46 w - Translate

#တရုတ် နဂါး နှစ် မှာ ကံကောင်းအောင် လုပ်ဆောင်ကြစို့။

ဒီနှစ်က တော့ Year Of Wooden Dagon ! လို့ ခေါ်ကြတဲ့ သစ်သား နဂါး နှစ်ပါ။

တရုတ်ရိုးရာ ဆိုတာကလည်း နှစ်ပေါင်း ထောင်ချီ ရှိနေတာပါ။ တရုတ် နိုင်ငံရဲ့ အောင်မြင်မှုကိုလည်း လူတိုင်းသိမှာပါ။

ဆိုလိုတာက သူတို့ နည်းလမ်းများ ကို သုံးကြည့်လို့တော့ အရှုံးမရှိဘူးလို့ ထင်ပါတယ်။

ခက်ခဲ တာ တွေ မသုံးဘဲ လွယ်ကူပြီး ဘာသာမရွေး ဆောင်ရွက်နိုင် တဲ့ အချက် နှစ်ချက်ကိုသာ ရွေးချယ်ပေးလိုက်ပါတယ်။

* တရုတ်နဂါး ရုပ်ကလေးတခုကို သင့်အိမ်ရဲ့ အရှေ့တောင် အရပ်မှာ ထားလိုက်ပါ။

ဘယ်လိုနဂါး လဲ ဘာအရောင်လဲ ဘာဆိုဒ်လည်း လိုက်မေးမနေပါနဲ့။ ဆိုင်ကိုဘဲသွား၀ယ်၀ယ် အွန်လိုင်းကဘဲ ၀ယ်၀ယ် နဂါးရုပ်လေး တွေကို လိုက်ကြည့်ပါ။

သင့်စိတ်ထဲ သဘောကျတာလေး တွေ့ရင် ၀ယ်လာခဲ့လိုက်ပါ။ ဘယ်နေ့ဘယ်အချိန်မဆို အဆင်ပြေတဲ့ နေ့ အဆင်ပြေတဲ့ အချိန်သာ ထားလိုက်ပါ။

နဂါးရဲ စောင့်ရှောက်မှုကြောင့် သင့်အိမ်ဂေဟာ က တိုးတက် လာမယ် ချမ်းသာ ကြွယ်၀ လာမယ်လို့ ဆိုကြပါတယ်။

* ဒုတိယ နည်းက တော့ နဂါးနှစ်မှာ ကံကောင်းစေမဲ့ အရောင်များကို အသုံးချခြင်းဖြင့် သင့်ကံဇာတာ များလည်း တက်လာမယ် လို့ ဆိုပါတယ်။

ဖုန်းဆွေ ဆရာကြီးများ အဆိုအရတော့ မြစိမ်းရောင် ၊ အနီရင့် နဲ့ ရွှေရောင် သို့မဟုတ် ငွေရောင်များကို သုံးခြင်း ဖြင့် သင့်ကံဇာတာများ တက်လာမယ် ကံကောင်းစေမယ် လို့ဆိုပါတယ်။

- ဒီအရောင်တွေကို ၀တ်ဆင် တာ တင်မဟုတ်ပါ။ သင့်အိမ် ရုံး ဆိုင်ခန်းတွင်းမှာ လိုက်ကာ၊ခန်းစီး၊ အသုံးအဆောင် တွေ အဖြစ်လည်းသုံးနိုင်ပါတယ်။

- တကယ်တော့ ကံကောင်းစေမဲ့ အရောင်တွေက ဝါစိမ်းနီသာ ဖြစ်တဲ့အတွက် ဘုရားပန်းအိုးဘဲ ထိုးထိုး ၊ ခေတ်မှီသူများ အတွက်ကတော့ အိမ်ဧည့်ခန်းမှာ ပန်းအိုး ထိုးမယ် ဆိုရင် ပန်းအိုးအနီမှာ အဝါရောင်ပန်း နဲ့ အစိမ်းရောင်သစ်ရွက်ပါတာမျိုး , အဝါရောင်ပန်းအိုး နဲ့ အနီရောင်ပန်းနဲ့ သစ်ရွက်စိမ်းဆိုတာ မျိုး တွေ သုံးသွားရင်လည်း ဝါစိမ်းနီ သုံးရောင်လုံး သင့်အိမ်မှာ ရှိနေမယ် ကံကောင်းနေစေမှာပါ။

လက်၀တ်ရတနာ များ သို့မဟုတ် ဖန်စီ များမှာလည်း ဒီအရောင်တွေ သုံးပြီး၀တ်ဆင် ခြင်း ဖြင့် သင့်ထံသို့ ပိုမို ကံကောင်ခြင်း တွေ ရောက်ရှိလာမှာပါ။

အရောင်တွေက ဆောင်ကျဉ်းပေးမယ့် ကံကောင်းခြင်း တွေကိုလည်း ရေးပေးလိုက်ပါတယ်။

၁။ Emerald green မြစိမ်းရောင် ။
သင့်ရဲ့ ဂုဏ်ကျက်သရေကို တိုးစေမယ် ကံကောင်ခြင်းတွေ နဲ့ အောင်မြင်ခြင်း တွေကို သယ်ဆောင်လာပေးပါလိမ့်မယ်။
အလုပ်နဲ့ ဆိုင်တဲ့ နေရာ တွေမှာ သုံးသင့်ပါတယ်။ ဉပမာ အလုပ်သွားရင် ကိုင်တဲ့ အိတ်တို့ အလုပ်သွားရင် ၀တ်နေကျ အပေါ်ကုဒ်၊ ထီး ၊ ဉီးထုတ် တို့ကိုလည်း အစိမ်းများများ ပါတာ ရွေး၀ယ်သင့်ပါတယ်။

၂။ Deep Red အနီရင့်။
အနီရင့်ရောင်ကို အသုံးချ ခြင်းဖြင့် လုပ်ငန်း များ အောင်မြင်ခြင်း ။
ခေါင်းဆောင်မှုစွမ်းရည် တိုးတက်လာခြင်း နဲ့ အတူ အနီရင့်ရောင် ၀တ်ဆင် ထားရင် လူတွေ နဲ့ ဆွေ့ဆုံတဲ့ အခါ လူကြားထဲမှာ သင်ဟာ ပေါ်လွင်ထင်ရှားပြီး ဆွဲဆောင်မှုတွေ မြင့်မားလာပါလိမ့်မယ်။

၃၊။ ရွှေရောင် နဲ့ ငွေရောင် ။
ဉာဏ်ရည်များ မြင့်တက်လာခြင်း တည်ထွင်နိုင်စွမ်းများ တိုးပွားလာစေ နိုင်ပါတယ်။ ကလေးများ အတွက် အသုံးအဆောင်များ နဲ့ ပညာရေး ဆိုင်ရာများ မှာ အသုံးချသင့်ပါတယ်။

မိတ်ဆွေအားလုံး ကံကောင်းပျော်ရွှင် နိုင်ကြပါစေ။

ချစ်ခြင်း မေတ္တာဖြင့်။
Myat H.K. Munthe မြတ်မွန်သာ။

46 w - Translate

ချစ်စရာကောင်သေး April Born လေးတွေအားလုံး Happy Birthday ပါ 🌟💦💧🌼

April born လေးတွေက သနားတတ်တယ် ကြင်နာတတ်တယ် သူတို့ရဲ့စိတ်ထဲဘာဖြစ်နေလဲဆိုတာကို ဖုံးဖိပြီးနေနိုင်တယ် သို့ပင်မယ့် သူတို့ပေါက်ကွဲတဲ့အချိန်ကတော့အရမ်းကြောက်စရာကောင်းတယ်...

April bornလေးတွေက နူးညံ့ရင်လဲအရမ်းကို နူးညံ့ညင်သာပြီးပျော့ပြောင်းနေပင်မယ့် မာရင်လည်းသူတို့ကိုဘယ်သူမှလိုက်မမှီအောင်မာကြောတတ်ကြပါတယ်...

စိတ်ပြတ်သားတယ် သူတို့စိတ်မပြတ်သားဖူးရှိနေပေးရင်လည်း ထုတ်မပြောဖူး သည်းခံတယ် သူတို့ပြတ်သားရင်လည်း ရင်ထဲဘာ်လောက်သတိရ သတိရ ပြတ်သားတတ်ကြတယ် တစ်ဖက်လူလိုအပ်တိုင်းမှာတော့သူတို့အမြဲရှိနေပေးကြတယ်...

အများစုက ဆွဲဆောင်မှုရှိတဲ့သူတွေထဲပါကြတယ် သို့ပေမယ့် အချစ်ရေးနဲ့ပတ်သတ်ရင် နာမည်ကြီးထမင်းငတ် ဖြစ်တတ်ကြတယ် အပျိုကြီး လူပျိုးကြီးအဖြစ်များတယ်ဆိုလည်းမမှားကြဖူး...
သူတို့လေးတွေက 27 ထိအိမ်ထောင်မပြုဖြစ်သေးရင်
သူတို့နဲ့ထပ်တူကျတဲ့သူ ရေရှည်အဆင်ပြေမယ့်သူတွေကိုသာအချိန်ပေးပြီးရွေးချယ်တတ်ကြလို့ပါ တစ်ဖက်သားကိုရော ကိုယ်တိုင်ပါဒုက္ခမပေးချင်ကြတဲ့သူတွေမို့ပါ...

April Born တွေကတစ်ဖက်လူကိုလည်း ချစ်အောင်လုပ်ပြတတ်သလို မုန်းအောင် အမြင်ကပ်အောင်လည်းလုပ်နိုင်ကြတယ်...
သူတို့လေးတွေကိုကြည့်ရင်အပြင်ပန်းသာမာကြောတာပါ တကယ်ကိုချစ်စရာကောင်းတဲ့လူသားလေးတွေပါ....

သူတို့လေးတွေက အရမ်းစိတ်ခံစားချက်ကိုဦးစားပေးသူလေးတွေပါ မိသားစုကိုလည်းခင်တွယ်ကြတယ် အထူးသဖြင့်ယောက်ျားလေးတွေပါ...

သူတို့ရဲ့ ရင်ထဲနှလုံးသားထဲရှိတဲ့အတိုင်းပြုမူကြတယ်...
သူတို့ကိုယ်သူတို့ယုံကြည်မှုရှိကြတယ်...
အများစုကတော့သစ္စာရှိတဲ့ထဲပါပင်မယ့် စိတ်ကစားတတ်ကြပါတယ်...

အနည်းငယ် လောဘကြီးတတ်တယ်...
သူတို့တွေက အလုပ်တစ်ခုကိုဖြစ်အောင်လုပ်မယ်ဆိုရင် တကယ်ကိုသေချာလုပ်တတ်ကြတယ်... ခေါင်းဆောင်ကောင်းပြီသတယ်...

ငွေကြေးနဲ့ပတ်သတ်ရင်လည်း ငွေရဲ့တန်ဖိုးကိုနားလည်တတ်ကြသလို ဘယ်လိုငွေရှာစုဆောင်းရမလဲနားလည်တတ်ကြတယ်...

April Born လေးတွေကခရီးသွားရတာ ငြိမ်ငြိမ်လေးနေရတာ စာအုပ်ဖတ်ရတာလေးတွေကိုသဘောကျကြတယ်.
April born လေးတွေကအချစ်ရေးနဲ့ပတ်သတ်ရင် လှပဆုံးသောအချစ်ရေးမျိုးကိုစိတ်ကူးယဉ်တွေးတတ်ကြပင်မယ့် လက်တွေ့မှာတစ်မျိုးမတူညီတဲ့အခြေနေမျိုးတွေကိုဖန်တီးတတ်ကြတယ်..

April born လေးတွေကမိတ်ဆွေသူငယ်ချင်းပေါများတတ်ပင်မယ့် သူတို့တကယ်ခင်မင်တဲ့သူတွေကိုသာလျှင်အရင်းခံပေါင်းကြတယ်...
ဆွဲဆောင်မှူရှိတဲ့သူလေးတွေမှာလည်း April born လေးတွေပါပါတယ်....
April born လေးတွေရဲ့ Confident level ကတော့ so high ပါဘဲ 😁

🌼💧💦မွေးနေ့ပြီးကံဇာတာ 🤍🫶

2023 နှစ်စကနေမွေးနေ့ထိကတော့ အစစအရာရာအဆင်ပြေချောမွေ့နေတတ်ပါတယ်။
သူများခတ်ခဲရင်တောင် ကိုယ့်အတွက်လွယ်ကူတာမျိုးပါ။
မေလကျော်လာတဲ့အခါမှာ ကိုယ့်ကိုယ်ကို ပုံကြည်မှုတိုးလာမယ် ကိုဖြစ်ချင်တာတွေတဖြေးဖြေဖြစ်လာတတ်ပါတယ်...
အလုပ်နဲ့ အချစ်ရေးမှာကောင်းသောဖက်ပြောင်းလာတတ်သလို အချစ်ရေးမှာတစ်ဦးထက်ပိုသောအချစ်ရေးမျိုးတွေ စန်းပွင့်တာလေးတွေဖြစ်တတ်ပါတယ်။
အလုပ်နဲ့ပတ်သတ်ပြီးစိတ်ပင်ပန်းစရာလေးတွေ ကတဖြေးဖြေးအေးတဲ့ဖက်ကိုပြောင်းလာတတ်ပါတယ်...
မိသားစုအတွက်အချိန်ပိုပေးဖြစ်လာမယ်...
ခရီးဝေးကိစ္စတွေအဆင်ပြေလာတတ်ပါတယ်...
တစ်ခုသတိထားရမှာက မထင်မှတ်တဲ့စိတ်ပင်ပန်းမှုမျိုးလေးတွေဝင်လာတတ်တာဂရုစိုက်ပါနော်..
ပညာရေးကံကောင်းနေတတ်ပါတယ်။
ငွေကြေးကံကောင်းလာတတ်ပါတယ်...ငွေမစုမိတာလေးတွေတော့သတိထားပေးပါ။
ကျန်းမာရေးကတော့အဆိုးမရှိပင်မယ့် အစာအိမ်ကနောသတိထားပါ မကြာခဏပြန်ပြန်ဖြစ်တတ်ပါတယ်။
အကြောအားနည်းတာလေးတွေလည်းသတိထားပါနော်။
ကံကောင်းတဲ့နှစ်လေးမို့အစစအရာရာအဆက်ပြေပါစေ။

ရေအလှူဒါနပြုပါ၊ ဆန် ဆီ ဆေး ဆား အလှူဒါနပြုပေးပါနော် ❤

#starmoontarot

photo crd

46 w - Translate

ခရီးသည်တွေကို အိတ်တစ်လုံးစီ လိုက်ပေးခဲ့တဲ့ လေယာဉ်ပေါ်မှ သားအမိ

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကနေ အမေရိကန်နိုင်ငံထံ ပျံသန်းတဲ့ လေယာဉ်ပေါ်မှာ ကလေးအမေတစ်ယောက်က ခရီးသည်အားလုံးကို အိတ်လေး တစ်လုံးဆီ လိုက်ပေးတယ်။ အိတ်ထဲမှာ သကြားလုံး၊ ပီကေနဲ့ နားစို့ဂွမ်းလုံးလေးတွေ ပါတယ်။ ပြီးတော့ စာတစ်စောင်လည်း ပါတယ်။

'' မင်္ဂလာပါ။ သားနာမည်က ဂျန်ဝူးလို့ ခေါ်ပါတယ်။ ၄ လသား ရှိပါပြီ။ မေမေရယ်၊ ဘွားဘွားရယ်နဲ့အတူ ဒေါ်လေးရှိတဲ့ အမေရိကကို အလည်သွားမလို့ပါ။ သားဘဝမှာ ပထမဆုံး လေယာဉ်စီးဖူးတာဖြစ်လို့ နည်းနည်းစိုးရိမ် ထိတ်လန့်မိတယ်၊ ကြောက်မိတယ်။ သား ငြိမ်ငြိမ်နေနိုင်အောင် ကြိုးစားပါ့မယ်။ ဒါပေမဲ့ သေချာပေါက်တော့ ကတိမပေးနိုင်ဘူး။ တကယ်လို့ သားအသံ အရမ်းကျယ်သွားခဲ့ရင် နားစို့ဂွမ်းလုံးလေးကို သုံးပါ။ ခရီးစဉ်မှာ ပျော်ရွှင်ပါစေ။ ကျေးဇူးတင်ပါတယ်''လို့ စာထဲမှာ ရေးသားထားပါတယ်။

မိခင်ဖြစ်သူက သူ့သားငယ်ကြောင့် တခြားခရီးသည်တွေ အနှောင့်အယှက်ဖြစ်မှာကို စိုးရိမ်လို့ ကြိုတင်တောင်းပန်ခဲ့တာပါ။ ခရီးစဉ်က ၁၀ နာရီကြာပြီး လေယာဉ်ပေါ်မှာ ခရီးသည် ၂၀၀ ကျော် ပါပါတယ်။ ဒီလုပ်ရပ်က တပါးသူရဲ့ လွတ်လပ်ခွင့်ကို လေးစားတဲ့ အလေ့အထတစ်ခုပဲလို့ ခရီးသည်တွေက ချီးကျူးခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်က သတင်းတစ်ပုဒ်ကို ပြန်လည်ရေးသားဖော်ပြပေးတာ ဖြစ်ပါတယ်။

Ref: Mother on flight to SFO from Seoul passes out 200 bags of candy, earplugs in case baby cries

image
46 w - Translate

🕹️Destiny's Call Underway🕹️

"A cozy home and intriguing place." 🛋️

After the update on Apr. 3, players can obtain some pieces of furniture for free upon first entering the house.
Head to the Event Shop for even more furniture!

image
46 w - Youtube

46 w - Translate

ထီးချောင်း ရေသောင်ရွာ

စေတုတ္တရာမြို့နယ် မကွေးတိုင်း

Photo - Htay Win (Salay)

image
46 w - Translate

"လိဂ် ၂ မှာ ကစားတဲ့ ကောင်လေးလား" လို့ ဟာလန်းကို ပေါ်တင် ကလိလိုက်တဲ့ ရွိုင်ကိန်း
.
.
.
ဒီရက်ပိုင်း ကစားခဲ့တဲ့ အာဆင်နယ်နဲ့ပွဲမှာ ဟာလန်းကစားသွားတဲ့ခြေစွမ်းက လိဂ် ၂ မှာကစားနေတဲ့ ကစားသမားလေးအတိုင်းပဲလို့ ရွိုင်ကိန်းကမှတ်ချက်ပေးလိုက်ပါတယ်။
ဟာလန်း ဟာ အာဆင်နယ်နဲ့ပွဲမှာ ကိုယ်ပျောက်တိုက်စစ်မှုးအဖြစ် ကစားနေပြီး သူ့ဆီကိုဘောလုံးရောက်လာရင်လည်း တလွဲတွေလုပ်ပြခဲ့တာပါ။

မန်စီးတီးအနေနဲ့ သူတို့ရဲ့အိမ်ကွင်းမှာ အာဆင်နယ်ကိုနိုင်လိုက်ရင် အမှတ်ပေးဇယားဒုတိယနေရာအထိ တက်လှမ်းလာနိုင်မှာဖြစ်ပေမယ့် ဂိုးမရှိ သရေပွဲကြောင့် တတိယနေရာမှာတင် ၀ဲလည်‌ နေခဲ့ပြန်ပါတယ်။
သူတို့ရဲ့အားကိုးရတဲ့အဓိကတိုက်စစ်မှူး ဟာလန်ုးက ဆာလီဘာ၊ ဂါဘရီယယ်တို့ရဲ့ ကြုံသလို လူကပ်ကစားခြင်းကို ခံခဲ့ရပြီး ဂိုးသွင်းနိုင်ဖို့ရုန်းကန်ခဲ့ရတာပါ။

မန်စီးတီး - အာဆင်နယ်ပွဲကို သုံးသပ်ပေးနေတဲ့ ရွိုင်ကိန်း က တော့
" သူ ကစား နေ တဲ့ ပုံစံ က ရေလည်ညံ့ပါတယ်ဗျာ။ ဒီနေ့မှမဟုတ်ဘူး။ နောက်ပိုင်းပွဲတွေမှာ သူကစားတာက တေယ်တော်ဆိုးနေတယ်။ အမြင့်ဘောလည်းပေးမရ၊ အနိမ့်ဘောလည်းမထိန်းနိုင်နဲ့။ သူ့ကိုကြည့်ရတာ လိဂ် ၂ ကနေ ခေါ်ထားတဲ့ ကစားသမားလေး ၀င်ကစားတာကျ နေတာပဲ။"
လို့ဆိုပါတယ်။

ဟာလန်း ဟာ လက်ရှိအချိန်မှာ မန်စီးတီးအတွက် ၃ ပွဲဆက် ဂိုးမသွင်းနိုင် ဖြစ်နေခဲ့ပြီး ယုံကြည်မှုပျောက်ဆုံးနေတဲ့ပုံစံမျိုးကိုတွေ့နေရတာပါ။ မန်စီးတီးဟာ လာမယ့်တစ်ပတ် ပရီးမီးယားလိဂ် ပွဲစဥ်အဖြစ် ဗီလာအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အမှတ်ပေးဇယားရပ်တည်မှုမှာတော့ အာဆင်နယ်၊လီဗာပူးလ်တို့နဲ့ ၃ မှတ်ကွာဟနေပြီပဲဖြစ်ပါတယ်။

#ဘော်လုံးသတင်းစုံ

image
46 w - Translate

ဒါ.. နာမည်ကျော် အမ်းတောင်ကြားလမ်းပေါ့။ ရခိုင်ဘက်ကိုဝင်ရင်
၁။ တောင်ဘက်ဖျားမှာ ဧရာဝတီတိုင်းထဲကနေ ‘ဂွ’ဘက်ကိုဖြတ်၊ သံတွဲကတစ်ဆင့် ဝင်တဲ့ တောင်ဘက်ဝင်လမ်း
၂။ ပြည်ကနေ တောင်ကုတ်ကို ဖြတ်ပြီး ဝင်နိုင်တဲ့ အလယ်ဝင်လမ်း
၃။မင်းဘူး-မဒါန်းကနေ အမ်းကို ဝင်မယ့် မြောက်ဘက်ဝင်လမ်းလို့ သုံးခုရှိမယ်ထင်တယ်။ ကျန်တာရှိလည်း တောတိုးရမယ့်လမ်းပဲနေမှာ။
နာမည်လိုက်မှတ်ရခက်တဲ့ မြို့နယ်တွေထဲမှာ ‘အမ်း’ကလည်း ထိပ်ဆုံးတန်းလောက်မှာပါတယ်။ ရွာစဉ်ကျဲလို့ပဲလားတော့မသိ၊ မြေပုံပေါ်တင်ထားတဲ့ အမည်အမှတ် သိပ်မရှိ။ သတင်းတွေမှာ ဒေသခေါ်တွေနဲ့ပြောတော့ ရှာရတာပိုခက်။
ခု အမ်းဘက်လမ်းမှာဆိုရင် အမ်းကနေ ရခိုင်ရိုးပေါ်မတက်ခင်၊ ‘ပတ်ကွေ့တံတား’၊ ‘ဆင်ခုံတိုင်တံတား’၊ ‘ပဲပဒုံ’မှာရှိတဲ့ တရုတ်ဓာတ်ငွေ့ပိုက်လိုင်း အဆောက်ဦတို့လောက်ပဲ မှတ်မှတ်မိမိရှိတယ်။ အဲဒါကျော်ရင် တောင်ပေါ်တကျောရောက်ပြီ။ ရခိုင်-မကွေး နယ်နိမိတ်ကိုကျော်ပြီး ပြည်မဘက်ဆင်းလာရင်တော့ ‘လင်းဒဲ’(ဒါတောင်ရွာက ကားလမ်းမပေါ်မဟုတ်)၊ ‘နတ်ရေကန်တောင်’ ‘ဂုတ်ကြီး’ ကျော်ပြီးရင် တောင်ခြေက ‘ဇင်ပြွန်း’ရောက်ကရော။ အဲဒီကဆက်သွားလိုက်ရင် ပဒါန်းလမ်းခွဲ။ ကျွန်တော်ကတော့ ပဒါန်းလမ်းခွဲကနေ ညာချိုးကွေ့ပြီး ပြည်ဘက် ဆက်မောင်းလာလိုက်ခဲ့တော့တယ်။ တည့်တည့်ဆက်သွားရင် မကွေး၊ ညာဘက်ချိုးဝင်ရင် မန်းစက်တော်ရာဆီ။
ဒီလမ်းဟာ မန်းဘက်ကနေ မကွေးကိုဖြတ်ပြီး ရခိုင်ထဲကို ကုန်စည်စီးဝင်ရာ အဓိကလမ်းမကြီးလည်း ဖြစ်မယ်ထင်တယ်။ နောက်တလမ်းက ကတော့ ပြည်-တောင်ကုတ်လမ်းပေါ့။ ဧရာဝတီဘက်ကလမ်းကတော့ ကုန်ကားတွေသိပ်မတွေ့ခဲ့ရဘူး။ ကိုယ်မမြင်တာလည်း ဖြစ်မှာ။

Credit to Nyein Aye Eain

image

image
46 w - Translate

နွေရာသီမှာ အပူအပင်ကင်းစွာ
ဘီယာသောက်နည်း😅

image