me : ဒီနေ့ကစပြီး ဘယ်သူ့ကိုမှ
မဝေဖ” န်တော့ဘူး
5 mins later :

image

Crispy Fried Sweet Corn
(ပြောင်းဖူးအြွကပ်ကြော်)
ဒီပြောင်းဖူးအြွကပ်ကြော်လေးကို နံနက် စာဘူဖေးမှာ လုပ်ကျွေးကြည့်တာပါ။ ဟိုတယ် မှာ နိုင်ငံခြားသားတွေများပေမယ့် အတော် ကြိုက်ကြတယ်ဗျ။ ဒီလိုနဲ့ နောက်သုံးရက် လောက်ကြာတော့ နိုင်ငံခြားဧည့်သည် တစ်ယောက်က နံနက်စာ ကျွေးဖူးတဲ့
ပြောင်းဖူးအြွကပ်ကြော်တစ်ပွဲစာလုပ်ပေးပါ။ ငွေရှင်းပေးပါမယ်ပြောလို့ သီးသန့်တစ်ပွဲ လုပ် ပေးလိုက်ရပါတယ်။ ဒါကြောင့် ဒီပုံစံလေးကို မျှဝေပေးတာပါ။

ပါဝင်ပစ္စည်းများ
• ပြောင်းဖူး - ၂ ဖူး
• မုန်လာဥနီ - အနည်းငယ်
• ပန်းငရုတ်ပွ - အနည်းငယ်
• ပြောင်းဖူးမှုန့် - ၅၀ ဂရမ်
• ဂျုံမှုန့် - ၁၀ဝ ဂရမ်
• ဆိုဒါမှုန့် - ၁၀ ဂရမ်
• ဆား၊ ငရုတ်ကောင်း - သင့်တော်ရုံ
• ကြက်ဥ - ၁/၂ လုံး

ပြုလုပ်နည်း
၁။ ပြောင်းဖူးကို ဓားနှင့်လှီးထားပါ။ မုန်လာ ဥနီနှင့် ပန်းငရုတ်ပွကိုလည်း အနေ တော် လှီးထားပါ။
၂။ ပြောင်းဖူးမှုန့်၊ ဂျုံ၊ ဆား၊ ငရုတ်ကောင်း၊ ကြက်ဥ၊ ဆိုဒါမှုန့်တို့ကို ရေဖြင့် သင့် တော်ရုံဖျော်ပါ။ ပြီးမှ လှီးထားတာတွေ အားလုံးရောပြီး သမအောင်မွှေပါ။ ပထမ ဆီ လက်တစ်ဆစ်ရှိတဲ့ အိုးထဲမှ ပုံစံခွက်အဝိုင်းဖြင့် ပုံဖော်ကာ ကြော်ပါ။ ပြီးမှ ဆီထဲနှစ်ကြော်လျှင် ြွကပ်၍ ကျက် ပါပြီ။

image
6 w - Translate

◾️Receptionist - Yangon
Salary Range: Negotiation
https://www.joimyanmar.com/job/detail/22931

◾️အရောင်းဝန်ထမ်း(မအူပင်ရုံးခွဲ) - Ayeyarwady
Salary Range: Negotiation
https://www.joimyanmar.com/job/detail/22990

◾️Junior Associate(Supply Chain Department) - Yangon
Salary Range: Negotiation
https://www.joimyanmar.com/job/detail/23002

◾️Assistant HR&Admin Manager(For Hmawbi Plant) - Yangon
Salary Range: Negotiation
https://www.joimyanmar.com/job/detail/22955

◾️Learning & Development Associate - Yangon
Salary Range: Negotiation
https://www.joimyanmar.com/job/detail/23013

image
6 w - Translate

Over the Moon (202

တရုတ်လူမျိုးတွေရဲ့ လနတ်သမီးလေး ချန်အယ်ရဲ့ ကြေကွဲဖွယ်ပုံပြင်လေးကို လူတော်တော်များများ
သိကြမှာပါ။ ဒီဇာတ်ကားလေးကတော့ အဲ့ဒီ ပုံပြင်လေးပေါ်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပဲ
ဖြစ်ပါတယ်။
ဖေးဖေးတို့မိသားစုကတော့ အေးအေးချမ်းချမ်းနဲ့ လမုန့်ရောင်းပြီး အသက်မွေးနေတဲ့ မိသားစုလေး
ဖြစ်ပါတယ်။ ဖေးဖေးအမေက သူ့ကိုလနတ်သမီးချန်အယ်အကြောင်း အမြဲပြောပြလေ့ရှိပြီး ဖေးဖေး
ကလည်း ယုံကြည်သူပါ။ ဖေးဖေးရဲ့အမေ သေဆုံးပြီးတဲ့နောက်မှာ ဖေးဖေးတစ်ယောက် သူမအမေကို
လက်မလွှတ်နိုင်ဘဲ သတိရနေခဲ့ပါတယ်။ ဖေးဖေးရဲ့အဖေ နောက်အိမ်ထောင်ပြုဖို့ အကြောင်းဖန်လာခဲ့
ချိန်မှာ ချန်အယ်နဲ့ အချစ်စစ်ပုံပြင်ကို ယုံကြည်နေတဲ့ ဖေးဖေးတစ်ယောက် ဆောက်တည်ရာမရဘဲ သူ့
အဖေကို အပြစ်တင်နေခဲ့ပြီး ချန်အယ်က စစ်မှန်ကြောင်း သက်သေပြဖို့ သူ့အဖေနောက်အိမ်ထောင်ကို
တားဆီးနိုင်ဖို့ လကမ္ဘာဆီသွားပြီး ချန်အယ်ကို ရှာဖို့ ကြိုးပမ်းပုံကို တင်ဆက်ထားတဲ့ animation ကား
ကောင်းလေးတစ်ကား ဖြစ်ပါတယ်။

ဇာတ်ကားလင့်
https://t.me/c/2186686827/145

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
6 w - Translate

အသံထက် ၄ ဆ မြန်တဲ့ လေယာဉ်ကို ပြသလိုက်တဲ့ တရုတ်
==================================
ဘေဂျင်း အခြေစိုက် Space Transportation ခေါ် Lingkong Tianxing Technology ကုမ္ပဏီက အသံထက် ၄ ဆ မြန်တဲ့ လေယာဉ်ကို ပြသလိုက်ပါတယ်။ အဲဒီ လေယာဉ်ကို Yunxing လို့ အမည်ပေးထားပြီး ၃,၀၆၉ မိုင် အမြန်နှုန်းနဲ့ ပျံသန်းနိုင်ပါတယ်။ အသံထက် ၂ ဆ မြန်တဲ့ The Concorde ရဲ့ ၁ နာရီကို ၁,၃၃၀ မိုင် အမြန်နှုန်းထက် ၂ ဆ ပိုမြန်ပါတယ်။
Yunxing ဟာ အချိန် ၁ နာရီခွဲနဲ့ တရုတ် နိုင်ငံ ဘေဂျင်း ကနေ ပြင်သစ် နိုင်ငံ ပဲရစ်ကို ပျံသန်းနိုင်ပါတယ်။ နည်းပညာမြင့်မားတဲ့ လေယာဉ် ဖြစ်ပြီး အမြင့်ပေ ၆၅,၆၀၀ (၂၀,၀၀၀ မီတာ) မှာ ပျံသန်းနိုင်ပါတယ်။ ဟယ်လီကော်ပတာလို ဒေါင်လိုက် အတက်၊ အဆင်း ပြုလုပ်နိုင်ပြီး တခြား အဆင့်မြင့် စွမ်းရည်တွေ ပါလာပါတယ်။
Space Transportation က Yunxing ကို နောက်လတွေမှာ ထပ်မံ စမ်းသပ်မှာ ဖြစ်ပြီး ၂၀၂၇ ခုနှစ်မှာ ထုတ်လုပ်မယ်လို့ မျှော်မှန်းထားပါတယ်။
Ref : Tech Explorers

image
6 w - Translate

အသစ်ထွက်အင်ဒိုသရဲကား Waktu Maghrib (နေဝင်ရီတရောချိန်) ပါ။ သရဲကားတွေအများစုမှာ သရဲခြောက်ရင် သေချာပေါက်ညဘက်အများဆုံးပဲမဟုတ်လား။ ညဆိုတာကလဲ သူ့ရဲ့ဆိတ်ငြိမ်မှုကကို တော်ရုံစိတ်မခိုင်သူအတွက် ကြောက်မက်ဖွယ်ရာဖြစ်စေတယ်မလား။

ဒါပေမဲ့ တကယ်တမ်းကျတော့ ညထက် ပိုကြောက်စရာကောင်းတာကတော့ နေဝင်ချိန်ပါ။မြန်မာတွေကြားမှာလဲ ပြောလေ့ရှိကြတယ် နေဝင်ချိန် နေဝင်ရီတရောအချိန် ညီကိုမသိတသိအချိန် အပုပ်ချိန် စသဖြင့်ခေါ်ကြတဲ့ဒီအချိန်။အစ္စလာမ်ဘာသာဝင်တွေမှာလဲ ညနေချိန်မှာဝတ်ပြုမှုရှိပါတယ်။ အဲ့ဒီဝတ်ပြုမှုအတွက် ဗလီသွားတာကလွဲရင် အပြင်သွားခြင်းကိုရှောင်လေ့ရှိကြပါတယ်။အထူးသဖြင့်ကလေးတွေကို အိမ်ထဲမှာပဲနေစေပါတယ်။ အဲ့ဒီအချိန်က မကောင်းဆိုးဝါးတွေ မိစ္ဆာတွေထွက်ချိန်ဖြစ်လို့ပါ။

ဒီဇာတ်လမ်းထဲမှာ ကစားလွန်ပြီး နေဝင်ချိန်အပြင်မှာရှိနေခဲ့တဲ့ ကလေးသုံးယောက်ကြမ္မာဆိုးနဲ့ကြုံခဲ့ရပါတယ်။ ဆိုးရွားမှုတစ်ခုခုဆိုတာ သေချာပေမယ့် ဘာဆိုတာသေချာမဖော်ပြခဲ့ပါဘူး။ နောက်အနှစ်၃၀ ကြာပြီးမှ နောက်ထပ်ကလေးတွေသတ်ခံရတာတွေဖြစ်လာတော့ပထမကလေးသုံးယောက်ကရော သတ်ခံခဲ့ရတာလား

ဘာတွေဖြစ်ခဲ့လဲ ဘယ်လိုအနှောင့်အယှက်တွေများရွာမှာရှိနေခဲ့လဲ အနှစ်၃၀ကြာပြီးမှ တစ်စခန်းပြန်ထလာတဲ့ဖြစ်ရပ်တွေနဲ့ နေဝင်ချိန်နဲ့ဘယ်လိုများဆက်စပ်နေလဲဆိုတာတွေ ကြည့်လိုက်ကြပါဦး။

Waktu Maghrib (2023)

ဇာတ်ကားလင့်
https://t.me/c/2222390798/66

Channel Join ရန်လင့်
https://t.me/+9s4zh8aLYU5iMDQ1

image

ပုဂံအလှ

image

ပုဂံအလှ

image

ပုဂံအလှ

image

ပုဂံအလှ

image