7 w - Translate

သူမကို မွေးဖွားပေးခဲ့တဲ့ Kanebo ရဲ့ပဲ့ကိုင်ရှင် ကျေးဇူးကို မမေ့ခဲ့တဲ့ ဝတ်မှုန်ရွှေရည် 🌿🥰🩵
Kanebo Cosmetics ကြော်ငြာတွေနဲ့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို စတင်ရရှိခဲ့ဖူးတဲ့ ဝတ်မှုန်ရွှေရည်ဟာ သူမကိုမွေးဖွားပေးခဲ့တဲ့ ကျေးဇူးကို ယနေ့တိုင် အမှတ်ရနေဆဲပဲဖြစ်ပါတယ်။ ယနေ့အချိန်ထိ အဆိုပါ ပဲ့ကိုင်ရှင်နဲ့ လုပ်ငန်းပေါင်းမြောက်များစွာကို လက်တွဲပြီး အတူတူလုပ်ကိုင်နေဆဲဖြစ်တယ်လို့ဆိုပါတယ်။ Kanebo ရဲ့ ပဲ့ကိုင်ရှင် မငယ်ရဲ့မွေးနေ့ပွဲကိုတက်ရောက်ရင်းနဲ့ သူမက မမေ့မလျော့ ကျေးဇူးတရားတွေကို ကျေးဇူးတင်စကားဆိုခဲ့တာပါ။

image
7 w - Translate

မတ်လ (၁၂) ရက်နေ့ကနေ (၁၆) ရက်အထိ အစိုးရ ရုံးတွေ (၅) ရက်ပိတ်မည် (လစာ မလောက်တဲ့ ဝန်ထမ်းတွေအတွက် အိုအေစစ်လေးတခု)
ဒီလ မတ်လ (၁၂) ရက် နေ့ကနေ (၁၆) ရက် အထိ (၅) ရက် ဆက်တိုက် အစိုးရရုံးပိတ်ရက်ပေါ့။ မတ်လ (၁၃) က တပေါင်းလပြည့်မို့ ပိတ်တယ်။ မတ်လ (၁၅) ရက်နဲ့ (၁၆) ရက်က စနေ ၊တနင်္ဂနွေ ပိတ်ရက်၊ ကြားထဲက (၁၄) ရက်နဲ့ အဖိတ်နေ့ (၁၂) ရက်နေ့ပါ ပိတ်ပေးလိုက်တော့ ရုံးပိတ်ရက် (၅)ရက်ဖြစ်သွားရော။ (ဇင်မိုး)
ပုံမှာ အနီရောင်လေးထောင့်ခတ်ထားတဲ့ ရက်များ ဆက်တိုက်ပိတ်မှာ ဖြစ်ပါတယ်။
#ရုံးပိတ်ရက်

image

လူငယ်တွေအတွက် အမိုက်ဆုံးက စကိတ်တာတွေဝတ်တဲ့ပုံပဲ အထာလည်းကျတယ် ခေတ်လည်းမှီတယ် ဖြုတ်ဗျာ

7 w - Translate

ကိုယ့်မကောင်းကြောင်း
ဘယ်လောက်ပဲပြောနေပါစေ
မတန်ဘူးထင်ရင် နှုတ်ဆိတ်ပြီးနေလိုက်ပါ
ကိုယ့်သိက္ခာ မယုံတဲ့သူတွေကို အပိုလုပ်ပြီး
ရှင်းပြမနေနဲ့ ဘယ်သူ့က ဘာဆိုတာ အချိန်က စကားပြောသွားလိမ့်မယ်။
#စာတို

ပူအိုက်တဲ့နွေရာသီမှာ ဒီလိုဖြုတ်ဗျာ

သစ္စာရှိတယ်
ကိုယ်ကျင့်တရား မြဲတယ်
တစ်စုံတစ်ဦးအတွက် သီးသန့်ရည်ရွယ်ထားတဲ့
ချစ်ခြင်းမေတ္တာကို ဘယ်သူ့ကိုမှ ပေးပစ်ဖို့
ဆန္ဒမရှိပါ ။

ကိုယ့်ရဲ့ နေ့ရက်တိုင်းဟာ ပုံမှန်ပဲ
ကိုယ်တိုင်ကလည်းအရင်အတိုင်းပဲ
ဒါပေမယ့်
တိတ်ဆိတ်ငြိမ်သက်မှုကို
ပို၍ ပို၍ သဘောကျလာခဲ့တယ် ။
🍂🤍
#စာရယ်ကဗျာရယ်

image
7 w - Translate

ကမ္ဘာ့ပထမဦးဆုံး ဂျင်းဘောင်းဘီကို 1873 ခုနှစ် တုန်းက Levi Strauss နဲ့ Jacob Davis လို့ အမည် ရတဲ့
အမျိုးသား 2 ဦး က မိုင်းတွင်းလုပ်သားများ အတွက်
အကြမ်းခံတဲ့ အလုပ်ဝတ်စုံအဖြစ် ရည်ရွယ်၍
စတင်ထုတ်လုပ်ခဲ့ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts
#crd

image
7 w - Translate

လူတစ်ချို့ပေးတဲ့သင်ခန်းစာ💥

အရှုံးပေးတာများတော့
လူတွေက အနိုင်ယူချင်ကြတယ်

ခေါင်ငုံ့ခံပေးတာများတော့
လူတွေက တက်နင်းချင်ကြတယ်

သည်းခံပေးတာများတော့
လူတွေက စော်ကားဖို့အတွက်
ထပ်ကြိုးစားကြတယ်

ခွင့်လွှတ်ပေးတာများတော့
လူတွေက ထပ်မှားဖို့
ပြင်ဆင်ကြတယ်

လိုက်လျောပေးတာများတော့
လူတွေက ငပေါလို့ထင်ကြတယ်

စေတနာထားပေးတာများတော့
လူတွေက ရတဲ့အခွင့်အရေးကိုအသုံး
ချကြတယ်

အခု
တော်သင့်ပါပြီ____

အရှုံးပေးခဲ့တာတွေ
ခေါင်းငုံ့ခံပေးခဲ့တာတွေ
သည်းခံပေးခဲ့တာတွေ
ခွင့်လွှတ်ပေးခဲ့တာတွေ
လိုက်လျောပေးခဲ့တာတွေ
စေတနာထားပေးခဲ့တာတွေ
အားလုံးက သဲထဲရေသွန်သလိုပါပဲ။

လိုတာထက်ပိုကောင်းပေးခဲ့တာတောင်
လူတစ်ချို့က
ကိုယ့်အတွက် တစ်ကြိမ်လောက်
ပြန်ကောင်းပေးဖို့အတွက် ဝန်လေးကြတယ်

ဒါပေမယ့်
အပြစ်မတင်ပါဘူး
အပြစ်လဲ မမြင်ရက်ခဲ့ဘူးလေ

သူတို့ပေးလိုက်တဲ့သင်ခန်းစာက
ကိုယ့်အနာဂါတ်အတွက်တော့
တန်ဖိုးမဖြတ်နိုင်တဲ့
အရာတစ်လို့ သတ်မှတ်လိုက်ပါတယ်။

#စာပေ

image
7 w - Translate

နစကခေါင်းဆောင်ရဲ့ ရုရှားခရီးစဉ်စတင်
++++++++++++++++++++++
ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ ဖိတ်ကြားချက်အရ နစကခေါင်းဆောင်ဟာ နေပြည်တော်လေဆိပ်ကတစ်ဆင့် ရုရှားနိုင်ငံကို ဒီနေ့မနက်ပိုင်းမှာ စတင်ထွက်ခွာသွားပြီလို့ သိရပါတယ်။
မတ်လ ၄ ရက်နေ့မှာ နစကခေါင်းဆောင်ကို ရုရှားသမ္မတက လက်ခံတွေ့ဆုံမှာ ဖြစ်ပြီး ခရီးစဉ်အတွင်း ရုရှားသမ္မတ၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌနဲ့ တခြားအစိုးရ ထိပ်ပိုင်းအရာရှိတွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး လုံခြုံရေး၊ စီးပွားရေးနဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေးဖို့ရှိပါတယ်။

image
7 w - Translate

ဂရိနိုင်ငံ Meteora ဒေသမှာတည်ရှိတဲ့ (Monastery of the Holy Trinity) ဘုရားကျောင်း
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ဒီဘုရားကျောင်း ဟာ (Meteora) မီတိုရာဒေသရဲ့ အထင် ကရ ဘုရားကျောင်းတွေထဲက တစ်ခုဖြစ်ပြီး၊ မီတာ ၄၀၀ ကျော်အမြင့်ရှိတဲ့ ကျောက်တောင်ထိပ်မှာတည်ရှိပါတယ်။
ဒီဘုရားကျောင်းကို တက်ရောက်ဖို့ဆိုရင် ကျောက်ဆောင်ကို ထွင်းထုထားတဲ့ လှေကားထစ်ပေါင်း ၁၄၀ ကျော်ကို ဖြတ်ကျော်ရမှာဖြစ်ပြီး၊ အပေါ်ကိုရောက်တဲ့အခါမှာတော့ မီတိုရာဒေသတစ်ခုလုံးရဲ့ အလှတရားကို ၃၆၀ ဒီဂရီမြင် ကွင်းနဲ့ ခံစားနိုင်မှာဖြစ်ပါတယ်။
#knowledge

image