ဘော်ဒါတွေနဲ့အတူတူ ခရီးတိုလေးထွက်ပြီး ပျော်ပျော်ပါးပါး အနားယူရင်း chill ချင်သူတွေ အတွက် အတွေ့အကြုံသစ်လည်းရ စိတ်သစ်လူသစ်လည်းဖြစ်စေဖို့ "အမေ့ရွာ Campground" လေးက အဆင်သင့်ရှိနေပါတယ်နော် 🤗❤️
နေရာ‌လေးကလည်း အလှမ်းမဝေးဘူး.... အမြန်လမ်း ရန်ကုန်ဘက်ကလာရင်
16 မိုင် 4 ဖာလုံ နဲ့ 5 ဖာလုံကြား လမ်းလေးကနေ 15 မိနစ်လောက်ဝင်လာရင် ရောက်ပါပြီ ...
လမ်းညွှန်လေးတွေလည်းရှိတာမို့ ပိုပြီးလွယ်ကူအဆင်ပြေပါတယ်နော် 🚏
ကဲ.....ရောက်တာနဲ့ Camping vibe လေးအပြည့်အဝရဖို့ Tent တွေမှာ နေရာယူပြီးရင်
🚵 စက်ဘီးစီးကြမယ်
⚽ ဘောလုံးကန်ကြမယ်
🏸 ကြက်တောင်ရိုက်ကြမယ်
🌅 နေဝင်ချိန်အလှလေး ခံစားကြမယ်
🎸 ဂစ်တာတီးပြီး သီချင်းဆိုကြမယ်
🌠 ညဘက်ဆိုကြယ်လေးတွေကြည့်ကြမယ်...
လုပ်စရာ activities တွေက များလွန်းလို့ တွေးကြည့်တာနဲ့တင် ပျော်စရာကောင်းနေပြီဟုတ် ? 🙈
အားလုံးသိချင်ကြမယ့် Package တစ်ခုစီရဲ့ ဈေးနှုန်းလေးတွေနဲ့ ရရှိမယ့် facilities တွေလည်း ပြောပါပေးမယ်နော်
⛺ နေချင်းပြန် (90 AM to 60 PM) - တစ်ယောက်ကို 15000 ks
- နေလည်စာ ဖက်ထမင်း‌ကျွေးပါမယ် (ကြက်ကြော်/ငါးဖယ်/ဘဲဥ)
- မီးဖိုပေးထားပါတယ်။
Camping ရဲ့ ထုံးစံအတိုင်း ကိုယ်တိုင်ချက်ပြုတ် ကင်စားချင်တဲ့သူများအတွက် အကင်/အသားလေးတွေလည်း ရောင်းပေးပါမယ်နော်...
(ကြက်ကာလသားချက်/ကြက်ကြော်/ အသီးရွက်ကြော် ဘိုကင်တင်ရင်း ကြိုမှာရင် ချက်ပေးထားပါတယ်ရှင်.. )
⛺️ညအိပ် (120 PM to 100 AM) - တစ်ယောက်ကို 32000 ks, ငါးယောက်နှင့်အထက် 27000 ks
- နေလည်စာဖက်ထမင်းကျွေးပါမယ် (ကြက်ကြော်/ငါးဖယ်/ဘဲဥ)
- ညစာလည်း ပါဝင်ပါတယ်
ပိုပြီး ပျော်ဖို့ကောင်းအောင် ကိုယ်တိုင်ချက်ပြုတ်စားဖို့ အတွက်
(ကြက်/ဝက်/အမဲ) အသားတခုခု
ကြက်သားချောင်း🥖
ကြက်သားပြား🫓
ခေါက်ဆွဲထုပ်🫕
အသီးရွက်စုံ🥗
ကွကျဥ🍳
နေကြာစိ🌻
️ ကော်ဖီ☕ တို့ ပါဝင်ပြီး
အိုးခွက်ပန်းကန် မီးဖို‌တွေနဲ့အတူ ပေးထားပါတယ် ။
- မနက်စာအတွက်လည်း စိတ်မပူပါနဲ့ ... ပါပါတယ်လို့ 🤩
အရုဏ်ဦး နေထွက်ချိန်လေးကိုခံစားရင်း
ကောက်ညှင်းပေါင်း
ပဲပြုတ်
ကြက်ဥပြုတ် နဲ့
ကော်ဖီ‌ လေးသောက်ပြီး chill လို့ရပါသေးတယ်နော်... ကဲ ဘာလိုသေးလဲ ပြော 🤓
(ဘိုကင် ယူဖို့ပဲ လိုတော့တယ် 😁)
⭐ ညအိပ်လာမယ့်သူလေးတွေက အိပ်ယာ/စောင်/ခေါင်းအုံး
သွားတိုက်ဆေး/သွားတိုက်တံ
တစ်ကိုယ်ရေသုံးပစ္စည်းများကို‌တော့ ယူလာပေးပါနော်။ 🤗
နောက်ထပ်အနေနဲ့ Tent မှာပဲ မအိပ်တက်ဘူး... လူများများလည်း လာလည်ချင်တယ်ဆိုရင်တော့ အိမ်သာရေချိုးခန်းပါပြီး ဘန်ဂလိုနှစ်လုံးရှိပါတယ်။
အဲ့ဒီအတွက်ကိုတော့
တစ်ယောက် package + ငါးသောင်းပေါင်းပါတယ်ရှင်။
ငါးယောက်လာလာ၊ နှစ်ယောက်တည်းပဲလာလာ ဘယ်နှစ်ယောက်လာလာ
ငါးသောင်းပဲ ထပ်ပေါင်းပါတယ်။
ငါးယောက်အေးဆေးအိပ်လို့ရပါတယ်။ အပြင်မှာ Tent လေးတွေလည်း ထိုးပေးထားပါတယ်။
*** ဘိုကင်ကိုတော့
အနည်းဆုံးတစ်ပတ်ကြိုတင်ယူပေးရပါမယ်တယ်။
စရံငွေတစ်ဝက်လွှဲပီးမှ
ဘိုကင်အတည်ဖြစ်ပါတယ်နော်။
စရံငွေတော့ ပြန်မအမ်းပေးပါဘူးနော်
ကဲ.....မြို့ပြရဲ့ မွန်းကြပ်မှုတွေအဝေး ပြေးထွက်ဖို့ မိသားစုနဲ့ ဘော်ဘော်တွေကို အခုပဲ လက်တို့ပြီး အရောက်လာခဲ့တော့နော် ❤

image

imageimage
+10

စွဲလန်းပတ်သတ်ခဲ့သမျှ အမှားတို့ထင်ကျန် သံယောဇဉ်ဖြတ်လိုက်ကြဖို့လမ်းလဲမမြင်ခဲ့ <br>Adjustor - Fossil

အချစ်ကိုလဲကြောက်ပါတယ် စစ်ကိုလဲကြောက်ပါတယ် ကျွန်တော် ဒီနိုင်ငံရဲ့လူဆင်းရဲပါ.. -ရိပ်ငြိမ်း

7 w - Translate

လုပ်ယူမှရမယ့် ဂရုစိုက်မှုတွေဆိုရင်
မရလည်းနေပါစေ။
တစ်ယောက်ထဲလဲ အဆင်ပြေပါတယ်။

#စာတို

https://www.tiktok.com/@xanjjki/video/7474231335708740871?is_from_webapp=1sender_device=pc

ကြားရတဲ့ ရထားသံ ရင်ခုန်သံလား#cassettetape #myanmarsong?? #nostalgia #ခိုင်ထူး #စစ်ကိုင်းလမ်း

7 w - Translate

#ပြည်တွင်းသတင်း
◼ဒေါပုံတွင် မီးရှို့တိုက်ခိုက်ခံရသူများထဲမှ ဆယ်အိမ်မှူးအမျိုးသမီး ထပ်မံသေဆုံး
ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်၌ ဓာတ်ဆီဖြင့်ပက်၍မီးရှို့တိုက်ခိုက်ခံရသူသုံးဦးထဲမှ ဆယ်အိမ်မှူးအမျိုးသမီးတစ်ဦး ဆေးကုသမှုခံယူနေစဉ် ယမန်နေ့(မတ် ၂ ရက်) ညနေပိုင်းတွင်သေဆုံးသွားကြောင်း ၎င်းနှင့်နီးစပ်သူများထံမှသိရသည်။
“မနေ့ကညနေပိုင်းပဲဆုံးသွားတာ။ သူကဒဏ်ရာပြင်းထန်တယ်လို့ကြားတယ်။ နောက်ကောင်မလေးတစ်ယောက်ကတော့ ခြေထောက်ပဲထိတာ၊ ဆေးရုံတောင်ဆင်းသွားပြီ” ဟု ရပ်ကွက်နေပြည်သူတစ်ဦးကပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်၊ ဓမ္မရိပ်သာလမ်းသွယ်တွင် ရာအိမ်မှူးတစ်ဦး၊ ဆယ်အိမ်မှူးအမျိုးသမီးတစ်ဦးနှင့် အမျိုးသမီးငယ်တစ်ဦးတို့ သန်းခေါင်စာရင်း မိတ္တူများလိုက်လံကောက်ခံစဉ် ၎င်းတို့သွားရောက်ကောက်ယူသည့်နေအိမ်မှ အိမ်ရှင်အမျိုးသားတစ်ဦးက ဓာတ်ဆီဖြင့်ပက်ကာမီးရှိုးတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါမီးရှို့တိုက်ခိုက်ခံရမှုကြောင့် ရာအိမ်မှူးကိုနှုတ်ခမ်းမွှေးဆိုသူသည် ရန်ကုန်ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေစဉ် ဖေဖော်ဝါရီ ၂၆ ရက်တွင် အနာပိုးဝင်ကာသေဆုံးခဲ့သည်။
ယခုဆယ်အိမ်မှူးအမျိုးသမီးသည်လည်း မီးလောင်ဒဏ်ရာများဖြင့် ၁၈ ရက်ကြာဆေးကုသမှုခံယူခဲ့ရပြီး အနာပိုးဝင်ကာသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကြည်စုရပ်ကွက်တွင်နေထိုင်သူများထံမှသိရသည်။
သတင်း-နေသစ်ဦး

image

Lunox Combo By Ruby DD

ကြက်ဥပေါင်မုန့်ပူတင်းလုပ်နည်း
ပါဝင်ပစ္စည်း
ကြက်ဥ 5လုံး
ပေါင်မုန့် 5ချပ်
သကြား 1ဇွန်း
နွားနို့ 300ml
ဂျုံ 1ဇွန်း (ကိတ်ဂျုံ/ရိုးရိုးဂျုံ)
နို့မှုန့် 1ထုပ်
(ပေါင်မုန့်ပူတင်းကလုပ်ရအရမ်းလွယ်တာမို့ပါဝင်ပစ္စည်းကိုမိမိတို့အဆင်ပြေသလိုထည့်လို့ရပါတယ်)
-ပါဝင်ပစ္စည်းအားလုံးကို ကြိတ်စက်ထဲ ထည့်ကြိတ်ပါ
-သကြားကို မီးအပူပေးပြီးအညှိရောင်သန်းလာတဲ့အထိ ထားပြီး ပေါင်းမယ့်ခွက်ထဲ လောင်းထည့်ထားပါ
- ပေါင်းခံခွက်ထဲက သကြားအရည်လေးတွေအေးလာမှ ကြိတ်စက်ထဲကအနှစ်လေးတွေကို ဇကာလေးနဲ့စစ်ပြီး ထည့်ပေးပါ
-ရေနွေးငွေ့နဲ့ပေါင်းတဲ့အခါမီးအပူချိန်ပေါ်မူတည်ပြီးပြောင်းတတ်တာမို့ နာရီဝက်လောက်တစ်ခါဖွင့်ကြည့်ပေးပါ ဖြိုးကတော့ 45 မိနစ်နီးပါးထိပေါင်းပြီးမှ အရမ်းစားကောင်းတဲ့ ပေါင်မုန့်ပူတင်းလေးရသွားပြီ🥰

image