Khine Su Zin shared a post  
7 w

7 w

Part-2
🌟တစ်ပတ်တာသင်္ချာဗေဒဟောကိန်း🌟

၆) ဂဏန်းသမားများ ( ၆၊ ၁၅၊ ၂၄) ရက်မွေးသူများ
စီးပွားရေး ကံသင့်တင့်မျှတမှုရှိ‌ေနပါလိမ့်မယ်။မထင်မှတ်ထားသောသတင်းကြားရတတ်ပါတယ်။ပညာရေးတွင်ဆရာသမားကောင်းတွေ့ရတတ်ပြီး ကံအသင့်အတင့်‌ေကာင်း‌ေနပါလိမ့်မယ်။ကျန်းမာရေး အနေနှင့်‌ေရာဂါအခံရှိသူများပိုဂရုစိုက်ရပါမည်။အချစ်ရေးတွင်စိတ်အတက်အကျများပြီး စိတ်အလိုမလိုက်ရန်သတိပြုသင့်ပါသည်။


(၇) ဂဏန်းသမားများ(၇၊ ၁၆ ၊ ၂၅) ရက်မွေးသူများ
စီးပွားရေးကံအတော်အသင့်ကောင်းမွန်တည်ငြိမ်ပြီးငွေအဝင်အထွက်မျှပါလိမ့်မယ်။ မမျှောင့်လင့်ထားသောအခွင့်ကောင်း အကြံကောင်းရတတ်ပါတယ်။ပညာရေးမှာနိုင်ငံခြားကံကောင်းမွန်သောကာလဖြစ်ပါမယ်။ကျန်းမာရေးကိုတော့ ကိုယ်လက်ထိခိုက်မှုနဲ့ထိခိုက်ရှနာကိုအထူးသတိပြုရပါမယ်။အချစ်ရေးတွင့်သင့်တင့်မှုရှိပြီး တစ်ယောက်နဲ့တစ်ယောက်သည်းခံနားလည်မှုရှိပါကပို၍အဆင်ပြေပါလိမ့်မယ်။


(၈) ဂဏန်းသမားများ ( ၈၊ ၁၇၊၂၆)
စီးပွားရေး နှင့်ငွေကြေးကံကောင်းမွန်ပြီးဝင်ငွေထွက်ငွေမျှနေပါလိမ့်မယ်။ပညာရေးတွင်မိမိအတွက်လိုအပ်သောကိုယ်ပိုင်စည်းမျဉ်းများချမှတ်နိုင်ပါကပိုမိုအဆင်‌ေပြ‌ေချာ‌ေမွ့ပါလိမ့်မယ်။ကျန်းမာရေး တွင်ကိုယ်အတွင်းပိုင်းဆိုင်ရာဝေဒနာများသတိပြုရန်လိုအပ်ပါသည်။အချစ်ရေးတွင်အသင်အတင့်ရှိပြီးစိတ်ရှည်သည်းခံနိုင်ပါကအဆင်ပြေပါလိမ့်မည်။

 (၉) ဂဏန်းသမားများ(၉၊ ၁၈၊ ၂၇) ရက်မွေးသူများ
စီးပွားရေး တွင်အနဲငယ်ခက်ခဲနိုင်သော်လည်းသင့်တင့်သောငွေကြေးရရှိပါလိမ့်မည်။သို့သော်မိမိရရှိသောဝင်ငွေထက်လုပ်အားပိုလုပ်ရပါလိမ်မည်။ပညာရေးတွင်မိမိစိတ်ပါဝင်စားသောလမ်းကြောင်းများကိုဦးစားပေးသင့်သောကာလဖြစ်ပါတယ်။ကျန်းမာရေး အနေဖြင့်အသင့်အတင့်ကောင်းမွန်သောလည်းရောဂါအခံရှိသူများအနေပြုသတိပြုရန်လိုအပ်ပါသည်။အချစ်ရေးတွင်အချင်းချင်းအပြန်အလှန်ငြင်းခုန်ခြင်းကြောင့်စကားများရတတ်သည်ကိုသတိပြုရပါမည်။

#tarotqueen

7 w - Translate

Part-2
🌟တစ်ပတ်တာသင်္ချာဗေဒဟောကိန်း🌟

၆) ဂဏန်းသမားများ ( ၆၊ ၁၅၊ ၂၄) ရက်မွေးသူများ
စီးပွားရေး ကံသင့်တင့်မျှတမှုရှိ‌ေနပါလိမ့်မယ်။မထင်မှတ်ထားသောသတင်းကြားရတတ်ပါတယ်။ပညာရေးတွင်ဆရာသမားကောင်းတွေ့ရတတ်ပြီး ကံအသင့်အတင့်‌ေကာင်း‌ေနပါလိမ့်မယ်။ကျန်းမာရေး အနေနှင့်‌ေရာဂါအခံရှိသူများပိုဂရုစိုက်ရပါမည်။အချစ်ရေးတွင်စိတ်အတက်အကျများပြီး စိတ်အလိုမလိုက်ရန်သတိပြုသင့်ပါသည်။


(၇) ဂဏန်းသမားများ(၇၊ ၁၆ ၊ ၂၅) ရက်မွေးသူများ
စီးပွားရေးကံအတော်အသင့်ကောင်းမွန်တည်ငြိမ်ပြီးငွေအဝင်အထွက်မျှပါလိမ့်မယ်။ မမျှောင့်လင့်ထားသောအခွင့်ကောင်း အကြံကောင်းရတတ်ပါတယ်။ပညာရေးမှာနိုင်ငံခြားကံကောင်းမွန်သောကာလဖြစ်ပါမယ်။ကျန်းမာရေးကိုတော့ ကိုယ်လက်ထိခိုက်မှုနဲ့ထိခိုက်ရှနာကိုအထူးသတိပြုရပါမယ်။အချစ်ရေးတွင့်သင့်တင့်မှုရှိပြီး တစ်ယောက်နဲ့တစ်ယောက်သည်းခံနားလည်မှုရှိပါကပို၍အဆင်ပြေပါလိမ့်မယ်။


(၈) ဂဏန်းသမားများ ( ၈၊ ၁၇၊၂၆)
စီးပွားရေး နှင့်ငွေကြေးကံကောင်းမွန်ပြီးဝင်ငွေထွက်ငွေမျှနေပါလိမ့်မယ်။ပညာရေးတွင်မိမိအတွက်လိုအပ်သောကိုယ်ပိုင်စည်းမျဉ်းများချမှတ်နိုင်ပါကပိုမိုအဆင်‌ေပြ‌ေချာ‌ေမွ့ပါလိမ့်မယ်။ကျန်းမာရေး တွင်ကိုယ်အတွင်းပိုင်းဆိုင်ရာဝေဒနာများသတိပြုရန်လိုအပ်ပါသည်။အချစ်ရေးတွင်အသင်အတင့်ရှိပြီးစိတ်ရှည်သည်းခံနိုင်ပါကအဆင်ပြေပါလိမ့်မည်။

 (၉) ဂဏန်းသမားများ(၉၊ ၁၈၊ ၂၇) ရက်မွေးသူများ
စီးပွားရေး တွင်အနဲငယ်ခက်ခဲနိုင်သော်လည်းသင့်တင့်သောငွေကြေးရရှိပါလိမ့်မည်။သို့သော်မိမိရရှိသောဝင်ငွေထက်လုပ်အားပိုလုပ်ရပါလိမ်မည်။ပညာရေးတွင်မိမိစိတ်ပါဝင်စားသောလမ်းကြောင်းများကိုဦးစားပေးသင့်သောကာလဖြစ်ပါတယ်။ကျန်းမာရေး အနေဖြင့်အသင့်အတင့်ကောင်းမွန်သောလည်းရောဂါအခံရှိသူများအနေပြုသတိပြုရန်လိုအပ်ပါသည်။အချစ်ရေးတွင်အချင်းချင်းအပြန်အလှန်ငြင်းခုန်ခြင်းကြောင့်စကားများရတတ်သည်ကိုသတိပြုရပါမည်။

#tarotqueen

7 w - Translate

လွန်ခဲ့တဲ့၇နှစ်က ဖြစ်ခဲ့တဲ့အမှုမှာ သားဖြစ်သူတွေကိုဆုံးရှုံးလိုက်ရတဲ့ Samudharamမိသားစု နဲ့
သားသေဆုံးမှုမှာတာဝန်ရှိ‌နေတဲ့ PRVမိသားစု ဆိုပြီး ရွာနှစ်ခြမ်းကွဲသွားခဲ့ပါတယ်

မိသားစုနှစ်ဖက်လုံးကလည်း ကျိကျိတက်နဲ့ နာမည်ကြီးကြတဲ့လူတွေချည်းပါပဲ

မင်းသားကြီး Arun Vijay ကတော့ PRV ဘက်ပါ ဖအေတူမအေကွဲဖြစ်နေတာကြောင့် ဖအေ့ဘက်ကပါလာတဲ့အစ်ကိုတွေနဲ့ ဆန့်ကျင်ဘက်ပါပဲ

ကြင်ကြင်နာနာနဲ့ လူတိုင်းချစ်ခင်ကြပြီး
တစ်ဖက်မိသားစုရဲ့သားသေဆုံးမှုကိုတာဝန်ရှိတယ်လို့ခံယူထားတဲ့တစ်ဦးတည်းသောလူပေါ့

အငယ်ဆုံးဖြစ်ပေမယ့် တစ်အိမ်လုံးကို ဆင်တစ်ကောင်လိုထမ်းပိုးပြီး ကာကွယ်လိမ့်မယ်ဆိုတဲ့ ဇာတာအရ ဖခင်ဖြစ်သူက အားကိုးနေရတဲ့ရာဗီးတစ်ယောက် နှစ်ဖက်မိသားစုရဲ့ ပဋိပက္ခတွေကြားက
မိသားစုကိုဘယ်လိုကယ်တင်မလဲ

ကြမ်းရမ်းနေလို့လည်းမပြီးသေးတာကြောင့်ကြားထဲမှာ ရိုမန့်လေးတွေနဲ့
ဘယ်လိုရိုကြမလဲ ခံစားမှုအစုံရစေမယ့် ဇာတ်ကားကောင်းလေးဖြစ်တာကြောင့်
စီးမျောသွားစေရန်တင်ဆက်ပေးလိုက်ရပါတယ်

#crd
#storymode

image
7 w - Translate

ပဲခူးမြို့နယ်၊ အင်းတကော်မြို့အနီး၊ ပဲခူး-ရန်ကုန်ကားလမ်းမ၌ ဖေဖော်ဝါရီလ ၂၄ ရက် ယမန်နေ့ ညနေ ၅ နာရီကျော်အချိန်ခန့်က ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင် မေတ္တာမြင့်မြတ်ဟိန်းနှင့် မေမြတ်နိုးခင်တို့ စီးနင်းလိုက်ပါလာသည့်မော်တော်ယာဥ်သည် အင်းတကော်မြို့အနီး၌ လမ်းဖြတ်ကူးသူအား ရှောင်ရာမှ ယာဥ်တိုက်မှုဖြစ်ပွားခဲ့ ကြောင်းသိရသည်။

ဖြစ်စဥ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်နေ ယာဥ်မောင်း ကိုစိုင်းသီဟန် မောင်းနင်ပြီး ယာဥ်ရှေ့ခန်းတွင် ဓာတ်ပုံဆရာ ကိုအောင်သူအောင်၊ ယာဥ်နောက်ခန်း တွင် ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင် မေတ္တာမြင့်မြတ်ဟိန်းနှင့် မေမြတ်နိုးခင်တို့ စီးနင်းလိုက်ပါလာသည့် မော်တော်ယာဥ်အမှတ် MDY-12/9E-8717 TOYOTA MARK IIအမျိုးအစားယာဥ်သည် ပဲခူး-ရန်ကုန်ကားလမ်းအတိုင်း ပဲခူးဘက်မှ ရန်ကုန်ဘက်သို့မောင်းနင်လာစဥ် အင်းတကော်မြို့၊ အမှတ်(၆)ရပ်ကွက် မိုင်တိုင်(၁၆/၁)နှင့်(၁၆/၂)အကြားအရောက်တွင် လမ်းဖြတ်ကူးသူ အမျိုးသားတစ်ဦးအားတိမ်းရှောင်ရာမှ ယာဥ်မှာလမ်း၏ယာဘက်ခြမ်းသို့ရောက်ရှိသွားခဲ့ပြီး လမ်းဘေးတွင်စုံမီးဖွင့်၍ရပ်ထာသော ခြောက်မူးသံလုံးများတင်ဆောင်ထားသည့် FORTON အမျိုးအစားအဖြူရောင်တွဲကားယာဥ်အား နောက်မှဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဥ်တိုက်မှုကြောင့် ယာဥ်မောင်း ကိုစိုင်းသီဟန်တွင် ညာလက်မောင်းပေါက်ပြဲဒဏ်ရာ၊ ညာခြေထောက်ကျိုးဒဏ်ရာ၊ ကိုအောင်သူအောင် တွင် ဝဲဘက် လည်ပင်ပွန်းခြစ်ဒဏ်ရာ၊ ရင်ညွှန့်အောက်ဒဏ်ရာ၊ သရုပ်ဆောင် မေတ္တာမြင့်မြတ်ဟိန်းတွင် ခါးပွန်းပဲ့ဒဏ်ရာ၊ တင်ပါးပွန်းခြစ်ဒဏ်ရာ၊ သရုပ်ဆောင် မေမြတ်နိုးခင်တွင် နှာခေါင်းသွေးထွက်၊ ဝဲဘက်လက်မောင်းကျိုးဒဏ်ရာ၊ ဝဲ/ယာခြေမပွန်းခြစ်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြသဖြင့် ပဲခူးမြို့ ခုတင်(၅၀၀)အထွေထွေရောဂါကု ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ကာဆေးကုသမှုခံယူကြပြီး ယာဥ်အားမဆင်မခြင်မောင်းနင်းသူ စိုင်းသီဟန်ကို ဥပဒေအရအရေးယူနိုင်ရန် အင်းတကော်ရဲတပ်ဖွဲ့စခန်း၌ အမှုဖွင့် လှစ်ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

image
image
image
7 w - Translate

ထူးခြားရဲ့ ဝက်နံရိုးမီးတောက်ဆိုင်ကို တကူးတက သွားရောက်အားပေးခဲ့တဲ့ ရာဇာနေဝင်း 🥰

သရုပ်ဆောင် ထူးခြားကတော့ သူ့ရဲ့ အကိုလို ချစ်ခင်ရတဲ့ ရာဇာနေဝင်းက တကူးတကလာရောက်အားပေးလို့ ပျော်ရွှင်နေတာပါ။ ရာဇာနေဝင်းကလည်း အနုပညာညီအကိုရဲ့ ဆိုင်ကို အားပေးချင်တဲ့စိတ်သက်သက်နဲ့ သွားရောက်အားပေးခဲ့တာဖြစ်ပါတယ်။ သရုပ်ဆောင်ထူးခြားဟာ ဝက်နံရိုးမီးတောက်နဲ့ ရခိုင်ရိုးရာအစားအသောက်ဆိုင်ကို သာကေတမြို့နယ်မှာ ဇနီးဖြစ်သူနဲ့အတူ ဖွင့်လှစ်ထားတာပါ။

image
7 w - Translate

စိုင်းစိုင်းခမ်းလှိုင်က အပြည့်အဝ Support ပေးထားတဲ့ အဆိုတော်မလေး မြတ်မြတ်မျိုးထက် 🥰

သူမကိုတော့ လက်တလော ပရိသတ်တွေက စိတ်ဝင်စားမှု ပိုမိုမြင့်တက်နေတာပါ။ တောင်ကြီးဟိုတယ်ဖျော်ဖြေပွဲမှာ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဖျော်ဖြေမှုနဲ့အတူ သူမကိုပါတွဲဖက်တွေ့မြင်ရပြီး 'သူမက ဘယ်သူလဲ' ဆိုတဲ့ မေးခွန်းတွေကို တွေ့နေရတာပါ။ စိုင်းစိုင်းရဲ့ ရှိုးပွဲအတော်များများမှာ စိုင်းစိုင်းနဲ့အတူ တွဲဖက်ဖျော်ဖြေနေပြီး စိုင်းစိုင်းခမ်းလှိုင်ရဲ့ Support ကို အပြည့်အဝရရှိနေသူပါ။ စိုင်းစိုင်းခမ်းလှိုင်ပါဝင်ထားတဲ့ စိတ်ကကြိုး ရုံတင်ဇာတ်ကားထဲမှာလည်း သူနဲ့အတူ တွဲဖက်ပြီး ဇာတ်ဝင်တေးသီချင်းလေးကို သီဆိုထားပါသေးတယ်။ စိုင်းစိုင်းရဲ့ Vlog အတော်များများကိုလည်း သူမက ကူညီရိုက်ကူးပြီး ပါဝင်ထားတာကိုလည်း တွေ့ကြရမှာပါနော်။

image
7 w - Translate

ခင်ပွန်းဖြစ်သူနဲ့အတူတူ မင်္ဂလာပွဲတက်ခဲ့တဲ့ ဝတ်မှုန်ရွှေရည် 🥰

သူမကတော့ မိတ်ဆွေရဲ့ မင်္ဂလာပွဲတစ်ခုကို ခင်ပွန်းဖြစ်သူနဲ့အတူတူ တက်ခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ အလှဆုံးမင်းသမီးလို့ဆိုရလောက်အောင် ဖက်ရှင်နဲ့လှပမှုမှာတော့ မရိုးနိုင်အောင် စွမ်းဆောင်နိုင်သူလေးပါ။ အမြဲတစေ ခင်ပွန်းနဲ့အတူ အချိန်ပေးပြီး ပွဲတက်၊ အပန်းဖြေတာတွေကိုလည်း တွေ့ရှိရပါတယ်။ ဝတ်မှုန်ရွှေရည်ဟာ ပူပူနွေးနွေး တတိယမြောက်အကယ်ဒမီဆုရှင်လည်း ဖြစ်ပါတယ်။

image
7 w - Translate

တူမလေးရဲ့ Bridal Shower ပွဲကို သူမရဲ့အိမ်မှာ ကျင်းပပေးခဲ့တဲ့ အိန္ဒြာကျော်ဇင် 🥰🥰🥰

သရုပ်ဆောင် အိန္ဒြာကျော်ဇင်က မကြာသေးခင်က မင်္ဂလာဆောင်ခဲ့တဲ့ တူမလေးရဲ့ Bride to be ပွဲလေးကို ပါဝင်ဆင်နွှဲခဲ့တာပါ။ ဒီပွဲလေးကိုတော့ တူမလေးဖြစ်တဲ့ မေတိုးခိုင်ကပဲ စီစဉ်ခဲ့ပြီး အူဝဲက သူမရဲ့အိမ်မှာပြင်ဆင်ကျင်းပပေးခဲ့တာပါ။ တူမတွေနဲ့အတူတူ အဒေါ်ဖြစ်တဲ့ အူဝဲက ဘယ်လိုတွေပါဝင်ထားလဲဆိုတာ ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

#celenews

image
7 w - Translate

ယူကရိန်းက ဘယ်လိုကတိကဝတ်တွေနဲ့ နျူကလီးယားလက်နက်ကို စွန့်လွှတ်ခဲ့တာလဲ

ဆိုဗီယက်ယူနီယံ ပြိုကွဲသွားချိန်မှယ ယူကရိန်းနိုင်ငံဟာ ကမ္ဘာပေါ်မှာ တတိယအကြီးဆုံး နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်ခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်မှာ ယူကရိန်းမှာ နျူကလီးယားဗုံးဒုံးကျည် ၁၇၆ ခု၊ ဗျူဟာမြောက်ဗုံးကြဲလေယာဉ် ၄၄ စင်းနဲ့ နျူကလီးယားလက်နက်ထိပ်ဖူးပေါင်း ၁,၉၀၀ ခန့် ရှိခဲ့ပါတယ်။ ဒီလက်နက်တွေဟာ ဗြိတိန်၊ ပြင်သစ်နဲ့ တရုတ်နိုင်ငံတို့ရဲ့ နျူကလီးယားလက်နက်အင်အားစုစုပေါင်းထက် ပိုများခဲ့ပါတယ်။

ဒါပေမယ့် ယူကရိန်းဟာ ၁၉၉၀ ခုနှစ်မှာ အချုပ်အခြာအာဏာပိုင် ကြေညာချက်ထုတ်ပြန်စဉ်ကတည်းက "နျူကလီးယားလက်နက်များကို လက်မခံ၊ မထုတ်လုပ်၊ မရယူရန်" ကတိပြုခဲ့ပါတယ်။ ဒီကတိကဝတ်ကို အကောင်အထည်ဖော်ဖို့ ၁၉၉၄ ခုနှစ်မှာ 'ဘူဒါပက်စ်သဘောတူညီချက်' Budapest Memorandum
ကို ချုပ်ဆိုခဲ့ပါတယ်။

ဘူဒါပက်စ်သဘောတူညီချက် အရ ယူကရိန်းဟာ အောက်ပါကတိကဝတ်တွေနဲ့ နျူကလီးယားလက်နက်တွေကို ဖျက်သိမ်းခဲ့ပါတယ်။

၁။ လုံခြုံရေးအာမခံချက်များ - အမေရိကန်၊ ရုရှား၊ ဗြိတိန်တို့က ယူကရိန်းရဲ့ နယ်နိမိတ်ပိုင်နက်နဲ့ အချုပ်အခြာအာဏာကို လေးစားမယ်၊ စစ်ရေးခြိမ်းခြောက်မှုမပြုရဘူး၊ စီးပွားရေးဖိအားပေးမှု မပြုရဘူးလို့ ကတိပြုခဲ့ပါတယ်။

၂။ စီးပွားရေးအကူအညီများ - ယူကရိန်းဟာ နျူကလီးယားလက်နက်တွေကို ရုရှားကို ပြန်လည်ပေးအပ်ခဲ့ပြီး အစားထိုးအနေနဲ့ နျူကလီးယားလက်နက်တွေထဲက ယူရေနီယမ်တန်ဖိုးအတွက် လျော်ကြေးငွေနဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံတွေအတွက် လောင်စာတွေ ရရှိခဲ့ပါတယ်။

၃။ နည်းပညာအကူအညီ - အမေရိကန်နိုင်ငံက ဒုံးပျံတွေ၊ ဗုံးကြဲလေယာဉ်တွေနဲ့ နျူကလီးယားအခြေခံအဆောက်အအုံတွေကို ဖျက်သိမ်းဖို့ ဒေါ်လာသန်း ၃၀၀ ကျော် (ယနေ့တန်ဖိုးအရ ဒေါ်လာသန်း ၆၃၆) ထောက်ပံ့ခဲ့ပါတယ်။

၄။ နျူကလီးယားလက်နက်မပြန့်ပွားရေးစာချုပ် - ယူကရိန်းဟာ နျူကလီးယားလက်နက်မပြန့်ပွားရေးစာချုပ် (NPT) ကို နျူကလီးယားလက်နက်မပိုင်ဆိုင်တဲ့နိုင်ငံအဖြစ် လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒီသဘောတူညီချက်အရ ယူကရိန်းဟာ ၁၉၉၆ ခုနှစ်မှာ နျူကလီးယားထိပ်ဖူးအားလုံးကို ရုရှားကို ပြန်လည်ပေးအပ်ခဲ့ပြီး ၂၀၀၁ ခုနှစ်မှာ နောက်ဆုံးကျန်ရှိတဲ့ ဗျူဟာမြောက် နျူကလီးယားလက်နက်သယ်ဆောင်ရေးယာဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။

ဒါပေမယ့် ၂၀၁၄ ခုနှစ်မှာ ရုရှားက ခရိုင်းမီးယားကို သိမ်းပိုက်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို ကျူးကျော်စစ်ဆင်ရေးလုပ်ခဲ့တာဟာ ဘူဒါပက်စ်သဘောတူညီချက်ကို ချိုးဖောက်ခဲ့တာဖြစ်ပါတယ်။ ဒီအဖြစ်အပျက်တွေကြောင့် ယူကရိန်းနိုင်ငံသားတွေနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေက ယူကရိန်းရဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းခဲ့တဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်လာကြပါတယ်။

ယူကရိန်းလွှတ်တော်အမတ် Pavlo Rizanenko က ၂၀၁၄ ခုနှစ်မှာ "ကျွန်တော်တို့ ဒီသဘောတူညီချက်ကြောင့် နျူကလီးယားလက်နက်တွေကို စွန့်လွှတ်ခဲ့တာပါ။ အခုတော့ ယူကရိန်းမှာ ကြီးမားတဲ့အမှားလုပ်မိခဲ့တယ်ဆိုတဲ့ ခံစားချက်ပြင်းထန်နေပါတယ်" လို့ ပြောခဲ့ပါတယ်။ သူက "နျူကလီးယားလက်နက်ရှိရင် တခြားနိုင်ငံတွေက အလွယ်တကူ ကျူးကျော်မှုတွေ လုပ်ရဲမှာမဟုတ်ပါဘူး။" လို့လည်း ဖြည့်စွက်ပြောခဲ့ပါတယ်။

ရုရှားနိုင်ငံအနေနဲ့ သဘောတူညီချက်ကို ချိုးဖောက်ခဲ့ပြီးဖြစ်သလို ၊ အမေရိကန်အနေနဲ့လည်း ယူကရိန်းအပေါ် စီးပွားရေးဖိအားမှု ပြုလုပ်သလိုဖြစ်ကာ လက်ရှိအချိန်မှာတော့ ယူကရိန်းကို အကူအညီတွေထပ်မံပေးဖို့ မရေရာတဲ့ အခြေအနေမှာ ရှိနေပါတယ်။

ဒီဖြစ်ရပ်ဟာ မည်သို့သော သဘောတူညီချက် စာချုပ်တွေ ချုပ်ဆိုပါစေ ၊ အင်အားကြီးတဲ့နိုင်ငံတွေက ဒီသဘောတူညီချက်တွေကို အချိန်မရွေး ချိုးဖောက်နိုင်တာကို ပြသနေတာလည်း ဖြစ်ပါတယ်။

#thuta City
#crd
#topicnews

image
Khine Su Zin shared a post  
7 w

7 w

(၇)ရက် သား/သမီး အဟောများ
တနင်္ဂနွေ သား၊သမီး
အလုပ် အကိုင် အဆင်ပြေ၍ သင့်တင့်စွာ
ကောင်းမွန်နေမည်ညပုံမှန် ဝင်ငွေ ရနေသော်လည်းရရန် လက်ကျန်ငွေမျိုးအတွက် နှောင့်နှေးကြန့်ကြာနေတတ်မည်။ကျန်းမာရေး ကောင်းမွန်နေတတ်မည်။နာတာရှည်ရောဂါမျိုးခံစားနေရတတ်သူမျိုးအတွက်မူကား၊အထူးသတိထားရမည့် ကာလဖြစ်သည်။အချစ်ရေး အဆင်ပြေနေပါမည်။သို့သော် ယာယီအားဖြင့် ဆက်သွယ်၍ မရဖြစ်နေတတ်မည်။အိမ်ထောင်ရေး အဆင်မပြောမကြာခဏ စကားများနေရတတ်မည်။ပညာရေး သင့်တင့်စွာ ကောင်းမွန်နေမည်။
ယတြာ-- တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် အိမ်ရှိဘုရားတွင်အုန်းထမင်း ကို မြေပဲလှော်ဖြူး၍ ကပ်လှူပေးပါ။
.....
တနင်္လာ သား၊သမီး
လုပ်ငန်းတွင် အချို့သော အဆငိမပြေမှုများ
ကြုံနေတတ်မည်။လက်အောက်ငယ်သားများနှင့်ပတ်သက်၍ ပြဿနာ ကြုံနေရတတ်မည်။ငွေကြေးအခြေအနေ တိုးတက်ကောင်းမွန်နေမည်။လက်အောက်ငယ်သားမှ ငွေကြေး အလွဲသုံးစားမှု ပြဿနာမျိုး ကြုံရတတ်၍ သတိပြုပါ။ကျန်းမာရေး ရုတ်တရက်ဖောက်ပြန်ကာ အခြေအနေ ဆိုးလာတတ်၍ သတိပြုပါ။အချစ်ရေး ပြဿနာမကြီးမားသော လမ်းခွဲရမှုမျိုး ကြုံရတတ်မည်။အိမ်ထောင်ရေး အဆင်ပြေနေတတ်ပြီး ပျော်ရွှင်ရမည်။ပညာရေး ကြိုးစား သလောက် အောင်မြင်မည်။ကြိုး စားလိုစိတ်နည်းနေတတ်မည်။
ယတြာ-- တနင်္လာနေ့ မွန်းလွဲပြီးနောပ် ဘုရား တနင်္လာထောင့်တွင် တံခွန် အဖြူရောင် (၂)လက် လှူပေးပါ။
---
အင်္ဂါ သား၊သမီး
အလုပ်၊ငွေကြေး မတည်ငြိမ်မှုမျိုး ပြုံနေရတတ်မည်။အားတင်းလုပ်ကိုင်နေရတတ်သော သဘောမျိုး ဖြစ်နေမည်။ကျန်းမာရေးတွင် အသက်ရှူလမ်းကြောင်းမှ ကူးစက်တတ်သောရောဂါမျိုး သတိပြုပါ။အချစ်ရေး ကံခေနေတတ်မည်။ချစ်သူဘက်က လမ်းခွဲသွားခြင်းမျိုး ကြုံရတတ်မည်။အိမ်ထောင်ရေး အဆင်မပြေ။ယာယီခွဲနေရခြင်းမျိုးထိ ကြုံတတ်မည်။ပညာရေး အခြေအနေတစ်ရပ်ကြောင့် ခေတ္တရပ်နားလိုက်ရခြင်းမျိုးထိ ကြုံရနိုင်မည်။
ယတြာ... ခေတ္တသာသနဘောင်ဝင်ခြင်း(သို့)
ရက်တို ဘုရားဖူးခရီးထွက်ခြင်းမျိုး ပြုပေးပါ။
---"
ဗုဒ္ဓဟူး သား၊သမီး
အလုပ်၊ငွေကြေး တည်ငြိမ်ကောင်းမွန်နေမည်။အလုပ်နေရာ ပြောင်းရန် အကြောင်း
ပေါ်လာတတ်မည်။ငွေကြေးကံ တိုးတက်မှုမျိုး ပြုံရတတ်မည်။ကျန်းမာရေး ကောင်းမွန်နေမည်။နှာစေး၊ချေားင်းဆိုးခြင်းမျိုး သတိပြုပါ။
အချစ်ရေး အဆင်ပြေနေမည်။ပြဿနာ မရှိနိုင်ပါ။အိမ်ထောင်ရေး သာယာပျော်ရွှင်ရမည်။ပညာရေး ကံကောင်းမွန်နေမည်။နိုင်ငံခြားပညာသင်ရန် အခွင့်ကောင်း ကြုံလာတတ်မည်။
ယတြာ.. ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင်အိမ်ကဘုရားတွင် ရေသန့်အေးအေး(၄) ခွက် ကပ်လှူပေးပါ။
----
ကြာသပတေး သား၊သမီး
အလုပ်အဆင်မပြေမတည်ငြိမ် ဖြစ်နေတတ်မည်။ခေတ္တရာယီသဘောသာဖြစ်မည်။ငွေကြေးပိုင်း ပုံမှန်အခြေအနေတွင်မရှိ၍ အခက်အခဲ ကြုံရတတ်မည်။ကျန်းမာရေး
အညံ့ရှိ၍ အစာအိမ်၊အသည်း၊သည်းခြေအိတ် ဆိုင်ရာ ရောဂါမျိုးထဲမှ သတိပြုရမည်။အချစ်ရေး ပြဿနာ အထူးမရှိနိုင်ပါ။အိမ်ထောင်ရေး
ပုံမှန်အခြေအနေတွင် ရှိနေမည်။အလြပ်ကြောင့် ခွဲနေရခြင်းမျိုး ကြုံရနိုင်မည်။ပညာရေး ကံပွင့်လမ်း၍ ထူးချွန်စွာ အောင်မြင်တတ်ပါမည်။
ယတြာ-- ကြာသပနေးနေ့ မွန်းလွဲပိုင်းတွင် ဘုရားပွေးနံထောင့်တွင် စံပါယ်ပန်း(၅) ကုံးကပ်လှူပေးပါ။
----,
သောကြာသား၊သမီး
လုပ်ငန်း သင့်တင့်စွာ ကောင်းမွန်နေတတ်ပြီး တိုးတကိမှုအချို့ ကြုံမည်။ငွေကြေးကံ ကောင်းမွန်၍ တိုးတက်ရရှိမှုမျိုး ကြုံမည်။ကျန်းမာရေး သတိပြရန်လိုပါမည်။ဝမ်းခေါင်းတွင်းရောဂါ။အစာလမ်းကြောင်းဆိုင်ရာ သတိပြုပါ။အချစ်ရေး အဆင်ပြေနေမည်။ပျော်ရွှင် ကြည်နူးရမည်။အိမ်ထောင်ရေး အဆင်ပြေသာယာနေမည်။မိသားစု အပန်းဖြေခရီး ထွက်ရန် ကြုံလာတတ်မည်။
ယတြာ-- သောကြာနေ့ မွန်းလွဲပိုင်းတွင် ဘုရားသောကြာထောင့်၌ ရေသက်စေ့ ပူဇော် သပ္ပာယ်ပေးပါ။
---
စနေ သား၊သမီး
အလုပ်၊ငွေကြေး အဖက်ဖက်မှ အောင်မြင် တိုးတက်နေမည်။ကျန်းမာရေး ကောင်းမွန်နေမည်။ကူးစက်ရောဂါမျိုး သတိပြုပါ။အချစ်ရေး အဆင်ပြေနေမည်။အိမ်ထောင်ရေး ပုံမှန် အခြေအနေတွင် ရှိမည်။ပညာရေး ကံပွင့်၍ အဆင့်မြင့်ပညာတစ်ရပ် သင်ရန် အခွင့်ကြောင်း ကြုံလာတတ်မည်။
ယတြာ-- ဘုရားစနေထောင့်တွင် မွေးနေ့ နံနက်ပိုင်း၌ ပိတောက်(၁၀)ညွန့် လှူပေးပါ။

ဆရာဝင်းမင်း(B.Sc)