6 w - Translate

Angel Messages for 2025 March🤍✨

Leo ♌️, Virgo ♍️, Libra ♎️, Scorpio ♏️

ကံညံ့တဲ့ကာလတခုလို့ပြောလို့ရပါတယ်။အပေါ်က signsတွေထဲမှာ mercury retrograde ကို အကြမ်းဆုံး ခံရမယ့်zodiac တွေလဲပါနေတာကြောင့် ဒီကြားထဲ တောင့်ခံထားဖို့အားပေးချင်ပါတယ်။ဒီကာလမှာ ရွေးချယ်မူအမှားတွေလုပ်မိတတ်တယ်။တချို့အရာတွေက ပြောင်းလဲတာမျိုးမလုပ်သင့်ပဲ နေမြဲ အတိုင်းနေတာကပိုကောင်းပါလိမ့်မယ်။

ငွေကြေး၊စီးပွါးရေး အလုပ်ကိုင်နဲ့ ပက်သက်ပြီး အဆင်ပြေပေမဲ့ ငွေ အဖတ်မတင်တာတွေ၊မစုမိတာတွေဖြစ်တတ်ပါတယ်။အတိုက်ခိုက်များတတ်၊မနာလိုခံရတာတွေများနိုင်တာကြောင့် ဘသူ့ကိုမှမယုံသင့်ပါ။powerful ဖြစ်တဲ့ signတွေဖြစ်တာကြောင့် ပြသနာတွေများမှာပေမဲ့ အဆုံးမှာဖြေရှင်းနိူင်ပါမယ်။💪

အချစ်ရေးမှာတော့ single လေးတွေထပ် relationship ကပိုသတိထားရပါမယ်။third party ပေါ်တာမျိုးရှိနိူင်သလို လာနှောက်ယှက်တာတွေလဲခံရနိုင်လို့ပါ။အဆက်ဟောင်းတွေပြန်ပေါ်လာတတ်ပါတယ်။

#lunatarot

ဘာသာရေးပိုလုပ်ပါ ကံမြှင့်ပါ ရေချိူးတဲ့အခါ ဆားရေနဲ့ချိုးပါ။

အာရုံကြောအားနည်း နေတဲ့ လက္ခဏာ (၇) မျိုး။

1. ထုံကျဉ်တာ

ခြေတွေ၊ လက်တွေ ထုံကျဉ်တာ ဖြစ်ဖူးတယ်မလား။ ရာသီဥတုအေးလို့လည်း မဟုတ်ပါဘဲ မကြာခဏ ထုံကျဉ်တာ နေရခက်ပါတယ်။ ဗီတာမင် B12 အားနည်းခြင်းက အာရုံကြောတွေကိုဖုံးအုပ်ပေးထားတဲ့ အကာအကွယ်အလွှာကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ Crohns ရောဂါ သို့မဟုတ် တခြား အူလမ်းကြောင်းရောဂါတွေကြောင့်လည်း ဗီတာမင်စုပ်ယူနိုင်စွမ်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

2. ပိုချမ်းတတ်တာ

အရင်ကဆို မှုလောက်မှာမဟုတ်တဲ့ အအေးဓာတ်လောက်ကို အခုမှ အရမ်းချမ်းတတ်နေတာမျိုး။ နည်းနည်းအေးတာနဲ့ ကိုယ်က ခိုက်ခိုက်တုန်နေတာမျိုး ခံစားရတယ်ဆို သွေးအားနည်းနေတာဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းထဲမှာ B12 ဓာတ်မလုံလောက်လို့ သွေးနီဥတွေ နည်းတာ ဖြစ်စေနိုင်ပါတယ်။ ဒါဆို ခြေဖျား၊ လက်ဖျားတွေ အေးစက်ပြီး တဆတ်ဆတ်တုန်ပြီး ချမ်းတတ်တာပေါ့။

3. ဦးနှောက်လုပ်ဆောင်ချက်တွေကမောက်ကမ
ဖြစ်တာ

စိတ်ဓာတ်ကျတာ၊ အာရုံရှုပ်ထွေးတာ ၊မေ့တတ်လာတာ၊ အာရုံစူးစိုက်မရတာတွေက B12 အားနည်းရာကနေ ဖြစ်လာတဲ့လက္ခဏာတွေပါ။

4. အားနည်းတာ

လူကအားနည်းသလိုဖြစ်နေတယ်၊ ကြွက်သားတွေအားမရှိဘူး၊ ပင်ပန်းနုံးချိနေမယ်၊ ခေါင်းမူးတယ်ဆိုရင် အာရုံကြောအားနည်း တာဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေ ပိုဆိုးလာတယ်၊ ကြာလာတယ်ဆိုရင် ဆရာဝန်ပြပြီး အားဆေးသောက်သင့်သောက်ရပါမယ်။

5. နှလုံးခုန်မြန်တာ

နှလုံးခုန်မြန်တာကလည်း အာရုံကြောအားနည်း တဲ့ လက္ခဏာထဲမှာ ပါဝင်ပါတယ်။ ကြက်သား၊ ကြက်ဥ၊ ငါး တို့ကနေ ဗီတာမင်B12 ရရှိနိုင်ပါတယ်။ B12 ချို့တဲ့တယ်ဆိုရင် သွေးအားနည်းခြင်း၊ စိတ်အတက်အကျမြန်ခြင်း၊ အာရုံကြောထိခိုက်ခြင်းနဲ့ တခြားပြင်းထန်တဲ့ ရောဂါတွေ ဖြစ်လာစေနိုင်ပါတယ်။

6. ပါးစပ်အနာ

သွားဖုံး သို့မဟုတ် လျှာမှာ အနာလေးတွေ ဖြစ်လာတယ်ဆိုရင် B12 အားနည်းတာ၊ သွေးအားနည်းခြင်း
သို့မဟုတ် တခြားရောဂါ အကြောင်းရင်းတစ်ခုခုကြောင့် ဖြစ်နေနိုင်ပါတယ်။

7. ဗိုက်ပြဿနာ

ခံတွင်းပျက်တာ၊ အရမ်းပိန်သွားတာ၊ ဝမ်းချုပ်တာ စတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ကိုယ်ထဲမှာ B12 ပမာဏချို့တဲ့လွန်းရင် ဆရာဝန်ပြပြီး အားဆေးထိုးသင့် ထိုးရပါမယ်။
Crd:

အာရုံကြောအားကောင်းစေတဲ့အစားအစာများ။

အာရုံကြော အားနည်းလာပြီးလာဆိုရင် အာရုံကြောတွေ ပျက်စီးခြင်းတွေနဲ့ အခြားသော ခန္ဓာကိုယ်တွင် လက္ခဏာအမျိုးမျိုး ဖြစ်ပေါ်တတ်ပါတယ်။

ဒါကြောင့် အာရုံကြော စနစ် အားကောင်းလာစေဖို့အတွက် အစားအစာကနေ ပြုလုပ်လိုရပါတယ်။ ကဲ ဘယ်လိုအရာတွေက အာရုံကြောစနစ်ကို အားကောင်းစေလလဲ ကြည့်လိုက်ရအောင်ရှင်

အာရုံကြောစနစ် ကျန်းမာဖို့အတွက် ဒီဓါတ်တွေလိုအပ်ပါတယ်ရှင်

ဗီတာမင် B1 (သီရာမင်း)

ခြေထိပ်လက်ထိပ်လေးတွေမှာ အာရုံခံစားမိစေဖို့ လုပ်ဆောင်ပေးပါတယ်။

ဗီတာမင် B6

အာရုံခံစားမှုတွေကို သိရှိခံစားနိုင်စေဖို့ အရေးပါတဲ့ ဓါတ်တစ်ခုပါ။

ဗီတာမင် B12

ခြေလက်တွေ ထုံကျဉ်တာမျိုး မဖြစ်အောင်ကာကွယ်ပေးပါတယ်။

ကော့ပါး

သိမြင်မှုစွမ်းရည်ကိုကောင်းမွန်စေပြီး အာရုံကြောကို ကျန်းမာစေနိုင်ပါတယ်။

အာရုံကြောကျန်းမာစေဖို့ ဘာတွေစားမလဲ

ဟင်းနုနွယ်

အာဟာရနဲ့ဗီတာမင်တွေကြွယ်ဝစေတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တာကြောင့် ခန်ဓါကိုယျ ကျန်းမာစေနိုင်သလို ဦးနှောက်နဲ့အာရုံကြောကိုလည်း ကျန်းမာစေနိုင်ပါတယ်။

ဆန်လုံးညို

ဗီတာမင် B6 ကြွယ်ဝစွာပါဝင်တာကြောင့် စိတ်ပိုင်းဆိုင်ရာကျန်းမာစေနိုင်ပါတယ်။ အန္တရာယ်ရှိတဲ့homocysteines ပမာဏမြင့်တက်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မဂ္ဂနီဆီယမ်ပါဝင်တာကြောင့် အာရုံကြောစနစ်ကို ကျန်းမာစေနိုင်ပါတယ်။

ကိုကိုး

ဓါတ်တိုးဆန့်ကျင် အာနိသင်တွေကြွယ်ဝတာကြောင့်oxidative stressတွေကြောင့်ဖြစ်လာမယ့် အာရုံကြောထိခိုက်မှုပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

ငါး

အထူးသဖြင့်ကတော့ ပင်လယ်ငါးပါ။ Omega- 3 fatty acids ကြွယ်ဝစွာပါဝင်တာကြောင့် ဦးနှောက်နဲ့အာရုံကြောစနစ်တွေကို ကျန်းမာစေနိုင်ပါတယ်။

ငှက်ပျောသီး

ပိုတက်ဆီယမ်ကြွယ်ဝတဲ့ ငှက်ပျောသီးလေးက ဦးနှောက်နဲ့အာရုံကြောစနစ်ကိုရေဓါတ်ပြည့်အောင်ဖြည့်ပေးပြီး အာရုံကြောစနစ် ကျန်းမာအောင်လုပ်ဆောင်ပေးပါတယ်။

ကြက်သွန်ဖြူ

ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်တာကြောင့် ဦးနှောက်နဲ့အာရုံကြောစနစ်ကို ကျန်းမာစေနိုင်ပါတယ်။
ဦးနှောက်နဲ့အာရုံကြောစနစ် ကျန်းမာစေဖို့အတွက် အခုပြောခဲ့တဲ့ အစားအသောက်လေးတွေကိုနေ့စဉ်တစ်ခု နှစ်ခုလောက်ပါဝင်အောင်စားသုံးပေးပြီး အာရုံကြောကျန်းမာအောင်စောင့်ရှောက်လိုက်ပါရှင်။

#credit

image


6 w - Translate

Samsung Galaxy A စီးရီးအသစ် စောင့်နေသူတွေအတွက် မြန်မာမှာ pre-order လို့ရနေပါပြီ။

အခုချိန်မှာရင် Double Storage နဲ့ 25W adapter တို့ကို gift ပေးသွားမယ်လို့ သိရပါတယ်။

ပုံမှာပြထားတာကတော့ ဝယ်ယူနိုင်တဲ့အရောင်တွေပါ။

image
6 w - Translate

ချဲလ်ဆီးပရိတ်သတ်တွေ ပြောခဲ့သလိုပဲ ရီစီဂျိမ်းဟာ အကောင်းဆုံးသော ညနောက်ခံလူစာရင်းဝင်တာ အတိတ်က သူ့ရဲ့ခြေစွမ်းတွေကြည့်ရင် ငြင်းရက်စရာမရှိဘူး။

အကယ်၍များ ချဲလ်ဆီးအသင်းရဲ့ တူချယ်နဲ့ ချန်ပီယံလိဂ် era မှာ ပွဲဆက်တွေအများကြီးအတွက် over played မလုပ်ခဲ့ရဘူးဆိုရင် ရီစီဂျိမ်းဟာ သူ့ရဲ့ prime အစပြုနေလောက်ပြီ။

မာရက်စ်ကာလက်ထက်မှာ ရီစီဂျိမ်းက ဒီမနက်ကွန်းဖရင့်လိဂ်မှာ ကွင်းလယ်အဖြစ်နဲ့ ပွဲထွက်လာတယ်။ ကွင်းလယ်နေရာမှာ အသုံးတော်ခံဖူးတဲ့ သူ့အတွက် ဒီနေရာဟာ အတော်လေးဟန်ကျခဲ့တယ်။

တစ်ဂိုးလည်းသွင်းခဲ့သလို ခြေစွမ်းလည်းကောင်းကောင်းပြခဲ့တယ်။ အတက်အဆင်းအရမ်းလုပ်ရတဲ့ RB ထက်တော့ ကွင်းလယ်မှာသာ အဆင်ပြေရင် ဒဏ်ရာတွေကနေ ရှောင်နိုင်လောက်မှာပါ။ အခုလို မြင်ရတာ တကယ်ဝမ်းသာစရာပါ။

image
6 w - Translate

ဒီကမ္ဘာပေါ်မှာ စပိန်မြေထက်က မက်ဒရစ်မြို့မှာအခြေစိုက်တဲ့ တော်ဝင်အသင်းရဲ့ အောင်မြင်မှုကို မှီတဲ့ အသင်းဆိုတာ မရှိပါဘူး။ ဒီကမ္ဘာပေါ်မှာသူတို့ဟာ အကြီးမားဆုံးနဲ့ အကောင်းဆုံးသော ကလပ်အသင်း ဖြစ်ပါတယ်။
ဥရောပဘုရင်ကြီးတွေရဲ့ ဖြစ်တည်မှုဟာ အခုဆိုရင် ၁၂၃ နှစ်ပြည့်သွားခဲ့ပါပြီ။ သမိုင်းကြောင်းအရလည်း ခမ်းနားသလို လက်ရှိဖြစ်တည်မှုမှာလည်း ဥရောပဘုရင်ကြီးတွေဟာ ကြီးကျယ်ခမ်းနားနေဆဲ ဖြစ်ပါတယ်။
၁၂၃ နှစ်အတွင်းမှာ ရီးရဲလ်မက်ဒရစ်ရဲ့ ဆုဖလားဆွတ်ခူးမှု
36x La Liga
15x UCL
20x Copa Del Rey
9x FIFA Club World Cup
ရီးရဲလ်ဟာ အပေါ်မှာပြထားတဲ့ အကြီးကျယ်ဆုံးဖလား အလုံး ၈၀ အပြင်ကို အဓိကဆုဖလားပေါင်း ၁၁၀ အထိကို ဆွတ်ခူးနိုင်ခဲ့ပြီး ဥရောပကို ဦးဆောင်ခဲ့ကြသူတွေဖြစ်ပါတယ်။

image
6 w - Translate

Samsung Galaxy S25 edge နဲ့ပက်သက်ပြီး ဒီနေ့အထိ သေသေချာချာ သိရတဲ့ အရာမှန်သမျှ ...
100% လို့တော့ မပြောနိုင်ပေမယ့် 90% အထိတော့ မှန်ပါမယ်။

image
6 w - Translate

ရာဟင်း စတာလင်ကတော့ လန်ဒန်မိတ်ကပ်ဆိုင်မှာ ဝင်ကစားမိတာ သူ့ကစားသမားဘဝမှာ အဆိုးဆုံးပဲဆိုပြီး ပြောလာခဲ့ပါတယ်။
“ကျွန်တော့်ကိုယ်ပိုင်အမြင်အရတော့ ချဲလ်ဆီးမှာ ဝင်ကစားမိတာက ကျွန်တော့်ကစားသမားသက်တမ်းမှာ အဆိုးဆုံး‌အခြေ‌အနေကို ရောက်သွားစေခဲ့ပါတယ်။ အဲ့တာက‌ နည်းနည်းတော့ ကြောင်တောင်တောင် ဖြစ်နေနိုင်တယ်။ ဒါပေမဲ့ ဒီဖြစ်ရပ်က ကျွန်တော့်ကို အများကြီးသင်ကြားပေးခဲ့ပါတယ်။"
" အမြဲတမ်းလိုလို အောင်ပွဲတွေ ရနေခဲ့ပေမဲ့ တစ်ချိန်မှာတော့ ဘဝက အခက်အခဲတွေ ပေးလာလေ့ရှိတတ်တယ်။ ဒါကလည်း ကျွန်တော်မျှော်လင့်ထားတဲ့ ခက်ခဲတဲ့စိန်ခေါ်မှု‌တွေပါပဲ။ ဒီအခက်အခဲတွေဆီက ကျွန်တော်ထွက်ပြေးမှာမဟုတ်ပါဘူး။ ခေါင်းနဲ့ ဝင်တိုးပြီး ရင်ဆိုင်မှာပါ”
နည်းပြတူချယ်ရဲ့ ကြောင်တောင်တောင် လူဝယ်ယူမှုတွေထဲက တစ်ခုအပါအဝင်ဖြစ်ခဲ့တဲ့ စတာလင်ဟာ သေမဲ့နေ့မှာ စစ်ထဲဝင်မိသလို ဓားခုတ်ရာလက်ဝင်လျှိုမိတာကြောင့် ချဲလ်ဆီးက ထွက်ခွာရင်း ခုတော့ အာဆင်နယ် မှာ စည်သူလွင် အဖြစ် ကစားသမားဘဝကို ရှေ့ဆက်နေခဲ့ပါတယ် ။

image

?

အရှင်လတ်လတ်က ဘဝပြောင်းသွားတယ်ဆိုတာ ဒီလိုပါတဲ့။
ဒကာကြီးတစ်ယောက် လျှောက်ဘူးတယ်။
"အရှင်လတ်လတ် ဘဝပြောင်းသွားတယ်" ဆိုတာ...
ဘယ်လိုပါလဲဘုရားတဲ့။
တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေ...
အရှင်လတ်လတ်က ဘဝပြောင်းသွားတယ်လို့
ပြောသံ ကြားဘူးတာကို မေးလျှောက်တာပါ...။
ဒါဆို မှန်တယ်-လို့။
ကိုယ်က ပြောင်းသွားတာ မဟုတ်ဘူး။
စိတ်က ပြောင်းသွားတာ...
နဂိုရ် မသိတဲ့ လူတစ်ယောက်က သိတဲ့သူ
ဖြစ်သွားတယ်။
မကျင့်သေးတဲ့ လူတစ်ယောက်က ကျင့်တဲ့
ဘဝရောက်သွားတယ်။
အသိမရှိသေးတဲ့ သူက အသိရှိတဲ့
ဘဝရောက်သွားတယ်။
တရားမရှိတဲ့ ဘ၀က တရားရှိတဲ့
ဘဝရောက်သွားတယ်။
အသိဉာဏ်ပြောင်းလို့ သူတော်ကောင်းဘ၀ ရောက်သွားတယ်။
ကိုယ်နဲ့ နှုတ်လည်း စင်ကြယ်မှု ရသွားတယ်။
စိတ်တွေလည်း စင်ကြယ်အောင် အေးချမ်းအောင် သူနေတတ်သွားတယ်။
တရားမရှိတဲ့ ဘ၀ကနေ...
တရားရှိတဲ့ ဘ၀သို့ ပြောင်းသွားတာပါ။
ပကတိ အေးဆေး တည်ငြိမ်သူ
ဖြစ်လိုလျှင်မြတ်ဗုဒ္ဓ ၏တရားကိုနှလုံးသွင်းပါ
🙏 စိတ်လှုပ်ရှား တိုင်း
မမွဲဘူးဟု
သုံးသပ်နေသူအဘို့
စိတ်သည် လှုပ်ရှားကင်းကာ
ငြိမ်သက်ပိပြားလာသည်
စိတ်ကို အလိုမလိုက်ဘဲ
ဥာဏ်ကွပ်ကဲလျှင်
စိတ်သည်
ဥာဏ်အောက်၌
အမိန့်နာခံရိုကျိုးကာ
ခေါင်းမထောင်နိင်ဘဲ
လည်စင်းကာ
အလျှော့ပေးလေ့ရှိသည်
စိတ်ကို ဥာဏ်ဖြင့်ကွပ်ကဲခြင်းသည်
စိတ်တ္တာနုပသာနာကျင့်စဉ်ပင်ဖြစ်သည် ..
ထိုကျင့်စဉ်အရ စိတ်ကို
ဥာဏ်ဖြင့်ကွပ်ကဲခြင်းသည်
စိတ်ကိုနိင်ရုံမက
စိတ်အကြောင်းကို
မှန်မှန် ကန်ကန်
ပိုမို အသေးစိတ်
နားလည်နိင်သည်
ချစ်သူတွေ့တွေ့
မုန်းသူတွေ့တွေ့
မတုန်မလှုပ်စေရန်
ဥာဏ်ဖြင့်ထိန်းနည်းသည်
ပေါ်စိတ်.တုန်လှုပ်စိတ်က
အပျက်တရားဟု
ရှုသတ်သောနည်းပင်ဖြစ်သည်...
နောက်ဆုံးသေခြင်းတရားကိုပင်
ပြုံးပြုံးဖြင့် မတုန်မလှုပ်
ရင်ဆိုင်သွားနိင်သည်...ရုပ်နာမ်ကို
ယထာဘူကျကျသိသွားနိင်သည်
သူ့အကြောင်း ကိုယ့်အကြောင်း
လူတွေအကြောင်း
ကောင်းကောင်းသိသည် ...
ငယ်ရွယ်သူများ
မှတ်ဥာဏ်ကောင်းလိုသော်
ဤနည်းကိုကျင့်ပါ..
စိတ်များကြည်လင်၍မှတ်
ဥာဏ်ကောင်းလာမည်...
ဝမ်းသာလိုက်ပါ။
ယောဂီဆိုတာ အစစ အရာရာ
စိတ်ကောင်း နှလုံးကောင်းထားရတယ်...။
သူမှန်ရင်လည်း ၀မ်းသာလိုက်ပါ။
မှန်မှန် ကုသိုလ်ပွါးပါစေ...။
သူမှားရင်လည်း သနားလိုက်ပါ။
မလုတ်တတ်တာ မကိုင်တတ်တာ သနားပြီးတော့...
ကူညီစရာရှိတာ ကူညီလိုက်ပါ။
ဒီလိုဆိုရင်... သူရော ကိုယ်ပါ
စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်မယ်။
အိမ်မှာလည်း အတူတူပဲ..
ရုံးမှာလည်း အတူတူပဲ...
သူမှန်ရင် ၀မ်းသာ...
သူမှားရင် သနားရမယ်...
အများတကာကိုလည်း
ကူညီနိုင်ရမယ့် ကိုယ်စွမ်းအား ရှိသမျှ ကူညီပါ...။🙏
ရွှေဥမင်ဆရာတော် ဘုရားကြီး 🙏🙏🙏
အပ္ပမာဒေန သမ္မာဒေထ Credit to တရား🙏ပြန်လည်မျှဝေပါတယ်🙏

image