48 w - Translate

မစွန့်လွှတ်နိုင်သရွေ့ ခွင့်လွှတ်နိုင်ရမယ်...
မခွင့်လွှတ်နိုင်သရွေ့ စွန့်လွှတ်နိုင်ရမယ် ဆိုတော့...

တချို့တွေက...
မုန်းတဲ့စိတ်တွေနဲ့
မခွင့်လွှတ်နိုင်ကြဘူး ။

တချို့တွေ...
ချစ်တဲ့စိတ်တွေနဲ့
မစွန့်လွှတ်နိုင်ကြဘူး ။

ဘာပဲဖြစ်ဖြစ်ပေါ့...

ကိုယ်ဖမ်းဆုတ်ထားမိတဲ့အရာက
ကိုယ့်ရဲ့ရှင်သန်မှုကိုပါ ထိခိုက်လောက်တဲ့အထိ
နာကျင်နေပြီဆိုလို့ကတော့...

ခွင့်လွှတ်စရာရှိတာ ခွင့်လွှတ်လို့
စွန့်လွှတ်စရာရှိတာ စွန့်လွှတ်ဖို့

လွှတ်ချလိုက်တာဟာ အကောင်းဆုံးပါပဲ ။

image
48 w - Translate

၀ုဗ်အသင်း‌ ခေါင်းဆောင် ကို ခေါ်ဖို့ အံ့အားသင့်ဖွယ် ချည်းကပ်လာနေတဲ့ မန်ယူ
.
.
.
မန်ယူအသင်းဟာ လာမယ့်နွေရာသီအပြောင်းအရွေ့မှာ ခံစစ်ကစားသမားတစ်ယောက်ကို ခေါ်ယူဖို့ အမြန်ဆုံးပြင်ဆင်နေပြီး ၀ုဗ်အသင်း‌ ခေါင်းဆောင် ကေးလ်မန်းက မန်ယူရဲ့အဓိိက ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။
ကေးလ်မန်း ဟာ ဒီရာသီ ၀ုဗ်အသင်းရဲ့ပွဲစဥ်တိုင်းကို ပါ၀င်ကစားပေးထားသူဖြစ်ပြီး နည်းပြ ဂယ်ရီအိုနေးလ်ရဲ့ စိတ်ကြိုက်ကစားသမားလည်းဖြစ်ပါတယ်။

မန်ယူရဲ့ခံစစ်ကစားသမားတွေဖြစ်ကြတဲ့ မာတီနက်ဇ်၊ လင်ဒီလော့ဖ်တို့ ဒဏ်ရာရသွားချိန်မှာ မန်ယူအနေနဲ့ ခံစစ်ဗဟိုကစားသမားတစ်ယောက်ကို မဖြစ်မနေခေါ်ယူဖို့ လိုအပ်လာခဲ့ပြီး ကေးလ်မန်းက သူတို့ရဲ့စိတ်ကြိုက်အတွေ့ဆုံး ကစားသမားဖြစ်နေခဲ့ပါတယ်။
မန်ယူအသင်းရဲ့ကင်းထောက်တွေဟာ ၀ုဗ်အသင်းရဲ့ပွဲစဥ်‌ တွေဆီ မကြာမကြာရောက်လာတတ်တာကို တွေ့နေရပေမယ့် အသင်းနှစ်သင်းအကြား ဆက်သွယ်မှုတွေကတော့မရှိသေးပါဘူး။

အိုနေးလ်က သူ့ရဲ့အသင်းခေါင်းဆောင်ကို ထိန်းထားဖို့ ကြိုးစားမှာဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီတုန်းက နာပိုလီရဲ့ကမ်းလှမ်းမှုကို အောင်မြင်စွာနဲ့ ငြင်းပယ်နိုင်ခဲ့ဖူးတာပါ။ နာပိုလီဟာ ကင်မင်ဂျေးရဲ့နေရာမှာ အစားထိုးဖို့ အသက် ၂၆ နှစ်အရွယ် ကေးလ်မန်းကို ချိတ်ဆက်ခဲ့ပြီး ၀ုဗ်ဖက်က ဒီကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။

ကေးလ်မန်း ကိုယ်တိုင်ကလည်း ပိုပြီးအင်အားကြီးတဲ့အသင်းတစ်သင်းဆီ ပြောင်းရွေ့ချင်နေခဲ့ပြီး မကြာခင်ရောက်လာတော့မယ့် အပြောင်းအရွေ့စျေးကွက်ထဲမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရတော့မှာပါ။

#ဘော်လုံးသတင်းစုံ

image
48 w - Youtube

48 w - Translate

Good afternoon 🌞

image
48 w - Translate

Hot like hell
Excessive Heat 42°C ~over temperature
မန္တလေးတိုင်း မကွေးတိုင်း နေပြည်တော်
အပူချိန်သတိပြုပါ
06/04/2024 10:52am(MMT)
Credit to Su Su San

image
48 w - Translate

လူရွေးမှားတဲ့အခါ

image
48 w - Translate

မုန့်ဟင်းခါး 😋

image
48 w - Translate

ကလေးများ လျှပ်စစ်ပစ္စည်း သုံးစွဲမှုအပေါ်ကောင်းကျိုး ဆိုးကျိုးများ

ယနေ့ခေတ်တွင် ကလေးများသည် လျှပ်စစ်ပစ္စည်းစက်ကိရိယာများဖြင့် ဆော့ကစားလာကြပါသည်။ ၎င်းကိရိယာများတွင် ဗီဒီယိုဂိမ်းများ၊ တီဗီ၊ မိုဘိုင်းဖုန်း၊ ဖုန်း apps များ၊ ကွန်ပြူတာများ၊ တက်ဘလက်များနှင့် PSP ဂိမ်းများပါဝင်ကြပါသည်။ အချို့သော လျှပ်စစ်ကုန်ပစ္စည်းများသည် ကလေးလူငယ်များအတွက် ရည်ရွယ်၍ ထုတ်လုပ်ထားခြင်း ဖြစ်သည်။

မိဘများကလည်းကလေးငယ်များတစ်နေရာတည်းတွင် အချိန်ကြာကြာတိတ်တိတ်ဆိတ်ဆိတ် နေစေရန်အတွက် ၎င်းပစ္စည်းများကိုအသုံးချတတ်ကြပါသည်။

လျှပ်စစ်ပစ္စည်းစက်ကိရိယာသည် အသုံးဝင်နိုင်သလိုအလွန်အကျွံ အသုံးပြုလျှင် ဆိုးကျိုးများလည်းရှိတတ်ပါသည်။ ကွန်ပြူတာသို့မဟုတ် လျှပ်စစ်ပစ္စည်းစက်ကိရိယာအားကလေးငယ်အားအသုံးပြုစေခြင်း၏ ကောင်းကျိုးဆိုးကျိုးများကို ကြည့်လိုက်ကြရအောင်ပါ။ စက်ပစ္စည်းကိရိယာများအသုံးပြုခြင်း၏ အကျိုးကျေးဇူးများ

• ကျောင်းမတက်သေးခင်အရွယ် ကလေးငယ်များအတွက် လျှပ်စစ်ပစ္စည်းကိရိယာများသည် အသိအာရုံနှင့် စိတ်ကူးစိတ်သန်းများရှင်သန်တက်ကြွလာစေရန် အထောက်အကူပေးပါသည်။အချို့သောကိရိယာများသည် နားထောင်မှုစွမ်းရည်၊ အသံများနှင့် စကားသံများအားသင်ကြားခြင်းကိုတိုးမြင့်စေရန် အထောက်အကူပြုရာတွင် အသုံးပြုပေးနိုင်သည်။

• လျှပ်စစ်ပစ္စည်းကိရိယာများနှင့် ဂိမ်းများသည် အသိအမြင် သင်ကြားရေးနှင့် ဝေဖန်ပိုင်းခြားမှု စွမ်းရည်များဖွံ့ဖြိုးတိုးတက်ခြင်းအားတိုက်တွန်းအားပေးနိုင်ပါသည်။တီထွင်ကြံဆမှု စဉ်းစားနိုင်စွမ်း၊ စူးစမ်းလေ့လာခြင်းစွမ်းရည်များနှင့် တီထွင်ဖန်တီးနိုင်မှုကိုလည်းအထောက်အကူပေးနိုင်ပါသည်။

• ကွန်ပြူတာအသုံးပြုခြင်းသည် လက်၏ကျွမ်းကျင်မှုကိုတိုးတက်စေပြီးကွန်ပြူတာကိုတတ်မြောက်စေပါသည်။

• ဂိမ်းများအား ကျွမ်းကျင်ဆော့ကစားနိုင်ခြင်းသည် ယုံကြည်မှုကိုတည်ဆောက်ပေးပြီးမျက်လုံးနှင့် လက်တို့၏ ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကိုဖွံ့ဖြိုးတိုးတက်စေပါသည်။

• အဆင့်တက်စေပြီးအမှတ်များရှာရန် ကစားသမားများအားတိုက်တွန်းသောဂိမ်းများသည် သင်္ချာစွမ်းရည်အားဖွံ့ဖြိုးတိုးတက်စေပြီးပန်းတိုင်သို့ ရောက်ရှိရန် လှုံ့ဆော်မှုကိုပေးပါသည်။ စက်ပစ္စည်းကိရိယာများအသုံးပြုခြင်း၏ဆိုးကျိုးများ

• ကလေးများသည် လျှပ်စစ်ပစ္စည်းကိရိယာကိုတစ်ရက်လျှင် ၇နာရီထက် ပိုမိုအသုံးပြုတတ်ကြပါသည်။ ထိုအခါ လျှပ်စစ်ပစ္စည်းများအားကောင်းစွာအသုံးပြုနိုင်ကြသော်လည်းဖိနပ်ကြိုးချည်ခြင်း၊ ရေကူးခြင်းစသောကိစ္စရပ်များတွင် မည်သို့ ပြုလုပ်ရမည်ကိုမသိဘဲအားနည်းလာတတ်ကြပါသည်။

• မိသားစုသူငယ်ချင်းအပေါင်းအသင်းများနှင့်အတူအိမ်ပြင်ပလှုပ်ရှားဆောင်ရွက်မှုများအတွက် ကလေးငယ်များအချိန်ကုန်ဆုံးစေရန် အရေးကြီးပါသည်။

• ကလေးငယ်များသည် ရက်စက်ကြမ်းကြုတ်သည့် ဂိမ်းကစားနည်းများအားအချိန်ကြာကြာကစားသည့်အခါ ကလေးငယ်များ၏စိတ်သည် ရက်စက်ကြမ်းကြုတ်မှုကိုတိမ်းညွှတ်စေတတ်ပါသည်။

• စက်ပစ္စည်းကိရိယာများတွင် အချိန်များကုန်ဆုံးတတ်သောကလေးငယ်များသည် စာပေလေ့လာမှု အပေါ် အာရုံစိုက်မှု အားနည်းတတ်ပါသည်။

• ကွန်ပြူတာ၊ မိုဘိုင်းဖုန်းများလွန်ကဲစွာအသုံးပြုခြင်းသည် စွဲစေတတ်ပါသည်။ လှုပ်ရှားမှုမရှိဘဲ ကြာရှည်ထိုင်လုပ်ရခြင်း၊ ကျန်းမာရေးညံ့ဖျင်းလာခြင်း၊ အချိန်စီမံခန့်ခွဲမှု ညံ့ဖျင်းလာခြင်းနှင့် အစာစားခြင်းအလေ့အထညံ့ဖျင်းလာခြင်းတို့ကိုဦးတည်သွားနိုင်ပါသည်။ ကလေးငယ်၏ ကွန်ပြူတာအသုံးပြုမှုကိုဘယ်လိုစီမံမလဲ? ကလေးငယ်ကို လျှပ်စစ်ပစ္စည်းကိရိယာမသုံးအောင် လုံးဝဖြတ်တောက်လိုက်ခြင်းမျိုးမဖြစ်နိုင်ပေမယ့် ဆိုးကျိုးတွေ လျော့နည်းလာစေဖို့ နည်းလမ်းလေးတွေတော့ ရှိပါတယ်။

1. ကလေးအသုံးပြုချင်တဲ့ ဂိမ်းရဲ့အဆင့်သတ်မှတ်ချက်နဲ့ ကလေးကြည့်ချင်တဲ့ တီဗီအစီအစဉ်တွေကိုသိပါစေ။

2. ကလေးငယ်ရဲ့အိပ်ခန်းအတွင် လျှပ်စစ်ပစ္စည်းကိရိယာများအားဆင်ပေးခြင်း၊ ထားရှိပေးခြင်းမျိုးမပြုလုပ်ပါနှင့်။

3. စည်းမျဉ်းများထားရှိပါ။ ဥပမာ – ဂိမ်းများဆော့ခြင်း၊ တီဗီ ကြည့်ခြင်းဖြင့် လျှပ်စစ်ပစ္စည်းကိရိယာအသုံးပြုခြင်းအားအချိန်ကန့်သတ်ချက်ထားပါ။

4. သင့်ကလေးငယ်၏ ဗီဒီယိုဂိမ်းများ၊ တီဗီ၊ ရုပ်ရှင်နှင့် အင်တာနက် သုံးစွဲခြင်းတို့အားစောင့်ကြည့်ပါ။ ဗီဒီယိုဂိမ်းများ၊ တီဗီအစီအစဉ်များနှင့် ရုပ်ရှင်များတွင် ကလေးများ ကြည့်ရှုသည်နှင့် ပတ်သက်၍ ဆက်သွယ်မှုပြုပါ။ ၎င်းတို့နှင့် ပတ်သက်၍ ကလေးများမည်သို့ ခံစားနားလည်သည်ကိုမေးမြန်းပြီးဆွေးနွေးပါ။

Ref : Knowledge : Positive and Negative Impacts of Electronic Devices on Children

image
48 w - Translate

တရုတ်စံကားပန်းနဲ့ ပတ်သတ်ပြီး ဟာဝိုင်အီမှာ ဓလေ့တစ်ခုရှိတယ်တဲ့🌼

အဲဒါကတော့ အမျိုးသားတွေက သူတို့ချစ်တဲ့အမျိုးသမီးအတွက် ရည်စူးပြီး တရုတ်စံကားပန်းတွေနဲ့ ဆွဲကြိုးလေးတွေ လက်ပတ်လေးတွေ လုပ်ကြတယ်တဲ့။ ပြီးတော့ အဲဒီပန်းဆွဲကြိုးလေးတွေ လက်ကောက်လေးတွေကို ပေးပြီး သူတို့ချစ်တဲ့သူကို ချစ်တယ်လို့ ဖွင့်ဟဝန်ခံကြသတဲ့။

တရုတ်စံကားပန်းက ဟာဝိုင်အီရဲ့ ပန်းဖြစ်တာမို့ သူတို့ကျွန်းကို လာတဲ့သူတွေကို တရုတ်စံကားပန်းလေးတွေပေးပြီး တွေ့ရတာဝမ်းသာတဲ့အကြောင်း ပြလေ့ရှိကြတယ်။

သူ့ရဲ့ ပန်းစံကားလေးကတော့ “တွေ့ရတာ ကံကောင်းလိုက်တာ” တဲ့

image
48 w - Translate

တရုတ်စံကားပန်းနဲ့ ပတ်သတ်ပြီး ဟာဝိုင်အီမှာ ဓလေ့တစ်ခုရှိတယ်တဲ့🌼

အဲဒါကတော့ အမျိုးသားတွေက သူတို့ချစ်တဲ့အမျိုးသမီးအတွက် ရည်စူးပြီး တရုတ်စံကားပန်းတွေနဲ့ ဆွဲကြိုးလေးတွေ လက်ပတ်လေးတွေ လုပ်ကြတယ်တဲ့။ ပြီးတော့ အဲဒီပန်းဆွဲကြိုးလေးတွေ လက်ကောက်လေးတွေကို ပေးပြီး သူတို့ချစ်တဲ့သူကို ချစ်တယ်လို့ ဖွင့်ဟဝန်ခံကြသတဲ့။

တရုတ်စံကားပန်းက ဟာဝိုင်အီရဲ့ ပန်းဖြစ်တာမို့ သူတို့ကျွန်းကို လာတဲ့သူတွေကို တရုတ်စံကားပန်းလေးတွေပေးပြီး တွေ့ရတာဝမ်းသာတဲ့အကြောင်း ပြလေ့ရှိကြတယ်။

သူ့ရဲ့ ပန်းစံကားလေးကတော့ “တွေ့ရတာ ကံကောင်းလိုက်တာ” တဲ့

image