49 w - Translate

ခွေးလေးတွေက သင့်မျက်နှာကိုကြည့်ပြီး သင့်စိတ်ခံစားချက်ကိုနားလည်နိုင်

လူနဲ့ လက်ပွန်းတတီးနေတာကြာလာတာနဲ့အမျှ အပြန်အလှန်ဆက်ဆံရေးကို ပိုမိုလွယ်ကူစေတဲ့ ခွေးလေးတွေရဲ့ စွမ်းဆောင်ရည်က တဖြည်းဖြည်းတိုးတက်လာတတ်ပါတယ်။

လေ့လာတွေ့ရှိချက်တစ်ခုမှာတော့ ခွေးလေးတွေရဲ့ဦးနှောက်ဟာ လူရဲ့အသံ၊ ခန္ဓာကိုယ် အနံ့၊ ကိုယ်နေဟန်ထားနဲ့ မျက်နှာအနေအထား တွေကိုကြည့်ပြီး လူရဲ့စိတ်ကို ခန့်မှန်းနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။

အဲဒီသုတေသနပြုချက်မှာ သက်တူရွယ်တူ ယောက်ျား၊ မိန်းမမျက်နှာပုံတွေကို အစာစားနေတဲ့ခွေးလေးတွေရှေ့ချပြပြီး သူတို့ဘယ်လိုတုံ့ပြန်လာမလဲဆိုတာကို စမ်းသပ်ခဲ့ကြပါတယ်။ ကျွန်တော်တို့လူသားတွေရဲ့ အခြေခံစိတ်ခံစားချက်တွေဖြစ်ကြတဲ့ ဒေါသထွက်ခြင်း၊ ကြောက်ရွံ့ခြင်း၊ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ အံ့ဩခြင်း၊ မနှစ်မြို့ခြင်းနဲ့ ရုပ်တည်တည်နေခြင်း စတဲ့အေခြခံခံစားချက် (၆) မျိုးရဲ့ပုံတွေကို ခွေးလေးတွေရဲ့မြင်ကွင်းရှေ့တည့်တည့်မှာ နေရာချထားပြီး စမ်းသပ်ခဲ့ကြတာဖြစ်ပါတယ်။

ဒေါသထွက်တာ၊ ကြောက်ရွံ့နေတာနဲ့ ပျော်ရွှင်တာမျိုးတွေလို ခံစားချက်ပေါ်ပေါ်လွင်လွင်ရှိတဲ့ပုံတွေကိုတော့ ခွေးလေးတွေက ခံစားမှုကောင်းကောင်းနဲ့ စိတ်လိုလက်ရတုံ့ပြန်ခဲ့ကြပါတယ်။ သူတို့ရဲ့အစာစားချိန်ဟာလည်း ဒီပုံတွေမြင်သွားပြီးမှ ပိုလို့ကြာမြင့်သွားခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ ခွေးလေးတွေရဲ့စိတ်ဖိစီးမှု မြင့်တက်သွားတဲ့အတွက် သူတို့ရဲ့ နှလုံးခုန်နှုန်းကလည်း မြန်လာပါသေးတယ်။

နောက်ထပ်တွေ့ရတာက ဒေါသထွက်တာ၊ ကြောက်ရွံ့နေတာနဲ့ ပျော်ရွှင်နေတဲ့ပုံတွေကိုတွေ့တဲ့အခါ ခွေးလေးတွေရဲ့ခေါင်းက ဘယ်ဘက်ကိုလှည့်သွားပါတယ်။ အံ့အားသင့်နေတဲ့မျက်နှာပုံကိုတွေ့တဲ့အခါမှာတော့ ဆန့်ကျင်ဘက်အရပ်ကိုလှည့်သွားတာမျိုး ဖြစ်ခဲ့တဲ့အတွက် ဒါဟာခွေးလေးတွေရဲ့အမြင်မှာ အံ့ဩတယ်ဆိုတဲ့မျက်နှာအမူအရာကို ခြိမ်းခြောက်မှုနဲ့ ရန်ပြုမှုမရှိတဲ့ အေးအေးဆေးဆေး မျက်နှာအမူအရာအဖြစ် မြင်နေတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

လေ့လာသူတစ်ဦးဖြစ်တဲ့ Siniscalchi က “ခွေးလေးတွေရဲ့ ညာဘက်ခြမ်းဦးနှောက်ဟာ အပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်တွေအတွက်အလုပ်လုပ်ပြီး ဦးနှောက်ရဲ့ ဘယ်ဘက်ခြမ်းကတော့ ပိုပြီးအကောင်းဘက်ရှိတဲ့ စိတ်ခံစားမှုတွေအတွက် အလုပ်လုပ်တာပါ” လို့ဆိုပါတယ်။

အခုလိုလေ့လာတွေ့ရှိချက်ဟာ ခွေးအပြင် အခြား နို့တိုက်သတ္တဝါတွေအတွက်ပါ အထောက်အကုဖြစ်စေနိုင်တဲ့ ရလဒ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ထပ် ခွေးလေးတွေရဲ့ ဦးနှောက်ညာဘက်ခြမ်းဟာဆိုရင် နှလုံးဆီ စီးဆင်းနေတဲ့ ဆင်ပသတစ် (sympathetic) နမ့်ကြော ပုံမှန်ဖြစ်စေနိုင်ဖို့ များစွာ အထောက်အကူပြုပါတယ်။ ဒီအရာက ခွေးလေးတွေအနေနဲ့ အသက်ရှင်ဖို့ တွန်းလှန်တိုက်ခိုက်မလား၊ ရှောင်ထွက်သွားမလား ဆိုတာကိုထိန်းချုပ်တဲအခါ မရှိမဖြစ်လိုအပ်တဲ့ အခြေခံအစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။

“Dogs understand what’s written all over your face”

image
49 w - Translate

တစ်နေ့ ကော်ဖီတစ်ခွက်ပဲသောက်ပါတယ်
မိမိသောက်သော ကော်ဖီ1ခွက် 😂

image
49 w - Translate

တစ်နေ့ ကော်ဖီတစ်ခွက်ပဲသောက်ပါတယ်
မိမိသောက်သော ကော်ဖီ1ခွက် 😂

image
49 w - Translate

တစ်နေ့ ကော်ဖီတစ်ခွက်ပဲသောက်ပါတယ်
မိမိသောက်သော ကော်ဖီ1ခွက် 😂

image
49 w - Translate

တစ်နေ့ ကော်ဖီတစ်ခွက်ပဲသောက်ပါတယ်
မိမိသောက်သော ကော်ဖီ1ခွက် 😂

image
49 w - Translate

တစ်နေ့ ကော်ဖီတစ်ခွက်ပဲသောက်ပါတယ်
မိမိသောက်သော ကော်ဖီ1ခွက် 😂

image
image
image
image
49 w - Translate

Late Lunch 🥗

image
49 w - Translate

စတော်ဘယ်ရီအသီး ရာသီ ရောက်တုန်း strawberry snow pudding လေး လုပ်စားကြည့်နော်

အရမ်းလည်း စားကောင်းတယ် လုပ်ရတာလည်း လွယ်တယ် 😍

image
49 w - Translate

စတော်ဘယ်ရီအသီး ရာသီ ရောက်တုန်း strawberry snow pudding လေး လုပ်စားကြည့်နော်

အရမ်းလည်း စားကောင်းတယ် လုပ်ရတာလည်း လွယ်တယ် 😍

image
49 w - Translate

စတော်ဘယ်ရီအသီး ရာသီ ရောက်တုန်း strawberry snow pudding လေး လုပ်စားကြည့်နော်

အရမ်းလည်း စားကောင်းတယ် လုပ်ရတာလည်း လွယ်တယ် 😍

image