5 w - Translate

ဝါသနာအရ ဖီးလ်တာ😁

image
5 w - Translate

ဆိတ်ပုဆိုးကြမ်းရေပြန်ဆီကျန်ဟင်း

ကြက်သွန်ဖြူနီ ငရုတ်ပွအချိုရောထောင်း ဆီသတ် နနွင်းထည့်စပါးလင်ထုံး ထည့်
မွှေးပြီး အရောင်တက်လာရင် ဆားနနွင်း ငံပြာရည် နည်းနည်း အရသာမှုန့်နဲ့ နယ်ထားတဲ့ ပုဆိုးကြမ်းကို ထညိ့ပါ လုံးရေခန်းပြီးမွှေးလာရင် ရေများများထည့်ပြီးတည်ပါ
pressure cooker ဆိုရင် နာရီဝက် လောက်ဆို နူးပါတယ်

image
5 w - Translate

#ကြက်သားမဆလာဆီပြန်

ကြက်သားကိုဟင်းခတ်မှုန့်နယ်ထား ကြက်သွန်ဖြူနီညက်အောင်ထောင်း ဆီသပ် ငရုတ်စိမ်းမှုန့်ထည့် ကြက်သားထည့် ဟင်းခတ်မှုန့်ထည့် ရေထည့် အုပ်ထား ရေခမ်းလို့အဆီပြန်ပြီဆိုမဆလာအုပ် ရှယ်ဘဲ

image
5 w - Translate

ငါအား နင်တို့မအား
နင်တို့အား ငါမအား ဟုတ်နေတာပဲ 🙄

image
5 w - Youtube

5 w - Translate

ထိုင်းအရှေ့ပိုင်းက ကော့ခမ်ကျွန်းကို ဘတ် ၁ ဒဿမ ၈ ဘီလျံဖြင့် ရောင်းမည်

ထိုင်းနိုင်ငံအရှေ့ပိုင်း ထရတ်ပြည်နယ်ရှိ ဆောက်လက်စ အပန်းဖြေအိမ်များပါဝင်သော ကော့ခမ်ကျွန်းကို ဘတ် ၁ ဒဿမ ၈ ဘီလျံဖြင့် ရောင်းချမည်ဟူသော မကြာခင်က ဖေ့စ်ဘုတ်ပေါ်တွင် ကြေညာခဲ့သည့် ပို့စ်များသည် ဗုဒ္ဓဟူးနေ့တွင် လူစိတ်ဝင်စားသော အကြောင်းအရာဖြစ်လာခဲ့သည်။

ဖေ့စ်ဘုတ်စ်အသုံးပြုသူ Apassara Sonsab ဆိုသူက အဆိုပါ ပုဂ္ဂလိကပိုင်ကျွန်းသည် ထရတ်ပြည်နယ်တွင် အလှဆုံးကျွန်းဖြစ်ကြောင်းနှင့် ရောင်းချမည့်အစီအစဉ်ထဲတွင် ဆောက်လက်စ အပန်းဖြေအိမ်များကိုလည်း ထည့်သွင်းထားကြောင်း ရေးသားထားခဲ့သည်။

ပို့စ်တွင် ရေးသားထားချက်အရ ရောင်းချမည့် ကျွန်းပေါ်ရှိ ဧရိယာသည် ၁၀ ဧကခန့်ရှိပြီး ကြည်လင်တောက်ပသော ပင်လယ်ရေ၊ သန့်ရှင်းသော သဲသောင် မီတာ ၃၀၀ ခန့်နှင့် လှပသော မီးတောင်ကျောက်အစုအဝေးများ တည်ရှိနေသည်ဟု ဆိုထားသည်။ ကျွန်းသည် ထရတ်ပြည်နယ် အဓိက ကုန်းမြေမှ ၃၅ ကီလိုမီတာအကွာ၊ ကော့မတ်ခ်မှ ၁ ကီလိုမီတာခန့်အကွာတွင် တည်ရှိသည်ဟုလည်း ဆိုသည်။

ကော့ခမ်ကို ရောင်းချမည်ဆိုသော ပို့စ်များနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့၏ ထရတ်ပြည်နယ်ရုံးက ပြည်သူများအနေဖြင့် ဘတ် ၁ ဒဿမ ၈ ဘီလျံရှိစရာမလိုဘဲ အဆိုပါကျွန်းကို ကော့မတ်မှတဆင့် မော်တော်ဘုတ်၊ ကယက်တို့နှင့် သွားရောက်၍ မီးတောင်ကျေက် အစုအဝေးများ၊ သန္တာကျောက်များနှင့် လှပသော ပတ်ဝန်းကျင်ရှုခင်းများကို ကြည့်ရှု့ခံစားနိုင်ပါကြောင်း တုန့်ပြန်ထားခဲ့သည်။

ကော့ခမ်သည် လွန်ခဲ့သည့် နှစ်သန်း ရာပေါင်းများစွာက မီးတောင်ပေါက်ဝတစ်ခုဖြစ်သည်ဟုလည်း အဆိုပါရုံးက ပြောဆိုခဲ့သည်။

၁၄၈ မီတာအရှည် တံတားတစ်စင်း တည်ဆောက်ခြင်း၊ ၄၈၀ မီတာအရှည် တာတစ်ခုတည်ဆောက်ခြင်းနှင့် မြေယာပြုပြင်ခြင်းတို့တွင် သစ်တောနှင့် ပင်လယ်ပြင်ကို ကျူးကျော်ခဲ့သည်ဟုဆိုကာ ၂၀၁၄ ခုနှစ်တွင် ကျွန်းပိုင်ရှင်ကို တရားစွဲဆိုခဲ့ကြောင်း သိရသည်။

image
5 w - Translate

How to work reaction system?

image
5 w - Translate

ကလေးမြို့နယ်တွင် ပြည်ပပို့ကုန် နှမ်းသီးနှံ ဧက (၂၂၀၀၀) ကျော် ရိတ်သိမ်း

ပြည်ပပို့ကုန်နှမ်းသီးနှံကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် ရိတ်သိမ်းနေပြီဖြစ်ရာ ဧက(၂၂၀၀၀) ကျော်ရိတ်သိမ်းပြီးဖြစ်ကြောင်း ကလေးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်တွင် မိုးသီးနှံနှမ်းကို သြဂုတ်လက စတင်ရိတ်သိမ်းနေရာ ယနေ့အထိ (၂၂၁၆၄) ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း သိရသည်။

"လက်ရှိစိုက်ထားတဲ့ နှမ်းစိုက်ခင်းအားလုံးရာနှုန်းပြည့်ရိတ်သိမ်းပြီးပါပြီ။ အထွက်နှုန်းကောင်းမွန်တဲ့ GAP နည်းစနစ်နဲ့စိုက်ခဲ့ကြတာပါ။ တစ်ဧက ၆.၆၁ တင်း ထွက်ရှိနေပါတယ်" ဟု ကလေးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှုးဦးနိုင်ထွန်းဝင်းက ပြောသည်။

ကလေးမြို့နယ် နှမ်းစိုက်တောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက နှမ်းတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ GAP နည်းစနစ်နဲ့စိုက်ပျိုးနိုင်ရေး၊ မျိုးကောင်းမျိုးသန့် စိုက်ပျိုးနိုင်ရေး၊ အ ထွက်နှုန်းကောင်းမွန်သည့် မျိုးများစိုက်ပျိုးနိုင်ရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

"GAP နည်းစနစ်နဲ့ စိုက်ပျိူးထုတ်လုပ်တဲ့ သီးနှံတွေဟာ အခြားစိုက်စနစ်နဲ့ စိုက်ပျိုးထုတ်လုပ်ထားတဲ့ သီးနှံတွေထက် အရည်အသွေး ပိုမိုကောင်းမွန်ပြီး ပြည်တွင်းစျေးကွက်သာမက ပြည်ပစျေးကွက်ကိုပါ တင်ပို့ရောင်းချနိုင်ပါတယ်"ဟု နှမ်းစိုက်တောင်သူတစ်ဦးက ပြောသည်။