🥦 အိမ်ကခွေးလေးတွေက အသီးအရွက်မစားလို့ စိတ်ပူပြီး လာလာမေးမြန်းတဲ့ တိဖေဖေ၊ မေမေတို့အတွက်ပါ။
သူတို့လေးတွေအတွက် ဦးစားပေးအစားအစာက အသားဖြစ်ပြီး သူတို့ကိုယ်တိုင်တော်တော်ကြိုက်နှစ်သက်ကြပါတယ်။
ဒါကြောင့် အသီးအနှံမစားတာ၊ အသီးအရွက်မစားတာက အရမ်းစိုးရိမ်စရာမလိုပါဘူး။
အသီးအရွက်နဲ့ အသီးအနှံတို့ဟာ ခွေးလေးတွေရဲ့ အဓိက အစားအစာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း မကျွေးလို့အဆင်ပြေတာမျိုးတော့လည်းမဟုတ်ပါဘူး။
အသီးအရွက်နဲ့အသီးအနှံတွေမှာပါဝင်တဲ့ အမျှင်ဓာတ်က ခွေးလေးတွေရဲ့ အစာခြေစနစ်ကို အထောက်အကူပြုတာကြောင့်ပါ။
ဒါပေမယ့် အသီးအနှံ လုံး၀မစားတဲ့ကလေးတွေကိုတော့ သူတို့အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ဖြည့်စွက်စာလေးတွေ၊ အသီးအနာနဲ့လုပ်ချတဲ့ မုန့်လေးတွေ စားချင်စရာဖြစ် အောင်လုပ် ကျွေးနိုင်ပါတယ်။
💬 အခြားတိချစ်သူလေးတွေလဲ သိရအောင် share သွားနိုင်ပါတယ်။
