7 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ထိုင်း-မြန်မာနယ်စပ်တွင် မြန်မာရွှေ့ပြောင်းလုပ်သား ၄၉ ဦး ဖမ်းဆီးခံရ
ထိုင်း-မြန်မာနယ်စပ် Sang-khla Buri ခရိုင်တွင် ဖေဖော်ဝါရီ ၂၈ ရက်က မြန်မာရွှေ့ပြောင်းလုပ်သား ၄၉ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းဒေသတွင်း သတင်းဌာနများ၏ဖော်ပြချက်အရ သိရသည်။
အဆိုပါ ရွှေ့ပြောင်းအလုပ်သမားများမှာ နယ်စပ်ကို ခြေကျင်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်လမ်းကြောင်းမှ ဝင် ရောက်လာခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားထားသည်။
၎င်းတို့အား ဖမ်းဆီးရမိချိန်တွင် သက်သေခံစာရွက်စာတမ်း မတွေ့ရှိခဲ့ရဘဲ စစ်ဆေးရေးဂိတ်များအား ရှောင်ရှားရန်အတွက် ပွဲစားခအနေဖြင့် တစ်ဦးလျှင် ဘတ် ၁၅ဝဝဝ ပေးဆောင်ခဲ့ကြရကြောင်း စစ်ဆေးချက်အရ သိရသည်။
မြန်မာရွှေ့ပြောင်းလုပ်သား ၄၉ ဦးတွင် အမျိုးသား ၃၆ ဦးနှင့် အမျိုးသမီး ၁၃ ဦးပါဝင်ပြီး ထိုင်းနိုင်ငံ ဘန်ဘိုရီပွန်မှတစ်ဆင့် နယ်စပ်ဖြတ်ကျော်ပြီး စမွတ်စခွန်ဘက်သို့ ပြောင်းရွှေ့လာချိန် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

image
7 w - Translate

Part_4
* အောင်မြင်မှုအတွက် အခြားဖော်မြူလာများ

မိနစ်အနည်းငယ်ထက်ပို၍ ကျွန်တော်တွေ့ဆုံခဲ့သည့်သူ အားလုံးက ကျွန်တော်နှင့် ပတ်သက်၍ ကိစ္စနှစ်ခုကိုသိကြသည်။ ၎င်းတို့မှာ ကျွန်တော် သည် ဘရုကလင်းမှဖြစ်ကြောင်းနှင့် ကျွန်တော်သည် ဂျူးလူမျိုးတစ်ယောက်ဖြစ်ကြောင်းတို့ဖြစ်သည်။
ထိုအကြောင်းများကို သူတို့ မည်သို့သိကြသလဲ။ အဘယ့်ကြောင့် ဆိုသော် ကျွန်တော်နှင့် ဆက်ဆံရသည်သူများကို ကျွန်တော်၏ နောက်ခံ သမိုင်းအကြောင်း ပြောပြ၍ဖြစ်သည်။ ကျွန်တော်၏ နောက်ခံသမိုင်းသည် ကျွန်တော်၏ တစ်စိတ်တစ်ဒေသပင်ဖြစ်သည်။ ဂျူးလူမျိုးဖြစ်ရခြင်းအတွက် လည်းကောင်း၊ ဘရုကလင်းမှ တက်လာသည့်သူ ဖြစ်ခြင်းအတွက်လည်း ကောင်း ကျွန်တော်ဂုဏ်ယူသည်။ ကျွန်တော်၏ စကားပြောဆိုမှုများအတွက် ကျွန်တော်၏ နောက်ခံသမိုင်းနှင့် ပတ်သက်၍ ရည်ညွှန်းကိုးကားမှုများ ကြားညှပ်ပါဝင်နေသည်ကို တွေ့ ရမည်။
ကျွန်တော်၏ အတွေ့ အကြုံများကို အခြားသူများနှင့် ပြောဆိုရန် ဝါသနာပါသည်။ အကယ်၍ ကျွန်တော်သည် စကားထစ်သည့်သူဖြစ်လျှင် ကျွန်တော်စကားပြောဆိုနေသည့်သူကို ထိုအကြောင်း ပြောပြမည်။
“ကျ . . ကျ. . . ကျွန်တော် ခင်ဗျားကို တွေ့ ... တွေ့ရတာဝမ်းသာပါတယ်။ ကျွန်တော့်နာမည်ဟာ လယ်. . . လယ်. . . လယ်ရီကင်း ပါ။ ကျွန်တော့်မှာ စကား ထစ်. . ထစ်. . ထစ်တဲ့ ပြဿနာရှိပါတယ်။ ဒါပေမဲ့ ဒီ. . . ဒီအကြောင်းကို ခင်ဗျားကိုပြောပြရတာ ဝမ်းသာပါတယ်” ဟု ပြောမည်။
ယခုအခါ သင့်အနေဖြင့် ပွင့်ပွင့်လင်းလင်း ရှိသွားပြီ။ ထိုအခါ အခြား သူကို စကားပြောရာ၌ ကြောက်ရွံ့နေစရာမလိုတော့ပေ။ သင်၏ အခြေအနေ ကို မျှဝေပြီးဖြစ်သွားပြီ။ ယခု မမျှဝေလျှင်လည်း အနှေးနှင့် အမြန်ဆိုသလို သူတို့ သဘောပေါက်သွားကြမည်ဖြစ်သည်။ သူတို့ သဘောမပေါက်ခင် သင်က ကြိုတင်ပြီး ရှင်းခြင်းဖြစ်သည်။ ထို့ကြောင့် မည်သို့မျှ ဟန်ဆောင်နေ စရာ အကြောင်းမရှိတော့ပေ။ နှစ်ဦးနှစ်ဖက် ပျော်ပျော်ရွှင်ရွှင် ပြောဆိုကြရန် သာရှိသည်။ ထိုသို့ပြောဆိုခြင်းကြောင့် စကားထစ်သည့်ကိစ္စကို မဖြေရှင်းနိုင် သော်လည်း စကားပြောကောင်းသူတစ်ယောက် ဖြစ်နိုင်ရမည်။ မိမိနှင့် စကား ပြောဆိုနေသည့်သူ၏ လေးစားမှုကို ရရှိနိုင်သည်။

# ဆက်ရန်ရှိ

image
7 w - Translate

FACTS ✅

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီရာသီ ပြိုင်ပွဲစုံ ထောင့်ကန်ဘောကနေ 13 ကြိမ်အထိ ဂိုးခွင့်ပြုပေးခဲ့ရပြီး ဒါဟာ ပရီးမီးယားလိဂ်အသင်းတွေထဲမှာ အများဆုံးဖြစ်ပါတယ် 🚨🔴

image
7 w - Translate

လူငယ်ကစားသမားလေး ချီဒိုအိုဘီဟာ မနေ့ညက ဝင်ကစားတဲ့ 52 မိနစ်အတွင်း Big Chance 3 ကြိမ်ထိရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ စီနီယာ ဟွိုင်လန်းကတော့ နောက်ဆုံးပရီးမီးယားလိဂ် 22 ပွဲအတွင်းမှာမှ Big Chance 3 ကြိမ်ရရှိခဲ့တာပါ။ 👀

image
7 w - Translate

တစ်ချို့က
iPhone 16e မှာ camera တစ်လုံးဖြုတ်လိုက်လို့
battery က 3,964 mAh အထိ ထည့်နိုင်သွားတာ
ဆိုပြီး မှတ်ချက်ပေးကြတယ်။
ဒါပေမယ့် camera ၃ လုံးနဲ့ 4,000 mAh ပါအောင် ထည့်ထားတဲ့ Samsung Galaxy S25 အတွက်ကျ
ဟာသဖြစ်နေမလားပေါ့။
မှတ်ချက်
ဘာလို့ S25 နဲ့ ယှဉ်ပြလဲဆို body ratio တူတဲ့ ဖုန်းနှစ်လုံးဖြစ်နေလို့။ ဒါတောင် S25 က 0.6mm ပိုပါးပြီး 5g ပိုပေါ့တယ်။

image
7 w - Translate

အက်ဖ်အေဖလား ကွာတားဖိုင်နယ်မဲခွဲရလဒ် 🏆

Fulham vs. Crystal Palace
Preston vs. Aston Villa
Bournemouth vs. Manchester City
Brighton vs. Nottingham Forest or Ipswich

image

*ရွေးကောက်ပွဲ ဒီမိုကရေစီတွင် သတိပြုစရာအချို့

ရွေးကောက်ပွဲ ကျင်းပခြင်းကို အကြောင်းပြု၍ ဒီမိုကရေစီဟု ဆိုကြမည့်အခါ ပထမဆုံး သတိပြုရန်က အာဏာ ကိုင်တွယ် သုံးစွဲမည့် အဓိက ရာထူးကြီးများ အားလုံးအတွက် ရွေးကောက်ပွဲဖြင့် ရွေးချယ် ခန့်အပ်ခြင်း ဟုတ် မဟုတ်ဟူသော အချက်ဖြစ်သည်။
ထုံးစံအားဖြင့်တော့ တိုင်းပြည်နှင့်ဆိုင်သည့် စည်းမျဉ်းစည်းကမ်းနှင့် မူဝါဒအရပ်ရပ်ကို ရွေးချယ် ချမှတ်မည့် ဥပဒေပြုလွှတ်တော်အမတ်များကို ရွေးကောက်ပွဲများမှသာ တင်မြှောက်ရသည်။
ထို့ပြင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၏ အကြီးအကဲဖြစ်သည့် သမ္မတ သို့မဟုတ် ဝန်ကြီးချုပ်အားလည်း ပြည်သူတို့က တိုက်ရိုက် ရွေးကောက်ခြင်း သို့မဟုတ် ပြည်သူ့ ကိုယ်စားလှယ်များက ရွေးကောက်တင်မြှောက်ခြင်းပြုရသည်။ ထို့ကြောင့် ရွေးကောက်တင်မြှောက်ရာတွင် ဒီမိုကရေစီ စံချိန် မပြည့်သော အနေအထားများ မဖြစ်ပေါ်စေရန်နှင့်အကယ်၍ ဖြစ်ပေါ်လာပါက ယင်းတို့ကို ထောက်ပြခြင်း၊ ဝေဖန်ခြင်း၊ ကန့်ကွက်ခြင်း၊ ပြောင်းလဲ ပြင်ဆင်အောင် တွန်းအား ပေးခြင်းများ ပြုလုပ်နိုင်ရန်အတွက် လွတ်လပ်စွာ ပြောဆိုခြင်း အပါအဝင် ပြည်သူ့ လွတ်လပ်ခွင့်များ ပြည့်ဝဖို့ လိုသည်ဟု ဆိုကြခြင်းဖြစ်သည်။

#ဆက်ရန်ရှိ

7 w - Translate

ယူနိုက်တက် 1-1 ဖူလ်ဟမ်
Pen 3-4 (ဖူလ်ဟမ် နောက်တဆင့်တက်)

ရှုံးမယ့်အရေး မြန်မြန်ဆန်ဆန်မရှုံးခဲ့လို့ ကစားသမားတွေ ပွဲပန်းကာ ပင်ပန်းခဲ့ရတာကလွဲရင် ဘာမှထူးထူးခြားခြားမဖြစ်သွားခဲ့တော့ဘဲ ငဆိုက်တို့တော့ အက်ဖ်အေဖလားကနေ ထွက်ခဲ့ရပါပြီ။ ဒီခြေစွမ်းဒီလူစာရင်းနဲ့ကတော့ မန်ယူတို့တခြားဖလားမှန်းဖို့ဆိုတာ မဖြစ်နိုင်တော့လို့ ဖလားလက်မဲ့ရာသီဖြစ်ဖို့လည်း သေချာသလောက်ပါပဲ။

image
7 w - Translate

မနေ့ညက အက်ဖ်အေဖလားပွဲစဉ်တုန်းက ရခဲ့တဲ့ ဒဏ်ရာကြောင့် ပဲလေစ့်တိုက်စစ်မှူး မာတီတာဟာ ဆေးရုံမှာ 25 ချက်ထိ ချုပ်ခဲ့ရတယ်လို့သိရပါတယ်။ 🚨

Get well soon ❤️

image
7 w - Translate

ဘရိုက်တန်အသင်းဟာ ဒီည နယူးကာဆယ်နဲ့အဝေးကွင်းပွဲကို လိုက်ပါအားပေးကြမယ့် ဘရိုက်တန်ပရိသတ်တွေအတွက် ပိုင်မုန့်နဲ့သောက်စရာဖရီး ဝယ်ကျွေးခဲ့ပါတယ် 💙
#mplf

image