46 w - Translate

ဒီပန်းလေး နာမည်က ဒေစီ တဲ့....

ဟင် မဟုတ်ပါဘူး ဒေစီဆိုတာ အဖြူရောင်ပွင့်ချပ်လေးတွေနဲ့ပါလို့ ပြောကြမှာပေါ့။ တကယ်တော့ ဒီပန်းတွေကလည်း ဒေစီတွေပါပဲ။ ဒေစီအုပ်စုထဲကပေါ့။
သူ့ကိုတော့ Bellis လို့ ရိုက်ရှာရင်တွေ့နိုင်တယ်။

Bellis ဆိုတာ daisy ရဲ့ scientific nameပဲမို့ မထူးပါဘူး ဒေစီပါပဲ😆

လှတာတော့ အတော်လှတယ်။

အဓိပ္ပါယ်ကတော့ ဖြူစင်ရိုးသားခြင်းတဲ့။

photo credit to rightful owners

46 w - Translate

အမှားကြာတော့ အမှန်ထင်သွားကြ

*အသီးမှာသရက်
* အသားမှာဝက်
* အရွက်မှာလက်ဘက်
ဟူသောစကားကိုကြားဖူးကြမည်ဖြစ်ပါသည်။
အမှန်ဟုလည်းထင်နေကြမည် ဟုယုံကြည်ပါသည်။
ထိုစကားကိုအမှန်ဟု ယုံကြည်ခဲ့ပါသည်။

အမှန်မှာ…
ထိုသို့မဟုတ်ပါကြောင်း
မရှိခဏဆရာတော်ဟောကြားသော
တရားစကားစုအချို့မှမှတ်သားသိရှိခဲ့ရပါသည်။

ရှေ့ယခင်လူကြီး သူမတို့ထားခဲ့ကြသည့်စကားအမှန်မှာ…
(၁) "အသီးမှာ သရက်"မဟုတ်ပါ။
အသီးဆိုရင် အပင်ကခူးပြီး တစ်ရက်ပဲထားပါ
တစ်ရက်ထက်ပိုကြာရင် အသီးမှာပါဝင်တဲ့အာဟာရဓါတ်များ
လျော့ပါးသွားတတ်ပါတယ်။ "အသီးမှာတစ်ရက်"ဟု
ဆိုလိုခြင်းဖြစ်ပါတယ်။

(၂) "အသားမှာဝက်"မဟုတ်ပါ။
အသားကိုစားမယ်ဆိုရင်တစ်ဝက်၊ ဝက်ပြီးအသီးအနှံနှင့်
ရောချက်ပါလို့ ဆိုလိုခြင်းသာဖြစ်ပါတယ်။
"အသားမှာထက်ဝက်" ဖြစ်ပါတယ်။

(၃) "အရွက်မှာလက်ဘက်"မဟုတ်ပါ။
အရွက်လေးတွေကို ခူးချက်တော့မယ်ဆိုရင် ဓါး, ကတ်ကြေး
စသည်တို့နှင့် မဖြတ်ဘဲ၊ လက်ကလေးနဲ့ ဖဲ့ချွေပြီးမှ
ချက်ပါက အာဟာရပို၍ဖြစ်စေပါတယ်။
"အရွက်မှာလက်ဖဲ့"ဟု ဆိုလိုခြင်းသာဖြစ်ပါသည်..ဟု
မရှိခဏဆရာတော်၏ တရားတော်တွင် ပါရှိပါသည်။

အမှားကြာ၍ အမှန်ထင်နေကြသည့်စကားများဟု
ဗဟုသုတအဖြစ် မှတ်သားသိရှိခဲ့ရပါသည်။

#knowledge

image
46 w - Translate

#အပူလျှပ်ခြင်း

#ချက်ချင်းကုသမှုမခံယူနိုင်ပါကမိနစ်‌ပိုင်းအတွင်းအသက်အန္တရာယ်ရှိနိုင်ပါသည်။

မိနစ် 30 အတွင်း ခန္ဓာကိုယ်ကို အေးမြသွားအောင်ပြုလုပ်နိုင်လျှင် အပူလွန်ကဲခြင်းသည် မပြင်းထန်သည်သာမက အပူလျှပ်ခြင်းကို မဖြစ်အောင် ကာကွယ်ပေးပါသည်။ အပူလျှပ်ခြင်းသို့ ပြောင်းလဲသွားပါက အရေးပေါ်ကုသရန် လိုအပ်ပါသည်။

အပူလွန်ကဲခြင်း လက္ခဏာများ ရှိမရှိ စစ်ဆေးပါ။

🧸အပူလွန်ကဲခြင်း၏ လက္ခဏာများမှာ-

* ခေါင်းကိုက်ခြင်း
* မူးဝေခြင်းနှင့် စိတ်ရှုပ်ထွေးခြင်း
* အစာစားချင်စိတ် ဆုံးရှုံးပြီး နေမကောင်းဖြစ်ခြင်း
* ချွေးအလွန်အကျွံထွက်ခြင်း နှင့် အသားအရေ ဖြူဖျော့ခြင်း
* လက်၊ ခြေထောက်နှင့် ဗိုက်တွင် ကြွက်တက်ခြင်း
* အသက်ရှူမြန်ခြင်း / သွေးခုန်နှုန်း မြန်ခြင်း
* အပူချိန် 38C နှင့် အထက်
* အလွန်ရေငတ်ခြင်း။

ကလေးများတွင် အထက်ပါ လက္ခဏာများတွေ့ရသည်သာမက ပျော့ခွေလဲကျသွားတတ်ပါသည်။
တစ်စုံတစ်ယောက်သည် အပူဓာတ် လွန်ကဲမှု လက္ခဏာများ ပေါ်ပေါက်လာပါက ချက်ချင်း အေးသွားအောင်လုပ်ရန် လိုအပ်ပါသည်။

🧸ချက်ချင်းအေးသွားစေဖို့ သင်လုပ်နိုင်သည့်အရာများ

တစ်စုံတစ်ယောက်တွင် အပူဓာတ် လွန်ကဲမှုဖြစ်နေပါက အောက်ပါ အဆင့် ၄ ဆင့်ကို လိုက်နာပါ ။

1. သူတို့ကို အေးမြသောနေရာတွင် ရွှေ့ပါ။

2. လှဲအိပ်ပြီး ခြေထောက်ကို အနည်းငယ်မြှင့်ထားပါ။

3. ရေ/ဓာတ်ဆားရည် များများသောက်ခိုင်းပါ။

4. ခန္ဓာကိုယ် တစ်ခုလုံးကို အေးမြစေပါ – ရေအေးဖြင့် ဖြန်းပါ သို့မဟုတ် ရေပတ်တိုက်ပေးပါ။ အဲယားကွန်း သို့မဟုတ် ပန်ကာ ဖွင့်ပေးပါ။ချိုင်း / ပေါင်ခြံ သို့မဟုတ် လည်ပင်းနားတစ်ဝိုက်ကို အဓိကထားပြီး ရေပတ်တိုက်ပေးပါ။

ရောဂါလက္ခဏာများ သက်သာလာသည်အထိ အတူနေပြီးစောင့်ကြည့်ပေးပါ။
၎င်းတို့သည် စတင်အေးမြလာပြီး မိနစ် 30 အတွင်း ပြန်လည်ကောင်းမွန်လာမည်ဖြစ်သည်။

အပူလွန်ကဲခြင်းကို စနစ်တကျ ပြုစုကုသခြင်းမရှိပါက အပူလျှပ်ခြင်း ဖြစ်ပေါ်လာပါသည်။

🧸အပူလျှပ်ခြင်း လက္ခဏာများ မှာ

* မိနစ် 30 လောက်အေးတဲ့ နေရာမှာ အနားယူပြီး ရေများများသောက်သော်လည်း နေလို့မကောင်းဖြစ်ခြင်း
* ရာသီဥတုအရမ်းပူနေချိန်မှာ ချွေးမထွက်ခြင်း
* မြင့်မားသောအပူချိန် 40C နှင့် အထက်
* အသက်ရှူမြန်ခြင်း သို့မဟုတ် အသက်ရှုကြပ်ခြင်း။
* စိတ်ရှုပ်ထွေးခြင်း
* တက်ခြင်း
* သတိလစ်ခြင်း
* မတုံ့ပြန်ခြင်း

အထက်ပါလက္ခဏာများ ပေါ်ပေါက်ပြီး အမြန်မကုသပါက အပူလျှပ်ခြင်းသည် အသက်အန္တရာယ်ရှိပါသည်။

လူနာတင်ယာဉ်ကိုစောင့်ဆိုင်းနေစဉ် သတိလစ်သွားပါက ချက်ချင်းအေးသွားစေဖို့ သင်လုပ်နိုင်သည့်အရာများ ကို စနစ်တကျ ပြုလုပ်ပေးပါ။

🧸အပူလွန်ကဲခြင်းနှင့် အပူလျှပ်ခြင်းကို ကာကွယ်ခြင်း

ပူပြင်းသောရာသီဥတုတွင် အပူလွန်ကဲခြင်းနှင့် အပူလျှပ်ခြင်း ဖြစ်နိုင်ချေ မြင့်မားသည်။
အပူလွန်ကဲခြင်း သို့မဟုတ် အပူလျှပ်ခြင်းကို ကာကွယ်ရန်-

* ရေများများသောက်ပါ။ (လေ့ကျင့်ခန်းလုပ်ခြင်း/ပြင်းထန်စွာ အလုပ်လုပ်ရသော လူများတွင် ပိုပြီးလိုအပ်ပါသည်။)

* အေးမြသောရေကို ချိုးပါ။

* အရောင်ဖျော့ဖျော့ အဝတ်အစားများ ဝတ်ဆင်ပါ။

* နံနက် ၁၁ နာရီမှ ညနေ ၃ နာရီအတွင်း အေးမြသော အရိပ်အောက်တွင်နေပါ။

* အရက်အလွန်အကျွံသောက်ခြင်းရှောင်ပါ။

* ပြင်းထန်စွာ လေ့ကျင့်ခန်းလုပ်ခြင်းကို ရှောင်ကြဉ်ပါ။

အထက်ပါအတိုင်း ပြုလုပ်ခြင်းဖြင့် ရေဓာတ်ခန်းခြောက်မှုကို ကာကွယ်ပေးသည်သာမက သင့်ခန္ဓာကိုယ်ကို အေးမြစေပါသည်။

ကလေးများ၊ သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါရှိသူများ (ဥပမာ- ဆီးချို သို့မဟုတ် နှလုံးပြဿနာများ) တွင် အပူလွန်ကဲခြင်း သို့မဟုတ် အပူလျှပ်ခြင်း ဖြစ်နိုင်ခြေပိုများသောကြောင့် အမြဲစောင့်ကြည့်ရန်လိုအပ်ပါသည်။

#ဒေါက်တာထက်အာကာ
#အပူလျှပ်ခြင်း
#heat_stroke
#ကျန်းမာရေးဗဟုသုတ

image
46 w - Translate

ငါ့ထက်အရေးပါတဲ့ လူတွေဆီမှာ
မင်းဘဝကို မြှုပ်နှံပါ။
မင်းကိုယ်တိုင် မြှုပ်နှံလိုက်တဲ့ လူတွေဆီမှာ
မင်းထက်အရေးကြီးတာတွေ ပေါ်လာတဲ့အခါ
ငါ့လို မင်း မငိုမိစေနဲ့ ....။

- နွေသစ်ငြိမ်း -

image
46 w - Translate

နွေရာသီမှာ အပူအပင်ကင်းစွာ
ဘီယာသောက်နည်း

image
46 w - Translate

🛥️

imageimage
De Dee shared a post  
46 w

46 w

my mood nowadays:

image
46 w - Translate

my mood nowadays:

image
46 w - Translate

ကနုစိုသီး😋အရမ်းကြိုက်😋
#food

image
46 w - Translate

ကနုစိုသီး😋အရမ်းကြိုက်😋
#food

image