50 w - Translate

အိပ်ရေးပျက်တာတွေများရင် တကယ်ပဲ ဝိတ်တက်လာမှာလား

ဒီနှစ်တွေထဲ အရမ်းကြီးတွေဝိတ်တွေတက်လာပြီ။ ထိန်းမနိုင်သိမ်းမရတွေဖြစ်နေပြီ။ ဆက်တိုက်ဆိုသလို တက်နေတာမို့ ဘယ်လိုမှလျော့လို့မရတော့ဘူးဆိုရင်တော့

သင့်ရဲ့အိပ်ချိန်ကို ပြန်ဆန်းစစ်ကြည့်ဖို့ လိုနေပါပြီ။

ကျွန်တော်တို့ရဲ့ အဘိုး၊ အဘွားတွေခေတ်နဲ့ယှဉ်ရင်တော့ ကျွန်တော်တို့အိပ်ချိန်က အရမ်းကြီးမများတော့ဘူးပေါ့ဗျာ။ တိုးတက်လာတဲ့ခေတ်ကြီးထဲ ဟိုပြေး၊ ဒီပြေးလုပ်နေရတော့ အိပ်ချိန်တွေမလောက်မငှဖြစ်လာရတာကလည်း အံ့ဩစရာမရှိပါဘူး။

(၂၀၁၅) ခုနှစ်တုန်းကတော့ US National Sleep Foundation က ကျွန်တော်တို့လူသားတွေအတွက် တစ်နေ့ဘယ်နှစ်နာရီအိပ်စက်တာက အကောင်းဆုံးဖြစ်တယ်ဆိုတာကို ဖော်ပြပေးခဲ့ပါတယ်။ အရွယ်ရောက်ပြီးသားလူတွေရဲ့တစ်နေ့အိပ်ချိန်က (၆-၁၁) ကြားရှိသင့်တယ်လို့ဆိုပါတယ်။ (၇-၉) လောက်ဆိုလည်းအဆင်ပြေပါတယ်။

တကယ်တော့ အိပ်ချိန်ဟာ ကျွန်တော်တို့ခန္ဓာကိုယ်ကျန်းမာရေးအတွက်သာမကဘဲ စိတ်ကျန်းမာရေးနဲ့ အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးအတွက်ပါ အလွန်အရေးကြီးပါတယ်။

ကဲ … အိပ်ရေးပျက်ရင် တကယ်ပဲဝိတ်တက်လာမှာလားဆိုတဲ့ ခေါင်းစဉ်အောက်ကို ရွှေ့လိုက်ကြရအောင်။ သင့်အနေနဲ့ အိပ်ရေးပျက်တာကြောင့် နည်းလမ်းအမျိုးမျိုးနဲ့ဝိတ်တက်နိုင်ပါတယ်။

အိပ်ရေးမဝတော့ လူကစိတ်ပင်ပန်းနေမယ်။ မောပန်းနွမ်းနယ်နေတဲ့ သင့်ရဲ့ဦးနှောက်က ဆုံးဖြတ်ချက်အမှားတွေကို ပိုပြီးမြန်မြန်ဆန်ဆန်လုပ်နိုင်သလို စိတ်လိုက်မာန်ပါတွေလည်း ဖြစ်လာနိုင်ပါတယ်။ အဲဒီတော့ ပုံမှန်လုပ်နေကျ လေ့ကျင့်ခန်းတွေ၊ အားကစားခန်းမတွေကို မသွားဖြစ်တော့ဘူး။ စိတ်ဖိစီးမှုကိုလျော့နည်းစေနိုင်တဲ့ အချိုဓာတ်တွေကို အစားများလာမယ်။ ကိတ်တို့၊ ချောကလက်တို့၊ ဝိုင်တို့ပေါ့။ အရက်လည်းပါတာပါပဲ။ မသိဘူး … စာရေးသူဆို စိတ်ညစ်ရင် မြင်မြင်သမျှ အကုန်စားတာပါပဲ။ မှောက်အောင်လည်း သောက်တော့တာပဲ။ အဲဒီတော့ ဝိတ်က တအိအိနဲ့ လှိမ့်တက်လာတော့တာပေါ့။

အိပ်ရေးပျက်ခြင်းက အစားစားချင်စိတ်ကို ထိန်းချုပ်ပေးတဲ့ဟော်မုန်းကို ဖြိုခွဲပေးပါတယ်။ အစားစားချင်စိတ်ကိုမြှင့်တင်ပေးတဲ့ ဂရယ်လင် (ghrelin) ဓာတ်ကမြင့်မားလာပြီး အစားစားချင်စိတ်ကို ထိန်းချုပ်ပေးနိုင်တဲ့ လက်ပ်တင် (leptin) ဓာတ်တွေကလျော့ကျသွားပါတယ်။

နောက်ထပ် စိတ်ဖိစီးမှုကို ဖြစ်စေနိုင်တဲ့ ကော်တီဆို (cortisol) ဓာတ်တွေကလည်း မြင့်တက်လာပါသေးတယ်။ ဒါကြောင့်မို့လို့ အိပ်ချိန်လုံလုံလောက်လောက်အိပ်ပေးဖို့ လိုပါတယ်။ အဲဒီလိုမှမဟုတ်ရင် သင့်ရဲ့ခန္ဓာကိုယ်ဇီဝဖြစ်စဉ်တွေကို ပုံမှန်အထောက်အပံ့ပေးနေတဲ့ ဓာတ်တွေကပြိုကွဲသွားပြီး ဝိတ်တွေ တစ်နေ့တခြား တက်လာပါလိမ့်မယ်။

Ref: newsrepublic “How lack of sleep can make you fat”

imageimage

image
50 w - Translate

ငါးအထီးမရှိဘဲ ကန်ထဲမှာ တစ်ကောင်တည်းနေရင်း သန္ဓေရသွားတဲ့ ငါးလိပ်ကျောက်အမ

ငါးအထီးမရှိဘဲ ကန်ထဲမှာ တစ်ကောင်တည်းနေရင်း သန္ဓေရသွားတဲ့ ငါးလိပ်ကျောက်အမ ချားလော့ရဲ့ဖြစ်ရပ်က အံ့အားသင့်စရာ ဖြစ်စေခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် လိင်မဲ့မျိုးပွားခြင်းဆိုတဲ့ သိပ္ပံဝေါဟာရ (parthenogenesis)ကိုလည်း စိတ်ဝင်စားမှု မြင့်တက်လာခဲ့ပါတယ်။

မြောက်ပိုင်းကာရိုးလိုင်းနားပြည်နယ် ဟန်ဒါဆန်ဗီးလ်မြို့ Aquarium & Shark Lab by Team ECCO မှာရှိတဲ့ ငါးလိပ်ကျောက်အမ ချားလော့ရဲ့ ဗီဒီယိုဟာ TikTok မှာ ကြည့်ရှုမှုအကြိမ်ရေ ၁၂ သန်းကျော် ရှိနေပါတယ်။ ချားလော့ရဲ့ဖြစ်ရပ်ဟာ လူအများ နားလည်နိုင်စွမ်းကို ကျော်လွန်တဲ့ဖြစ်ရပ်လို့ လိင်မဲ့မျိုးပွားမှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။ မြင်းကျားငါးမန်း၊ ကယ်လီဖိုးနီးယားသိမ်းငှက်၊ ကိုမိုဒိုနဂါး (ဖွတ်ကြီး)တွေ အပါအဝင် သက်ရှိမျိုးစိတ် ဒါဇင်ပေါင်းများစွာဟာ လိင်မဲ့မျိုးပွားနိုင်စွမ်းရှိပါတယ်။

'' လိင်မဲ့မျိုးပွားခြင်းက သဘာဝကိုလွန်ဆန်မှုမျိုး မဟုတ်ပါဘူး။ ကျောရိုးမဲ့သတ္တဝါ သို့မဟုတ် ငါးတွေဟာ သူတို့ရဲ့သက်တမ်းတစ်လျှောက်မှာ အောင်မြင်စွာ မျိုးပွားနိုင်စေဖို့အတွက် အံ့အားသင့်စရာတွေ လုပ်ခဲ့ကြတာပါ'' လို့ မေရီလန်းတက္ကသိုလ်မှ ဇီဝဗေဒပညာရှင် မာစီးဒီးစ်ဘန်းက ပြောပါတယ်။

ငါးလိပ်ကျောက်အမ သားပေါက်ပြီးရင် သားပေါက်တွေကို မျိုးဗီဇ စစ်ဆေးမှုပြုလုပ်ပြီး လိင်မဲ့မျိုးပွားမှု ဟုတ်၊ မဟုတ် အတည်ပြုသွားမယ်လို့ သုတေသီတွေက ဆိုပါတယ်။ ငါးလိပ်ကျောက်၊ ငါးမန်းနဲ့ ဘဲလိပ်ငါးတွေဟာ မျိုးအောင်နိုင်တဲ့ သုက်ကောင်တွေကို သူတို့ရဲ့ အထူးဂလန်းတွေထဲမှာ နှစ်ပေါင်းများစွာကြာ သိမ်းဆည်းထားနိုင်စွမ်း ရှိတာကြောင့် အတည်ပြု စစ်ဆေးပြီးမှသာ လိင်မဲ့မျိုးပွားမှု ဟုတ်၊ မဟုတ် ဆိုနိုင်မှာပါ။

image
50 w - Translate

GREEN💚

image
50 w - Translate

GREEN💚

image
50 w - Translate

GREEN💚

image
50 w - Translate

GREEN💚

image
50 w - Translate

GREEN💚

image
image
image
image
50 w - Translate

ဧရာဝတီတံတား (မကွေး)

နေညိုချိန် ပန်းချီကားတစ်ချပ် ❤️❤️

Photo - Tin Htay (Magway)

image
De Dee is feeling Very sad
50 w - Translate

ခုထိလဲ ရမနေဘူး 😅

image