ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
မထူးတော့ပါဘူးလေဆိုပြီး
ကိုယ့်ဘဝကို အမျောမခံနဲ့
သံမဏိကြိုးတစ်ချောင်းလို အားတင်းထား
ကွန်ကရစ်တုံးကြီးတွေလို ကြံ့ကြံ့ခံ
လက်ဖြောင့်သေ/နတ်သမားရဲ့ ကျည်ဆန်လို
ဆုံးဖြတ်ချက်တွေ ဖြောင့်မတ်မှန်ကန်ပါစေ
ကမ္ဘာကြီးဟာ
အနိဋ္ဌာရုံတွေချည်းပဲ မဟုတ်ဘူး
လတ်ဆတ်တဲ့ သစ်သီးဝလံတွေနဲ့
ပျော်စရာသီချင်းသံလေးတွေလည်း ရှိတယ်ကွယ်။
▪ မိုဃ်းဇော်
▪ [မိုးတိတ်တေး]
#မိုဃ်းဇော်
နေ့စဉ်မိုးလေဝသသတင်း
==============
(၂၀၂၅ ခုနှစ်၊ မတ်လ ၄ ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
--------------------------------------------------------------------
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် တိမ်ထူထပ်နေပြီး၊ ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကာ၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၆ ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးရွာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။
`` ရခိုင် ရှောက်သီးသုပ် ´´
ရခိုင်ရှောက်သီးသုပ်နည်းကို မရေးခင် ရှောက်သီးအကြောင်းကို အရင်ပြောပါမယ် ...........
ရခိုင်က ရှောက်သီးဟာ ရန်ကုန်နဲ့ တခြားနေရာတွေက ရှောက်သီးနဲ့ မတူပါဘူး ...... ရခိုင်က ရှောက်သီးဟာ အလုံးအရွယ်အစားကော ၊ အတွင်းက အချဉ်အိတ်လေးတွေပါ ကြီးပါတယ် ........ ချဉ်တာလည်း ချာတူးလန်အောင် ချဉ်ပါတယ် ...........
ကဲ သုပ်နည်းကို ရေးပါတော့မယ် ...........
ရှောက်သီးကို သေချာအခွံခွါပြီး ရေထဲ စိမ်ပေးထားပါ ... (ဒါတော့ အားလုံးသိပြီးသားနေမှာပါ )
ငရုတ်သီးအခြောက် ၊ စိမ်းစားငပိကို ညက်အောင် သေချာထောင်းပါ ...... ဝမ်းလျှောဝမ်းနာမဖြစ်အောင် ငရုတ်ကောင်းထည့်ပေးပါ .... ရှောက်သီးရဲ့ အချဉ်ဓါတ်ကိုထိမ်းအောင် ကန်စွန်းရွက်ပါးပါးလှီးထည့်ပေးရမှာပါ ..... ပြီးရင်တော့ အချို ၊ အငန် လိုသလောက် ထည့်ပြီး အကုန် ရောနယ်ပေးရုံပါပဲ .........
ဒါဆိုရင်တော့ ချဉ်ချဉ်စပ်စပ် အရသာနဲ့ ရခိုင်ရှောက်သီးသုပ်ရပါပြီတဲ့ရှင် ...........
အားလုံးကို ကျေးဇူးပါ .................
Credit : အစားအစာကမ္ဘာ
❛ ကူလီ ❜
_ _ _ _ _ _ _
ဆရာကျော်အောင် ရဲ့ ကူလီ ဝတ္ထုဟာ မူရင်းစာရေးဆရာ Mulk Raj Anand ရဲ့ Coolie ကို ဘာသာပြန်ထားတဲ့ စာအုပ်ဖြစ်ပါတယ်။ အာနန်ဟာ ဒီစာအုပ်မှာ အိန္ဒိယပြည်က ဗြိတိသျှတို့ရဲ့ ညစ်ညမ်းမှုတွေကို လူအများသိစေရန် ဖွင့်ထုတ်ထားတယ်။ ပြီးတော့ အိန္ဒိယက နာမည်ကျော်ဇာတ်တစ်ခုဖြစ်တဲ့ အထက်အတန်းလွှာနဲ့ အောက်တန်းလွှာတို့ရဲ့ လူတန်းစားခြားနားမှုကိုလည်း သေချာဖော်ပြထားတယ်။ အောက်ခြေလူတန်းစားတစ်ရပ်ရဲ့ ဘဝလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ပုံကို မူရင်းစာရေးဆရာက ဆင်းရဲသားတို့ဘက်ကနေ ရပ်တည်ရေးဖွဲ့ထားတာ ကူလီ မှာ စိတ်ဝင်စားဖွယ် ဖတ်ရှုရပါမယ်။