3 w - Translate

အင်္ဂါဂြိုလ်ကို ရက် ၃၀ နဲ့ သွားနိုင်မယ့်ဒုံးပျံ ယူကေကုမ္ပဏီ တီထွင်နေ
အာကာသခရီးသွားလာရေးကို စိန်ခေါ်မယ့် နည်းပညာတစ်ခု ဒီနှစ်ထဲ စမ်းသပ်ဖို့ Pulsar Fusion ကုမ္ပဏီက စီစဉ်နေပါတယ်။
ဒီကုမ္ပဏီက Sunbird လို့ နာမည်ပေးထားတဲ့ နျူစွမ်းအင်သုံး ဒုံးပျံအင်ဂျင်တစ်မျိုးတည်ဆောက်နေတာပါ။ ယူကေအာကာသအေဂျင်စီရဲ့ရံပုံငွေနဲ့ ဆောက်နေတာ ဖြစ်ပြီး အင်ဂျင်က prototype အဆင့်ပဲ ရှိသေးပေမယ့် အရေးကြီးတဲ့ စမ်းသပ်မှုတွေတော့ စနေပါပြီ။
Sunbird ဒုံးပျံက ဒီနှစ်ထဲမှာ ရှေ့ပြေးစမ်းသပ်မှု static tests တွေ စတင်ဖို့ လုပ်နေပြီး စမ်းသပ်မှုတွေလည်း လုပ်နေတာပါ။ ၂၀၂၇ မှာ ကမ္ဘာပတ်လမ်းထဲ Direct Fusion Drive (DFD) နည်းပညာသုံး နျူပေါင်းစည်းမှု fusion စမ်းသပ်ဖို့ စီစဉ်နေပြီး အောင်မြင်သွားရင် ဂြိုလ်သွားလမ်းခရီးစဉ်တွေကို အများကြီး အချိန်ချုံ့ပစ်တော့မှာပါ။
အခု ဒီဇိုင်းထုတ်ထားတဲ့ Sunbird ဒုံးပျံက တစ်နာရီ မိုင်ပေါင်း ၃၂၉၀၀၀ အထိ ရောက်အောင် တည်ဆောက်နေပါတယ်။ Pulsar Fusion ကတော့ သူ့အင်ဂျင်ကို တစ်နာရီ မိုင် ၅ သိန်း (ကီလိုမီတာ ၈၀၅,၀၀၀အထိ) စံချိန်တင် မြန်ဖို့အထိ မျှော်လင့်ချက် ရှိပါတယ်။
တကယ်သာ ဒီမြန်နှုန်းရှိမယ်ဆိုရင် Sunbird က NASA ရဲ့ Parker Solar Probe ကို ကျော်ပြီး လူ့သမိုင်းမှာ အမြန်ဆုံး ယာဉ်ပျံဖြစ်လာမှာပါ။ နေစကြဝဌာလေ့လာရေးယာဉ် Parker Solar Probe က နေနဲ့ အနီးဆုံးအချိန်မှာ နေဆွဲအားကို သုံးပြီး တစ်နာရီအမြန်နှုန်း မိုင်ပေါင်း ၄၃၀,၀၀၀ (ကီလိုမီတာ ၆၉၂,၀၀၀ )အထိ ရောက်ခဲ့တဲ့ ယာဉ်ပါ။
Sunbird နျူကလီးယားဒုံးပျံအင်ဂျင်သာ အောင်မြင်မယ်ဆိုရင် အင်္ဂါဂြိုလ်ကို ရက် ၃၀ ၊ နေနဲ့အဝေးဆုံး ပလူတိုကို ၄ နှစ်နဲ့ ခရီးသွားနိုင်မယ်လို့ တွက်ထားကြပါတယ်။

image
3 w - Translate

ကျောင်းသားတွေ တီထွင်တဲ့ မောင်းနေရင်း လေသန့်စင်ပေးသွားမယ့် ဆိုလာကား
ဒီကားကို 'ကာဗွန်စားတဲ့ကား' လို့ ပြောကြပါတယ်။
ကားနာမည်ကတော့ ZEM လို့ ခေါ်ပါတယ်။ ZEM ဆိုတာ Zero Emission Mobility (ကာဗွန်စွန့်မှုသုညယာဉ်) ဆိုတာရဲ့ အတိုကောက်စကားလုံးပါ။ ဒီကားကို နယ်သာလန်နိုင်ငံ Eindhoven နည်းပညာတက္ကသိုလ်က ကျောင်းသား ၃၅ ယောက် ဖန်တီးထားပါတယ်။
ZEM က နေရောင်ခြည်စွမ်းအင်သုံး solar ကား ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီအောင် ဒီဇိုင်းထုတ်ထားတာပါ။ ကားဘော်ဒီအောက်ဘက်မှာ CO2 ဖမ်းယူနိုင်မယ့် လေစစ် filter နှစ်ခု ပါပါတယ်။ မောင်းနေရင်း လေထုညစ်ညမ်းမှုပါ ဖြေရှင်းပေးမယ့် အိုင်ဒီယာပါ။
ကားမှာပါတဲ့ filter နှစ်ခုက မိုင် ၂ သောင်း မောင်းပြီးရင် ကာဗွန်ဒိုင်အောက်ဆိုဒ် ၂ ကီလိုဂရမ် (၄.၄ ပေါင်) စုပ်ယူနိုင်မှာပါ။ filter တွေက မိုင် ၂၀၀ မောင်းပြီးတစ်ခါ ရှင်းရမှာ ဖြစ်လို့ ကားအားသွင်းရင်း CO2 တွေ စွန့်ထုတ်နိုင်မယ့် custom EV အားသွင်းရုံတစ်မျိုးပါ ကျောင်းသားတွေက ဒီဇိုင်းထုတ်နေကြပါတယ်။
ZEM ကားရဲ့ နောက်ထူးခြားချက်က ကားဘော်ဒီကို ပုံမှန်ကားတွေလို စတီးတွေ အလူမီနီယမ်တွေ မသုံးဘဲ 3D ပရင့်တာနဲ့ ပုံလောင်းထားတဲ့ recycled ပလတ်စတစ်ကို သုံးပါတယ်။ recycle ပလတ်စတစ်တွေ သုံးထားတာဖြစ်လို့ ကားသက်တမ်း ကုန်သွားရင်လည်း ပြန်ကြိတ်ခွဲပြီး တခြားနေရာတွေမှာ ပြန်အသုံးချနိုင်မှာပါ။
သန့်စင်စွမ်းအင်ယူနိုင်ဖို့ ကားအမိုးနဲ့ ရှေ့ဖုံးပေါ်မှာ Watllab ထုတ် Solar panel ပြားတွေတပ်ထားပါတယ်။ ဒီ solar တွေကနေ ကားရဲ့ လစ်သီယမ်အိုင်ယွန်ဘက်ထရီကို ၁၅% အားသွင်းပေးနေမှာပါ။ Eindhoven ကျောင်းသားတွေက ZEM ကားရဲ့ စွမ်းဆောင်ရည် တိုးတက်အောင် ဆက်ကြိုးစားနေပါတယ်။
ဒီကားက ကာဗွန်ကင်းစင်ရေးအတွက် ရှေ့ပြေးနမူနာကောင်းတစ်ခုဖြစ်သလို ကျောင်းသားတစ်စုရဲ့ အံ့ဖွယ်ကြိုးပမ်းချက်တစ်ခုအဖြစ်လည်း မှတ်တမ်းဝင်နေမှာပါ။

image
3 w - Translate - Youtube

"အေးစက်စက် ခြောက်လှန့်မှုများ" 📌(သူတိုပြောပြတဲ့ အကြောင်းအရာများ )

☸️ မပုပ်မသိုးတဲ့ ကျိုက်ထီးဆောင်းဆရာတော်ဘုရားကြီးရဲ့ ရုပ်ကလပ်တော် တည်ရှိရာ စေတီတော်မြတ်ကြီး

✡️ ကျောက်တန်းမြိုနယ်က ကျိုက်မှော်ဝန်း ရေလယ်စေတီတော်ကြီးရဲ့ သမိုင်းကြောင်း

စိတ်ဝင်စားဖွယ်ရာ ကောင်းတဲ့ မိန်းမလှကျွန်းအကြောင်း တစေ့တစောင်း

ရှေးလူကြီးတွေသတ်မှတ်ထားတဲ့ လူတိုင်းသိသင့်သော အဆောင်ကောင်းများ

ဘုရားရှေ့ ခြင်္သေ့ရုပ်တွေ ထားရှိကြတဲ့ အကြောင်းအရင်းမှန်က ဘာလဲ ?

သိကြားမင်းရဲ့ အရိန္ဒမာလှံ ဘယ်ရောက်သွားသလဲ...? #သိကြားမင်း #အရိန္ဒမာလှံ

အရှေ့တည့်တည့်ကနေဗြုန်းကနဲပေါ်လာတဲ့ဘီလူးကြီးတစ်ကောင်ကြောင့် ခရီးသွားတွေဟာ အသက်လုပြေး လွှားနေကြရပါတယ်