ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဒီတစ်ခေါက်မှာတော့ ဇာတ်ကြမ်းကားကောင်းလေးဖြစ်တဲ့ အိန္ဒိယကားလေးကိုရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်
ဇာတ်လမ်းအကျဉ်းကတော့
ဆော်လမွန်ဆီဇာဆိုတဲ့မူးယစ်ရာဇာတစ်ယောက်ဟာသူ့ကိုဖမ်းထားတဲ့ရဲစခန်းကနေ ရဲအရာရှိအားလုံးကို
သတ်ဖြတ်ပြီးထွက်သွားတာကြောင့်
စခန်းမှူးစေသူပသီက လက်စားချေချင်နေပါတယ်
ဒါပေမယ့် ဆော်လမွန်ရဲ့နောက်မှာ သူ့အစ်ကို မိုက်ကယ်ဆီဇာက ထောက်ပံ့ပေးထားတဲ့အတွက် သာမန်စခန်းမှူးတစ်ယောက်က ဖမ်းနိုင်ဖို့ဆိုတာမလွယ်ကူပါဘူး
အဲဒါကြောင့် လူမိုက်တွေတောင်ကြောက်ရတဲ့သူဖြစ်တဲ့ ဝါတီဗီရာရာကို အလုပ်အပ်လိုက်ပါတယ်
ဆော်လမွန်တို့ညီအစ်ကိုကို ဖမ်းဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ရဲတွေကတောင်သတ်မှတ်ထားတဲ့အလုပ်ကြီးကို
လူမိုက်တစ်ယောက်ဖြစ်တဲ့ ဗီရာရာကဖမ်းနိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်
#celenews
ကိုယ်ပိုင်ချွေးနည်းစာလေးနဲ့ မိခင်ကို ကွန်ဒိုတစ်ခန်း ၊ ကားသစ်တစ်စီး ကန်တော့ခဲ့တဲ့ သရုပ်ဆောင် ပွင့် 🥰🥰🥰
သရုပ်ဆောင် ပွင့်က အပျိုကြီးဘဝနဲ့ အမှီခိုကင်းကင်း မိခင်ကို ကန်တော့ခွင့်ရခဲ့လို့ သူမကအားပေးတဲ့ ပရိသတ်တွေနဲ့ အလုပ်ပေးတဲ့ လုပ်ငန်းရှင်တွေကို ကျေးဇူးတင်စကားဆိုလိုက်တာပါ။ ၂၀၂၃ နှစ်ကုန်ခါနီးမှာလည်း မိခင်ကို ကျယ်ကျယ်ဝန်းဝန်းနဲ့ မြို့လည်ခေါင်မှာထားချင်လို့ စိတ်ကြိုက်ကွန်ဒိုတစ်လုံးကို စရံချပြီး ၁ လအတွင်းငွေအကြေချေဝယ်ယူပေးခဲ့တယ်လို့ သူမကပြောပါတယ်။ လက်ရှိစီးနေတဲ့ Ipsum ကားလေးဟာ သူမတို့အတွက် လာဘ်ကီး ကားလေးဖြစ်ပြီး အကျိုးပေးပေမယ့် မေမေ့ကို ကားအသစ်လေးစီးစေချင်တဲ့ ရည်ရွယ်ချက်နဲ့ X Pander ကားလေးတစ်စီးကို ဝယ်ကန်တော့ခဲ့တာပါ။ သူမရဲ့ ဆန္ဒတွေဟာ မိခင်ကို အိမ်ကောင်းကောင်း ၊ ကားကောင်းကောင်းနဲ့ ထားချင်တဲ့ ဆန္ဒဖြစ်ပြီး ဘုရားတရားလေးလုပ်ရင်း ဖြတ်သန်းစေချင်တယ်လို့ သူမကပြောပါတယ်။
#celenews
ကိုယ့်ကိုကိုယ်
အလကားလူပါလို့
သတ်မှတ်ထားသရွေ့
မင်းတန်ဖိုး
မင်းသိရမယ်မထင်နဲ့။
#crd
အသစ်လာဖို့ရှိတဲ့ တိမ်စီးလို့ရမဲ့ Feature 💥
ဒီ feature လေးက Map မှာ တိမ်စီးလို့ရမဲ့နေရာ (😎 ထည့်ပေးထားပါတယ် ❤
သူ့သတ်မှတ်ထားတဲ့ Point လေးမှာ ခနကြာရပ်နေရုံနဲ့ သတ်မှတ်ထားတဲ့ နေရာကို တိမ်လေးနဲ့ပို့ဆောင်ပေးမှာဖြစ်ပါတယ် 😍
တိမ်စီးနေတဲ့အတောအတွင်း Spell တွေသုံးလို့မရသလို၊ Enemy ကို damage ပေးတာတို့ တိမ်ပေါ်ကဆင်းတာတို့ လုပ်မရပါဘူး ✅
Enermy ကလည်းကိုယ့်ကို ဘာ Spell ဘာ damage မှပေးလို့မရပါဘူး ❤
ပြီးတော့ဒီ feature က Cyclone Eye တွေလို Cooldowm မပါပါဘူး အမြဲစီးလို့ရပါတယ် ❤
(Original Server ကို လာမလာတော့ မပြောတတ်သေးပါဘူး)
❛ ခင်ခင်ပျိုရေ ခေတ်အဆက်ဆက်မေတ္တာဖြင့် ❜
ငါ့ကို မျက်မှန်တပ်လိုက်ရင်
သူ့ကို မျက်မှန်ချွတ်လိုက်ရင်
ငါတို့နှစ်ယောက်ဟာ
တူလွန်းလေစွ။
မင်းနဲ့ငါ
တူလွန်းလေစွ။
ပါလာသည့်ကောင်းမှု၊ မကောင်းမှု
တူလွန်းလေစွ။
ဒါကြောင့်သာ ဒီသံသရာမှာ
ငါတို့ ဆုံတွေ့ခဲ့ကြ။
ဆုံတွေ့ဖို့
တကယ်လိုခဲ့ကြ။
ခင်ခင်ပျိုရေ
ငါတို့ တူလွန်းလေစွ။
အခက်အခဲတွေ
ခက်ခဲခဲ့ကြ။
တကယ်မခက်ဘဲ
ခက်ခဲခဲ့ကြ။
တကယ်ခက်၍လည်း
ခက်ခဲခဲ့ကြ။
အဲဒီမှာ ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ် ။ ။
▫️အောင်ချိမ့်▫️
_ _ _ _ _ _ _
❛ အသည်းကွဲခြင်း ❜
_ _ _ _ _ _ _ _ _
မင်း မရှိတော့
ငါဟာ လူမိုက်
မင်း ရှိတော့
ငါဟာ လူညံ့
မင်းဟာ ငါ့ဘေးနား ရှိတုန်းက
ငါ ကြည့်မရဆုံး မိန်းမ
အခု ငါ့ဘေးနား မင်း မရှိတော့
ငါအချစ်ဆုံး မိန်းမတစ်ယောက်
ဒီလို ကြောက်မက်ဖွယ်အာရုံနဲ့
ငါ ကြေကွဲလို့
မင်းမရှိတော့ တံတားပျက်တယ်
လမ်းပိတ်တယ်
မကောင်းတဲ့ အိပ်မက်တွေလည်း မက်တယ်။
ငါ့အိပ်ရာပေါ်က
မင်းထားခဲ့တဲ့ စောင်
မင်းဝတ်ခဲ့တဲ့ အဝတ်အစား
ငါ့မှာ ပြာကျစိတ်နဲ့ မီးလောင်လို့
မကောင်းဘူး။
မင်းတို့နှစ်ယောက်
သဘောတူပါတယ် ပြောလိုက်ရပေမယ့်
ငါ သဘောမတူဘူး
အချစ်မှာ ငါက
တိုက်ပွဲ ခဏခဏ ကျတဲ့ရန်သူ
အချစ်မှာ ငါက
ခွင့်ပြုချက်မရသေးဘဲ
ဆေးရုံက ဆင်းပြေးတဲ့ လူနာ။
ရန်ကုန်ဟာ ကျဉ်းပါတယ်၊
ဒါပေမဲ့ မဆုံနိုင်တော့ဘူး။
ဘဝဟာ
❛ ကျွန်မ မရှိမှ သိမယ် ❜
ဒီစကားဟာ မှန်ပါတယ်။
သံပန်းတွေဟာ
လှပေမယ့် မာကျောမှန်း ငါသိပါတယ်။
မင်းနှုတ်ခမ်းတွေဟာ
ခုနှစ်ရက်အတွင်း အရည်ပျော်လို့
ငါ့အော်သံဟာ
လုံခြုံရေးမရှိ ပွင့်ထွက်လို့
ပိန်သွားတယ်။
ငါဟာ ရူးသွပ်နေတဲ့ မျက်နှာကျက်
ငါဟာ ကပ်စေးနှဲတဲ့ ယောင်္ကျား။
ငါဟာ မင်းရှိတော့လည်း
တစ်ယောက်တည်း
မင်း မရှိတော့လည်း
တစ်ယောက်တည်းသမား။
နောက်ဆုံးနေ့
တို့ တွေ့မယ်
‘၁ဝနာရီခွဲ’ တဲ့
မိန်းမတစ်ယောက်ရဲ့ အလိုဆန္ဒ
အဲဒီအထိ ငါ့အလုပ်က လွဲပြီး
ကျန်တာ ငါဘာမှ မငဲ့သူ
ညနေ ၆ နာရီ
မင်းမရှိတော့ဘူး။
မင်းမရှိတော့ဘူး။
မင်းအဒေါ်တွေက မဲ့လို့
မင်းအခန်းလွတ်က ထစ်ချုန်းလို့။ ။
- ဝင်းမြင့် -