နေ့တိုင်း အလုပ် လုပ်နော်သော်လည်း ပိုက်ဆံမရှိသောအခါ

image
8 w - Translate

Rio 2 (2014)

Rio 2 မှာတော့ အရှေ့ကားထက်ပိုကောင်းအောင်
ရုပ်ပိုင်းရော အသံ‌ပိုင်းမှာပါ အဆင့်မြှင့်ထားပါတယ်။
သီချင်းတွေလည်းကောင်းတဲ့အပြင်
အသံသရုပ်ဆောင်အသစ်တွေကိုလည်း
ဂရမ်မီဆုရ အဆိုတော်တွေကို ခေါ်ထားပါတယ်။
ဒီကားမှာ ဘလူး ဟာ ကလေး
၃ ယောက်အဖေ ဖြစ်နေပြီးတော့
သူတို့မိသားစုက အမေဇုန်တောထဲကို
စွန့်စားပြီး ခရီးထွက်ကြမှာပါ။
ပိုလှပတဲ့ရှုခင်းတွေ၊ ပိုစုံလင်တဲ့တိရစ္ဆာန်တွေနဲ့
သီချင်းအသစ်တွေလည်း
အများကြီးပါလာမှာ ဖြစ်ပါတယ်။

ဇာတ်ကားလင့်
https://t.me/c/2186686827/35

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
8 w - Translate

Rio (2011)

ဘလူးလို့ခေါ်တဲ့ အပြာရောင် ကြက်တူရွေးငှက်ကလေးဟာ
သူ့သခင် လင်ဒါ ဆိုတဲ့ အမျိုးသမီးနဲ့အတူ
မင်နီဆိုဒါ ပြည်နယ်မှာ အေးချမ်းစွာ နေထိုင်ပါတယ်။
လင်ဒါက ဘလူးကို အပြာရောင် မက်ကော်မျိုးစိတ်ရဲ့
နောက်ကျန်တဲ့အကောင်လို့ သိထားပါတယ်။
ဒါပေမယ့် နောက်ထပ်မက်ကော်ငှက်မလေးတစ်ကောင်ကို
ရီယိုမြို့မှာ ရှာတွေ့ထားတယ်လို့ သိလိုက်ရချိန်မှာတော့…
 
ဇာတ်ကားလင့်
https://t.me/c/2186686827/34

Channel Join ရန်လင့်

image
8 w - Translate

Rio (2011)

ဘလူးလို့ခေါ်တဲ့ အပြာရောင် ကြက်တူရွေးငှက်ကလေးဟာ
သူ့သခင် လင်ဒါ ဆိုတဲ့ အမျိုးသမီးနဲ့အတူ
မင်နီဆိုဒါ ပြည်နယ်မှာ အေးချမ်းစွာ နေထိုင်ပါတယ်။
လင်ဒါက ဘလူးကို အပြာရောင် မက်ကော်မျိုးစိတ်ရဲ့
နောက်ကျန်တဲ့အကောင်လို့ သိထားပါတယ်။
ဒါပေမယ့် နောက်ထပ်မက်ကော်ငှက်မလေးတစ်ကောင်ကို
ရီယိုမြို့မှာ ရှာတွေ့ထားတယ်လို့ သိလိုက်ရချိန်မှာတော့…
 
ဇာတ်ကားလင့်
https://t.me/c/2186686827/34

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
8 w - Translate

The Midnight Meat Train (2008)

ဘရတ်ဒလေကူးပါးပါဝင်တဲ့ Horror/Thriller အမျိုးအစား ခြောက်ခြားစရာဇာတ်ကားပါ….
လီယွန်ဟာကြိုးစားရုန်းကန်နေဆဲလူငယ်ဓာတ်ပုံဆရာတစ်ယောက်၊
သူ့ချစ်သူကောင်မလေးရဲ့ သူငယ်ချင်းမိတ်ဆက်ပေးမှုနဲ့ နာမည်ကြီးပန်းချီပြခန်းပိုင်ရှင်တစ်ဦးနဲ့တွေ့ဆုံရာကနေ
သူ့အတွက်ကြိုးစားရင် ရလာမယ့်အခွင့်အရေးကိုမြင်တဲ့အလျောက်ညဘက်ဓာတ်ပုံရိုက်ပြီးကုန်ကြမ်းရှာထွက်ပါတယ်။
သူ့ရဲ့ပွဲဦးထွက်ပြပွဲအတွက်လူတွေရဲ့အမှောင်ဘက်ခြမ်းကိုပြဖို့ကြိုးစားရင်း မဟော်ဂနီဆိုတဲ့လူတစ်ယောက်ကို တွေ့ခဲ့ပါတယ်။
အဲ့ဒီလူဟာ စိတ္တဇလူသတ်သမားတစ်ယောက်၊ ညနက်သန်းခေါင်လူခြေပြတ်လတ်တဲ့ရထားတွေပေါ်မှာ
ကျက်စားတတ်ပြီး၊ အဲ့ဒီမှာပါလာတတ်တဲ့ ခရီးသည်တွေကိုပစ်မှတ်ထားတတ်တဲ့သူဖြစ်ပါတယ်။
ဘာကြောင့်မှန်းမသိ မဟော်ဂနီကို စိတ်ဝင်စားလို့ Subject တစ်ခုလိုသဘောထားရာကနေ
လီယွန်တစ်ယောက် မှောင်သထက်နက်ရှိုင်းလှတဲ့ လောကတစ်ခု၊
သူနားလည်ဖို့ စဉ်းစားဖို့ ဉာဏ်မမှီတဲ့ အရာတွေဆီ နီးသထက်နီးလာပြီး
သူ့ချစ်သူ၊ ရည်မှန်းချက် ပတ်ဝန်းကျင်စတာတွေနဲ့ ဝေးသထက်ဝေးလာပါတော့တယ်။
လီယွန်တစ်ယောက် အချိန်မှီလွတ်မြောက်နိုင်ပါ့မလား?
သူ့ချစ်သူ သူငယ်ချင်းတွေက သူ့ကိုကယ်တင်နိုင်မှာလား။
သူစိတ်ဝင်စားတဲ့ မဟော်ဂနီရဲ့ နောက်ခံဇာတ်ကြောင်းက ဘာတွေဖြစ်မလဲ?
စုန်းစမြုပ်စပျောက်သွားခဲ့တဲ့ လူပေါင်းများစွာနဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့ဌာနတွေ ဘာလုပ်နေခဲ့လဲ စတဲ့မေးခွန်းတွေကို
ဒီဇာတ်ကားမှာ အဖြေရှာကြည့်ကြစေချင်ပါတယ်။
Lion Gate logo ကြီးကိုမြင်လိုက်ရတာနဲ့ ဒီကားကောင်းမှာပဲလို့ခံစားရတဲ့ခေတ်က ထွက်ခဲ့တဲ့ဇာတ်ကားတစ်ကားပါ။
အဲ့ဒီတုန်းက ကြည့်ဖူးတဲ့သူတွေရှိကြမှာဖြစ်သလို အတော်လဲပေါက်ခဲ့တဲ့ကားတစ်ကားဖြစ်ပါတယ်။
သတ်ခန်းဖြတ်ခန်းတွေ ရေလည်ကြမ်းတမ်းပက်စက်ပြီး၊
ဘူတာရုံတွေ ရထားတွေကို ညနက်သန်းခေါင်မသွားရဲဖြစ်လောက်အောင် စိတ်ခြောက်ခြားမှုပေးနိုင်တဲ့၊
အာရုံထဲမှာ အတော်ကြာကြာစွဲနေမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

ဇာတ်ကားလင့်
https://t.me/c/2222390798/164

Channel Join ရန်လင့်
https://t.me/+9s4zh8aLYU5iMDQ1

image
8 w - Translate

ပဲခူးမြိုနယ် အမျိုးသားတစ်ဦး ရထားတိုက်ခံရသဖြင့်သေဆုံးမှုဖြစ်ပွား
*************************
(မှုခင်း) ဖေဖော်ဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးမြို့နယ်၊ ခုံတိုင်းကျေးရွာအနီး မီးရထားမိုင်တိုင်အမှတ် ၅၁/၂၃နှင့် ၅၁/၂၄ ကြားတွင် ဖေဖဝါရီလ(၂၈)ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က အမျိုးသား ၁ ဦး ရထားတိုက်ခံရ၍ သေဆုံးခဲ့ကြောင်း သိရသည်။ဖြစ်စဥ်မှာအခင်းဖြစ်နေရာတွင် သေဆုံးသူအောင်နိုင်ဝင်း၊ ၃၅ နှစ်၊ (ဘ)ဦးမျိုးအောင်၊ ဗမာ/ဗုဒ္ဓ၊ ရွှေတန်ကျေးရွာ၊ ဘုရားကြီးမြို့၊ (အရက်ကြောင်ကြောင်) နေသူဖြစ်ပြီး ရန်ကုန်ဘက်မှ မန္တလေးသို့ စက်ခေါင်းမောင်းဦးကြည်ရွှေ မောင်းနှင်လာသော စက်ခေါင်းအမှတ် DF-1356 (၁)အဆန် စာပို့ရထားမှာ ရွှေလှေဘူတာမှ နံနက် ၁၀ နာရီ ၅၅ မိနစ်အချိန်ခန့်တွင် ထွက်လာခဲ့ရာ အခင်းဖြစ်နေရာအရောက်တွင် သေဆုံးသူမှ လမ်းဖြတ်ကူးစဉ် မီးရထားနှင့် တိုက်မိခြင်းဖြစ်ကြောင်း သိရှိရသည်။

image
8 w - Translate

Are u staring at me?

image

နီပေါနိုင်ငံတွင် ကျင်းပသည့် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွင် ချန်ပီယံဆုဆွတ်ခူးခဲ့သည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း ယနေ့နံနက်ပိုင်းတွင် အမိမြေသို့ ပြန်လည်ရောက်ရှိလာပြီး ကျပ် သိန်း ၆၉၀ ဖြင့် ဂုဏ်ပြုကြိုဆို

ဖေဖော်ဝါရီ ၂၈

နီပေါနိုင်ငံ၊ ခတ္တမန္ဒုမြို့ရှိ ဒါရှာရတ်ကွင်းတွင် ဖေဖော်ဝါရီ ၁၇ မှ ၂၆ ရက်အထိ ကျင်းပသည့် လေးနိုင်ငံ အမျိုးသမီး ဖိတ်ခေါ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် အိမ်ရှင်နီပေါအသင်းကို နှစ်ဂိုးပြတ်အနိုင်ရကာ ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း အမိမြေသို့ ယနေ့နံနက်တွင် ပြန်လည်ရောက်ရှိလာခဲ့သည်။

အောင်ပွဲရ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုကြိုဆိုခဲ့ပြီး အောင်ပွဲရ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို လေဆိပ်တွင်ပင် ကျပ်သိန်း ၆၉၀ ဖြင့် ဂုဏ်ပြုခဲ့သည်။

အဆိုပါ လေးနိုင်ငံဖိတ်ခေါ် ပြိုင်ပွဲသို့ အိမ်ရှင် နီပေါအသင်း၊ မြန်မာအသင်း၊ ကာဂျစ္စတန်အသင်း၊ လက်ဘနွန်အသင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ၄ သင်း ပတ်လည်စနစ်ဖြင့် ကစားခဲ့ရာ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဖေဖော်ဝါရီ ၁၇ ရက်တွင် လက်ဘနွန်အသင်းကို သုံးဂိုး တစ်ဂိုး၊ ဖေဖော်ဝါရီ ၂၀ ရက်တွင် ကာဂျစ္စတန်အသင်းကို ငါးဂိုး ဂိုးမရှိနှင့် ဖေဖော်ဝါရီ ၂၃ ရက်တွင် အိမ်ရှင် နီပေါအသင်းကို ၂ ဂိုးစီသရေဖြင့် ယှဉ်ပြိုင် ကစားပြီးနောက် အမှတ်အများဆုံးရရှိသည့် မြန်မာနှင့် နီပေါ ထိပ်ဆုံးနှစ်သင်းမှာ ဖေဖော်ဝါရီ ၂၆ ရက်တွင် နောက်ဆုံး ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့သည်။

ဗိုလ်လုပွဲ၏ ပထမပိုင်းတွင် မြန်မာအသင်းမှာ နီပေါအသင်း၏ အိမ်ရှင်ဖိအားအောက် ဂိုးမရှိသရေကျခဲ့သော်လည်း ဒုတိယပိုင်းစပြီးမကြာမီ ၆၁ မိနစ်တွင် ရူပါခိုင်က မြန်မာအမျိုးသမီးအသင်းအတွက် ဦးဆောင်ဂိုးကို တစ်ကိုယ်တော်အစွမ်းဖြင့် သွင်းယူခဲ့ပြီး နှစ်မိနစ်အကြာ အသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်းက သွင်းယူသည်ကို နီပေါနောက်ခံလူများ တားဆီးရာမှ ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့ခြင်းဖြစ်သည်။ ထိုဂိုးမှာ အငြင်းပွားဖွယ်ဖြစ်သော်လည်း အားကစားသတင်းဌာနများကမူ ဝင်းသိင်္ဂီထွန်း၏ သွင်းဂိုးအဖြစ် ဖော်ပြခဲ့သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ယခုနှစ်အတွင်း ယှဉ်ပြိုင်ရမည့် နိုင်ငံတကာ ပြိုင်ပွဲများအတွက် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ လလယ်ပိုင်းကတည်းက စခန်းဝင်လေ့ကျင့်လျက်ပြီး ပြိုင်ပွဲအကြို ပြင်ဆင်မှုအနေဖြင့် နီပေါ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ယခုနှစ်အတွင်း အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ၊ အာရှဖလား အမျိုးသမီး ခြေစစ်ပွဲနှင့် (၃၃) ကြိမ်မြောက် ထိုင်းဆီးဂိမ်းစ ပြိုင်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

#centralnewsnaypyitaw

imageimage
8 w - Translate

ကိုယ်ပိုင်တဲ့ အရာတွေမှာ
စည်းဆိုတာမထားရင်
သူများတွေရဲ့ ကျူးကျော်မှု
ခိုးယူမှု နှောက်ယှက်မှု ကိုခံရနိုင်တယ်
မိတ်ဆွေထားတဲ့နေရာမှာလဲ
စည်း ၃ စည်းနဲ့ ခွဲထားတယ်
အတွင်းစည်း - ကိုယ့်ရဲ့ အူမချေးခါးသိပြီး
မောင်နှမရင်းသဖွယ် ချစ်ရတဲ့ လူအနဲစု
အလယ်စည်း - လုပ်ဖော်ကိုင်ဖက် အတန်းဖော်
မုန့်စားဖက် အလည်သွားဖက်
အပြင်စည်း - မျက်မှန်းတန်း မေးထူးခေါ်ပြော
အဲ့အပြင်မှာရှိတဲ့သူတွေကတော့ - IDGAF
ဒီလိုထားတော့ဘာကောင်းလဲမေးရင်
စိတ်ပျက်မှုတွေကိုကာကွယ်ပြီးသားဖြစ်တယ်
Rules တစ်ခုပဲရှိရမှာက စည်းဖောက်ရင်
ပြန်ဝင်ခွင့်မပေးဖို့ပဲ
ယုံကြည်မှုက ပျက်သွားရင်
ပြန်တည်ဆောက်ရခက်တယ်လေ 🫰🏻
Not everyone is friend and
Not everyone need to be

image

ထရမ့်က ဝန်ထမ်းလျှော့မည်၊ အီလွန်မာ့စ်က ဘတ်ဂျက်လျှော့ချမည်ဟု ပြော

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၈

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ဖေဖော်ဝါရီ ၂၆ ရက်က ၎င်း၏ ပထမဆုံးအကြိမ် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေးအတွင်း ဖက်ဒရယ်အေဂျင်စီများအနေဖြင့် ဝန်ထမ်းအင်အား အများအပြား ကို လျှော့ချကြရန် အမိန့်ပေးခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထရမ့်သည် ထိုအစည်းအဝေးတွင် ၎င်း၏ မဟာမိတ်ဖြစ်သည့် အီလွန်မာ့စ် (Elon Musk) ကို ပွဲထုတ်ခဲ့သည်။

ထို့နောက် အီလွန်မာ့စ်သည် ထိုအစည်းအဝေးတွင် ဘတ်ဂျက်လျှော့ချမည့် ၎င်း၏ ရည်မှန်းချက်များကို ဆွေးနွေးခဲ့သည်။

ထရမ့်၏ ညွှန်ကြားချက် အသစ်အရ အစိုးရအေဂျင်စီများ အနေဖြင့် ဝန်ထမ်းအင်အား လျှော့ချမည့် အစီအစဉ်များ ကို မတ်လ ၁၃ ရက်တွင် တင်သွင်းကြရန် ဖော်ပြထားသည်။

အစိုးရအေဂျင်စီများသည် ယခင်ကတည်းက အီလွန်မာ့စ် ဦးဆောင်သည့် အစိုးရအကျိုးဆောင်ဌာန (DOGE) ၏ အစီအစီဖြင့် ဝန်ထမ်းများလျှော့ချခြင်း၊ အစီအစဉ်များကို ဖျက်သိမ်းခြင်းတို့ ပြုလုပ်ခဲ့ပြီးဖြစ်သည်။

ယခုညွှန်ကြားချက် အသစ်အရ အမေရိကန်အစိုးရ၏ ဝန်ထမ်းအင်အားကို အများအပြား လျှော့ချနေသည့် ထရမ့်နှင့် မာ့စ်တို့၏ အားထုတ်ကြိုးပမ်းမှုများသည် ပိုမိုအားမာန်ပါလာသော အရိပ်အခြေကို ပြသရာရောက်ခဲ့ သည်။

အစိုးရအဖွဲ့ အစည်းအဝေးတွင် ထရမ့်က သဘောဝပတ်ဝန်းကျင် ကာကွယ်ရေးအေဂျင်စီ၏ အုပ်ချုပ်ရေးမှူး လီ ဇယ်လ်ဒင် (Lee Zeldin) ကို ၎င်းအေဂျင်စီတွင်ရှိသည့် ဝန်ထမ်း စုစုပေါင်း ၁၅,၀၀၀ အနက် ၆၅ ရာခိုင်နှုန်းအထိ လျှော့ချရန် ပြောကြားခဲ့သည်။

ထရမ့်သည် ထိုအစည်းအဝေးတွင် အီလွန်မာ့စ်ကို အလွန်ထောက်ခံသည့် လက္ခဏာကိုပြသခဲ့ပြီး အစိုးရအဖွဲ့ထဲမှ အချို့အကြီးအကဲများသည် မာ့စ်၏ အစီအစဉ်အချို့အား သဘောမတူကြောင်း ပြောကြားခဲ့ဖူးသူများဖြစ်သည်။

မာ့စ်သည် အစိုးရအဆင့်ရှိသည့် အရာရှိတစ်ဦး မဟုတ်သော်လည်း DOGE ၏ အကြီးအကဲ တစ်ဦးအဖြစ် အစိုးရ အဖွဲ့ အစည်းအဝေးကို တက်ရောက်လာခဲ့ခြင်းဖြစ်သည်။

Tesla နှင့် SpaceX စီအီးအိုဖြစ်သည့် မာ့စ်ကမူ ၂၀၂၅ ခုနှစ်အတွင်း အစိုးရ အသုံးစရိတ်ကို ဒေါ်လာ ၆ ဒသမ ၇ ထရီလျံထဲမှ ၁ ထရီလျံ လျှော့ချသွားနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ထို့ကြောင့် ဘတ်ဂျက် အများအပြား လျှော့ချခြင်းသည် အမေရိကန်အစိုးရ၏ အရေးကြီးသည့် အချို့ အစီအစဉ် များကို အဟန့်အတား ဖြစ်စေနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: ရိုက်တာ

ပုံ - ထရမ့်အစိုးရအဖွဲ့ အစည်းအဝေးမှာ အီလွန်မာ့စ်ကို တွေ့ရစဉ်

#သတင်းဟင်းလေးအိုးကြီး

image