Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
One dead and scores injured as 7.2-magnitude quake triggers tsunami
https://www.independent.co.uk/....asia/east-asia/taiwa
Alex Pereira ရဲ့ အဖေက ပန်းရန်သမား။ အမေက မှီခို။ သားသမီးခုနစ်ယောက်လုံးကို အဖေကပဲ ရှာကျွေးခဲ့ရတယ်။ စားဝတ်နေရေးကလည်း မလောက်ငှဘူး။ အကျိုးဆက်ကိုပြောရရင် Alex Pereira က အလယ်တန်းကျောင်းသားဘဝမှာတင် ပညာရေးဆုံးခန်းတိုင်ခဲ့ရပါတယ်။ စားဝတ်နေရေးအတွက် ဆာအော်ပေါ်လို ကားတာယာဆိုင်မှာ ဝင်လုပ်ခဲ့ရတယ်။ တစ်ရက်လုပ်ခက ငါးရီးယဲလ်။ မြန်မာငွေနှစ်ထောင်ကျော်လောက်ပဲ ရတယ်။ အလုပ်ကြမ်းတွေကို ပင်ပင်ပန်းပန်းလုပ်ခဲ့ရတာပါ။
အလုပ်ကြမ်းသမားတွေက အပင်ပန်းခံနိုင်အောင် အရက်သောက်တဲ့ အလေ့အထရှိတယ်။ "တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး" ဆိုသလို Alex Pereira လည်း အရက်သောက်တတ်လာတယ်။ ဘယ်လောက်ထိ လစ်မစ်တက်လာသလဲဆိုရင် အသက် (၁၆) နှစ်မှာ တစ်နေ့ရမ်တစ်လုံး သောက်နိုင်တယ်တဲ့။ ဝမ်းလီတာပုလင်းကို အကုန်သောက်နိုင်တယ်။ ကြာတဲ့အခါမှာ မသောက်ရ၊ မနေနိုင်ဖြစ်လာတယ်။
Alex Pereira က အရက်မူးပြီး ရန်ဖြစ်ခဲ့ဖူးပါတယ်။ အရက်စွဲတာကို အားကစားလုပ်ပြီး ဖျောက်ပစ်ပါတယ်။ ကစ်ဘောက်ဆင်ကလပ်ကို စရောက်တဲ့အချိန်မှာ အသက် (၂၁) နှစ်ရှိနေပါပြီ။ သူများတွေက ဒီအရွယ်မှာ ကြေးစားဖြစ်နေပေမယ့် ဆရာကြီးက အခုမှစလေ့ကျင့်တာပါ။ နည်းပြက သူ့လက်သီးပါဝါကို သတိထားမိလာပြီး Poatan လို့ နာမည်ပြောင်ပေးထားတယ်။ မြန်မာလိုဆိုရင် ကျောက်လက်သီးပါပဲ။
ကြေးစားစထိုးတည်းက Alex Pereira ဟာ အရက်မသောက်တော့ဘူး။ ခါးပတ်ရလို့ အောင်ပွဲခံမယ်ဆိုရင်လည်း ဝိုင်၊ ရှန်ပိန်မသောက်ပါဘူး။ ကိုလာပဲ သောက်ပါတယ်တဲ့။ သောက်တုန်းက အလွန်အမင်း၊ မသောက်ဘူးဆိုရင်လည်း လှည့်တောင်မကြည့်ဘူး။ ဘူးဆိုရင် ဖရုံမသီးပါဘူး။
အဲဒီနောက်မှာ Alex Pereira က Glory အဖွဲ့အစည်းရဲ့ ဝိတ်တန်းနှစ်ခုမှာ တစ်ပြိုင်နက်ချန်ပီယံဖြစ်ဖူးတဲ့ ပထမဆုံးကစားသမားဖြစ်လာသလို UFC အဖွဲ့အစည်းမှာလည်း ဝိတ်တန်းနှစ်ခုမှာ ချန်ပီယံဖြစ်လာခဲ့ပါတယ်။ အခုဆိုရင် ခမ်းနားလွန်းတဲ့ UFC 300 ရာပြည့်ပြိုင်ပွဲကြီးမှာ ခေါင်ပွဲထိုးပြီး ဒေါ်လာသန်းချီရှာနိုင်တော့မယ်။ ဆယ်ကျော်သက်ဘဝမှာ အရက်သမားလေးက နောင်တစ်ချိန်မှာ ကမ္ဘာကျော်သန်းကြွယ်သူဌေးဖြစ်လာမယ်ဆိုရင် ဘယ်သူယုံနိုင်မလဲ။ စာဖတ်သူတွေ ဘေးကင်းပါစေ။
+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷
CMKN Gas Stoves ဆိုတာက စားသောက်ဆိုင်၊ ဟိုတယ်နဲ့ မီးဖိုချောင်သုံးပစ္စည်းတွေကို မြန်မာတစ်နိုင်ငံလုံးမှာ တစ်ဦးတည်းမူပိုင် ဖြန့်ဖြူးရောင်းချပေးနေတဲ့ ကုမ္ပဏီဖြစ်ပြီး မြို့ကြီးတွေမှာလည်း ဆိုင်ခွဲတွေအများကြီး ဖွင့်လှစ်ထားပါတယ်။ အိမ်ရှင်မတွေရဲ့အကြိုက် နံပါတ် (၁) ထုတ်ကုန်ဖြစ်လို့ ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးနိုင်ပါတယ်။
Reference Source - ESPN
Photo Credit - MMA Pros Pick
Credit to ကျော်စိုးအောင် (Myanmar Fight Edition)