Sofia is feeling Loved
47 w - Translate

ရှေ့ဆက်လျှောက်မယ့်လမ်းတွေကိုတော့ မင်းနဲ့တူတူလျှောက်ချင်တယ်..... 👫

image
image
image
image
47 w - Translate

ဟီးဟီးး😁😁

image
47 w - Translate

handsome🐶

image
47 w - Translate

နွေနေပူမှာ ရင်အေးသွားအောင်လို့ 🍦

image
47 w - Translate

နွေနေပူမှာ ရင်အေးသွားအောင်လို့ 🍦

image
47 w - Translate

နွေနေပူမှာ ရင်အေးသွားအောင်လို့ 🍦

image
47 w - Translate

နွေနေပူမှာ ရင်အေးသွားအောင်လို့ 🍦

image
47 w - Translate

နွေနေပူမှာ ရင်အေးသွားအောင်လို့ 🍦

image
image
image
image
47 w - Translate

ထိုင်းစတိုင် တုန်ယမ်းဟင်းချို ချက်သောက်ကြမယ်

တုန်ယမ်းဟင်းချိုမှာ အဓိကအားဖြင့် ပုံစံနှစ်မျိုးနှစ်စားကွဲပြားပါတယ်။ ပထမတစ်မျိုးက တုန်ယမ်းနမ့်စိုင် (tom yum nam sai – ต้มยำกุ้งน้ำใส)) လို့ခေါ်ပါတယ်။ ပုစွန်နဲ့ချက်တဲ့ တုန်ယမ်းအရည်ကြည်ပါ။ ဒုတိယတစ်မျိုးကတော့

တုန်ယမ်းနမ့်ခွန်း (tom yum nam khon – ต้มยำกุ้งน้ำข้น) လို့ခေါ်ပြီး နို့စိမ်းနဲ့ချက်တဲ့ တုန်ယမ်းနို့စိမ်း အရည်နောက်ဖြစ်ပါတယ်။ ခုလို မိုးရာသီနဲ့ လိုက်ဖက်တဲ့ တုန်ယမ်းနမ့်စိုင်ကို အိမ်မှာ လွယ်လွယ်ကူကူ ချက်သောက်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းတွေကတော့- ရေ ၊ စပါးလင် ၂ ပင် ၊ ပဒဲကော ၊ ရှောက်ရွက် ၁၀ ရွက် ၊ ငရုတ်သီးစိမ်း ၁၀ တောင့် ၊ ကြက်သွန်ဖြူ ၅ မွှာ ၊ ပုစွန်အကောင်ကြီး ၁၅ ကျပ်သား ၊ မှို ၊ခရမ်းချဉ်သီး ၂ လုံး ၊ ကြက်သွန်နီ ၂လုံး ၊ သကြား ၊ ငါးငံပြာရည် ၊ သံပုရာသီး ၃ လုံး နဲ့ နံနံပင်တို့ပဲဖြစ်ပါတယ်။

ပြုလုပ်နည်းအဆင့်ဆင့်ကိုပြောပြပါမယ်။

၁။ အိုးထဲမှာရေကိုဆူအောင်တည်ပါ။ စပါးလင်ကို ဓားနဲ့ တစ်ပြားရိုက်ပြီး ၁ လက်မအရွယ် အချောင်းလေးတွေ ဖြစ်အောင် ထောင့်ဖြတ်လှီးပါ။ ပဒဲကော လက်မတစ်ဆစ်အရွယ်ကို ပါးပါးလှီးထားပါ။ရှောက်ရွက်တွေကို လက်နဲဖဲ့ထားပါ။ ကြက်သွန်ဖြူကို အခွံနွှာထားပါ။ ငရုတ်သီးစိမ်းကို ညှာတံချွေပြီး ထက်ခြမ်းခွဲကာ ဓားနဲ့ တစ်ပြား ရိုက်ထားပါ။

၂။ ရေနွေးဆူတဲ့အခါ စပါးလင် ၊ ပဒဲကော ၊ ရှောက်ရွက် ၊ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်းတို့ကို ထည့်ပြုတ်ပါ။

၃။ ပုစွန်ကို အမြီးချန်ပြီး အခွံနွှာကာ ရေဆေး သန့်စင်ထားပါ။ အပေါ်က ဟင်းခတ်အမွှေးရွက်တွေ ပြုတ်ထားတဲ့ အိုးထဲမှာ ထည့်ပြုတ်ပါ။ ၁၀ မိနစ်လောက်ကြာတဲ့အခါ မီးအပူရှိန်လျှော့ပြီး ရေဆေးသန့်စင်ပြီးသား မှို ထည့်ပါ။

၄။ ခရမ်းချဉ်သီး နဲ့ ကြက်သွန်နီ ကို လေးစိပ်စိပ်ပြီးထည့်ပါ။ ပုစွန်နဲ့ချက်တဲ့အခါ ဟင်းရည်အိုးအပေါ်မှာ အမြှုပ်လေးတွေ ဝေ့လာတတ်ပါတယ်။ အမြှုပ်တွေကို ဖယ်ထုတ်ပစ်ပြီး ဟင်းရည် ကို ၃ မိနစ်လောက်တည်ထားရပါမယ်။

၅။ ငါးငံပြာရည်နဲ့ သကြားကို လိုသလောက် ထည့်ပြီး မှို နဲ့ ကြက်သွန်နီ နူးသလောက်အနေအထားဖြစ်တဲ့အခါ မီးအပူရှိန်ရပ်လို့ရပါပြီ။

၆။ သံပုရာသီးကို အရည်ညှစ်ပြီး သံပုရာရည်ကို တုန်ယမ်းဟင်းချိုထဲ လိုသလောက် ထည့်ပါ။ အချဉ်ကြိုက်ရင် သံပုရာရည် များများ ထည့်လို့ရပါတယ်။ နောက်ဆုံးမှာ အပေါ်ကနံနံပင်လေးအုပ်လိုက်ရင် ရနံ့မွှေးပြီး အရသာရှယ်ကောင်းတဲ့ တုန်ယမ်းဟင်းချိုကို ရပါပြီ။

image

image