NEW: Pres. Trump signed an executive order to establish a strategic bitcoin reserve, according to social media posts from White House officials.
https://abcnews.go.com/Politic....s/live-updates/trump

Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
NEW: Pres. Trump signed an executive order to establish a strategic bitcoin reserve, according to social media posts from White House officials.
https://abcnews.go.com/Politic....s/live-updates/trump
ပုံးဖြင့်မုန်လာဥနီ စိုက်ပျိုးနည်း
👉 စိုက်ပျိုးနည်း 👈
- မျိုးစေ့လေးတွေကို နာရီဝက်ခန့် ရေစိမ်ပေးထားပါ။
- စိုက်ပျိုးမယ့် ပုံးခွံတွေထဲ မြေဆွေးနဲ့ ရိုးရိုးမြေကြီးကို ရောစပ်ထည့်ထားပေးပါ။
- ရေစိမ်ထားတဲ့ မျိုးစေ့တွေကို ပုံးတွေထဲ ထည့်စိုက်ပေးပါ။
- တစ်ပတ်ကျော်လောက်ဆို အပင်လေးတွေ ပေါက်လာပါမယ်။
👉 ပြုစုနည်း 👈
- အပင်ပေါက်တွေ များလွန်းနေရင် နှစ်လက္မခန့်ခြားပြီး ရှင်းထုတ်ပေးပါ။
- ပုံမှန်ရေလောင်းပေးပြီး မြေဆွေးထည့်ထားပေးရပါမယ်။
- မီးဖိုချောင် စွန့်ပစ်ပစ္စည်းတွေဖြစ်တဲ့ အသီးအရွက်အကြွင်းအကျန် ၊ ကြက်ဥခွံ ၊ အသားငါးတွေကို အပင်ရင်းတွေထဲ ထည့်မြုပ်ကျွေးပေးပါ။ နှစ်ပတ်တစ်ကြိမ် ကျွေးပေးနိုင်ပါတယ်။
- သုံးလကျော်လောက်ဆို မုန်လာဥလေးတွေ အစီအရီဥလို့ နေပါမယ်။ ဒါဆိုရင်တော့ နုတ်ယူပြီး စားသုံးနိုင်ပါပြီ။ အရွက်တွေကိုတော့ လွှင့်မပစ်ဘဲ အသီးအရွက်မြေဆွေး ပြုလုပ်လို့ရပါတယ်။ ပြုလုပ်နည်းကိုလဲ တင်ပေးထားပါတယ်။ 😘
#greenworld #carrot #မုန်လ
#crd
Finnick (2022)
ဖင်း ဆိုတဲ့အကောင်လေးတွေဟာ အိမ်တိုင်းမှာရှိကြပြီး လူတွေကို ကူညီပေးနေတဲ့ကိုယ်ပျောက်ဝိဉာဉ်လေးတွေပေါ့။ သူတို့တာဝန်က သာယာပျော်ရွှင်တဲ့အိမ်ကလေးဖြစ်အောင်တာဝန်ယူရပြီး ဘယ် ဖင်း ကမှဒါကိုမဆန့်ကျင်ကြသလို စိတ်ကူးထဲတောင် မရှိကြဘူး။
ဒါပေမယ့်ဇာတ်လမ်းထုံးစံအတိုင်းစုန်းပြူးလေးတစ်ကောင်ကတော့မရှိမဖြစ်ပါလာမြဲပဲ။ ဖင်းနစ်ဆိုတဲ့ကောင်လေးက အထက်မှာပြောထားတဲ့အရာတွေနဲ့ဆန့်ကျင်ဖက်ပဲ။ လူတွေကိုသူ့အိမ်မှာမနေနိုင်အောင်တစ်ခုပြီးတစ်ခုလုပ်တယ်။
အဲ့ဒါကြောင့်ဘက်ခ်မြို့မှာ ဖင်းနစ် နေတဲ့အိမ်ကိုသရဲအိမ်လို့ခေါ်ကြတယ်။ ဒီလိုနဲ့တစ်နေ့မှာ ရုပ်ရှင်ရိုက်မယ့်မိသားစုဟာ အလုပ်အတွက် ဘက်ခ်မြို့ကိုရောက်လာကြတယ်။ သူတို့ရဲ့သမီးလေးခရစ်စတင်းဟာစုံထောက်ပညာကိုစိတ်ဝင်စားသလို တကယ်လည်းဉာဏ်ထက်ပါတယ်။
ဒါရိုက်တာက ခရစ်စတင်းတို့မိသားစုကိုခဏတဖြုတ်နေဖို့ ဖင်းနစ်ရဲ့အိမ်လေးကိုငှားပေးလိုက်တယ်။ လူတွေလာနေတာမကြိုက်တဲ့ ဖင်းနစ်နဲ့ လက်တွေ့ကျကျဖြေရှင်းရမှကျေနပ်တဲ့ စုံထောက်လေးခရစ်စတင်းတို့ ထိပ်တိုက်တွေ့တဲ့အခါမှာတော့ …
ဇာတ်ကားလင့်
https://t.me/c/2186686827/146
Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl
T_h-e M_u-m_m-y R_e-b_i-r_t-h [2019]
အညွှန်း* 🔽🔽🔽
နာမည်ကြီးMummyဇာတ်လမ်းတွေနဲ့ လားလားမှမဆိုင်တဲ့အညတရမံမီကားတစ်ကားပါ။
ပျောက်ဆုံးနေတဲ့မြိုတော်ကိုရှာချင်နေတဲ့စော်အကိတ်တစ်ပွေရယ်၊သူ့ရဲ့just friendတစ်ကောင်ရယ်၊ပိုက်ဆံရှိလက်နက်တွေရှိအလုပ်သမားတွေရှိပြီးမသေမျိုးဖြစ်ချင်နေတဲ့ဘောစိကြီးတစ်ယောက်ရယ်မြိုတော်ကြီးကိုရှာပုံတော်ဖွင့်ကြတာပေါ့။မထင်မှတ်ဘဲနဲ့ တကယ့်မံမီကြီးတစ်ကောင်ကိုအသက်သွင်းလိုက်မိတဲ့အချိန်မှာတော့ဘာတွေဆက်ဖြစ်မလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါအုံး။
မြန်မာနိုင်ငံ နှင့် နိုင်ငံ ၅ နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲ ၃ ရက်တိုင်တိုင် ကျင်းပခဲ့
*****************
(ပြည်တွင်း) မတ် ၇
စိုက်ပျိုးရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အထောက်အပံ့ရရှိစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံနှင့် အိန္ဒိယ၊ ကနေဒါ၊ စင်ကာပူ၊ မလေးရှား၊ တောင်အာဖရိက စတဲ့ ၅ နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်ရိပ်သာလမ်းရှိ Esperado Lake View Hotel ၌ မတ်လ ၃ ရက်မှ ၅ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို မြန်မာ-အိန္ဒိယချစ်ကြည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်းက ဦးဆောင်ကျင်းပ ခဲ့တာဖြစ်ပြီး ၎င်း နိုင်ငံ ၅ နိုင်ငံမှ စီးပွားရေးကိုယ်စားလှယ်များ တက်ရောက်ခဲ့ကာ ဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှု စသဖြင့် အထောက်အပံ့ရရှိစေမယ့် ကဏ္ဍတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အဆိုပါ အိန္ဒိယ၊ ကနေဒါ၊ စင်ကာပူ၊ မလေးရှားနဲ့ တောင်အာဖရိက နိုင်ငံတွေရဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့တွေ့ဆုံခြင်းဟာ မြန်မာနိုင်ငံအတွက် စိုက်ပျိုးရေးနဲ့မွေးမြူရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုရလဒ်ကောင်းတွေ ထွက်ပေါ်လာစေမှာဖြစ်သလို အပြန်အလှန်လက်တွဲပူးပေါင်းဆောင်ရွက် သွားခြင်းကြောင့် အကျိုးကျေးဇူးများစွာရရှိမှာဖြစ်တယ်လို့ သိရပါတယ်။
ထိုကဲ့သို့ ကွန်ဖရင့်တွေ များစွာဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံတကာနဲ့ပတ်သက်တဲ့ စာတမ်းတွေ ထွက်လာစေ မှာဖြစ်ပြီး ဖွံ့ဖြိုးတဲ့နိုင်ငံတွေနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်တာဖြစ်တဲ့အတွက် အကြံဉာဏ်ကောင်း များစွာရရှိတဲ့အပြင် မိတ်ဆွေနိုင်ငံများစွာလည်း တိုးပွားစေမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံနဲ့ စိုက်ပျိုးရေးကဏ္ဍ လက်တွဲ ဆောင်ရွက်ဖို့အတွက် အထက်ပါကွန်ဖရင့်တွေကို မလေးရှားနဲ့အိန္ဒိယနိုင်ငံမှာ ဆက်လက်ကျင်းပမှာ ဖြစ်သလို လာမယ့် ဒီဇင်ဘာလမှာတော့ မြန်မာနိုင်ငံမှာကျင်းပဖို့ သဘောတူထားတာလည်း ရှိတယ်လို့ သိရပါတယ်။