46 w - Translate

Pink Lover💗💗💗

image
46 w - Translate

Pink Lover💗💗💗

image
image
image
image
46 w - Translate

Morning

image
46 w - Translate

Good Morning☕
Have a nice day😊

image
46 w - Translate

Morning

image
46 w - Translate

နေကြတ်တာ လကြတ်တာ တွေ ၊ ကြယ်တွေ ဂြိုဟ်တွေရဲ့ ရွေ့လျားမှုပုံစံတွေဟာ လူတွေအပေါ်သက်ရောက်မှုရှိသလား??
ဂြိုဟ်ပတ်လမ်းတွေကြယ်တည်နေရာတွေအကြောင်းသာသေချာသိနေရင် သက်ရောက်မရှိဘူးလို့ဖြေရမှာပါ။ ဥပမာပြောရရင် လူမှုကွန်ယက်မှာ ဧပြီ လအတွင်း နေကြတ်တာ နဲ့ Mercury ဂြိုဟ်နောက်ပြန်သွားခြင်း(Planet Retrograding) ကြောင့် လူတွေ Negative energy အားကောင်းမယ် အဆိုးဘက်ကိုဦးတည်မယ်အစရှိသဖြင့်ရေးထားတဲ့ ပို့စ်တွေ တွေ့ရပါတယ်။ ခုအချိန်ကာလ ဟာ အပူချိန်ပြင်းထန်လာပြီး အထွေထွေ အဆင်မပြေမှုတွေကြောင့် လူတွေရဲ့ စိတ်တွေဟာ အကောင်းဖက်ကို မရောက်ရှိနေတာက လူတိုင်းအသိပါ။ ဒီလိုအချက်တွေကို အကြောင်းပြုပြီး လူအများစု ဖြစ်နေနိုင်တဲ့ အခြေအနေတွေကို Retrograde ဖြစ်စဉ်ကြောင့် နေကြတ်တာကြောင့် လို့ နာမည်တပ်ပြီး ဖီးဖြန်းပြီး ရေးသားနေကြတာပါ။ Retrograde ဖြစ်စဉ်တွေ နေကြတ်လကြတ် ဖြစ်စဉ်တွေဟာ နောက်အနှစ် ၁၀၀ ထိ အတိအကျ တွက်ထုတ်ချင်ရင် တွက်လို့ရပါတယ်။ တကယ်သာ ဒီဖြစ်စဉ်တွေ ကြောင့် တခုခုဖြစ်မယ်ဆိုတာ ကြိုသိရင် နောက်အနှစ် ၁၀၀ ကို ဘာဖြစ်မယ်ဆိုတာ တွက်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
ဆိုကြပါစို့ဗျာ။ အရင်ဦးဆုံး ဂြိုဟ်နောက်ပြန်သွားခြင်းဖြစ်စဉ်ဆိုတာ ဘာလဲ။ ဒီဖြစ်စဉ်ရဲ့ အကြောင်းအရင်းကဘာလဲ။ဘယ်အယူအဆအပေါ်အခြေခံလဲ ကြည့်ကြရအောင်။
ဂြိုဟ်နောက်ပြန်သွားခြင်း ဖြစ်စဉ်
~~~~~~~~~~~~~~~~~~~~~~~
ဂြိုဟ်နောက်ပြန်သွားခြင်း ဖြစ်စဉ်ဆိုတာ ကမ္ဘာပေါ်ကနေ ဂြိုလ်သွားလမ်းကြောင်းတွေကို ကြယ်တွေကိုနောက်ခံကားချပ်အဖြစ်ထားပြီး ကြည့်တဲ့အခါမြင်ရတဲ့ နောက်ပြန်သွားနေတယ်လို့ ထင်ရတဲ့ ဖြစ်စဉ်ပါပဲ။
စပြောရရင်တော့ ရှေးခေတ်ဂရိလူမျိုးတွေကပဲစပြောရမှာ။ ရှေးဂရိတွေဟာ ကောင်းကင်ပေါ်ကိုမော့ကြည့်ပြီး ကြယ်တွေ ဂြိုဟ်တွေအကြောင်းကို စူးစမ်းခဲ့ကြတယ်။မြေပုံပေါ်တင်ပြီး ဂြိုဟ်သွားလမ်းကြောင်းတွေကိုသတ်မှတ်တဲ့အထိလေ့လာခဲ့ကြတယ်။ ကမ္ဘာကကြည့်ရင် အလွန်ဝေးကွာတဲ့အရပ်ကကြယ်တွေကို တနှစ်တာရဲ့ ဘယ်အချိန်မှာကြည့်ကြည့် တည်နေရာမပြောင်းလဲဘဲ မြင်ရပြီး နေစကြာဝဠာအတွင်းက ဂြိုဟ်တွေကိုတော့ ကမ္ဘာကကြည့်ရင် ရွေ့လျားခြင်းမရှိဘူးထင်ရတဲ့ ကြယ်တွေကိုနောက်ခံကားချပ်အဖြစ်ထားပြီး ရွေ့လျားနေတဲ့ အလင်းစက်အဖြစ်မြင်ရပါတယ်။
ရှေးခတ်ဂရိတွေရေးဆွဲခဲ့တဲ့ ဂြိုဟ်သွားလမ်းကြောင်းပုံစံတွေဟာ ကမ္ဘာဗဟိုပြုစကြာဝဠာအယူအဆအပေါ်မှာ အခြေခံထားခဲ့ခြင်းပါ။
ကောင်းကင်ပေါ်မှာရွေ့လျားခြင်းမရှိတာကို ကြယ်လို့ခေါ်ပြီး ရွေ့လျားနေတဲ့အလင်းစက်တွေကိုတော့ ဂြိုဟ်လို့ခေါ်ခဲ့ကြတယ်။ ဂြိုလ်တွေနေရာရွေ့နေတာကို တရက်ထဲကောင်းကင်ပေါ်မော့ကြည့်နေရုံနဲ့တော့မမြင်ရပါဘူး။ ကြယ်တွေကိုနောက်ခံထားပြီး တည်ငြိမ်နေတဲ့ကောင်းကင်ကိုရက်ပေါင်းများစွာလေ့လာကြည့်ကြည့်တဲ့အခါတော့ ဂြိုဟ်တွေရွေ့နေတယ်ဆိုတာသိလာရတယ်။
ဒီမှာတင်ပဲ ဂြိုလ်နောက်ပြန်သွားခြင်းဆိုတဲ့အယူအဆပေါ်လာခဲ့တာပါ။
ဥပမာ Mars အင်္ဂါ ဂြိုဟ်ဟာ နေကနေ 227,934,824kmကွာဝေးတယ်။ နေကိုတပတ်ပတ်ဖို့ 687 ရက်ကြာတယ်။ပတ်လမ်းအချင်းက ကမ္ဘာထက်ကြီးပြီး သူ့ပတ်လမ်းပေါ်မှာလည်ပတ်ချိန်ကကမ္ဘာရဲ့နှစ်ဆနီးပါးရှိပါတယ်။ ကမ္ဘာနဲ့မားစ်ဂြိုဟ်နှစ်ခုလုံးဟာ နေ(ဗဟိုအမှတ်)ကို မတူညီတဲ့ပတ်လမ်းအချင်းတွေနဲ့ပတ်နေကြတယ်။ ကမ္ဘာကနေ မားစ်ဂြိုဟ်ကိုကြည့်တဲ့အခါ နောက်ကကြယ်တွေကို နောက်ခံကားချပ်အဖြစ်မြင်ရတယ်။ ဒီမှာ မားစ်ဂြိုဟ်ရဲ့ အရွေ့ဟာ တချို့အချိန်နောက်ပြန်သွားနေတယ်လို့ ကမ္ဘာပေါ်က လူတွေရဲ့အမြင်ကို လှည့်စားတော့တာပါပဲ။
ဒီအချက်ကို အောက်ကပုံမှာကြည့်ရင် သေချာသိနိုင်ပါတယ်။
အမှတ် a,b,c မှာ အရှေ့ကို ဦးတည်နေပြီး d မှာနောက်ပြန်သွားပါတယ်။ e,f,g မှာတော့ရှေ့ကိုရွေ့နေတယ်ထင်ရပါတယ်။ဒါဟာ ထင်ရယုံသက်သက်ဖြစ်ပြီး မာစ်းဂြိုဟ်ဟာ ဟင်းလင်းပြင်ထဲမှာ အဖြောင့်အတိုင်းပဲရွေ့နေတာပါ။ ဒါဟာ Planet retrograding ဂြိုဟ်နောက်ပြန်သွားမှု ဖြစ်စဉ်လို့ခေါ်ပါတယ်။
ဒီအယူအဆတခုလုံးဟာ ကမ္ဘာဗဟိုပြုစကြဝဠာစနစ် (Geocentric model of universe)ကို အခြေခံပါတယ်။ ၁၇ရာစုလောက်မှာတော့ ကမ္ဘာဗဟိုပြုစနစ်ဟာမှားယွင်းကြောင်း နေဗဟိုပြုစကြာဝဠာစနစ်သာ အမှန်ဖြစ်ကြောင်း Aristarchus of Samos ,ကော့ပါးနီးကပ်နဲ့ ဂယ်လီလီယိုတို့ရဲ့ သီအိုရီတွေနဲ့ သက်သေပြနိုင်ပါပြီ။
ဂြိုဟ်နောက်ပြန်သွားခြင်းဖြစ်စဉ်ဆိုတာဟာလဲ ပုံရိပ်ယောင်ဖြစ်ကြောင်း ၊ နောက်ခံမြင်ကွင်းနဲ့ ဂြိုဟ်တွေရဲ့အရွေ့ကြောင့် လှည့်စားခံရတဲ့ ပုံရိပ်ဖြစ်စဉ်တွေဖြစ်ကြောင်း ရှင်းပြနိုင်ပါပြီ။ ကောင်းကင်ပေါ်က လွတ်လွတ်လပ်လပ်သွားလာနေတဲ့ ဂြိုဟ်တွေ ကြယ်တွေရဲ့ လမ်းကြောင်းတွေဟာ လူတွေအပေါ်သက်ရောက်မှုရှိလားလို့မေးရင် ကျွန်တော်ကိုယ်တိုင်အနေနဲ့ကတော့ မသက်ရောက်ဘူးလို့ငြင်းပါတယ်။
သူတို့ရဲ့အိမ်နီးချင်းဂြိုဟ်ပြာပေါ်က အကောင်ပိစိလေးတွေအတွက် ဂြိုဟ်တွေ ကြယ်တွေက အလုပ်ရှုပ်ခံပြီး မင်းတို့ဒီလိုဖြစ်ရမယ်ဆိုတာမျိုး သတ်မှတ်ပေးမယ်လို့ မထင်တာကြောင့်ပါ။ လူသားတွေရဲ့ အကောင်းအဆိုး အကြောင်းအကျိုးမှန်သမျှဟာ လူသားတွေကိုယ်တိုင်ဖန်တီးတာပါ။
အဆိုးပဲဖြစ်ဖြစ် အကောင်းပဲဖြစ်ဖြစ်လူသားတွေကိုယ်တိုင်ကျူးလွန်ပြီး ဖန်တီးခဲ့ကြတာပါ။
အဆိုးတွေဖြစ်လာဖို့ လောဘ ဒေါသ မောဟ တွေဟာ လူသားတွေကိုယ်တွင်းက ဘယ်အချိန်ဘယ်နေရာမှာမဆို မွေးဖွားလာနိုင်သလို ကောင်းတာတွေအတွက်လဲ မေတ္တာတရား၊သစ္စာတည်ကြည်မှုနဲ့ ဉာဏ်ပညာတွေကလဲ ကိုယ်တွင်းကနေ အချိန်မရွေးထွက်ပေါ်လာနိုင်ပါတယ်။ ဂြိုဟ်တွေ ကြယ်တွေက လူတွေရဲ့ ကံကြမ္မာကို မသတ်မှတ် မပြဌါန်းနိုင်ပါဘူး။
မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်ပါကြောင်း။
~ Zarni Tun

image
46 w - Translate - Youtube

Tower of fantasy နဲ့ evangelion တို့ရဲ့ Collab trailer
အတော်လေးမိုက်တယ်

46 w - Translate - Youtube

ဖိုက်တာတယောက်ကို Jab နဲ့ကျအောင်ထိုးနိုင်တဲ့ပါဝါက ပေါ့သေးသေးတော့မဟုတ်ဘူး။ စိုးကြီးဆိုတာ ဘာကောင်လဲသိသွားအောင် ပြတဲ့ပွဲလို့ပဲပြောရမယ်ထင်တယ်

He got me as well!

46 w - Translate

Short moment with sayar

image