7 w - Translate

ဆုတောင်း 🍃
မောင်သာ
ရွက်ဝါကလေးဖြစ်ပါရင်
ခင့်ကိုယ်ပေါ် တစ်ပင်လုံး
သိမ်းကြုံးကြွေချင် ။
မောင်သာလေ
နေကလေးဖြစ်ရင်
ခင့်အိပ်ရာ ပြတင်းပေါက်
မေးထောက်ကာ မျှော်မဆုံး
တစ်သက်လုံးနေမဝင် ။
ဒါပေမဲ့ ... ချစ်သူ ခင်
မျက်နှာမြင် မုန်းချင်သတဲ့။
သည်လိုသာဆိုရင်လည်း
နောက်မချစ်ရဲအောင်
ကျောက်စရစ်ခဲအသွင်သာ
မောင် ဖြစ်ပါ စေချင်ကြောင်း
ဆုတောင်းမိရဲ့ ။ ။
▪သစ္စာနီ

image

3 - 3 - 2025 ( 100 am )
အကယ်ဒမီရွှေ အဖွင့်စျေး
WG - 2862 $

ဆိုင်စျေး စနှစ်ဟောင်း
( ၁ိ - 16.606 g )
မီးလင်း - 6590000 Ks
၁၅`ရည် - 6200000 Ks

ဆိုင်စျေး စနှစ်သစ်
( ၁ိ -16.329g )
မီးလင်း - 6480000 Ks
၁၅'ရည် - 6098000 Ks

YGEA ရည်ညွှန်းစျေး
( ၁ိ - 16.329 g )
မီးလင်း - 5450000 Ks
၁၅' ရည် - 5130000 Ks

မှတ်ချက် ။ ။ အက်မင်သည်
မည့်သည့်အရာမှ အရောင်းအဝယ်
မလုပ်ပါ ။
အရောင်းမှား အဝယ်မှား မဖြစ်စေရန် တင်ပေးခြင်းဖြစ်သည် ။

#ရွှေစျေး
#gdbprice
#crd

image
7 w - Translate

အိန္ဒိယနိုင်ငံမှ အံ့ဖွယ်မဟာဗောဓိညောင်ပင်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ကမ္ဘာပေါ်မှာ အံ့သြဖွယ်ရာ သဘာဝဖြစ်တည်မှုတွေ အများအပြားရှိတဲ့အနက် အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်၊ (Howrah) ဟောင်ရာမြို့အနီး မှာရှိတဲ့ မဟာဗောဓိညောင်ပင်ကြီးဟာ ထူးခြားတဲ့ သစ်ပင်တစ်ပင်အဖြစ် ထင်ရှားပါတယ်။
ဒီအပင်ကြီးဟာ သစ်တောတစ်ခုလို ကျယ်ပြန့်လှပေမယ့် တကယ်တမ်းတော့ အပင်တစ်ပင်တည်းသာ ဖြစ်ပါတယ်။
သက်တမ်းအားဖြင့် နှစ်ပေါင်း ၂၅၀ ကျော်ရှိပြီဖြစ်တဲ့
ဒီညောင်ပင်ကြီးရဲ့ ထူးခြားချက်ကတော့ ပင်စည်တစ်ခုတည်းကနေ ကောင်းကင်အမြစ်တွေ အများအပြား ထွက်ပေါ်လာပြီး မြေကြီးထဲကို ထိုးဆင်းကာ ပင်စည်အသစ်တွေအဖြစ် ကြီးထွားလာခြင်းပါပဲ။
ဒီဖြစ်စဉ်ကြောင့် အပင်ဟာ အချိန်ကြာလာတာနဲ့အမျှ ဧရိယာ ၄.၆၇ ဧက (၁.၈၉ ဟက်တာ) လောက်အထိ ကျယ်ပြန့်လာပြီး သစ်တောအုပ်ကြီးတစ်ခုလို ထင်မှတ်မှားရလောက်အောင် ဖြစ်လာပါတယ်။
အပင်ရဲ့ အမြင့်ကတော့ ပေ ၈၀ (၂၄ မီတာ) ဝန်းကျင် ရှိပါတယ်။ သို့သော်လည်း ၁၉၂၅ ခုနှစ်မှာ မုန်တိုင်းဒဏ်ကြောင့် မူလပင်စည်ဟာ မှိုရောဂါကြောင့် ပျက်စီးသွားခဲ့ပြီး ဖယ်ရှားခဲ့ရပါတယ်။
လက်ရှိမြင်တွေ့နေရတဲ့ အပင်ကြီးဟာ မူလပင်စည်ကနေ ပေါက်ဖွားလာတဲ့ ကောင်းကင်အမြစ်တွေကနေတဆင့် ပင်စည်အသစ်များစွာအဖြစ် ဆက်လက်ရှင်သန်ကြီးထွားနေတာ ဖြစ်ပါတယ်။
#knowledge

image
7 w - Translate

ဘဝမှာ လိုချင်တာတွေ မရခဲ့
ဖြစ်ချင်တာတွေလည်း မဖြစ်ခဲ့
ဒဏ်ရာတွေ ဗရပွနဲ့ လဲကျနေခဲ့ပေါ့...
"လဲကျလိုက် ပြန်ထလိုက်"ဆိုတာ
အပြေားသာ လွယ်တာ
လဲကျသွားရင် တစ်ခါပြန်ထဖို့
နှစ်တွေ ချီ...ဘဝတွေ ချီ...

image

အောင်လမှ ကရင်မယောက်ျားကို Crown လွှဲအပ်

image
7 w - Translate

တစ်လကို YouTube ဝင်ငွေ ဒေါ်လာ ၄ သန်း ရနေတဲ့ Mr. Beast
====================================
Mr. Beast ဟာ ကမ္ဘာ့ ဝင်ငွေ အကောင်းဆုံး YouTuber တစ်ယောက် ဖြစ်ပါတယ်။ အခုတော့ သူဟာ ၂၈ ရက်အတွင်း YouTube ဝင်ငွေ ဒေါ်လာ ၄ သန်းရတယ်လို့ သတင်းထွက်လာပါတယ်။
Mr. Beast ဟာ YouTube ကနေ ဝင်ငွေ ရနေသလို Feastables နဲ့ Lunchly လို စီးပွားရေးလုပ်ငန်းတွေကိုလည်း တည်ထောင်ထားပါတယ်။ Celebrity Net Worth ရဲ့ စာရင်းအရ သူရဲ့ ကြွယ်ဝချမ်းသာမှုဟာ ဒေါ်လာ ၁ ဘီလီယမ် ဝန်းကျင် ရှိတယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ်မှာ Forbes က သူ့ရဲ့ နှစ်စဉ် ဝင်ငွေဟာ ဒေါ်လာ ၈၅ သန်းဝန်းကျင် ရှိတယ်လို့ တွက်ချက်ထားပါတယ်။
မကြာခင်က ထွက်ပေါ်လာတဲ့ Screenshot အရ သူ့ရဲ့ ဗီဒီယိုဟာ ၂၈ ရက်အတွင်း ကြည့်ရှုတဲ့ အကြိမ်အရေအတွက် ၂.၆၈၈ ဘီလီယမ်နဲ့ ကြည့်ရှုတဲ့ နာရီက ၁၆၂ သန်းကျော် ရှိပါတယ်။ တွက်ချက်ကြည့်ရင် YouTube တစ်ခုထဲကနေ သူ့ရဲ့ ဝင်ငွေဟာ ဒေါ်လာ ၄.၂၃ သန်း ရှိပါတယ်။
သူဟာ YouTube ဝင်ငွေ အပြင် ကြော်ငြာတွေ၊ ကုမ္ပဏီတွေနဲ့ ပူးပေါင်းလုပ်ကိုင်မှုတွေကနေ ဝင်ငွေများစွာ ရရှိနေပါတယ်။

image
7 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ထိုင်း-မြန်မာနယ်စပ်တွင် မြန်မာရွှေ့ပြောင်းလုပ်သား ၄၉ ဦး ဖမ်းဆီးခံရ
ထိုင်း-မြန်မာနယ်စပ် Sang-khla Buri ခရိုင်တွင် ဖေဖော်ဝါရီ ၂၈ ရက်က မြန်မာရွှေ့ပြောင်းလုပ်သား ၄၉ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းဒေသတွင်း သတင်းဌာနများ၏ဖော်ပြချက်အရ သိရသည်။
အဆိုပါ ရွှေ့ပြောင်းအလုပ်သမားများမှာ နယ်စပ်ကို ခြေကျင်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်လမ်းကြောင်းမှ ဝင် ရောက်လာခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားထားသည်။
၎င်းတို့အား ဖမ်းဆီးရမိချိန်တွင် သက်သေခံစာရွက်စာတမ်း မတွေ့ရှိခဲ့ရဘဲ စစ်ဆေးရေးဂိတ်များအား ရှောင်ရှားရန်အတွက် ပွဲစားခအနေဖြင့် တစ်ဦးလျှင် ဘတ် ၁၅ဝဝဝ ပေးဆောင်ခဲ့ကြရကြောင်း စစ်ဆေးချက်အရ သိရသည်။
မြန်မာရွှေ့ပြောင်းလုပ်သား ၄၉ ဦးတွင် အမျိုးသား ၃၆ ဦးနှင့် အမျိုးသမီး ၁၃ ဦးပါဝင်ပြီး ထိုင်းနိုင်ငံ ဘန်ဘိုရီပွန်မှတစ်ဆင့် နယ်စပ်ဖြတ်ကျော်ပြီး စမွတ်စခွန်ဘက်သို့ ပြောင်းရွှေ့လာချိန် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

image
7 w - Translate

Part_4
* အောင်မြင်မှုအတွက် အခြားဖော်မြူလာများ

မိနစ်အနည်းငယ်ထက်ပို၍ ကျွန်တော်တွေ့ဆုံခဲ့သည့်သူ အားလုံးက ကျွန်တော်နှင့် ပတ်သက်၍ ကိစ္စနှစ်ခုကိုသိကြသည်။ ၎င်းတို့မှာ ကျွန်တော် သည် ဘရုကလင်းမှဖြစ်ကြောင်းနှင့် ကျွန်တော်သည် ဂျူးလူမျိုးတစ်ယောက်ဖြစ်ကြောင်းတို့ဖြစ်သည်။
ထိုအကြောင်းများကို သူတို့ မည်သို့သိကြသလဲ။ အဘယ့်ကြောင့် ဆိုသော် ကျွန်တော်နှင့် ဆက်ဆံရသည်သူများကို ကျွန်တော်၏ နောက်ခံ သမိုင်းအကြောင်း ပြောပြ၍ဖြစ်သည်။ ကျွန်တော်၏ နောက်ခံသမိုင်းသည် ကျွန်တော်၏ တစ်စိတ်တစ်ဒေသပင်ဖြစ်သည်။ ဂျူးလူမျိုးဖြစ်ရခြင်းအတွက် လည်းကောင်း၊ ဘရုကလင်းမှ တက်လာသည့်သူ ဖြစ်ခြင်းအတွက်လည်း ကောင်း ကျွန်တော်ဂုဏ်ယူသည်။ ကျွန်တော်၏ စကားပြောဆိုမှုများအတွက် ကျွန်တော်၏ နောက်ခံသမိုင်းနှင့် ပတ်သက်၍ ရည်ညွှန်းကိုးကားမှုများ ကြားညှပ်ပါဝင်နေသည်ကို တွေ့ ရမည်။
ကျွန်တော်၏ အတွေ့ အကြုံများကို အခြားသူများနှင့် ပြောဆိုရန် ဝါသနာပါသည်။ အကယ်၍ ကျွန်တော်သည် စကားထစ်သည့်သူဖြစ်လျှင် ကျွန်တော်စကားပြောဆိုနေသည့်သူကို ထိုအကြောင်း ပြောပြမည်။
“ကျ . . ကျ. . . ကျွန်တော် ခင်ဗျားကို တွေ့ ... တွေ့ရတာဝမ်းသာပါတယ်။ ကျွန်တော့်နာမည်ဟာ လယ်. . . လယ်. . . လယ်ရီကင်း ပါ။ ကျွန်တော့်မှာ စကား ထစ်. . ထစ်. . ထစ်တဲ့ ပြဿနာရှိပါတယ်။ ဒါပေမဲ့ ဒီ. . . ဒီအကြောင်းကို ခင်ဗျားကိုပြောပြရတာ ဝမ်းသာပါတယ်” ဟု ပြောမည်။
ယခုအခါ သင့်အနေဖြင့် ပွင့်ပွင့်လင်းလင်း ရှိသွားပြီ။ ထိုအခါ အခြား သူကို စကားပြောရာ၌ ကြောက်ရွံ့နေစရာမလိုတော့ပေ။ သင်၏ အခြေအနေ ကို မျှဝေပြီးဖြစ်သွားပြီ။ ယခု မမျှဝေလျှင်လည်း အနှေးနှင့် အမြန်ဆိုသလို သူတို့ သဘောပေါက်သွားကြမည်ဖြစ်သည်။ သူတို့ သဘောမပေါက်ခင် သင်က ကြိုတင်ပြီး ရှင်းခြင်းဖြစ်သည်။ ထို့ကြောင့် မည်သို့မျှ ဟန်ဆောင်နေ စရာ အကြောင်းမရှိတော့ပေ။ နှစ်ဦးနှစ်ဖက် ပျော်ပျော်ရွှင်ရွှင် ပြောဆိုကြရန် သာရှိသည်။ ထိုသို့ပြောဆိုခြင်းကြောင့် စကားထစ်သည့်ကိစ္စကို မဖြေရှင်းနိုင် သော်လည်း စကားပြောကောင်းသူတစ်ယောက် ဖြစ်နိုင်ရမည်။ မိမိနှင့် စကား ပြောဆိုနေသည့်သူ၏ လေးစားမှုကို ရရှိနိုင်သည်။

# ဆက်ရန်ရှိ

image
7 w - Translate

FACTS ✅

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီရာသီ ပြိုင်ပွဲစုံ ထောင့်ကန်ဘောကနေ 13 ကြိမ်အထိ ဂိုးခွင့်ပြုပေးခဲ့ရပြီး ဒါဟာ ပရီးမီးယားလိဂ်အသင်းတွေထဲမှာ အများဆုံးဖြစ်ပါတယ် 🚨🔴

image
7 w - Translate

လူငယ်ကစားသမားလေး ချီဒိုအိုဘီဟာ မနေ့ညက ဝင်ကစားတဲ့ 52 မိနစ်အတွင်း Big Chance 3 ကြိမ်ထိရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ စီနီယာ ဟွိုင်လန်းကတော့ နောက်ဆုံးပရီးမီးယားလိဂ် 22 ပွဲအတွင်းမှာမှ Big Chance 3 ကြိမ်ရရှိခဲ့တာပါ။ 👀

image