Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
မလေးရှားမှာ ကျင်းပြုလုပ်တဲ့ ယာဉ်မတော်တဆ ကယ်ဆယ်ရေး စွမ်းရည်ပြိုင်ပွဲမှာ မြန်မာမီးသတ် အရာရှိ (၁)ဦး Best Team Leader ဆုရရှိ
အောက်တိုဘာ ၂၆။
မလေးရှား နိုင်ငံမှာ အိမ်ရှင်အဖြစ်လက်ခံကျင်းပပြုလုပ်တဲ့ ယာဉ်မတော်တဆ ကယ်ဆယ်ရေး စွမ်းရည်ပြိုင်ပွဲမှာ မြန်မာမီးသတ်ဉီးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကောင်းမြတ်နောင်က Best Team Leader ဆုရရှိခဲ့တယ်လို့ သိရပါတယ်။
အဲ့ပြိုင်ပွဲကို အောက်တိုဘာ ၂၂ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ကျင်းပခဲ့ပြီး မလေးရှား၊ မကာအို၊ စင်္ကာပူ၊ ဟောင်ကောင်၊ ဖိလစ်ပိုင်၊ မြန်မာ၊ ဘရူနိုင်း၊ အင်ဒိုနီးရှားနဲ့ ဗီယက်နမ် နိုင်ငံတို့က ပါ၀င်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
၂၀၂၃ ခုနှစ်က စင်္ကာပူမှာ ကျင်းပပြုလုပ်ခဲ့တဲ့ မီးငြိမ်းသတ်ရေးနဲ့ ရှာဖွေကယ်ဆယ်ရေး စွမ်းရည်ပြိုင် ပွဲတုန်းက မြန်မာမီးသတ်အရာရှိ (၁)ဦးက တတိယဆုရရှိထားဖူးတယ်လို့ သိရပါတယ်။
#centralnewsnaypyitaw
ငါးတန်ကို ဆား၊အရသာမှုန့်၊ငံပြာရည်၊ပဲငံပြာရည်အကြည်၊ဆနွင်းမှုန့်တို့နဲ့နယ်ထားပါကြက်သွန်နီ၊ဖြူကိုထောင်းထားပါ။ဆီအိုးတည်၊ဆီဆူရင်အရောင်တင်မှုန့်၊ဆနွင်း၊ငရုတ်အကြမ်းဖတ်ထည့်ပြီးဆီသတ်ပါ။ပြီးရင် ငါတန်ထည့်လုံးပါ။မဆလာ
ထည့်ပါ။ပြီးရင် အဖုံးအုပ်ထားပါ။ငါးလုံးရေခမ်းမှ ချဉ်ပေါင်ထည့်ပါ။ရေထည့်ပါ။
ငါးကျက်ရင် ငရုတ်သီးစိမ်း ရှမ်းနံနံအုပ်။အရည်စပ်စပ်ချပါ။ငါတန်ချက်ရင် သတိထားရမှာက ကြက်သွန်တ်ေမများဖို့ရယ် အကြာကြီးမချက်ဖို့ရယ် သတိထားပါ။ကြာသွားရင် ငါးတွေက ပျစ်တွဲကြီးဖြစ်သွားတတ်ပါတယ်