47 w - Translate

အပြိုင်စကြဝဠာက ကားတွေ …..
…… …..
ထိုင်းမှာ ကားသစ်တွေ ဘယ်လောက် ထုတ်လုပ်ရောင်းချနေရသလဲ? အဲဒီကားသစ်တွေထဲမှာ EV က ဘယ်လောက်များများ ပါသလဲ? သိချင်လှပါချည်ရဲ့ ..တွေ့ရင် ပြောပြပါဆိုလု့ိ .. တွေ့တာလေး ပြောလိုက်ပါတယ်..။
.....
အခုနှစ် ဇန်နဝါရီမှာ ထိုင်းနိုင်ငံတွင်း BEV ရောင်းချမှုဟာ စုစုပေါင်း ကားရောင်းချရမှုရဲ့ 17.8% ရှိတယ်လို့ Automotive Industry Club မှ စာရင်းအရ သိရပါတယ်။
BEV ဆိုတာ Battery Electric Vehicle ဖြစ်ပြီး ကားရွေ့ဖို့ ဘက်ထရီကလာတဲ့ လျှပ်စစ်အားကိုသာ ရာနှုန်းပြည့်သုံးတဲ့ကားပါ- ဟိုက်ဘရစ်တွေ မပါပါ။
...
ထိုင်းအစိုးရရည်မှန်းချက်က 2030 ခုနှစ်မှာ BEV တွေကို စုစုပေါင်း ယာဉ်ထုတ်လုပ်မှုရဲ့ 30% ဖြစ်စေဖို့ပါ။ ဒါကို 30@30 ကို ရေးလေ့ရှိပါတယ်။ ဆိုလိုတာက ထိုင်းမှာတောင် ၂၀၃၀ ခုနှစ်အထိ ဓာတ်ဆီ/ဒီဇယ်သုံးယာဉ် ၇ စီးထုတ်မှ EV ၃ စီး ထုတ်လုပ် သုံးစွဲဖို့ ပစ်မှတ်ထားနိုင်ပါတယ်။
....
မူဝါဒတွေနဲ့ ဓာတ်ဆီဈေးကြီးမှုနဲ့ အခြေအ‌နေတချို့ကြောင့် လက်ရှိ ထိုင်းမှာ အရင်ထက် EV ပိုရောင်းနေရပါတယ်- ၂၀၂၃ မှာ EV စီးရေ #၇၃၅၆၈ စီး ရောင်းရပြီး ရှေ့နှစ်ထက် ၆၀၃% ပိုရောင်းရတာပါ။
ဒါပေမယ့် EV က အရင်ထက် ပိုရောင်းလာရရုံဖြစ်ပြီး ဓာတ်ဆီ/ဒီဇယ်သုံး ရိုးရိုး ICE ကားသစ်လောက်တော့ မရောင်းရသေးပါဘူး- အဝေးကြီးလိုပါသေးတယ်။
....
၂၀၂၃ ခုနှစ် ထိုင်းမှာ ရိုးရိုး ICE ကားသစ်က စီးရေ #၂၃၈၅၇၀ ရောင်းခဲ့ရပါတယ်။ ICE နဲ့ EV ကားသစ်ရောင်းရတဲ့ အချိုးအစားအနေနဲ့ ၂.၃ း ဝ.၇ လောက် ကွာနေတုန်းပါ။ တစ်နှစ်ထက်တစ်နှစ် ICE ဘက်က ကျလာနေပြီး EV ဘက်က တက်နေတာကို ၂၀၃၀ ပြည့်နှစ်မှာ ၁၀ း၃ အချိုး ဖြစ်ဖို့ ထိုင်းက မှန်းထားတာပါ။
EV ပိုဝယ်ချင်အောင်လည်း ထိုင်းအစိုးရက မက်လုံးတွေ ပေးပါတယ် အခုဆိုရင် ကုမ္ပဏီတွေကို လုပ်ငန်းသုံး ကုန်တင်ယာဉ်ကြီးတွေနဲ့ ဘတ်စ်ကားတွေကို BEV ပြောင်းသုံးဖို့ အခွန်လျှော့ပေးတာ အပါအဝင် အစီအစဉ်သစ်တွေ ချမှတ်ပေးခဲ့ပါတယ်။ EV ဘက်ထရီဆဲလ်ထုတ်လုပ်သူတွေအတွက်လည်း ငွေကြေးထောက်ပံ့ပါတယ်။
...
ဒါကြောင့်လည်း ထိုင်းမှာ EV တွေ အရင်ကထက် ပိုရောင်းရတာဖြစ်ပေမယ့် တကယ်အများစု ရောင်းနေရဆဲ ဖြစ်တာကတော့ ICE ကားတွေပဲ ဖြစ်နေတာ တွေ့ရပါတယ်။ သူတို့က အက်ဖ်အီးအကျပ်ဆိုက်နေတဲ့ စကြဝဠာ မဟုတ်တဲ့အပြင် အရှေ့တောင်အာရှမှာ ကားအထွက်ဆုံးနိုင်ငံလည်း ဖြစ်နေတော့ အရင်ထဲက ICE ကား တစ်နှစ် နှစ်သန်းလောက် ထုတ်နေရာက အခု အဲဒီထဲမှာ EV တွေလည်း အချိုးတစ်ခု ပါဝင်လာတဲ့သဘောပါပဲ..။
နှစ်နှစ်ဆယ်အစိတ် သုံးပြီးသား ICE ကားကို အသစ်ဈေး ပေးနေရတဲ့ စကြဝဠာကတော့ ကိုယ့်အကြောင်းနဲ့ကိုယ်ပေါ့ ..။

Ref: thaigar.com

image

Update Your Browser | Facebook

imageimage
47 w - Translate - Youtube

လေတိုက်ချက်ကတော့ မြင်မကောင်းဘူး
Mythic Seal VS Ai Esports ( Bo5 ) | ATOM Let's Play Arena Grand Final Match

47 w - Youtube

47 w - Translate

Good food good mood

image
47 w - Translate

ရုံတင်ငွေ ကန်ဒေါ်လာ သန်း၈၀ နဲ့အဖွင့်လှခဲ့တဲ့ 'Godzilla x Kong: The New Empire' ဇာတ်ကား

မကြာသေးခင်ကမှ ရုံတင်ပြသနေတဲ့ 'Godzilla x Kong: The New Empire' ဇာတ်ကားဟာဆိုရင် ပထမအပတ်မှာတင် ရုံတင်ငွေ ကန်ဒေါ်လာ သန်း ၈၀ အထိ ရောက်ရှိသွားခဲ့ပါပြီ။ အကောင်ကြီး နှစ်ကောင်ပေါင်းစည်းကြမယ့် ဒီဇာတ်ကားက အဖွင့်လှခဲ့ပြီး Box Office ရဲ့ နံပါတ် ၁ နေရာမှာ ရပ်တည်နေပါတယ်။

ပြီးခဲ့တဲ့အပတ်က နံပါတ် ၁ ဖြစ်ခဲ့တဲ့ “ Ghostbusters: Frozen Empire”က နှစ်ပတ်အတွင်း ရုံတင်ငွေကန်ဒေါ်လာ ၇၃.၄ သန်းနဲ့ ဒုတိယနေရာရောက်ရှိသွားခဲ့ပါတယ်။ "Dune Part Two" ကတော့ ၅ ပတ်မြောက်မှာ နံပါတ် ၃ နေရာမှာ ရပ်တည်နေပါတယ်။

၂၀၂၁ ခုနှစ်က ရုံတင်ပြသခဲ့တဲ့ Godzilla x Kong ဇာတ်ကားတော့ အဖွင့်ရက်သတ္တပတ်မှာ ကန်ဒေါ်လာ ၄၈.၅ သန်းပဲရရှိခဲ့တာပါ။ လက်ရှိပြသနေတဲ့ Godzilla x Kong: The New Empire' မှာ Godzilla နဲ့ Kong တို့နှစ်ကောင်ပေါင်းပြီး လူသားမျိုးနွယ်ကိုသာမက သူတို့ဖြစ်တည်မှုကိုပါ အန္တရာယ်ပေးလာနိုင်အောင် ကြီးမားကြမ်းတမ်းတဲ့ ရန်သူတော်ကြီးတစ်ယောက်ကို ရင်ဆိုင်တိုက်ခိုက်ကြပုံတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

Ref: 'Godzilla x Kong: The New Empire' roars to $80M opening

image
47 w - Translate

ဖာလူဒါ_ပြုလုပ်နည်း

ဖာလူဒါအတွက် ကြိုတင်ပြုလုပ်ထားရမည့် ပစ္စည်းများမှာ
၁။ ပူတင်းပေါင်းထားရမည်။
၂။ သာကူစေ့ ပြုတ်ထားရမည်။
၃။ မျှော့ချောင်း ပြုတ်ထားရမည်။
၁။ ရေခဲမုန့် ၁လုံး
၂။ ပူတင်း ၁ဇွန်း(ထမင်းစားဇွန်း)
၃။ နို့ဆီ ၁ဇွန်း(ထမင်းစားဇွန်း)
၄။ သကြားရည် ၃ဇွန်း(ထမင်းစားဇွန်း)
၅။ နွားနို့ ၃ဇွန်း(ထမင်းစားဇွန်း)
၆။ သာကူစေ့ပြုတ် ၂ဇွန်း(ထမင်းစားဇွန်း)
၇။ မျှော့ချောင်းပြုတ် ၂ဇွန်း(ထမင်းစားဇွန်း)
၈။ ကျောက်ဖရုံယိုအတုံးလေးများ ၁/၂ဇွန်း(ထမင်းစားဇွန်းတစ်၀က်)
၉။ သင်္ဘောယို ၁/၂ဇွန်း(ထမင်းစားဇွန်းတစ်၀က်)
၁၀။ စပျစ်ခြောက် ၁/၂ဇွန်း(ထမင်းစားဇွန်းတစ်၀က်)
၁၁။ ဇီးဖျော်ရည်အဆီ ၁/၂ဇွန်း(ထမင်းစားဇွန်းတစ်၀က်)
၁၂။ ရေသန့်ရေခဲ ၃တုံး
၁၃။ ကျောက်ကျော အနည်းငယ်
ပြုလုပ်ပုံ
- ပါ၀င်ပစ္စည်းများကို ဖန်ခွက်အတွင်းသို့ အဆင်ပြေသလိုထည့်ပါ။ ပုံမှာပါတဲ့အတိုင်းလေး ပေါ့နော်။

လေးစားလျှက်...
Credit

image
47 w - Translate

ပုဂံလောကနန္ဒာဘုရားကနေလှမ်းမြင်နေရတဲ့

မြစ်ဧရာနှင့်တန့်ကြည်တောင်ရှုခင်းအလှ🍂

Photo-Tin Htay (Magway)

image
47 w - Translate

🌙 ဆိတ်ဖလူးပန်း(Night flowering jasmine)🌙

နေကြာပန်းတွေက နေမင်းကိုချစ်လို့ နေမင်းကိုပဲကြည့်ပြီး ရှင်သန်တယ်ဆိုရင် ဆိတ်ဖလူးပန်းတွေကတော့ နေမင်းကိုချစ်လို့ နေမင်းကိုမကြည့်နိုင်တော့တဲ့ ပန်းတွေပဲဖြစ်မယ်။ လောကမှာ ဘယ်အရာမဆိုလွန်ကဲလာတဲ့အခါ မကောင်းတဲ့သဘောကိုဆောင်သွားတတ်တယ်။ လူတွေပြောကြသလို ချစ်လွန်းလို့ရူးတော့မယ်ဆိုတာမျိုးပေါ့။ ဒီနေ့တော့ ဂရေ့က ဒီသဘောတရားနည်းနည်း ပျော်၀င်နေတဲ့ ပန်းလေးတစ်မျိုးအကြောင်းပြောပြပါမယ်။ ဆိတ်ဖလူးပန်းလို့ခေါ်ကြတဲ့ ပန်းလေးပါ။ ရိုးတံလိမ္မော်ရောင်လေးနဲ့ စံပါယ်ပန်းနဲ့ခပ်ဆင်ဆင်ပန်းလေးပေါ့။ Parijat flowerလို့ခေါ်ကြပြီး Night flowering Jasmineလို့လည်း လူသိများပါတယ်။
(ဗဟုသုတအနေနဲ့ ညမွှေးပန်းကို Night Blooming Jasmineလို့ခေါ်ပါတယ်။)