ယာကူဇာနဲ့ ပရီဒေတာ | Predators (201
၂၀၁၀ က ထွက်သွားတဲ့ Predators က တကယ့်အော်စကာဆုရနှစ်ယောက်ပါထားတဲ့ရုပ်ရှင်ပေါ့။ 20th Century Fox ရဲ့ လက်ရာမြောက် Franchise တွေထဲမှာ Planet of the Apes, Avatar, Alien နဲ့ Predator ကို Disney က ဆက်ပြီး တာဝန်ယူမယ်ဆိုတော့ ပထမဆုံး ဘာစိတ်ပူသွားလဲဆိုရင် Predator နဲ့ Alien ကို Disney က ဘာတွေဆက်လုပ်မလဲဆိုတာကိုပဲ။ အခုတော့ The Boys ဒါရိုက်တာ Dan Trachtenberg ရဲ့ Prey နဲ့ Evil Dead ဒါရိုက်တာ Fede Alvarez ရဲ့ Alien: Romulus ကို ကြည့်ပြီး Disney တလွဲမလုပ်ဘူးဆိုတာကို သေချာကိုယုံသွားတယ်။
အခု The Brutalist က အော်စကာမှာတင်မကပဲ တော်တော်လေး hit ထနေတော့ Adrien Brody ရဲ့ ရုပ်ရှင်တွေကိုပြန်ရှာရင်းနဲ့ Predators ကို သွားကြည့်မိတယ်။ ဒီဘဲက တော်တော် genre စုံတဲ့အထဲမှာပါသားပဲ။
Predator ရုပ်ရှင်တွေထဲမှာ Predators က survival နဲ့ horror genre ကို တော်တော်စုံအောင်သုံးပြနိုင်ခဲ့တာလို့ ပြောရမယ်။ Alien vs Predator ပြီးရင် Predators က Predator အကောင်ကြီးတွေ Yautja တွေကို တခြားရှုထောင့်ကနေပြခဲ့တဲ့အပြင်ကို ဇာတ်လမ်းအရလည်း twist ဖြစ်ပြီးတော့ အဖြေကို ဇာတ်လမ်းရဲ့ climax မတိုင်ခင်အထိ ခန့်မှန်းမရခဲ့ဘူး။ ပထမဆုံးထွက်တဲ့ Arnold ရဲ့ Predator ပြီးရင် အခု ဒီ Predators က Prey တောင်လိုက်မမှီတဲ့ Predator ရုပ်ရှင်ပေါ့။
ဒီထဲမှာ နယ်ပယ်အစုံက စစ်သားတွေ၊ ဂန်းစတားတွေ၊ ယာကူဇာတွေ၊ လူသတ်သမားတွေကို Predator တွေက ဖမ်းလာပြီး ဂြိုဟ်ပေါ်မှာပစ်ချထားပြီး တစ်ယောက်စီကို အသာလေးအမဲလိုက်သလိုလိုက်ပြီး ကောင်းကောင်းသမတာ။ အဲမှာမှ ဇာတ်ကောင်တစ်ယောက်စီကိုယှဥ်ရရင် ဂျပန်ယာကူဇာဇာတ်ကောင်ဟန်ဇိုကို ပိုပြီးတော့သဘောကျတယ်။ Supporting role ဆိုတော့ကျ runtime နည်းပေမယ့် အဲဒီတစ် scene က ဒီဇာတ်ကောင်အတွက် လုံးဝအလုံလောက်ဆုံးဇာတ်ကွက်တစ်ခုပေါ့။
Predator တစ်ကောင်နဲ့ ဓားချင်းယှဥ်ခုတ်ရဲတဲ့ သတ္တိ၊ Predator တွေအတွက် ပြိုင်ဘက်ကောင်းတစ်ယောက်ဆိုတာကို ဓားတစ်လက်တည်းနဲ့သေချာပြသွားခဲ့တဲ့ဇာတ်ကောင်ကိုမြင်တော့ Predator saga မှာ ဂျပန်ဆာမူရိုင်းတစ်ယောက်နဲ့ Predator နဲ့ by one သမတဲ့ရုပ်ရှင်မျိုးတော့ မြင်ဖူးချင်သေးတယ်။
ထားပါတော့၊ အခု Predators မှာ ဒီဘဲက လက်ချောင်းတွေအဖြတ်ခံထားရပေမယ့် တကယ့်တကယ်မှာ တယောက်က ကျန်နေခဲ့ရတော့မယ့်အခြေအနေမှာ ဓားတစ်ချောင်းဆွဲပြီး Predator နဲ့ ယှဥ်ဖိုက်ရဲတဲ့သတ္တိကတော့ ပထမဆုံး Predator မှာ ခြေရာခံတဲ့ Native ဇာတ်ကောင်ကိုတောင် သတိရမိသားပဲ။

image

ဝန်ထမ်းသစ် အင်တာဗျူးလေး ထပ်လာပါပြီ .. ဘယ်လိုတွေ တိုင်ပတ်ကြဦးမလဲ ကြည့်လိုက်ကြပါဦး ??
#funny

ငယ်ငယ်တုန်းက ဘဝလေးဟာအရမ်းကိုရိုးသားအေးဆေးခဲ့တယ်.... ကိုမာန်ဟိန်း ဆိုတဲ့ ထိုးသားပါဆင့်ဆရာကြီး မပေါ်လာမှီ အချိန်ထိပေါ့ ......."ကိုမာန်ဟိန်း"ဆိုတာက..... ကျွန်တော်တို့တိုက်ကို ပြောင်းလာတာ မကြာသေးပေမဲ့ ဘရာဇီးနဲ့ မော်ရိုကိုပွဲမှာ တရပ်ကွက်လုံး ဘရာဇီးကိုင်တဲ့အချိန် မော်ရိုကို ဘော်ဒီ သိန်း၁၀၀ဖိုး ချတဲ့ ဆရာကြီးပေါ့
""အဲ့ဘဲကြီး က ဖေ့ဘွတ်မှာ နာမည်ကြီးတစ်စတာကွ သူ့ဂရုမှာ မန်ဘာဝင်ရင် ၅သိန်းလောက်ပေးရတယ်"" ဆိုတဲ့ ရပ်ကွက်ထဲက ဘဲကြီးတွေ ရဲ့ စကားဝိုင်းနားကို မယောင်မလည်သွားနားထောင်ရင်းကြားလာရတဲ့ စကားတခွန်းက ကျွန်တော့် ဘဝကို ပြောင်းလဲသွားစေမဲ့ ရည်မှန်းချက်ကြီးတခုကိုစတည်ဖြစ်တည်လာခဲ့တယ်။
Mဆိုင်းလု နီးပါး လန်းတဲ့ဆော်ကို night ခေါ်စားရင်တောင် ၃သိန်းလောက်ပဲရှိတဲ့ခေတ်မှာ ၁ရက်ကို မုန့်ဖိုး ၅၀၀၀ ရတဲ့ ကျွန်တော့်အတွက် ကိုမာန်ဟိန်း မန်ဘာဝင်ဖို့ ၃လကျော်လောက် ဘာမှ မစားပဲစုမှရမဲ့ အနေထားမို့ တချက်တော့တွေဝေသွားတယ် ..... ဒါပေမဲ့ ယောကျာင်္းဆိုတာ ဆုံးဖြတ်ချက်ချပြီးရင် ဖြစ်အောင်လုပ်မဲ့ ဇွဲရှိရတယ်ဆိုတဲ့ သချာင်္ဆရာရဲ့ စကားကို ပြန်ကြားယောင်ပြီး လက်သီးကို ဆုပ် အံကိုကြိတ်လို့ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာချလိုက်မိတော့တယ်။
ရပ်ကွက်ရှင်ပြုမှာ ဖ* ကြီးကြီးနဲ့အဘွားကြီး ကြဲတဲ့ ပိုက်ဆံကို ဝင်လုရင်း ဒူးအကြီးကျယ်ပြဲပြီး တံတောင်တွေပွန်းသွားတာတောင် လက်ထဲအကြွေလေးတွေကို ကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း.... ဒီငွေလေးတွေပါ ထပ်ပေါင်းရင် မန်ဘာ မြန်မြန်ဝင်ရတော့မှာပဲဆိုပြီး လူအုပ်ကြားထဲ ငိုင်ငိုင်ကြီးပြုံးနေမိတဲ့ ကျွန်တော် ... ကထိန်အပြီး သီတင်းကျွတ်ရောက်တော့လဲ အမျိုးတွေအပြင်ရပ်ကွက်ထဲ သိသမျှလူ အကုန်လိုက်ကန်တော့ပြီးရလာတဲ့ မုန့်ဖိုးလေးတွေရယ် လက်ထဲမှာစုထားတဲ့ငွေလေးတွေနဲ့ပေါင်းပြီး ရေလိုက်တဲ့အခါ ...၅သိန်း၁သောင်းတောင်ရှိပြီဆိုတော့ လက်တွေတောင် တုန်ရီလာတယ် ....ဘဝမှာ ရည်မှန်းချက်တခုကိုပြည့်အောင် ပထမဆုံးအကြိမ် ဒီလိုကြိုးစားခဲ့ဖူးတာဆိုတော့ ကိုယ့်ကိုကို ယုံကြည်မူ့လဲအပြည့်ရှိလာပြီး မျက်ရည်တွေတောင်ဝဲတက်လာခဲ့တယ်။
မှတ်မိသေးတယ် အဲ့ညက သီတင်းကျွတ်လပြည့်နေ့ကြီး ...၁ယောက်ထဲအခန်းထဲမှာ စဉ်းစားခန်းဖွင့်နေမိတယ်။ "ကိုမာန်ဟိန်းက ကလေးမို့လို့ ဘောပွဲလောင်းတာ လက်ခံပါ့မလား ????
(အော် လက်ခံလောက်မှာပါပဲလေ သူလဲစီးပွားရေးလုပ်နေတာပဲ ငါကလဲ တန်ရာတန်ကြေးပေးတာပဲကို) ....
အခု ညသွားရှာရင်ကောင်းမလား ???
သီတင်းကျွတ်လပြည့်ညကြီးဆိုတော့ လောင်းကစားလုပ်တာ ငရဲကောကြီးမလား ?
အာ ...ကြီးကာမှကြီးရောကွာ "ကိုမာန်ဟိန်းဆီ မန်ဘာဝင်ဖို့ ဘုရားစင်ပေါ်တင်ထားတဲ့စုဗူးထဲက ပိုက်ဆံတောင် စူးနဲ့ထိုးပြီးခိုးခဲ့သေးတာပဲမထူးဘူးဆိုပြီး ...တုန်တုန်ရီရီနဲ့ ကိုမာန်ဟိန်းအပြင်ထွက်ချိန်လောက်မှန်းပြီး တိုက်အောက်မှာစောင့်နေမိတယ်...မိုးသာချူပ်သွားတယ် ဆင်းလာတာမတွေ့မိဘူး။
နောက်ဆုံး မိုးတော်တော်ချူပ်လာလို့မနေနိုင်တော့ပဲ ရပ်ကွက်ထဲက ဘဲကြီးတွေကို မေးကြည့်တော့မှ ...""မင်းမသိဘူးလား ?? အဲ့ဘဲကြီးကို လောင်းကစားမှုလား ဖိုးတွမ်တီးအမူ့နဲ့လားမသိဘူးဖမ်းသွားတာ ၃ရက်လောက်ရှိပြီ"" ဆိုတဲ့ စကားအဆုံး နားထဲကလေတွေထွက်လာသလိုလို နဲ့ ရည်မှန်းချက်တွေကိုရိုက်ချိုးခံရပြီး ဝမ်းနည်းမူ့တွေနဲ့အတူ လမ်းမကြီးပေါ်ကို ခြေဦးတည်ရာ ဘာကြောင့်မှန်းမသိမျက်ရည်တွေ တသွင်သွင်ကျရင်း လျှောက်သွားနေတုန်း အရှေ့မှာ တက်သွားတဲ့ ကျန်ကျောင်းပုံ မီးပုံ ပျံက ကျွန်တော့်ကို လှောင်ရီ သလိုလိုနဲ့ ...........................

image

coach stan ပြောပြထားတဲ့ Abs exercise

7 w - Translate

ဘန်ကောက် ရဲ့ ကောင်းကင်ယံမှာ မောင်းသူမဲ့ လေယာဉ် တက္ကစီ ပျံသန်းပြီ
==========================================
ထိုင်းနိုင်ငံ ဘန်ကောက်ဟာ နည်းပညာ ကုမ္ပဏီတွေကို စွဲဆောင်နိုင်တဲ့ မြို့တော် ဖြစ်လာပါပြီ။ အခုတော့ ဘန်ကောက်မှာ ပထမဆုံး အနေနဲ့ မောင်းသူမဲ့ လေယာဉ် ပျံသန်းခဲ့ပါတယ်။
တရုတ်ရဲ့ EHang လေယာဉ် နည်းပညာ ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ EH216-S မောင်းသူမဲ့ လေယာဉ်ဟာ ခရီးသည်တွေကို တင်ဆောင်ပြီး ထိုင်းရဲ့ ကောင်းကင်မှာ ၃ ရက်ကြာ ပျံသန်းခဲ့ပါတယ်။ ဒီလေယာဉ်ဟာ eVTOL အမျိုးအစား ဖြစ်တဲ့အတွက် မြေပြင် ကနေ ဝေဟင် ၊ ဝေဟင် ကနေ မြေပြင်ကို ဒေါင်လိုက် အတက်အဆင်းပြုလုပ်နိုင်ပါတယ်။ ပြောရရင် လေယာဉ် ပြေးလမ်း မလိုပါဘူး။
Thailand Drone Exhibition & Symposium 2024 မှာ EHang က အဲဒီ လေယာဉ်ကို ပြသလိုက်တာ ဖြစ်ပြီး ထိုင်းဟာ EHang ရဲ့ မောင်းသူမဲ့ လေယာဉ်ကို ပြသတဲ့ ၁၈ ခုမြောက် နိုင်ငံ ဖြစ်လာပါတယ်။ ထိုင်း အစိုးရက ဘန်ကောက်လို ထိုင်းရဲ့ လူနေထူထပ်တဲ့ မြို့တွေမှာ မောင်းသူမဲ့ လေယာဉ် တက္ကစီတွေကို အသုံးပြုနိုင်အောင် ရည်မှန်းထားပါတယ်။ ၂၀၂၅ ခုနှစ်မှာ ထိုင်းမှာ မောင်းသူမဲ့ လေယာဉ် တက္ကစီတွေ ပြေးဆွဲနိုင်အောင် ကြိုးစားမယ်လို့ ထိုင်း အစိုးရ အာဏာပိုင်တွေက ပြောပါတယ်။
Ref : bangkokpost

image
7 w - Translate

သူမကို မွေးဖွားပေးခဲ့တဲ့ Kanebo ရဲ့ပဲ့ကိုင်ရှင် ကျေးဇူးကို မမေ့ခဲ့တဲ့ ဝတ်မှုန်ရွှေရည် 🥰
Kanebo Cosmetics ကြော်ငြာတွေနဲ့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို စတင်ရရှိခဲ့ဖူးတဲ့ ဝတ်မှုန်ရွှေရည်ဟာ သူမကိုမွေးဖွားပေးခဲ့တဲ့ ကျေးဇူးကို ယနေ့တိုင် အမှတ်ရနေဆဲပဲဖြစ်ပါတယ်။ ယနေ့အချိန်ထိ အဆိုပါ ပဲ့ကိုင်ရှင်နဲ့ လုပ်ငန်းပေါင်းမြောက်များစွာကို လက်တွဲပြီး အတူတူလုပ်ကိုင်နေဆဲဖြစ်တယ်လို့ဆိုပါတယ်။ Kanebo ရဲ့ ပဲ့ကိုင်ရှင် မငယ်ရဲ့မွေးနေ့ပွဲကိုတက်ရောက်ရင်းနဲ့ သူမက မမေ့မလျော့ ကျေးဇူးတရားတွေကို ကျေးဇူးတင်စကားဆိုခဲ့တာပါ။

#celenews

image

Weight loss vs Fat loss

#တစ်ထိုင်တည်းစားခြင်း
________________
" ဓုတင်" ဆိုသည်ကား လောဘ ဒေါသ အတ္တမာနစသော ကိလေသာတရားဆိုးတို့ကို ဖယ်ရှားသော ကျင့်စဉ်ပင် ဖြစ်သည်။ အပြင်းစားကျင့်စဉ်ဟု ဆိုနိုင်ပါ၏။ ထိုဓုတင်ကျင့်စဉ်ထဲတွင် " ဧကာသနိက်ဓုတင်" လည်း တစ်ခု အပါအဝင် ဖြစ်၏။ " ဧကာသနိက်ဓုတင်" ဟူသည် တစ်ထိုင်တည်း စားခြင်း ဖြစ်သည်။
တချို့က ဓုတင်ဆိုသည်မှာ ရဟန်းတော်များနှင့်သာ ဆိုင်၏ဟု ထင်နေကြ၏။ မဟုတ်ပါ။ ဤဓုတင်ကတော့ ရဟန်းတော်များသာ မက လူပုဂ္ဂိုလ်များလည်း ကျင့်နိုင်သည့် ကျင့်စဉ်တစ်ခု ဖြစ်သည်။
ဧကာသနိက်ဓုတင် ကျင့်လိုသော ပုဂ္ဂိုလ်သည် " နေရာအများ၌ စားခြင်းကို ပယ်ပါ၏၊ တထိုင်တည်း၌သာ စားခြင်းအကျင့်ကို ဆောက်တည်ပါ၏" ဟု အဓိဋ္ဌာန်၍ ဆောက်တည်ရမည် ဖြစ်သည်။
ဤဓုတင်ကို ကျင့်သောပုဂ္ဂိုလ်သည် တစ်ရက်တွင် တစ်နေရာတည်းမှာပဲ စားလို့ ရ၏။ နေရာမှ မထသေးသမျှကာလပတ်လုံး စားလို့ ရ၏။ နေရာမှ ထလျှင်တော့ နောက်ထပ် စားလို့ မရတော့ပေ။ ထို့ကြောင့် ကျင့်ဖို့ မလွယ်လှ။ သို့သော် ကျင့်ချင်သည့် ဆန္ဒ ရှိလျှင်လည်း ကျင့်နိုင်ပါ၏။
အကျိုးကျေးဇူး
-------------------
လူတော်တော်များများက တစ်ရက်ကို နှစ်ကြိမ် စားကြ၏။ တချို့ကတော့ သုံးကြိမ်လောက် စားကြ၏။ ထို့ကြောင့် ကိုယ်အလေးချိန် များလာခြင်း ဖြစ်သည်။ တစ်ရက် တစ်ကြိမ်သာ စားပါက ကိုယ်အလေးချိန် တက်မလာတော့ပေ။ ကိုယ်အလေးချိန် တက်မလာသည့်အတွက် ခန္ဓာကိုယ် ပေါ့ပါးသွားတော့၏။
တစ်ရက်တစ်ကြိမ်သာ စားသည့်အတွက် "ရသတဏှာ" ကိုလည်း ပယ်ဖျောက်နိုင်၏။ "ရသတဏှာ" ဆိုသည်ကား မစားရမနေနိုင်သည့်စိတ်ပင် ဖြစ်သည်။ တချို့လူများဆိုလျှင့် မတည့်မှန်း သိလျက် စားကြ၏။ ဘာကြောင့်နည်း၊ ရသတဏှာကြောင့်တည်း။ ထို့ကြောင့် ရသတဏှာကို ပယ်ဖျောက်လိုလျှင် ဤဓုတင်ကို ကျင့်သင့်လှပေသည်။
ယနေ့ခေတ်လူများ ရောဂါဖြစ်ကြခြင်းမှာ အစားအသောက်ကြောင့်ပင် ဖြစ်၏။ ထို့ကြောင့် စားချင်တာ မစားဘဲ စားသင့်တာ စားရမည် ဖြစ်သည်။ စားချင်သလောက် မစားဘဲ စားသင့်သလောက် စားရမည် ဖြစ်၏။ ထို့ကြောင့် ရောဂါကင်းလိုလျှင်လည်း ဤဓုတင်ကို ကျင့်သင့်လှပါပေ၏။
"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊
အေးငြိမ်းချမ်းသာ ရှိပါစေ"
_______________________
#အင်ကြင်းမြိုင်ဆရာတော်
#အရှင်ဒေဝိန္ဒာဘိဝံသ

image

အခန်းကျဥ်းလေးထဲကနေ Oscars ကို စိန်ခေါ်ခဲ့တဲ့ ကြောင်ကလေး
97 ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲမှာတော့ ပထမဦးဆုံးအကြိမ် Studio အသေးစားလေးမှဖန်တီးထားတဲ့ Flow ဇာတ်ကားဟာ အော်စကာဆုရရှိခဲ့ပါတယ်။
ဒီဇာတ်ကားဟာ လတ်ဗီးယားနိုင်ငံမှ ရုပ်ရှင်ဒါရိုက်တာ Gints Zilbalodis ရဲ့ပထမဦးဆုံး Oscars ရတဲ့ ဇာတ်ကားဖြစ်ပါတယ်။
“Flow” ကို ဖန်တီးဖြစ်ခဲ့ပုံကလည်း Blender လို open-source Free ရတဲ့ Software နဲ့ ဖန်တီးခဲ့ကြတာဖြစ်ပါတယ်။ ဒီဖန်တီးမှုတွေကနေ ကြောင်နက်လေးတစ်ကောင်ရယ်၊ ခွေးတစ်ကောင်ရယ်၊ Capybara၊ Ring-Tailed Lemur နဲ့ ငှက်လေးကို ဖန်တီးဖြစ်ခဲ့တာဖြစ်ပါတယ်။
ဒီဇာတ်ကားမှာ စိတ်ခံစားမှုနဲ့ စိတ်ကူးတချို့ကို ဂီတ၊ အသံ၊ Movement၊ တည်းဖြတ်မှုတို့နဲ့ လူတွေစီကို စကားလုံးတွေမသုံးပဲ နှလုံးသားထဲရောက်အောင် ပြောနိုင်ခဲ့ပါတယ်” လို့ စင်ပေါ်မှာ Flow ဖန်တီးသူတွေက ပြောခဲ့ပါတယ်။
ကျွန်တော့် အမေနဲ့ အဖေကို ကျေးဇူးတင်ပါတယ်။ ကြောင်တွေ၊ ခွေးတွေကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ဇာတ်ကားရဲ့ နွေးထွေးတဲ့ Presentation က ကျွန်တော့်အတွက် အထူးခြားဆုံးပါပဲ။
Flow ကနေ တစ်ဆင့် ကမ္ဘာတစ်ဝှမ်းက လွတ်လပ်တဲ့ ကာတွန်းရုပ်ရှင်ရိုက်ကူးသူတွေကို အများအပြားပေါ်ပေါက်လာမယ့်လို့ မျှော်လင့်ပါတယ်" လို့ Zilbalodis က ပြောပါတယ်။
လတ်ဗီးယားနိုင်ငံမှာ ကျွန်တော့ရုပ်ရှင်က ပထမဦးဆုံးအကြိမ် Studio အကြီးစားကြီးတွေနဲ့အပြိုင် ဆန်ခါတင် ဝင်ခဲ့တာက ကျွန်တော့်အတွက် တကယ်ကို အဓိပ္ပာယ်ရှိတဲ့ အခိုက်အတန့်ပါပဲ။ မထင်လည်းမထင်ထားပါဘူး။
Flow လို Studio အသေးလေး၊ နိုင်ငံသေးသေးလေးထဲက Creator တွေကတော့ Oscars ထိကို စိန်ခေါ်ပြီး Studio အကြီးစားတွေနဲ့ ပြိုင်တဲ့ပွဲမှာ အနိုင်ရခဲ့ကြပါပြီ။
ဒီနှစ်အတွက် Animation တွေက တော်တော်လေးကျပ်တဲ့ နှစ်ပါ ။ တော်ရုံတိုးဖို့မဖြစ်နိုင်တဲ့ အခြေနေမှာ Flow က ဝင်လာပြီး ဆုတွေ များစွာသိမ်းပိုက်ခဲ့တာတော့ အံ့သြသင့်စရာကိစ္စပါပဲ။
Flow ပြီးရင်တော့ လက်ရှိ The Wild Robot လည်း ယှဥ်ပြီး တစ်ပြေးခဲ့ပေမယ့် နောက်ဆုံးမှာတော့ Flow ကပဲ Oscars ကို စိန်ခေါ်ပြီး အောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။
Flow ဟာ Oscars မရွေးချယ်ခင်တုန်းထဲက ရွှေကမ္ဘာလုံးဆုပေးပွဲ၊ Critics Choice Awards၊ Annie Awards နှင့် British Academy Film Awards တို့မှာ ဆုတွေသိမ်းပိုက်ထားထဲက Oscars လည်း ရမယ်လို့ ခန့်မှန်းမိနေတာပါ။
ပြီးတော့ The Wild Robot ကိုလည်း Oscars ရမယ်လို့ ထင်ထားပေမယ့် ရွှေကမ္ဘာလုံးဆုပေးပွဲထဲက Flow က ဦးဆောင်နေတော့ မျက်ခုံးလှုပ်မိတာတော့ အမှန်ပါ။
ဒါပေမယ့် Flow ကလည်း Oscars နဲ့ တကယ်ထိုက်တန်ပါတယ်။
နောက်ဆုံးတော့ နိုင်ငံအသေးလေးက Studio အသေးလေးဟာ Oscars ဆင်မြင့်ထပ်မှာ နတ်ကြီးပါတယ်ဆိုတဲ့ Oscars ကို စိန်ခေါ်ပြီး သူတို့ရဲ့ အောင်မြင်မှုကို ရယူသွားခဲ့ပါပြီ။

image

#ကပ်ကြီးသုံးပါးကို ကျော်လွှားနိုင်စေဖို့
မင်းကွန်းဆရာတော်ကြီး၏ မိန့်မှာချက်များ ❞
၁။ သူတကာတွေ လောဘကြီးသော်လည်း
မိမိက လောဘမကြီးအောင်နေပါ။
ထိုသို့နေလျှင်
သူတကာ ငတ်မွတ်ခေါင်းပါးခြင်း
(ဒုဗ္ဘိက္ကန္တာရကပ်)ဘေးသင့်ရောက်သော်လည်း
မိမိမှာ ထိုဘေးမှ လွတ်မြောက်မည်။
၂။ သူတကာတွေ ဒေါသကြီးသော်လည်း
မိမိက ဒေါသမကြီးအောင်နေပါ။
ထိုသို့နေလျှင်
သူတကာ လက်နက်ဘေးဆိုး အန္တရာယ်
(သတ္ထန္တရကပ်)ဆိုက်ရောက်သော်လည်း
မိမိမှာ ထိုဘေးမှ လွတ်မြောက်မည်။
၃။ သူတကာတွေ မောဟကြီးသော်လည်း
မိမိက မောဟမကြီးအောင်နေပါ။
ထိုသို့နေလျှင်
သူတကာ အနာရောဂါဘေးဆိုး
(ရောဂန္တရကပ်)ဆိုက်ရောက်သော်လည်း
မိမိမှာ ထိုကပ်ဘေးမှ လွတ်မြောက်မည်။
ဤကား...
ကျေးဇူးတော်ရှင် မစိုးရိမ်ဆရာတော်ဘုရားကြီး
အမြဲမပြတ် ဆိုဆုံးမလေ့ရှိသော
သြဝါဒ ဖြစ်သည်။
ယနေ့ ယခု မျက်မှောက် အချိန်အခါသည်ကား
ထိုသြဝါဒအတိုင်း လိုက်နာကျင့်သုံးရန်
အချိန်တန်နေပြီဖြစ်၍ -
(၁) လောဘမကြီးရန် မိမိတတ်နိုင်သမျှ
စွန့်ကြဲပေးကမ်း လှူဒါန်းပါ။(ဒါန၊ စာဂ)
(၂) ဒေါသမကြီးရန် သတ္တဝါအားလုံးတို့အား
မေတ္တာတရား ပွားများပို့သပါ။(မေတ္တာဘာဝနာ)
(၃) မောဟမကြီးရန် ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏
အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောကို
အချိန်ရသမျှ ဆင်ခြင်ပါ။(ဝိပဿနာဘာဝနာ)
#တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ဓမ္မဘဏ္ဍာဂါရိက
#ကျေးဇူးတော်ရှင်မင်းကွန်းဆရာတော်ဘုရားကြီး
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
🙏#မြတ်ဗုဒ္ဓ၏ဓမ္မတရားဆုံးဆည်းရာမှတ်စုများ?
=============================
#မူရင်းဓမ္မစာပေ✍️photo,Credit
#ကျေးဇူးတင်စွာလေးစားဂုဏ်ယူဂါရဝပြုပါသည်?
=============================
#kmw(ဘဝမူကြို)မှ/ဓမ္မဒါန ☸️🙏🙏🙏☸️
#မူရင်းစာပေနှင့်သုတရသစိတ်ခွန်အားစာပေများကို
#ချစ်ခြင်း‌မေတ္တာအားဖြင့်ပြန်လည်မျှဝေပေးသည်။
#ဓမ္မစကားနေ့တိုင်းကြားကစိတ်ထားဖြူလာဘ်
#အသိဉာဏ်ပညာထက်၏။
#မြတ်ဗုဒ္ဓ၏တရားဓမ္မဖြင့်အသိပညာများရရှိနိူင်ပါစေ။
#ကောင်းမှုတစ်ခုနေ့စဥ်ပြုပါ☸️???☸️

image