အာဆင်နယ်အသင်းနည်းပြမီခေးလ်အာတီတာက ဘူခါယိုဆာကာနဲ့ဂါဘရီရယ်လ်မာတင်နယ်လီတို့အနေနဲ့ ဧပြီလအစပိုင်းလောက်မှာပြန်လာနိုင်လိမ့်မယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဂန်းနားအသင်းဟာ ဒဏ်ရာရကစားသမားများပြားနေတဲ့ပြသနာကြုံတွေ့နေရပြီးအထူးသဖြင့် ဆာကာ၊မာတင်နယ်လီ၊ကိုင်ဟာဗတ်ဇ်နဲ့ဂါဘရီရယ်လ်ဂျီးဆပ်တို့ဟာ ဒဏ်ရာကြောင့်ကာလရှည်အနားယူနေရတာဖြစ်ပါတယ်။ဒါကြောင့်သူတို့အနေနဲ့ ကွင်းလယ်ခံစစ်ကစားသမားဖြစ်တဲ့မီခေးလ်မေရီနိုကိုတိုက်စစ်ပိုင်းမှာအစားထိုးဝင်ရောက်ကစားစေခဲ့တာဖြစ်ပါတယ်။
မတ်လမှာအဓိကကစားသမား ၂ ယောက်အနေနဲ့ ဒဏ်ရာပြသနာကနေပြန်လာနိုင်မှာလားဆိုတာနဲ့ပတ်သက်ပြီးမေးမြန်းခံရတဲ့အခါမှာတော့
မဟုတ်ပါဘူး။ကျနော်ဒီလိုမထင်ပါဘူး။
ဖူလ်ဟမ်အသင်းနဲ့ပွဲစဉ်မှာပြန်လာမယ်လို့ကျနော်ထင်ပေမဲ့ ငါတို့အနေနဲ့ လာမဲ့ရက်သတ္တပတ်မှာစောင့်ကြည့်ရပါမယ်။သူတို့အနေနဲ့ ကာလရှည်အနားယူနေရတာကြောင့်ငါတို့အနေနဲ့သူတို့အသင်းဆီပြန်လာ နိုင်အောင် တဖြေးဖြေးပြုပြင်ပြောင်းလဲရပါမယ်။

တဖြေးဖြေးချင်းလုပ်ဆောင်ရမှာဖြစ်ပါတယ်။သူတို့တွေဟာကောင်းကောင်းတိုးတက်လာနေပေမဲ့ ရည်မှန်းချက်နဲ့ဝေးကွာနေပါသေးတယ်။သူတို့အနေနဲ့ဘယ်အနေအထားမှာရောက်နေပြီဆိုတာပြောဆိုဖို့အတွက် မနက်ဖြန်မှာ အစည်းအဝေးထိုင်ပါမယ်။အထူးသဖြင့် ကာဘီးမှာတော့ဘူခါယိုမတိုင်ခင်ပြန်လာနိုင်ပေမဲ့ဘယ်လောက်မြန်မြန်ဖြစ်မလဲဆိုတာမသိပါဘူး။ဘယ်နှပတ်လဲ ၁၀ ရက်လားဆိုတာငါတို့မြင်ရပါလိမ့်မယ်လို့ အာတီတာက ပြောဆိုခဲ့ပါတယ်။
 
#ဘောလုံးသတင်းစုံ

image

နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ခွင့်ရလိုတဲ့မျှော်လင့်ချက်ကို ယူကရိန်းနိုင်ငံ စွန့်လွှတ်ရမယ်လို့ အမေရိကန်သမ္မတပြော

ဖေဖော်ဝါရီ ၂၈

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းဟာ နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခွင့်ရလိုတဲ့ မျှော်လင့်ချက်ကို စွန့်လွှတ်ရမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ယူကရိန်းရဲ့နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်ရေး ကြိုးပမ်းမှုတွေဟာ ရုရှားနဲ့ ယူကရိန်းနိုင်ငံကြားစစ်ပွဲဖြစ်ရခြင်းရဲ့နောက်ကွယ်က အကြောင်းအရင်းဖြစ်ဖွယ်ရှိနေ ကြောင်း ဒေါ်နယ်ထရမ့်ကပြောပါတယ်။

ရုရှားနိုင်ငံဟာ အမေရိကန်ဦးဆောင်တဲ့နေတိုးမဟာမိတ်အဖွဲ့ရဲ့ဥရောပအရှေ့ပိုင်းကို နယ်မြေတိုးချဲ့ခြင်းနဲ့ ပတ်သက်ပြီး ဝေဖန်ပြစ်တင်ခဲ့ပြီးယူကရိန်းနိုင်ငံကို နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခွင့်ပေးမယ်ဆိုရင် ရုရှားနိုင်ငံ ရဲ့လုံခြုံရေးကို ခြိမ်းခြောက်သလိုမျိုးဖြစ်နေကြောင်း ပြောပါတယ်။

ဒေါ်နယ်ထရမ့်ဟာ ယူကရိန်းကို နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်လာစေဖို့ အားပေးအားမြှောက်ပြုလုပ်ခဲ့တဲ့ အမေရိကန် သမ္မတဟောင်းကို ဝေဖန်ပြစ်တင်ခဲ့ပြီး ၎င်းလက်ထက်မှာ ယူကရိန်းကို နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်လာစေဖို့ အားပေး အားမြှောက် လုပ်ဆောင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

အမေရိကန်သမ္မတက "နေတိုးနဲ့ပတ်သက်ပြီး ယူကရိန်းဟာ အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်လိုတာကို မေ့ပျောက် ပစ်ရမယ်။ ယူကရိန်းစစ်ပွဲဖြစ်ရတဲ့အကြောင်းအရင်းနဲ့နောက်ကွယ်မှာ နေတိုးအဖွဲ့ထဲ ယူကရိန်းနိုင်ငံ ပါဝင်လိုတဲ့ အချက်ပါနေတယ်" လို့ ပြောပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးကလည်း ယူကရိန်းနိုင်ငံအနေနဲ့ လက်ရှိမြေပြင်အနေထားကို လက်ခံရမှာဖြစ်ပြီး နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်ရေးမျှော်လင့်ချက်ကို မေ့ထားရမှာဖြစ်ကြောင်း မကြာသေးမီက ပြောခဲ့ဖူးပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဟာ ယူကရိန်းကို နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ်မပါဖို့ တောင်းဆိုခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ပြောဆိုချက်တွေကို ကြိုဆိုခဲ့ပြီး ဒေါ်နယ်ထရမ့်က ရုရှားရဲ့ရပ်တည်ချက်နဲ့ဆန္ဒကို နားလည်သူဖြစ်ကြောင်း ချီးကျူးပြောဆိုခဲ့ပါတယ်။
ယူကရိန်းဟာ ရုရှားနဲ့နယ်စပ်ချင်းထိစပ်နေတဲ့နိုင်ငံဖြစ်နေရာ ယူကရိန်းသာ နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခွင့်ရ မယ်ဆိုရင် နေတိုးအဖွဲ့ဟာ ယူကရိန်းပိုင်နက်အတွင်း စစ်လက်နက်ပစ္စည်းများ ဖြန့်ကြတ်ချထားပြီး ရုရှားနိုင်ငံကို ခြိမ်းခြောက်မှုများ လုပ်ဆောင်လာဖွယ်ရှိနေကြောင်း သုံးသပ်မှုများရှိနေပါတယ်။

#centralnewsnaypyitaw

image
8 w - Translate

နှစ်ပေါင်း ၅ ထောင်ကျော် ကြာအောင် စွမ်းအင် ပေးနိုင်တဲ့ ကမ္ဘာ့ ပထမဆုံး နယူးကလီးယား ဘက်ထရီ
=========================================================
စမတ်ဖုန်း ၊ တက်ဘလက်တွေကို နေ့တိုင်း အားသွင်းရတဲ့ အလုပ်ရှုပ်မှုတွေ ကင်းဝေးတော့မှာပါ။ ဘယ်တော့မှ မသေတဲ့ ဘက်ထရီတွေ အနာဂတ်မှာ ပေါ်ထွက်လာတော့မှာပါ။
UK Atomic Energy Authority (UKAEA) နဲ့ University of Bristol တို့ ပူးပေါင်းပြီး ကမ္ဘာ့ ပထမဆုံး နယူးကလီးယား ဘက်ထရီကို တီထွင်လိုက်ပါတယ်။ ကာဘွန် -၁၄ စိန် ဘက်ထရီလို့ ခေါ်ပြီး နှစ်ပေါင်း ၅,၇၀၀ သက်တမ်းရှိတဲ့ ကာဘွန်ရဲ့ ရေဒီယို သတ္တိကြွ အိုင်စိုတုပ် ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ အဲဒီအတွက် နှစ်ထောင်ပေါင်းများစွာ အသုံးခံပါတယ်။
ဘက်ထရီကနေ ရေဒီယိုလှိုင်းတွေ မထွက်သွားအောင် ကမ္ဘာမှာ အမာကျောဆုံး ဒြပ်ထု ဖြစ်တဲ့ စိန်ထဲမှာ ဘက်ထရီကို ထည့်သွင်းထားပါတယ်။ ဘက်ထရီ က စွမ်းရည်မြင့်ပေမယ့် အရွယ်အစားက တော်တော်သေးပါတယ်။ ဘက်ထရီ အရွယ်အစားက အလျား၊ အနံ ၁၀ မီလီမီတာနဲ့ အထူက ၀.၅ မီလီမီတာပဲ ရှိပါတယ်။
ပညာရှင်တွေက နှစ်ပေါင်းများစွာ စွမ်းအင် လိုအပ်တဲ့ အာကာသစူးစမ်းလေ့လာရေးမှာ အသုံးပြုနိုင်ပြီး အာကာသယာဉ်နဲ့ ဂြိုလ်တုတွေကို စွမ်းအင် ပံ့ပိုးပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဒါတင်မကသေးပါဘူး။ လူ့ ခန္တာကိုယ်ထဲမှာ စက်ကိရိယာထည့်ပြီး ကုသထားရတဲ့ ဝေဒနာရှင်တွေအတွက်လည်း ဘက်ထရီက နှစ်ပေါင်းများစွာ အလုပ်လုပ်ပေးမှာပါ။ အဲဒီအတွက် ခွဲစိတ်ကာ ဘက်ထရီ လဲစရာ မလိုတော့ပါဘူး။

image

ချင်းရွှေဟော်၊ ဝမ်တိန်၊ ကျင်စန်းကျော့ ကနေ မန္တလေးအထိ စားသောက်ကုန်ကား လမ်းစရိတ် သိန်း ၃၀၀ ဝန်းကျင်ရှိနေ

ဖေ‌ဖော်ဝါရီ ၂၈

ရှမ်းပြည်နယ် မြောက်ပိုင်း၊ MNDAA ထိန်းချုပ်ရာ ချင်းရွှေဟော်၊ ဝမ်တိန်၊ ကျင်စန်းကျော့ ကနေ မန္တလေးအထိ စားသောက်ကုန်ကား လမ်းစရိတ် သိန်း ၃၀၀ ဝန်းကျင်ရှိနေကြောင်း နယ်စပ်ဒေသခံတွေ ဆီက သိရပါတယ်။

"ဒီ တရုတ်နယ်စပ် ကနေ မန္တ‌ေလးထိ လမ်းစရိတ် သိန်း ၃၀၀ လောက် ကုန်တယ် ဆိုတာ လမ်းကြေးတွေ ရော အပါ ဖြစ်မယ်။ တစီးစီး နဲ့ တစီး ကုန်ကျ စရိတ် မတူဘူး။ ကုန်ပေါ်မှာလည်း မူဆယ်တယ်။ ပြီးရင် ဒီကုန်ပေါ်မှာ ဘာ်လောက်ထိ အာမ ခံသလဲ ဆိတဲ့ အပေါ်လည်း မူတည်တယ်" လို့ နယ်စပ် ပို့ကုန် သွင်းကုန် ကိုယ်စားလှယ် တယောက်က ပြောပါတယ်။

၁၀၅ မိုင် ကုန်သွယ် ရေးဇုံမှာ MNDAA, AA နဲ့ TNLA မြောက်ပိုင်း ညီနောင် တပ်ပေါင်းစုတွေကို ဆပ်ကြေး သုံး ရာခိုင်နှုန်း ပေးရပြီး တခါတလေ ကုန်ပေါ်မူတည်ပြီး ကောက်ခံတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် SSPP/SSA, KIA , နစက တပ်ဖွဲ့ တွေအပြင် ရဲ၊ မော်တော်ပီကယ်၊ စုပေါင်းဂိတ်‌ေတွ စသဖြင့် လမ်းကြောင်း တလျှောက်လုံး ဂိတ်ပေါင်းများစွာကို ဂိတ်ကြေးပေးရပြီး စက်သုံးဆီတွေကလည်း အရင်ကထက် ဈေးများတာကြောင့် ကုန်ကျစရိတ် ပိုများတာလို့ ဆိုပါတယ်။

ကြူကုတ် (ပန်ဆိုင်း) - ဝမ်တိန် တရုတ် နိုင်ငံ သားတွေ စားသောက်ကုန် တနိုင်တပိုင် သယ်ဝင်လို့ရပြီး မြန်မာဘက်ခြမ်းကတော့ လက်ရှိ ကြံ အဓိက တင်ပို့နေတယ်လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

"ဓာတ်မြေဩဇာတွေက အခုချိန်တော့ မဝင်သေးဘူး။ ခါတိုင်း‌ေတာ့ မေလကုန်လောက်မှ ဝင်လာတာမျိုးရှိတယ်။ ဈေးကတော့ အရင်ကထက် ပိုများတာပေါ့။ မနှစ်တုန်းကတော့ တအိတ်ကို ယွမ် ၁၀၀ ကျော် ဈေး ပေါက်တယ်" လို့ ကြူကုတ် (ပန်ဆိုင်း) ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။

ကျင်စန်းကျော့ဂိတ်၊ ဝမ်တိန်ဂိတ်တွေကနေ ဝင်တာရှိသလို မုံးကိုးဘက် ကနေ ဝင်တာလည်း ရှိတယ်လို့ သူက ပြောပါတယ်။

ချင်းရွှေဟော် နယ်စပ်ဂိတ်ကနေလည်း စားသောက်ကုန်တွေ ဝင်တာရှိပြီး မြန်မာ ဘက်ခြမ်းကနေ ကြံ ကို အဓိက တင်ပို့တယ်လို့ ဆိုပါတယ်။

MNDAA နဲ့ နစက တပ်ဖွဲ့တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီကြောင်း တရုတ်ဘက်က အသိပေး ခဲ့ပြီးနောက် MNDAA ထိန်းချုပ် နယ်မြေရှိ တရုတ်မြန်မာ နယ်စပ်ဂိတ် အားလုံးကို တရုတ်ဘက်က ဖွင့်လှစ်ခဲ့ကာ စားသောက်ကုန်စည်တွေ တင်သွင်းခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

လူ အဝင်အထွက်ကိုတော့ မြန်မာ ဘက်ခြမ်းက တရားဝင် နယ်စပ်ဖြတ်‌ေကျာ်ခွင့် တံဆိပ် ထုပေးမယ့် ရုံး မရှိတာကြောင့် ဝင်ခွင့် မပြုဘူးလို့ သိရပြီး တရုတ် နိုင်ငံသား နယ်စပ်စပ် ဖြတ်ကျော်ခွင့် စာအုပ်ရှိသုတွေကတော့ တရုတ်ဘက်က အဝင်အထွက် ခွင့်ပြုထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Photo Crd# ဒေသခံ

#သတင်းဟင်းလေးအိုးကြီး

image
8 w - Translate

လူတစ်ယောက်အပေါ် ကိုယ့်ဘက်က ကောင်းပေးတိုင်း သူ ပြန်ကောင်းပေးလိမ့်မယ်ဆိုတဲ့ အာမခံချက်မျိုး မရှိဘူးနော် ။ ကိုယ် ဘယ်လောက်ကောင်းပေး ကောင်းပေး၊ သူ ပြန်ကောင်းချင်မှ ကောင်းတာ ။ ဒါကို လက်ခံတတ်ဖို့ပဲလိုတယ် ။
ဘယ်လိုဆက်ဆံရေးတွေမှာပဲဖြစ်ဖြစ် ကိုယ့်ဘက်က တတ်နိုင်တာထက် ပိုပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံပေးခဲ့တယ် ။ လုပ်ပေးနိုင်တာ ၊ ကူညီနိုင်တာ မှန်သမျှ စိတ်အား လူအား နှစ်မျိုးစလုံးနဲ့ ကူညီပေးခဲ့တယ် ။
ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ဘဝမှာ ကိုယ့်အပေါ် မကောင်းတဲ့သူတွေ ၊ ကိုယ့်ကို အသုံးချမဲ့သူတွေနဲ့ ကြုံတွေ့ရမဲ့အခါမျိုးတွေ ရှိတယ် ။ ကိုယ့်ရဲ့စေတနာတွေ ၊ မေတ္တာတွေကို စော်ကားမယ် ။ ကိုယ်ရဲ့ သဘောကောင်းမှုတွေကို အသုံးချမယ် ၊ နောက်ဆုံး ကိုယ့်နောက်ကျောကို ဓားနဲ့ထိုးမယ် ၊ သစ္စာဖောက်မယ် ဆိုတဲ့ အခိုက်အတန့်မျိုးတွေ သေချာပေါက် ကြုံတွေ့ရမှာပဲ ။
အဲဒီအခါ ကျွန်မတို့ ပြောမပြတတ်အောင် နာကျင်ရပါတယ် ။ သာမာန်ဆက်ဆံရေးတွေ အတွက်တော့ သိပ်မခံစားရပေမယ့် ကိုယ် တန်ဖိုးအထားရဆုံး လူတွေက ဒီလိုလုပ်သွားတဲ့အခါ ပိုပြီး နာကျင်ခံပြင်းရပါတယ် ။
တကယ်တော့ ကိုယ့်အမှားကြောင့် မဟုတ်တဲ့အနေအထားတွေ အများကြီး ရှိနိုင်တယ် ။ ငါ့ကိုမှလုပ်ရက်လေခြင်း မဟုတ်ဘူး ။ လုပ်ရက်လို့ လုပ်သွားတာ ။ ကိုယ် ဘယ်လောက်ကောင်းကောင်း လုပ်ရက်တဲ့သူကတော့ လုပ်ရက်မှာပဲ ။ တစ်ချိန်ကျရင် ကိုယ့်ကို ခြေစုံပစ်ပြီး ထွက်သွားမှာပဲ ။ အဲဒီလိုလူတွေက သီးသန့်ကို ရှိနေကြတယ်ဆိုတာ ယုံပါ ။
ကျွန်မ အဲဒီလိုတွေ ကြုံရရင် ပြန်တွေးကြည့်တယ် ။ ဒီဆက်ဆံရေးမှာ ကိုယ့်ဘက်က တာဝန်ကျေခဲ့သလား လိပ်ပြာလုံခဲ့သလားပေါ့ ။ ဟုတ်ပြီ ။ ကျွန်မဘက်ကတာဝန်ကျေခဲ့တယ် လိပ်ပြာလုံခဲ့တယ်ဆိုရင် ကျွန်မ သိပ်ပြီး မခံစားနေတော့ဘူး ။ နာကျင်မနေတော့ဘူး ။
သေချာ သိလိုက်ရတဲ့ အရာတစ်ခုက ကိုယ် ဘယ်လောက် ကောင်းပေးကောင်းပေး သူ ပြန်ကောင်းချင်မှ ကောင်းတာ ။ ကိုယ်ဘက်က ဘယ်လောက် သစ္စာရှိရှိ ဖောက်ပြန်မဲ့သူက ဖောက်ပြန်မှာပဲ ။ သူတို့ကို သွားပြောင်းလဲပေးလို့မရဘူး ။ ဗီဇဆိုတာ ပြင်ပေးလို့ရကောင်းတဲ့အရာ မဟုတ်ပါ ။
အရေးကြီးတာ ကိုယ်ပါပဲ ။ ဘယ်လိုဆက်ဆံရေးမှာမဆို ကိုယ့်ဘက်က တာဝန်ကျေခဲ့တယ် ။ လိပ်ပြာလုံခဲ့တယ်ဆိုရင် ကိုယ့်ဘက်က နောက်တရစရာ မရှိတော့ဘူးလေ ။
#စိတ်လုံခြုံမှုရပ်ဝန်းငယ် #စူးရှမေ

image
8 w - Translate

Trump 2nd term live updates: Trump reiterates trust in Putin, supports NATO Article 5

Trump 2nd term live updates: Trump reiterates trust in Putin, supports NATO Article 5 - ABC News
abcnews.go.com

Trump 2nd term live updates: Trump reiterates trust in Putin, supports NATO Article 5 - ABC News

The two leaders held a bilateral meeting in the Oval Office.
8 w - Translate

စင်ကာပူရဲ့ ဆန်းသစ်လှပတဲ့ လူနေအဆောက်အဦး -
The Interlace
စင်ကာပူနိုင်ငံဟာ ခေတ်မီဗိသုကာလက်ရာတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုအဖြစ် ကမ္ဘာ့အလယ်မှာ ထင်ရှားပါတယ်။
အဲ့ဒီထဲကမှ The Interlace လို့ခေါ်တဲ့ လူနေတိုက်ခန်းအဆောက်အဦးဟာဆိုရင်လည်း ထူးခြားဆန်းသစ်တဲ့ ဒီဇိုင်းနဲ့အတူ လူအများရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။
The Interlace ကို ရိုးရိုးတိုက်ခန်းပုံစံကနေ ခွဲထွက်ပြီး ဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။ ခြောက်ထောင့်ပုံစံ အဆောက်အဦတွေကို အထပ်လိုက် အချိုးကျကျ နေရာချထားမှုက အပေါ်စီးကကြည့်ရင် အံ့ဩစရာကောင်းလောက်အောင် လှပနေပါတယ်။
ဒီလိုပုံစံကြောင့်ပဲ နေရောင်ခြည်နဲ့ လေဝင်လေထွက်ကို ကောင်းမွန်စေပြီး သဘာဝနဲ့ နီးစပ်တဲ့ နေထိုင်မှုပုံစံကို ဖန်တီးပေးထားပါတယ်။
ရိုးရိုးတိုက်ခန်းတွေလို မဟုတ်ပဲ The Interlace မှာဆိုရင် နေထိုင်သူတွေအတွက် သီးသန့်ဥယျာဉ်တွေ၊ ကောင်းကင်ပေါ်က လှေကားထစ်ဥယျာဉ်တွေ၊ ရေကူးကန်တွေ၊ အားကစားခန်းမတွေအပြင် အခြားအပန်းဖြေစရာ နေရာမျိုးစုံကို ထည့်သွင်းပေးထားပါတယ်။
ဒါ့အပြင် ကလေးကစားကွင်းတွေ၊ BBQ ထိုင်ခုံနေရာတွေ စတာတွေပါဝင်တာကြောင့် မိသားစုတွေအတွက် သာယာပျော်ရွှင်ဖွယ် နေထိုင်မှုဘဝကို ပေးစွမ်းနိုင်ပါတယ်။
The Interlace ကို ၂၀၀၇ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အတွင်းမှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ကမ္ဘာပေါ်မှာ ဆုတွေအများကြီး ရရှိထားတဲ့ အဆောက်အဦးတစ်ခုလည်း ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်မှာဆိုရင် ကမ္ဘာ့အကောင်းဆုံး ဗိသုကာလက်ရာဆု (World Building of the Year) ကို ရရှိခဲ့ပြီး စင်ကာပူရဲ့ ဂုဏ်ဆောင် အဆောက်အဦးတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
The Interlace ဟာ သာမန်လူနေတိုက်ခန်းတစ်ခုထက်ကျော်လွန်ပြီး ဆန်းသစ်တီထွင်မှု၊ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်မှု၊ နေထိုင်သူတွေရဲ့ သက်တောင့်သက်သာဖြစ်မှုတွေကို အလေးပေးထားတဲ့ နေရာတစ်ခုဖြစ်ပါတယ်။
ဒါကြောင့် The Interlace ဟာ စင်ကာပူကို လာရောက်လည်ပတ်သူတွေအတွက် မဖြစ်မနေ သွားရောက်လေ့လာသင့်တဲ့ နေရာတစ်ခုဖြစ်သလို၊ ဗိသုကာလက်ရာတွေကို စိတ်ဝင်စားသူတွေအတွက်လည်း စံနမူနာယူစရာ နေရာတစ်ခုဖြစ်တယ်ဆိုတာ အသေအချာပဲဖြစ်ပါတယ်။
#knowledge

image
8 w - Translate

အလိမ်ခံရ အမှတ်တရ

image
8 w - Translate

Corpse Bride (2005)

IMDb – 7.3/10_Rotten – 84%
ဒီနေ့အတွက်မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ IMDb Rating -7.3 ရရှိထားပြီး….

မြူးကြွတဲ့တေးသီချင်းလေးများ…Romanceဆန်တဲ့ပြကွက်လေးများနဲ့ ….အချစ်တို့ရဲ့
ပြယုဒ်ကိုထင်ပေါ်အောင်ပြသပေးနိုင်ခဲ့တဲ့ Best Romance Horror Animation Movies
ကောင်းတွေထဲကတစ်ကားဖြစ်ခဲ့တဲ့ CORPSE BRIDE ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျ…
ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်ဖြင့်….. လွန်ခဲ့တဲ့နှစ်ပေါင်း ၁၈၀၀ခန့်လောက်က Victorian villageလို့ခေါ်တဲ့
ရွာလေးတစ်ရွာမှာ ဆွေစဉ်မျိူးဆက်ချမ်းသာလာပြီး အထည်ကြီးပျက်ဘဝကိုရောက်ရှိတော့မဲ့လူကုန်ထန်မိသားစုတစ်စု…..
ပိုက်ဆံရှိပေမဲ့ လူကုန်ထံအသိုင်းအဝိုင်းကမဟုတ်တဲ့ငါးရောင်းစားရင်း ကြီးပွားချမ်းသာလာတဲ့ ငါးကုန်သည်မိသားစုတစ်စုမှ
တစ်ဦးတည်းသောသားလေး Victa… မိသားစုနှစ်ခုရဲ့လိုအပ်နေတဲ့ ကွက်လပ်ကိုယ်စီကိုဖြည့်ဖို့ရန် တစ်ယောက်ကိုတစ်ယောက်
တစ်ခါမှမမြင်ဖူးကြတဲ့ VIctoria နဲ့ Victaတို့နှစ်ယောက်ကို လက်ထပ်ပေးဖို့ အစမ်းလေ့ကျင့်တဲ့အခမ်းနားလေးနဲ့
ဇာတ်လမ်းလေးကိုစတင်ခဲ့ပါတယ်…… ဒါမဲ့ မိဘတွေအတင်းပေးစားလို့ယူရမှာဖြစ်ပြီး….တစ်ခါမှမမြင်ဖူးတဲ့သူကို
လက်ထပ်ချင်စိတ်မရှိတဲ့ သူတို့နှစ်ဦး တစ်ဦးကိုတစ်ဦးတွေ့ရှိသွားကြတဲ့အခါ….Victa တစ်ယောက် လက်ထပ်ပွဲ
Rehersalမှာအယောင်ယောင်အမှားမှားဖြစ်စေခဲ့ပြီး လက်ထပ်ပွဲအစမ်းလေ့ကျင့်မှုကို
သေချာလုပ်ဆောင်နိုင်မှ မဂ်လာပွဲကျင်းပရတော့မဲ့အဖြစ်ရောက်သွားခဲ့ပါတယ်….
အစမ်းလေ့ကျင့်မှုကိုသေချာလေ့ကျင့်ဖို့ တောထဲကိုပြေးထွက်သွားကာ
တစ်ယောက်တည်းလေ့ကျင့်နေချိန် သူလေ့ကျင့်နေတဲ့ လက်ထပ်ခွင့်စကားကြောင့်
ချစ်သူပြန်အလာကိုမျှော်နေရင်းသေဆုံးသွားတဲ့ Amali မိန်းကလေး သေရာမှနိုးထလာတဲ့ အခါ..
Victaတစ်ယောက် Amaliနဲ့လက်ထပ်လိုက်ရပြီး သရဲတွေနေတဲ့နေရာသို့
ဘုမသိဘမသိပါသွားရရှာပေါတော့တယ်… တစ်ဖက်မှာလည်းချစ်သူပြန်အလာကိုမျှော်နေရှာတဲ့
Victoriaတစ်ယောက်…. Victaပြန်မလာတာနဲ့ အရန်သင့်သူ့နေရာကိုအစားထိုးပြီး…
Victoriaမိသားစုရဲံ စည်းစိမ်တွေကိုလိုချင်နေတဲ့ သူကလည်းအခွင့်အရေးကို စောင့်မျှော်နေပါတယ်…..
အဲ့လိုအရန်သင့်စောင့်နေတဲ့သူရဲ့ချစ်သူကတော့ Victaဘုမသိဘမသိလက်ထပ်လိုက်ရတဲ့
သေရွာက မင်းသမီးလေးAmaliပါ…. အဲ့ဒီသူဟာ Amaliကို လက်ထပ်မယ်လို့ပြောပြီး
သူ့မှာပါလာတဲ့စည်းစိမ်တွေယူကာ ဝက်သစ်ချပင်ရင်းအောက်မှာစောင့်ခိုင်းခဲ့ရာကနေ
အမ်မလီတစ်ယောက်သေဆုံးသွားခဲ့ရပါတယ်….. အချစ်ရဲ့စွန့်ပစ်ခြင်းကို ခံရရှာပြီး
အချစ်ငတ်နေတဲ့ AmaliလေးVictaနဲ့တွေ့ရှိကာ သံယောဇဉ်နှောင်ကြိုးတွယ်ငြိသွားမှာလား……..?
Victaကကော Amaliကိုပြန်ချစ်နိုင်ပါ့မလား…..ဒါမှမဟုတ် လူ့ဘဝကသူချစ်ခဲ့တဲ့ ချစ်သူလေ
းVictoriaဆီကိုပြန်လာနိုင်အောင်ကြိုးစားမှာလား….? Victoriaကကော
သူ့မိဘစည်းစိမ်ချမ်းသာကိုမက်ပြီးသူ့ကိုအတင်းလက်ထပ်ချင်နေတဲ့
သူနဲ့ လက်ထပ်လိုက်ရတော့မှာလား…?စတဲ့စိတ်ဝင်စားစရာ
လေးပွင့်ဆိုင်ချစ်ဇာတ်လမ်းလေးကိုတော့ ဇာတ်လမ်းလေးထဲမှာဆက်လက်ကြည့်ရှုခံစားကြည့်ရအောင်စို့လားခင်ဗျာ….

ဇာတ်ကားလင့်
https://t.me/c/2186686827/142

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image

အသည်းရောင် အသားဝါ " အေ " ပိုး မကူးစက်အောင် ကာကွယ်နည်း (၃) နည်း
လတ်တလော မြန်မာနိုင်ငံမှာ အသည်းရောင်အသားဝါး "အေ" ပိုးကူးစက်ခံရသူတွေ မကြာခဏတွေ့ နေရတယ်လို့ သတင်းတွေကြားနေရပါတယ်၊ ဒါကြောင့် ဒီနေ့မှာ အသည်းရောင် အသားဝါ " အေ" ပိုး မကူးစက်အောင် ကာကွယ်လို့ရမယ့် နည်းလမ်း (၃) ခုကို ပြောပြပေးမှာဖြစ်ပါတယ်
အသည်းရောင်အသားဝါဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေ အမျိုးအစားများစွာရှိတဲ့အနက် လူတော်တော်များများကြားဖူးတာကတော့ "ဘီ" ပိုးနဲ့ "စီ" ပိုးတို့ပဲဖြစ်ပါတယ်၊ တကယ်တော့ အသည်းရောင်အသားဝါဖြစ်စေတဲ့ ပိုးအမျိုးအစားတွေကတော့ အများကြီးရှိပါတယ်၊ အဲ့ဒါတွေကတော့ A,B,C,D,E နဲ့ G တို့ဖြစ်ပါတယ်၊ ဒီအထဲကမှ အသည်းကို နာတာရှည်ထိခိုက်စေတဲ့ ပိုးနဲ့ ကာလတိုထိခိုက်စေတဲ့ပိုးဆိုပြီးတော့ ရှိပါတယ်၊ လူတော်တော်များများကြားဖူးနေကြတဲ့ ဘီပိုးတို့၊ စီပိုးတို့ဟာ များသောအားဖြင့် အသည်းကို နာတာရှည်ထိခိုက်စေတဲ့ ပိုးတွေဖြစ်ပါတယ်၊ အခုလတ်တလော နာမည်ကြီးနေတဲ့ "အေ" ပိုးကတော့ အသည်းကို ကာလတိုထိခိုက်စေတဲ့ပိုးဖြစ်ပါတယ်၊ သဘောကတော့ "အေ" ပိုးကူးစက်ခံရပြီး ရောဂါပျောက်ကင်းသွားတဲ့အခါမှာ အသည်းသည်လည်း ပုံမှန်အတိုင်းပြန်ကောင်းလေ့ရှိပါတယ်
ဒီနေ့မှာ အသည်းရောင်အသားဝါ "အေ" ပိုးအကြောင်းပြောပြပါမယ်
"အေ" ပိုးရဲ့ ရောဂါလက္ခဏာတွေကတော့
1. အသားဝါခြင်း (အရေပြားနှင့် မျက်လုံး စသည်)
2. မောပန်းလွယ်ခြင်း၊ နုန်းခြင်း
3. ရုတ်တရက် ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း
4. ဗိုက်အောင့်ခြင်း၊ ဝမ်းဗိုက်မအီမသာဖြစ်ခြင်း (အထူးသဖြင့် အသည်းရှိတဲ့ နေရာ)
5. ဝမ်းအရောင်က ရွှံ့စေးရောင်လိုမျိုး အရောင်ဖျော့ဖျော့သွားခြင်း
6. အစာစားချင်စိတ် ပျောက်ခြင်း
7. ဖျားခြင်း
8. ဆီးအရောင် ရင့်ခြင်း ဥပမာ ငံပြာရည်ရောင် ၊ ကိုကာကိုလာ အရောင်ဆီးသွားခြင်း
9. အဆစ်အမြစ်နာကျင်ခြင်း
10. ယားယံခြင်း - စတဲ့လက္ခဏာတွေ ခံစားရနိုင်ပါတယ်
ဒီလက္ခဏာတွေကို ကူးစက်ခံရသူတိုင်းတော့ ခံစားရမှာမဟုတ်ပါဘူး၊ တချို့တွေက လက္ခဏာမပြသူတွေလည်း ရှိပါတယ်
ဒီလက္ခဏာတွေဟာ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ပျောက်ကင်းသွားလေ့ရှိပါတယ်၊ တချို့ကတော့ လပေါင်းများစွာကြာတာမျိုးလည်းရှိတတ်ပါတယ်၊ ဒါကတော့ ရှားပါတယ်
ဘယ်လိုလူတွေမှာ အဖြစ်များလဲ
• ကလေးငယ်တွေ
• ကိုယ်ဝန်ဆောင်မိခင်တွေ
• တကိုယ်ရည်သန့်ရှင်းရေး အားနည်းသူတွေ
• ရောဂါပိုးရှိသူနဲ့ တအိမ်တည်း နေသူတွေ
• ရောဂါပိုးရှိသူနဲ့ လိင်ဆက်ဆံသူတွေ
• လိင်တူဆက်ဆံသူတွေ
• ကိုယ်ခံအားကျသူတွေ
• မူးယစ်ဆေးသုံးစွဲသူတွေ
• အိမ်ခြေရာ မဲ့သူတွေ (ခြေသလုံးအိမ်တိုင်သမားတွေ)
• အရက်အလွန်အကျွံသောက်သူတွေ
• အသည်းရောဂါအခံရှိသူတွေ စတဲ့လူတွေမှာ ပိုပြီးကူးစက်နိုင်သလို ရောဂါလည်း ပိုပြင်းထန်နိုင်ပါတယ်
ဒီတော့ ဘယ်လိုနည်းနဲ့ကာကွယ်ကြမလဲ ? ကာကွယ်နည်း (၃) ခုပြောပြပေးပါမယ်
(၁) သန့်ရှင်းရေး ဂရုစိုက်ဖို့ဖြစ်ပါတယ်
အသည်းရောင်အသားဝါ အေပိုးဟာ Fecal - Oral - Route လို့ခေါ်တဲ့ လမ်းကြောင်းကနေကူးစက်တာဖြစ်ပါတယ်၊ Fecal - Oral - Route ဆိုတာကို ရှင်းပြပေးပါမယ်၊ Fecal ဆိုတာကတော့ မစင်ဖြစ်ပါတယ်၊ Oral ဆိုတာကတော့ ပါးစပ်ဖြစ်ပါတယ်၊ Route ကတော့ လမ်းကြောင်းပေါ့၊ လွယ်လွယ်ပြောရရင်တော့ မစင်တွေ ပါးစပ်ထဲဝင်ရောက်ရာမှ ကူးစက်တာဖြစ်ပါတယ်၊ ဒါဆိုရင် ဘယ်သူတွေက မစင်တွေကို ပါးစပ်ထဲထည့်နေလဲ ???? မစင်တွေကို ပါးစပ်ထဲကို တကူးတကကြီးထည့်နေသူတွေတော့ မရှိပါဘူး၊ ဒါပေမယ့် ပါးစပ်ထဲကို မစင်တွေ ကျွန်တော်တို့မသိလိုက်ဘဲ ဝင်ရောက်နေတဲ့လမ်းကြောင်းတွေ ရှိပါတယ်၊
ဥပမာ ယင်ကောင်တွေဟာ မစင်တွေကို သယ်လာပြီး လူတွေရဲ့ပါးစပ်ထဲကို ပို့ပေးလေ့ရှိပါတယ်၊ အသည်းရောင်အသားဝါ အေပိုးကူးစက်ခံထားရတဲ့လူနာရဲ့မစင်ကို ယင်ကောင်ကနားပြီး အဲ့ဒီယင်ကောင်က အစားအစာတွေကိုလာနားတဲ့အခါ ပါးစပ်ထဲကို မစင်တွေဝင်ရောက်ပြီး ရောဂါပိုးတွေ ကူးစက်ခံရနိုင်ပါတယ်
နောက်တစ်နည်းကတော့ ရောဂါပိုးရှိတဲ့လူက အိမ်သာတက်ပြီး လက်ကိုသေချာမဆေးကြောဘဲ အစားအစာတွေ၊ အသုံးအဆောင်ပစ္စည်းတွေကို ကိုင်တွယ်တဲ့အခါ အခြားမိသားစုဝင်တွေကို ကူးစက်နိုင်ပါတယ်
နောက်တစ်နည်းကတော့ anal - oral sex ပေါ့၊ ဒီလိုနည်းနဲ့လည်း ကူးစက်နိုင်ပါတယ်
ဒါကြောင့် သန့်ရှင်းရေးဂရုစိုက်ခြင်းဟာ အဓိကကာကွယ်နည်းဖြစ်ပါတယ်
အစာသန့်ဖို့
• အစားအစာတွေကို သေချာကျက်အောင်ချက်၊ သန့်သန့်ရှင်းရှင်းပြင်ဆင်၊ ယင်မနားအောင်ထားပါ
• ပြင်ပအစားအစာတွေ ရှောင်ပါ
• ရောဂါဖြစ်နေသူက အစားအစာတွေကို ကိုင်တွယ်တာရှောင်ပါ
ရေသန့်ဖို့
• ရေကို ကျိုချက်ပြီးသောက်ပါ (သို့) ရေသန့်ဝယ်သောက်ပါ
လက်သန့်ဖို့
• အိမ်သာတက်ပြီးတိုင်း၊ အညစ်အကြေးတစ်ခုခုကိုင်ပြီးတိုင်း၊ ရောဂါပိုးရှိသူရဲ့ အသုံးအဆောင်တွေကို ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ သေချာဆေးပါ၊ အနည်းဆုံး စက္ကန့် (၂၀) ကြာအောင်ဆေးပါ
အိမ်သာသန့်ဖို့
• အိမ်သာကို ယင်မနားနိုင်အောင် ယင်လုံအိမ်သာအသုံးပြုပါ
(၂) ကာကွယ်ဆေးထိုးပါ
• အသည်းရောင်အသားဝါ "အေ" ပိုးကာကွယ်ဆေးထိုးပါ (မှတ်ချက် - ဘီပိုးကာကွယ်ဆေးနှင့်မတူပါ)
• ၆ လခြား၍ နှစ်ကြိမ်ထိုးရပါမည်၊ ပထမတစ်ကြိမ်က ၆ လခန့်အထိ အာနိသင်ကြာပြီး ဒုတိယအကြိမ်က အနည်းဆုံး နှစ် ၂၀ ခန့်ကြာပါတယ်
• ကူးစက်ခံရပြီး ပြန်ကောင်းသွားသူတွေကတော့ တသက်တာနီးပါ ကိုယ်ခံအားရပါတယ်
(၃) ရောဂါပိုးရှိသူနဲ့ သံဝါသပြုခြင်း ရှောင်ကျဥ်ပါ
• ရောဂါပိုးရှိသူနဲ့ အသုံးအဆောင်ပစ္စည်းတွေ မျှဝေသုံးစွဲတာရှောင်ပါ
• ရောဂါပိုးရှိသူနဲ့ သံဝါသပြုခြင်း ရှောင်ပါ၊ ကွန်ဒုံးက အပြည့်အဝမကာကွယ်နိုင်ပါ
ဒီနေ့ပြောပြခဲ့တာကတော့ အသည်းရောင်အသားဝါ "အေ" ပိုး ကူးစက်မခံရအောင် ကာကွယ်ပေးမယ့် နည်းလမ်းတွေဖြစ်ပါတယ်၊ ဒီနည်းလမ်းတွေကိုသုံးပြီး ရောဂါမကူးစက်အောင် ကာကွယ်နိုင်ကြပါစေခင်ဗျာ၊ နေကောင်းကျန်းမာပြီး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။
#အသည်းရောင်အသားဝါအေပိုး

image