ကလေးမြို

image

ကလေးမြို

image

ကလေးမြို

image

ကလေးမြို

image

ကလေးမြို

image

ကလေးမြို

image

ကလေးမြို

imageimage
+6
7 w - Translate

မွန်နိုင်ငံတော်ဖြစ်ခဲ့ဖူးတဲ့ မြို့တော်ရန်ကုန် နှင့် လက်ရှိမွန်နာမည်နှင့် မြို့နယ်များ ၊ စေတီဘုရားများ ။
သမိုင်းထဲက တာမွေ ( ဒဂုံမြို့ )
တာမွေဟာ အခုအခါမှာတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်း မှာရှိတဲ့မြို့နယ်တခုဖြစ်ပါတယ်။ တာမွေ ဆိုတဲ့နာမယ်ဟာ မွန်ဘာသာဖြစ်ပြီး မွန်လို တာမွဲ လို့ရေးပါတယ်။ အသံထွက်က တားမွယ် ဖြစ်ပြီး မြန်မာလို ထန်းတစ်ပင် လို့အဓိပ္ပာယ်ရပါတယ်။ တာမွေ ဟာ ရှေးခေတ်အခါဆီက အခုရန်ကုန်လို့တွင်တဲ့ ဒဂုံမြို့အနီးက ရွာတစ်ရွာ ဖြစ်ပါတယ်။
တာမွေရွာကိုဘယ်အချိန်ကစပြီးတည်တယ်ဆိုတာကိုတော့ သေသေချာချာမသိရပါဘူး။ တာမွေရွာ နာမယ်ကို ပဲခူးဟံသာဝတီမှာနန်းစိုက်တဲ့ ဗြမိုင်ရာဇာဓိရာဇ်ဘွဲ့ခံ မွန်ဘုရင်ဗညားဒလ နဲ့ ရွှေဘိုရတနာသိင်္ဃမှာနန်းစိုက်တဲ့အလောင်းဘုရားဘွဲ့ခံ မြန်မာဘုရင်ဦးအောင်ဇေယျတို့လက်ထက်ဖြစ်ပွားခဲ့တဲ့ ကုန်းဘောင်-ဟံသာဝတီစစ်ပွဲတွေမှာစပြီးတွေ့ရပါတယ်။ ဒီစစ်ပွဲတွေမှာနောက်ဆုံးမှာတော့ အလောင်းဘုရားဦးအောင်ဇေယျဟာ မွန်ဘုရင်ဗညားဒလရဲ့ ပဲခူးဟံသာဝတီမြို့တော်သိမ်းပိုက်နိုင်ခဲ့ပြီး ပုသိမ်၊ဒဂုံ၊ပဲခူး၊မုတ္တမ စတဲ့ ဒေသတွေပါဝင်တဲ့ မွန်နိုင်ငံဟာ မြန်မာအင်ပိုင်ယာအတွင်းသွတ်သွင်းခြင်းခံခဲ့ရပါတယ်။
အေဒီ ၁၇၅၇ခု အလောင်းဘုရား မသိမ်းပိုက်ရသေးခင်အချိန်တွေအထိ ပြည်မြို့ နဲ့ တောင်ငူမြို့တို့ရဲ့ တောင်ဘက်ဒေသတွေဟာ မွန်နိုင်ငံဖြစ်ခဲ့တာမို့ ဒီဒေသတွေက‌ ရှေးမြို့ရွာနာမည်တွေဟာ မွန်ဘာသာနဲ့ ရှိနေပြီး အချို့မြို့ရွာတွေဟာအခုအချိန်အထိရှိနေကြပါတယ်။ ဒီဒေသတွေမှာရှိတဲ့ ရှေးဘုရားစေတီတို့ရဲ့ ဘွဲ့နာမယ်တွေဟာလဲမွန်ဘာသာနဲပဲရှိနေကြပါတယ်။
ရှေးမွန်နေရပ်နာမယ်အချို့ကိုဖော်ပြလိုပါတယ်။
တာမွေ( မြန်မာလိုထန်းတစ်ပင်ဖြစ်ပါတယ်)
ဒေါပုံ(မြန်မာလိုကုန်းလေးကုန်းဖြစ်ပါတယ်)
ကြည့်မြင်တိုင်(မြန်မာလို့မြို့တံတိုင်းဖြစ်ပါတယ်၊၂မိုင်လောက်ရှည်လျှားတဲ့ကြည့်မြင်တိုင်ခံတပ်ကြောင့်ဒီလိုခေါ်တာဖြစ်နိုင်ပါတယ်)
ကမာရွတ်(မြန်မာလိုရတနာရေကန်ဖြစ်ပါတယ်)
အင်းစိန်(မြန်မာလိုဆင်အင်းဖြစ်ပါတယ်)
ဒဂုံ( တြိဂုမ္ဘဆိုတဲ့ ရန်ကုန်မြို့ရဲ့ မွန်နာမယ်ဟောင်းကနေ ဒဂုံမြို့လို့ဖြစ်လာပါတယ်။ တိဂုံလို့လဲရေးတတ်ပါတယ်)
လှိုင်( မြန်မာလို မြစ်လက်တက်ချောင်းလက်တက်ဖြစ်ပါတယ်)
ဗဟန်း ( မြန်မာလို ဘုန်းကြီးကျောင်းဖြစ်ပါတယ်)
မင်္ဂလာဒုံ( မြန်မာလို သားကောင်ပေါများတဲ့မြို့ဖြစ်ပါတယ်)
ရန်ကုန်တဝိုက်ကထင်ရှားတဲ့ရှေးဘုရားစေတီဘွဲ့နာမယ်အချို့ကိုလဲဖော်ပြလိုပါတယ်။ ဘုရားစေတီကို မွန် လို ကျိုက် လို့ခေါ်တဲ့အတွက် ကျိုက်နဲ့စခေါ်တဲ့ စေတီဘွဲ့နာမယ်တွေဟာ မွန်ဘာသာဖြစ်တယ်ဆိုတာသိနိုင်ပါတယ်။ အလောင်းဘုရားမွန်ဒေသကိုသိမ်းပြီးတဲ့အခါ ကျိုက်အစား ရွှေ ကိုအစားထိုးခေါ်တာမျိုးလဲရှိပါတယ်။ ကျိုက်တိဂုံ ကို ရွှေတိဂုံ လိုခေါ်လာသလို၊ ပဲခူးက ကျိုက်မူတော ကို ရွှေမောဓေါ စသဖြင့်ခေါ်လာပါတယ်။ ရန်ကုန်တဝိုက်က ကျိုက်ဒေးအပ်ခေါ်တဲ့ ဗိုလ်တစ်ထောင်ဘုရား၊ ကျိုက်ဝိုင်းဘုရား၊ ကျိုက်ကလို့ဘုရား၊ တာမွေ အနားက ကျိုက္ကဆံ ဘုရားစတာ စတဲ့တဲ့စေတီတွေဟာထင်ရှားပါတယ်။ ကျိုက္ကဆံဘုရားဟာ အခုသင်္ဃန်းကျွန်းမြို့နယ်ထဲမှာပါတယ်ဆိုပေမဲ့ သင်္ဃန်းကျွန်းရွာဆိုတာမရှိသေးခင် အချိန်က တာမွေနယ်လို့ပြောနိုင်ပါတယ်။ အရင်ကတည်းကထင်ရှားတဲ့ဘုရားတစ်ဆူဖြစ်ပါတယ်။ ဒီဘုရားကိုအစွဲပြီုပြီး ကျိုက္ကဆံလမ်း၊ကျိုက္ကဆံကွင်း စတာတွေကို တာမွေမြို့နယ်အတွင်းမှာတွေ့နိုင်ပါတယ်။ ဘုရားသမိုင်းတွေအရ ကျိုက္ကဆံစေတီကို သံလျှင်ကျိုက်ခေါက်ဘုရားနဲ့ တချိန်တည်းမှာပဲ သံလျှင်ဘုရင် သီဟဒီပ မင်းကတည်ထားခဲ့တယ်လို့ဆိုပါတယ်။ ရဟန္တာအရှင်မြတ်တွေတည်ထားခဲ့တဲ့ဘုရားဖြစ်လို့ မွန်ဘာသာ ကျိုက်အရှန် လိုခေါ်တွင်ပါတယ်။ ကျိုက်အရှန် ကိုမြန်မာလိုအသံထွက်ဖို့ခက်လို့ ကျိုက္ကဆံ လို့ မြန်မာတို့တို့ကခေါ်လာကြတာဖြစ်ပါတယ်။
ဗညားအိုင်းဝင်
စာကိုး
ဦးမောင်မောင်တင်- ကုန်းဘောင်ဆက်မဟာရာဇဝင်တော်ကြီး
မှော်ပီဆရာသိန်း- ပါးစပ်ရာဇဝင်
နဂါးဗိုလ်ထိပ်တင်ဒွေး- ရန်ကုန်ရာဇဝင်

image

Thanos နဲ့ Doom ပြီးရင် MCU ကြီး ဘာဖြစ်သွားမလဲ နောက်ထက်ပေါ်လာမဲ့ Big Boss ကဘယ်သူမဖြစ်မလဲ ဒီ အကြောင်းနဲ့ပတ်သက်ပြီး သိသလောက်ပြန် Share ပေးပါမယ်။

အခု mcu ရဲ့ Second Main Villain က Doom ဖြစ်ပြီး သူ့ Secret War Story line မှာ Multiverse ကြီး War ဖြစ်ပြီး Universe တစ်ခုတည်းအဖြစ် Reboot လုပ်ပြီးပြန်မိတ်ဆက်မယ်လို့ပြောထားတယ်၊ အဲ့တော့ Marvel အနေနဲ့နောက်လာမဲ့ Villain ကိုလည်း Secret war မှာမိတ်ဆက်မယ်လို့ထင်တယ်။ Infinity Saga ထက် အခု Multiverse Saga ကပိုစိတ်ဝင်စားဖို့ကောင်းတယ် အဲ့လိုပဲ အခု Multiverse Saga ထက်နောက်လာမဲ့ Saga ကပ်ိုကြမ်းမှ Fan တွေကသဘောကျမှာဆိုတော့ ဘယ် Villain တွေက MCU ထဲရောက်လာနိုင်လဲ

ပထမဆုံးကတော့ Fantastic Four နဲ့အတူမိတ်ဆက်မဲ့ Galactus ပါ သူ့ကို F4 ပထမပွဲဦးထွက်နဲ့အနိုင်တိုက်နိုင်မှာမဟုတ်တော့ သူက Secret War မှာပြန်ပါနိုင်ပြီး နောက်လာမဲ့ Saga တစ်ခုမှာ Multiverse ရဲ့ အန္တရယ်အနေနဲ့ ပြန်ပေါ်လာနိုင်ပါတယ်။ လောလောဆယ် Eternals တွေနဲ့အတူ Celestials တွေကိုလည်းမိတ်ဆက်ထားတာဆိုတော့ Comic ထဲကလို Galactus Vs Celestials Battle ကိုမြင်ရနိုင်ပါတယ်၊ သူတို့တွေ Battle ဖြစ်ရင်း Cosmic Entity တွေဝင်ပါရင်း Cosmic Level Fight တွေမြင်ရနိုင်ပါတယ်။

နောက်တစ်ယောက်က Beyonder As Kang Varient ပါ။ ဒါကတော့ လက်တလောထွက်နေတဲ့ Rumors တွေအရ Secret War မှာ Beyonder အဖြစ် Kang Varient ကိုပြန်မိတ်ဆက်နိုင်တယ်လို့ပြောနေကြပါတယ်။ Majors ကိုလည်းပြန်ခေါ်ဖို့ဆွေးနွေးတယ်ဆိုတဲ့သတင်းတွေလည်းထွက်နေတော့ဖြစ်နိုင်ပါတယ်။ မဟုတ်လည်း Kang ကိုပြန်ခေါ်တာဖြစ်နိုင်ပါတယ်။ အရင်လို Kang ပီးမှ Doom မဟုတ်ပဲ Doom ပြီးမှ Kang ပေါ့

နောက်တစ်ခုက Xmen တွေရဲ့ War လာဦးမယ်လို့ထင်ပါတယ်။ Marvel ရဲ့နာမည်ကြီး Event တစ်ခုဖြစ်တဲ့ Apocalypse တို့ Magneto တို့ရဲ့ War ကိုမြင်ရနိုင်ပြီး House Of M Storyline လိုမျိုး Xmen vs Avengers တွေလည်းမြင်ရနိုင်ပါတယ်။ ပြောင်ကြီးကနောက်ပိုင်း Xmen တွေကို mcu မှာသေချာလေးချပြဦးမှာဆိုတော့ ဒီ Event ကလည်းမြင်ရနိုင်ခြေရှိပါတယ်။

နောက်တစ်ခုကတော့ Cosmic Level ကိုပြန်နိုင်ပါတယ်။လောလောဆယ် comic တစ်ချို့မှာ Living Tribunal တို့လို Being တွေပါ ဝင်ပါနေရတဲ့ comic တွေထွက်လာပြီး Eternity တို့လို Beings တွေပါ ခံနေရတဲ့ Event တွေရှိနေတော့ Celestials တွေကိုထုတ်ပြတာနဲ့အတူ Cosmic entity တွေရဲ့ ပြသာနာတွေကိုလည်းထုတ်ပြနိုင်ပါတယ်။

ဒါကလောလောဆယ် mcu မှာနောက်ထက်လာနိုင်တဲ့ event or big boss fight ကိုရှာတွေ့သလောက် sharing လုပ်ပေးတာပါ။ ဒီဟာတွေက လက်ရှိ mcu timeline နဲ့ဆိုရင် အဖြစ်နိုင်ဆုံးလို့ပြောလို့ရပါတယ်။

image

Consistency နဲ့ Intensity မှာ ဘယ်အရာက ပိုပြီး အရေးကြီးသလဲ ❓