5 w - Translate

မရမ်းကုန်းမြို့နယ်၊ ဓနသိဒ္ဓိလမ်းရှိ ရေခဲချောင်းစက်ရုံ မီးလောင်မှု ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ဓနသိဒ္ဓိလမ်းရှိ ရေခဲချောင်းစက်ရုံ မီးလောင်မှု ဖြစ်ပွားရာ Level 2 အဆင့် ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

ယနေ့ အောက်တိုဘာ (၂၂) ရက်၊ နံနက် (၆)နာရီ (၃)မိနစ်အချိန်ခန့်က ၎င်းစက်ရုံတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ သမိုင်းနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရန်ကင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

“မီတာဘောက်ကစလောင်တာလို့ပြောတယ်။ အိမ်ရှေ့လေးတင်ဖြစ်သွားတာ။ သနားပါတယ်။ လူတော့ အထိခိုက်မရှိဘူး။ ဘေးက နှိုးကြသေးတယ်။ မနိုးတော့ အကုန်ကူးကုန်တာ။ စက္ကူစက်လည်း လုပ်တော့ လောင်စာများတယ်ထင်တယ်။ ခဏထဲနဲ့ အကုန်ကုန်တာပဲ။ အခုတော့ မီးညွှန့်မမြင်ရတော့ဘူး။ မီးခိုးတွေပဲ ကျန်တော့တာ အိမ်ကနေ မြင်ရပါတယ်။ အတော်ကြီးတယ်။ အိမ်က တရုတ်ဘုံကျောင်းလမ်းထဲမှာပါ။”ဟု အနီးနားဝန်းကျင်ရှိ မြို့ခံ တစ်ဦးက ပြောသည်။

ထိုသို့ ငြှိမ်းသတ်ရာ မီးလောင်ကျွမ်းမှုများသဖြင့် နံနက် (၆)နာရီ (၁၂)မိနစ်အချိန်တွင် Level 1 အဆင့် နံနက် (၆)နာရီ (၁၇)မိနစ်အချိန်တွင် Level 2 ယာဉ်အုပ်စုထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် (၆)နာရီ (၂၇)မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် (၆)နာရီ (၃၅)မိနစ်အချိန်တွင် မီးငြိှမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

“ကျွန်တော့် အိမ်နောက်မှာပါ။ တစ်ညလုံး လျှပ်စစ်မီးက လာလိုက်ပျက်လိုက်နဲ့ပါ။ စလောင်တာ မနက် ၄ နာရီကျော်လောက်က မိုးတွေ အရမ်းရွာနေပေမယ့် အိမ်ထဲမှာ အရမ်းကို လောင်နေပါတယ်။ ပေါက်ကွဲသံတွေလဲကြားရပါတယ်။ မနက် ၆ နာရီ ၁၅ လောက်မှာ မီးသတ်ကားလာပါတယ်။”ဟု နောက်ထပ် မြို့ခံ တစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်ကြောင့် လူနှင့် တိရိစ္ဆာန် ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့သော်လည်း စက်ရုံတစ်ရုံလုံးနီးပါး မီးလောင်ကျွမ်းခဲ့ရပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှုနှင့် မီးလောင်မှုအကြောင်းရင်းကို မီးသတ်တပ်ဖွဲ့မှ ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

imageimage
5 w - Translate

အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် နောက် ၁၂ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းသို့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိနိုင်ခြေရှိသည့် အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် လက်ရှိ နောက် ၁၂ နာရီအတွင်း မုန်ုတိုင်းငယ်အဖြစ် ကနဦးရောက်ရှိမည်ဟု ယနေ့(အောက်တိုဘာ၂၂)ရက်၊ မိုး/ဇလ၏ နံနက် ခုနှစ်နာရီ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်တွင် မုန်တိုင်းငယ်အဖြစ်ရောက်ရှိပြီးနောက် အောက်တိုဘာ ၂၃ ရက်တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းသို့ လည်းကောင်း၊ အောက်တိူဘာ ၂၄ရက်တွင် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန်-အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေ) သို့ ရောက်ရှိနိုင်ကာ ထိုမှတစ်ဆင့် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပိုမိုအားကောင်းလာနိုင်ကာ အောက်တိုဘာ ၂၅ရက် နံနက်အစောပိုင်းတွင် ဩရိဿပြည်နယ်မြောက်ပိုင်းနှင့် အနောက်ဘင်္ဂလား ပြည်နယ်ကမ်းခြေတို့ကို ပူရီမြို့(Puri)နှင့် ဆာဂါကျွန်း(Sagar Island)တို့အကြားမှ ဖြတ်ကျော်နိုင်သည် ဟု မိုး/ဇလက ခန့်မှန်းထားသည်။

လက်ရှိတွင် အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့နံနက်မှ အောက်တိုဘာ ၂၄ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်း ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု မိုး/ဇလက ပြောသည်။

ထို့ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။

image
5 w - Translate

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ အင်တာမိုင်ယာမီ ဝင်ခွင့်ရ
------------------------
အမေရိကန်နိုင်ငံမှာကျင်းပမယ့် လာမယ့်(၂၀၂၅) ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အင်တာမိုင်ယာမီအသင်းက အိမ်ရှင် ကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားရမှာဖြစ်တယ်လို့ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက အတည်ပြုသွားခဲ့ပါတယ်။ အင်တာမိုင်ယာမီအသင်းဟာ အခုဘောလုံးရာသီမှာ မေဂျာလိဂ် Supporters’ Shield ကို ရယူနိုင်ခဲ့တာကြောင့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အိမ်ရှင်ကိုယ်စားပြုအဖြစ် ရွေးချယ်ခံခဲ့ရတာပါ။

အင်တာမိုင်ယာမီအသင်းဟာ အခုဘောလုံးရာသီမှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တာကြောင့် မေဂျာလိဂ် Supporters’ Shield ချန်ပီယံဖြစ်လာ ခဲ့တဲ့အတွက် ဂုဏ်ယူမိတယ်လို့ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက အင်တာ မိုင်ယာမီအသင်းရဲ့ ဆုဖလားအောင်ပွဲခံ အခမ်း အနားမှာ ပြောကြားခဲ့ပါတယ်။

အခုလိုစွမ်းဆောင်ရည်တွေကြောင့် လာမယ့်(၂၀၂၅) ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်တာမိုင်ယာမီအသင်းက အိမ်ရှင်ကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကိုလည်း ရရှိခဲ့တယ်လို့ အင်ဖန်တီနိုက ဆက်လက်ပြောကြားခဲ့ ပါတယ်။ အမေရိကန်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမယ့် (၂၀၂၅)ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲကို လာမယ့်နှစ် ဇွန်လ(၁၅)ရက်ကနေ ဇူလိုင်လ(၁၃)ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။

image
5 w - Translate

အားကစားကလောင်ရှင်များ ချီးမြှင့်သည့်ဆုကို မန်ယူနည်းပြ တန်ဟတ် ရရှိ
----------------------
အောက်တိုဘာလ(၂၀)ရက်နေ့က အင်္ဂလန်နိုင်ငံမှာပြုလုပ်တဲ့ အားကစားကလောင်ရှင်များ အစည်းအရုံးရဲ့ ညစာ စားပွဲအခမ်းအနားမှာ မန်ယူအသင်းရဲ့နည်းပြ တန်ဟတ်က အားကစားကလောင်ရှင်တွေက ပေးအပ်ချီးမြှင့်တဲ့ အကောင်းဆုံးဆုကို ရယူနိုင်ခဲ့ပါတယ်။

တန်ဟတ်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက မန်ယူအသင်းကို အက်ဖ်အေ ဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာ ကြောင့် အားကစားကလောင်ရှင်တွေက ပေးအပ်တဲ့ဆုကို ချီးမြှင့်ခံခဲ့ ရတာပါ။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ဘောလုံး ရာသီက အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ်မှာ မန်စီးတီးအသင်းနဲ့ တွေ့ဆုံခဲ့တာဖြစ်ပေမယ့်လည်း (၂)ဂိုး၊ (၁)ဂိုးနဲ့ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် အက်ဖ်အေဖလား ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်(၈) နေရာမှာသာ ရပ်တည်နိုင်ခဲ့ပေမယ့် အက်ဖ်အေ ဖလားကို ရယူနိုင်ခဲ့တာကြောင့် မန်ယူအသင်းဟာ အခုနှစ်မှာ ယူရိုပါလိဂ်ပြိုင်ပွဲဝင်ခွင့်ကို ရရှိခဲ့ပါတယ်။

အခုလိုမျိုး အကောင်းဆုံးဆုကို ရွေးချယ်ပေးခဲ့တဲ့အတွက် အားကစား ကလောင်ရှင်များ အစည်းအရုံးကို ကျေးဇူး တင်မိသလို ဖလားတွေရယူနိုင်ဖို့အတွက်လည်း ကြိုးစားသွားမယ်လို့ မန်ယူနည်းပြ တန်ဟတ်က ဆုချီးမြှင့်ပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

image

image

22.10.2024

🇺🇸အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၈၀ ကျပ်
ဝယ်ဈေး - ၄၃၈၀ ကျပ်

🇸🇬စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၄၀၀ ကျပ်
ဝယ်ဈေး - ၃၃၄၅ ကျပ်

💶ယူရို
ရောင်းဈေး - ၄၈၆၀ ကျပ်
ဝယ်ဈေး - ၄၇၃၀ ကျပ်

🇹🇭ထိုင်းဘတ်
ရောင်းဈေး - ၁၃၄.၂၃ ကျပ်
ဝယ်ဈေး - ၁၃၀.၇၂ ကျပ်

🇲🇾မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၄၀ ကျပ်
ဝယ်ဈေး - ၁၀၁၀ ကျပ်

🇨🇳တရုတ်ယွမ်
ရောင်းဈေး - ၆၃၁ ကျပ်
ဝယ်ဈေး - ၆၁၄ ကျပ်

🇯🇵ဂျပန်ယန်း
ရောင်းဈေး - ၂၉.၉၃ ကျပ်
ဝယ်ဈေး - ၂၉.၁၅ ကျပ်

🇮🇳အိန္ဒိယရူပီး
ရောင်းဈေး - ၅၂.၅၃ ကျပ်
ဝယ်ဈေး - ၅၀.၉၈ ကျပ်

🇰🇷ကိုရီးယားဝမ်
ရောင်းဈေး - ၃.၃၂ ကျပ်
ဝယ်ဈေး - ၃.၂၃ ကျပ်

💷စတာလင်ပေါင်
ရောင်းဈေး - ၅၈၃၅ ကျပ်
ဝယ်ဈေး - ၅၆၈၀ ကျပ်

🇦🇺ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၉၉၅ ကျပ်
ဝယ်ဈေး - ၂၉၁၅ကျပ်

🇨🇦ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၂၅၀ ကျပ်
ဝယ်ဈေး - ၃၁၆၀ ကျပ်

🇭🇰ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၇ ကျပ်
ဝယ်ဈေး - ၅၆၂ ကျပ်

🇦🇪ယူအေအီး
ရောင်းဈေး - ၁၂၂၅ ကျပ်
ဝယ်ဈေး - ၁၁၉၀ ကျပ်

5 w - Translate

စိတ်ထားလေးတစ်ခု,

image

image

16ပဲရည်
6,400,000 MMK ⬆️
15ပဲရည်
6,023,000 MMK ⬆️

#crd

image