ဘော်ဒါတွေနဲ့အတူတူ ခရီးတိုလေးထွက်ပြီး ပျော်ပျော်ပါးပါး အနားယူရင်း chill ချင်သူတွေ အတွက် အတွေ့အကြုံသစ်လည်းရ စိတ်သစ်လူသစ်လည်းဖြစ်စေဖို့ "အမေ့ရွာ Campground" လေးက အဆင်သင့်ရှိနေပါတယ်နော် 🤗❤️
နေရာလေးကလည်း အလှမ်းမဝေးဘူး.... အမြန်လမ်း ရန်ကုန်ဘက်ကလာရင်
16 မိုင် 4 ဖာလုံ နဲ့ 5 ဖာလုံကြား လမ်းလေးကနေ 15 မိနစ်လောက်ဝင်လာရင် ရောက်ပါပြီ ...
လမ်းညွှန်လေးတွေလည်းရှိတာမို့ ပိုပြီးလွယ်ကူအဆင်ပြေပါတယ်နော် 🚏
ကဲ.....ရောက်တာနဲ့ Camping vibe လေးအပြည့်အဝရဖို့ Tent တွေမှာ နေရာယူပြီးရင်
🚵 စက်ဘီးစီးကြမယ်
⚽ ဘောလုံးကန်ကြမယ်
🏸 ကြက်တောင်ရိုက်ကြမယ်
🌅 နေဝင်ချိန်အလှလေး ခံစားကြမယ်
🎸 ဂစ်တာတီးပြီး သီချင်းဆိုကြမယ်
🌠 ညဘက်ဆိုကြယ်လေးတွေကြည့်ကြမယ်...
လုပ်စရာ activities တွေက များလွန်းလို့ တွေးကြည့်တာနဲ့တင် ပျော်စရာကောင်းနေပြီဟုတ် ? 🙈
အားလုံးသိချင်ကြမယ့် Package တစ်ခုစီရဲ့ ဈေးနှုန်းလေးတွေနဲ့ ရရှိမယ့် facilities တွေလည်း ပြောပါပေးမယ်နော်
⛺ နေချင်းပြန် (90 AM to 60 PM) - တစ်ယောက်ကို 15000 ks
- နေလည်စာ ဖက်ထမင်းကျွေးပါမယ် (ကြက်ကြော်/ငါးဖယ်/ဘဲဥ)
- မီးဖိုပေးထားပါတယ်။
Camping ရဲ့ ထုံးစံအတိုင်း ကိုယ်တိုင်ချက်ပြုတ် ကင်စားချင်တဲ့သူများအတွက် အကင်/အသားလေးတွေလည်း ရောင်းပေးပါမယ်နော်...
(ကြက်ကာလသားချက်/ကြက်ကြော်/ အသီးရွက်ကြော် ဘိုကင်တင်ရင်း ကြိုမှာရင် ချက်ပေးထားပါတယ်ရှင်.. )
⛺️ညအိပ် (120 PM to 100 AM) - တစ်ယောက်ကို 32000 ks, ငါးယောက်နှင့်အထက် 27000 ks
- နေလည်စာဖက်ထမင်းကျွေးပါမယ် (ကြက်ကြော်/ငါးဖယ်/ဘဲဥ)
- ညစာလည်း ပါဝင်ပါတယ်
ပိုပြီး ပျော်ဖို့ကောင်းအောင် ကိုယ်တိုင်ချက်ပြုတ်စားဖို့ အတွက်
(ကြက်/ဝက်/အမဲ) အသားတခုခု
ကြက်သားချောင်း🥖
ကြက်သားပြား🫓
ခေါက်ဆွဲထုပ်🫕
အသီးရွက်စုံ🥗
ကွကျဥ🍳
နေကြာစိ🌻
️ ကော်ဖီ☕ တို့ ပါဝင်ပြီး
အိုးခွက်ပန်းကန် မီးဖိုတွေနဲ့အတူ ပေးထားပါတယ် ။
- မနက်စာအတွက်လည်း စိတ်မပူပါနဲ့ ... ပါပါတယ်လို့ 🤩
အရုဏ်ဦး နေထွက်ချိန်လေးကိုခံစားရင်း
ကောက်ညှင်းပေါင်း
ပဲပြုတ်
ကြက်ဥပြုတ် နဲ့
ကော်ဖီ လေးသောက်ပြီး chill လို့ရပါသေးတယ်နော်... ကဲ ဘာလိုသေးလဲ ပြော 🤓
(ဘိုကင် ယူဖို့ပဲ လိုတော့တယ် 😁)
⭐ ညအိပ်လာမယ့်သူလေးတွေက အိပ်ယာ/စောင်/ခေါင်းအုံး
သွားတိုက်ဆေး/သွားတိုက်တံ
တစ်ကိုယ်ရေသုံးပစ္စည်းများကိုတော့ ယူလာပေးပါနော်။ 🤗
နောက်ထပ်အနေနဲ့ Tent မှာပဲ မအိပ်တက်ဘူး... လူများများလည်း လာလည်ချင်တယ်ဆိုရင်တော့ အိမ်သာရေချိုးခန်းပါပြီး ဘန်ဂလိုနှစ်လုံးရှိပါတယ်။
အဲ့ဒီအတွက်ကိုတော့
တစ်ယောက် package + ငါးသောင်းပေါင်းပါတယ်ရှင်။
ငါးယောက်လာလာ၊ နှစ်ယောက်တည်းပဲလာလာ ဘယ်နှစ်ယောက်လာလာ
ငါးသောင်းပဲ ထပ်ပေါင်းပါတယ်။
ငါးယောက်အေးဆေးအိပ်လို့ရပါတယ်။ အပြင်မှာ Tent လေးတွေလည်း ထိုးပေးထားပါတယ်။
*** ဘိုကင်ကိုတော့
အနည်းဆုံးတစ်ပတ်ကြိုတင်ယူပေးရပါမယ်တယ်။
စရံငွေတစ်ဝက်လွှဲပီးမှ
ဘိုကင်အတည်ဖြစ်ပါတယ်နော်။
စရံငွေတော့ ပြန်မအမ်းပေးပါဘူးနော်
ကဲ.....မြို့ပြရဲ့ မွန်းကြပ်မှုတွေအဝေး ပြေးထွက်ဖို့ မိသားစုနဲ့ ဘော်ဘော်တွေကို အခုပဲ လက်တို့ပြီး အရောက်လာခဲ့တော့နော် ❤
