36 w - Translate

Minimalist Tattoo Ideas 🖤💫

image
36 w - Translate

Minimalist Tattoo Ideas 🖤💫

image
36 w - Translate

Minimalist Tattoo Ideas 🖤💫

image
36 w - Translate

Minimalist Tattoo Ideas 🖤💫

image
36 w - Translate

Minimalist Tattoo Ideas 🖤💫

image
36 w - Translate

Minimalist Tattoo Ideas 🖤💫

image
36 w - Translate

Minimalist Tattoo Ideas 🖤💫

image
36 w - Translate

Minimalist Tattoo Ideas 🖤💫

imageimage
+6
36 w - Translate

ရုရှားက မဟာဗျူဟာမြောက် နျူကလီးယားလေ့ကျင့်ခဲ့--ပူတင်

မော်စကို၊အောက်တိုဘာ ၂၉

ရုရှားသည် အင်္ဂါနေ့တွင် မဟာဗျူဟာမြောက်နျူကလီးယားစစ်ရေးလေ့ကျင့်မှုကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပြီး လေ့ကျင့်ပစ်ခတ်ခဲ့သမျှဒုံးကျည်အားလုံးသည် ချိန်ရွယ်သည့်ပစ်မှတ်များကို အတိအကျထိမှန်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

အဆိုပါစမ်းသပ်လေ့ကျင့်မှုကို သမ္မတပူတင်လည်း ကြည့်ရှုစစ်ဆေးခဲ့ပြီး စစ်ရေးလေ့ကျင့်ရသည့် ရည်ရွယ်ချက်ပြီးပြည့်စုံမှုရှိကာ ပစ်ခတ်ခဲ့သမျှဒုံးကျည်တိုင်းသည် သက်ဆိုင်ရာပစ်မှတ်များကိုထိရုံသာမက တစ်ခုချင်းစီ၏အရည်အသွေးအလိုက် မှန်ကန်တိကျမှုများလည်းရှိခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

“ပထဝီနိုင်ငံရေးတင်းမာမှုများကြီးမားလာမှု၊ပြင်ပခြိမ်းခြောက်မှုများနဲ့စွန့်စားရမှုတွေများလာတာကြောင့် ဖြစ်လာနိုင်ခြေတွေအတွက် စဉ်ဆက်မပြတ်အသင့်ဖြစ်နေတဲ့ ခေတ်မီဗျူဟာမြောက်တပ်ဖွဲ့တွေရှိဖို့က အရေးကြီးပါတယ်” ဟုလည်း သမ္မတပူတင်ကပြောကြားခဲ့သည်။

ယခုကဲ့သို့ အခြေအနေမျိုးတွင် ကြည်း၊ရေ၊လေ တပ်ဖွဲ့များ အတွက် နျူကလီယား လက်နက်များရှိထားခြင်းက နိုင်ငံ၏အချုပ်အခြာအာဏာနှင့်လုံခြုံရေးအတွက် အာမခံချက်တစ်ခုဖြစ်ပြီး မော်စကိုအနေဖြင့်လည်း ၎င်း၏နျူကလီယားတပ်ဖွဲ့များကို ခေတ်မီအောင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ယင်းနောက် သမ္မတပူတင်က နျူလက်နက်ကို နိုင်ငံတော်လုံခြုံရေးအတွက် ထူးခြားသည့် လုပ်ဆောင်ချက်တစ်ခုအနေဖြင့်သာ အသုံးပြုမည်ဖြစ်ပြီး လက်နက်ပြိုင်ဆိုင်မှု၌ ပါဝင်မည် မဟုတ်ကြောင်းလည်း ပြောကြားခဲ့သည်။

image
36 w - Translate

(၆) လအတွင်း ပြည်ပသို့ပျားရည်တင်ပို့မှုမှ အမေရိကန်ဒေါ် လာ (၁ ဒသမ ၁၄၉)သန်း ရရှိခဲ့

ယခုဘဏ္ဍာနှစ်၏ ခြောက်လတာကာလအတွင်း ပြည်ပသို့ ပျားရည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၁ ဒသမ ၁၄၉)သန်း ရရှိခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပျားလုပ် ငန်းဌာန ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးတင့်၏ပြောပြချက်အရ သိရသည်။

၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ပြည်ပသို့ ပျားရည်တင်ပို့မှုအနေဖြင့် တန်ချိန် စုစုပေါင်း (၇၆ ၆ ဒသမ ၀၂) မက်ထရစ်တန် တင်ပို့နိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၁ ဒသမ ၁၄၉)သန်း ရရှိခဲ့ကြောင်း သိရသည်။

ယင်းတွင် ပြည်ပသို့ ပုဂ္ဂလိကကဏ္ဍမှ ပျားရည် တင်ပို့မှုအနေဖြင့် ပုံမှန်ကုန်သွယ်ရေးမှ ပျားရည်မက်ထရစ်တန် ၇၁၈ ဒသမ ၂၂ တန်တင်ပို့ပြီး နယ်စပ်ကုန်သွယ်ရေးမှ ၄၇ ဒသမ ၈ တန်တင်ပို့ခဲ့ရာ စုစုပေါင်း ပြည်ပသို့ ပျားရည် ၇၆၆ ဒ သမ ဝ၂ တန် တင်ပို့ထားခြင်းဖြစ်သည်။

ထိုသို့တင်ပို့ရာတွင် ဂျပန်နိုင်ငံသို့ ပျားရည်မက်ထရစ်တန် ၅ ၁၆ ဒသမ ၁၂ တန်ဖြင့် အများဆုံးတင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၇၇၄၇၈၀၊ တောင်ကိုရီးယားနိုင်ငံသို့ ပျားရည်မက် ထရစ်တန် သုည ဒသမ ၅ တန် တင်ပို့ပြီး အမေရိကန်ဒေါ် လာ ၇၅၀၊ ထိုင်းနိုင်ငံသို့ ပျားရည်မက်ထရစ်တန် ၂၀၁ ဒ သမ ၆ တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၃၀၂၄၀၀၊ တ ရုတ်နိုင်ငံသို့ ပျားရည်မက်ထရစ်တန် ၄၅ ဒသမ ၈ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၆၈၆၉၆ ဒေါ်လာ၊ တရုတ် (တိုင်ပေ)သို့ ပျားရည်မက်ထရစ်တန် နှစ်တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၃၀၀၃ ဒေါ်လာရရှိထားကြောင်း သိရသည်။

ပြည်တွင်းပျားရည်ကို ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ တရုတ်နှင့် တရုတ်(တိုင်ပေ)တို့သို့ ပုံမှန်တင်ပို့လျက်ရှိပြီး ဂျပန်နိုင်ငံသို့ အများဆုံး တင်ပို့လျက်ရှိကြောင်း သိရသည်။

ပြည်တွင်း၌ နှမ်းပျားရည်၊ ဆီးပျားရည်၊ ပန်းနှမ်းပျားရည်၊ နေကြာပျားရည်၊ ‌ရော်ဘာပျားရည်၊ လိုက်ချီး ပျားရည်ဟူ၍ ထုတ်လုပ်ပြီး ပျားရည်ကို ပြည်တွင်း၌ ဆေးဝါးအဖြစ် အသုံးပြုမှုများသကဲ့သို့ ပြည်ပနိုင်ငံများသို့လည်း တင်ပို့ကြောင်း သိရသည်။

image