Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
လုပ်ယူမှရမယ့် ဂရုစိုက်မှုတွေဆိုရင်
မရလည်းနေပါစေ။
တစ်ယောက်ထဲလဲ အဆင်ပြေပါတယ်။
#စာတို
#ပြည်တွင်းသတင်း
◼ဒေါပုံတွင် မီးရှို့တိုက်ခိုက်ခံရသူများထဲမှ ဆယ်အိမ်မှူးအမျိုးသမီး ထပ်မံသေဆုံး
ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်၌ ဓာတ်ဆီဖြင့်ပက်၍မီးရှို့တိုက်ခိုက်ခံရသူသုံးဦးထဲမှ ဆယ်အိမ်မှူးအမျိုးသမီးတစ်ဦး ဆေးကုသမှုခံယူနေစဉ် ယမန်နေ့(မတ် ၂ ရက်) ညနေပိုင်းတွင်သေဆုံးသွားကြောင်း ၎င်းနှင့်နီးစပ်သူများထံမှသိရသည်။
“မနေ့ကညနေပိုင်းပဲဆုံးသွားတာ။ သူကဒဏ်ရာပြင်းထန်တယ်လို့ကြားတယ်။ နောက်ကောင်မလေးတစ်ယောက်ကတော့ ခြေထောက်ပဲထိတာ၊ ဆေးရုံတောင်ဆင်းသွားပြီ” ဟု ရပ်ကွက်နေပြည်သူတစ်ဦးကပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်၊ ဓမ္မရိပ်သာလမ်းသွယ်တွင် ရာအိမ်မှူးတစ်ဦး၊ ဆယ်အိမ်မှူးအမျိုးသမီးတစ်ဦးနှင့် အမျိုးသမီးငယ်တစ်ဦးတို့ သန်းခေါင်စာရင်း မိတ္တူများလိုက်လံကောက်ခံစဉ် ၎င်းတို့သွားရောက်ကောက်ယူသည့်နေအိမ်မှ အိမ်ရှင်အမျိုးသားတစ်ဦးက ဓာတ်ဆီဖြင့်ပက်ကာမီးရှိုးတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါမီးရှို့တိုက်ခိုက်ခံရမှုကြောင့် ရာအိမ်မှူးကိုနှုတ်ခမ်းမွှေးဆိုသူသည် ရန်ကုန်ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေစဉ် ဖေဖော်ဝါရီ ၂၆ ရက်တွင် အနာပိုးဝင်ကာသေဆုံးခဲ့သည်။
ယခုဆယ်အိမ်မှူးအမျိုးသမီးသည်လည်း မီးလောင်ဒဏ်ရာများဖြင့် ၁၈ ရက်ကြာဆေးကုသမှုခံယူခဲ့ရပြီး အနာပိုးဝင်ကာသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကြည်စုရပ်ကွက်တွင်နေထိုင်သူများထံမှသိရသည်။
သတင်း-နေသစ်ဦး
ကြက်ဥပေါင်မုန့်ပူတင်းလုပ်နည်း
ပါဝင်ပစ္စည်း
ကြက်ဥ 5လုံး
ပေါင်မုန့် 5ချပ်
သကြား 1ဇွန်း
နွားနို့ 300ml
ဂျုံ 1ဇွန်း (ကိတ်ဂျုံ/ရိုးရိုးဂျုံ)
နို့မှုန့် 1ထုပ်
(ပေါင်မုန့်ပူတင်းကလုပ်ရအရမ်းလွယ်တာမို့ပါဝင်ပစ္စည်းကိုမိမိတို့အဆင်ပြေသလိုထည့်လို့ရပါတယ်)
-ပါဝင်ပစ္စည်းအားလုံးကို ကြိတ်စက်ထဲ ထည့်ကြိတ်ပါ
-သကြားကို မီးအပူပေးပြီးအညှိရောင်သန်းလာတဲ့အထိ ထားပြီး ပေါင်းမယ့်ခွက်ထဲ လောင်းထည့်ထားပါ
- ပေါင်းခံခွက်ထဲက သကြားအရည်လေးတွေအေးလာမှ ကြိတ်စက်ထဲကအနှစ်လေးတွေကို ဇကာလေးနဲ့စစ်ပြီး ထည့်ပေးပါ
-ရေနွေးငွေ့နဲ့ပေါင်းတဲ့အခါမီးအပူချိန်ပေါ်မူတည်ပြီးပြောင်းတတ်တာမို့ နာရီဝက်လောက်တစ်ခါဖွင့်ကြည့်ပေးပါ ဖြိုးကတော့ 45 မိနစ်နီးပါးထိပေါင်းပြီးမှ အရမ်းစားကောင်းတဲ့ ပေါင်မုန့်ပူတင်းလေးရသွားပြီ🥰
လူတစ်ယောက်ကို ပြောင်းလဲဖို့
အချိန်တွေ အများကြီး မပေးနဲ့။
သူ့စိတ်ကို ပြောင်းလဲလို့ မရရင်
ကိုယ့်စိတ်ကို ပြောင်းလဲပစ်လိုက်ပါ။
ဘယ်လိုမျိုးလဲဆိုတော့
သူ့ကို လိုအပ်နေတဲ့ ကိုယ့်ရဲ့ စိတ်၊
သူ့အပေါ် မျှော်လင့်နေတဲ့ ကိုယ့်ရဲ့ စိတ်၊
တစ်နေ့မှာဆိုပြီး
အားတင်းနေမိတဲ့ ကိုယ့်ရဲ့ စိတ်၊
သူ မရှိရင် ဖြစ်မှာ မဟုတ်ဘူးဆိုပြီး
အားငယ်နေတဲ့ ကိုယ့်ရဲ့ စိတ်၊
အဲဒီစိတ်တွေကို အကုန်ပြောင်းလဲပစ်လိုက်ပါ။
ကျွန်တော်တို့ဟာ လူတစ်ယောက်ကို
အချိန်တွေ အကြာကြီးပေးပြီး စောင့်ဆိုင်းနေဖို့
တာဝန်မရှိပါဘူး။ လိုလည်း မလိုအပ်ပါဘူး။
#စာရယ်ကဗျာရယ်