖော်ဝါရီ ၂၆ ရက် မနက် ၈ နာရီမှာ ပင်လယ်ဝါဘက်ကို ဦးတည်ပြီး ခရုဇ်ဒုံးကျည်တွေ ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ကလည်း အတည်ပြုထုတ်ပြန်ထားပြီး အချက်အလက် ခွဲခြမ်းစိတ်ဖြာမှုကို မဟာမိတ်တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ မြောက်ကိုရီးယားဟာ ဘက်စုံမဟာဗျူဟာမိတ်ဖက်သဘောတူညီချက်အရ ရုရှားနှင့် စစ်ဘက်ဆက်ဆံရေး တိုးမြှင့်နေပြီး နောက်ထပ် မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များကို ရုရှားသို့ စေလွှတ်ထားကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးက ထုတ်ဖော်ပြောကြားထားသည်။

Ref:NHK
Photo:Reuters

#centralnewsnaypyitaw

image
image
image