46 w - Translate

I want it

image
46 w - Translate

Late lunch

image
46 w - Translate

သင်္ကြန်ကျရင် ၂ ရက်အလို

image
46 w - Translate

သင်္ကြန်ကျရင် ၂ ရက်အလို

image
46 w - Translate

သင်္ကြန်ကျရင် ၂ ရက်အလို

imageimage
46 w - Translate

"ဘဝဆိုတာ အချစ်အကြောင်းချည်းပဲ မဟုတ်ပါဘူး။ တစ်ခါတစ်လေမှာ ငါတို့ကို နားလည်ပေးနိုင်တဲ့ လူတစ်ယောက်ပဲ လိုအပ်တာပါ။"

image

90s born be like

46 w - Translate - Youtube

Eduardo vs Manuel, Iva & Thomas (1Vs3)
သုံးယောက် တယောက်ထိုးတဲ့ပွဲ

46 w - Translate

အောင်လ က သူမဟုတ်ပါဘူးတဲ့😆😆😆

image
46 w - Translate

လက်မှတ်ကို ကြုံသလိုလျှောက်ထိုးလို့ ရလား
လက်မှတ်တွေရဲ့ အကြောင်းကို ဘယ်လောက်သိကြလဲ။ လက်မှတ်တွေဆိုတာ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာလို့တောင် တင်စားလို့ရပါတယ်။
ဒါပေမယ့် ဒီမှာဆိုရင် ကလေးတစ်ယောက်ကို လက်မှတ်စထိုးရမယ့်အချိန်ကစလို့ လက်မှတ်ဟာ ဘယ်လိုအရေးကြီးကြောင်း၊ လက်မှတ်ကို ဘာကြောင့် လှလှပပ၊ သပ်သပ်ရပ်ရပ်ထိုးသင့်ကြောင်း များသောအားဖြင့် ဘယ်သူကမှ လမ်းညွှန်ပေးလေ့မရှိကြပါဘူး။
ဒီလိုနဲ့ နာမည်ထဲက အဆင်ပြေရာ စာလုံးတစ်လုံးလုံးကို ကောက်ထိုးလိုက်ပြီး သေသည်အထိ ကိုယ်နဲ့အတူတူ ယှဉ်တွဲပါလာတဲ့လက်မှတ်ဆိုတာကြီး ဖြစ်သွားကြတော့တာပါပဲနော်။
တကယ်တော့ ဒီလိုမဖြစ်သင့်ပါဘူး။ လက်မှတ်ဆိုတာ လိုက်တုထိုးဖို့ ခက်ခဲရမယ်။ လှပသပ်ရပ်ရမယ်။ ကိုယ့်ကိုယ် ကိုယ်စားပြုပြီး ကိုယ်ကိုယ်တိုင်ကလည်း စိတ်ကျေနပ်မှုရှိရမယ်။ အဲဒီ့အတွက်လည်း မိဘတွေဟာ ကိုယ့်ရဲ့ သားသမီး စတင်ပြီးလက်မှတ်ထိုးရတော့မယ်ဆိုတဲ့အချိန်ကနေစတင်ပြီး တစ်သက်လုံး သူတို့နဲ့ ယှဉ်တွဲဖော်ပြခံရမယ့် လက်မှတ်ကိုပါ လေ့ကျင့်သင်ကြားပေးသင့်ပါတယ်။
၁။ သပ်ရပ်ပြီး ရိုးရှင်းရမယ်
လက်မှတ်တွေဟာ သပ်ရပ်ပြီး ရိုးရှင်းဖို့လိုအပ်ပါတယ်။ သင့်ရဲ့လက်မှတ်ကို တစ်သက်တာလုံးအတွက် စစ်ဆေးကြည့်ရှုရမယ့်လူတွေဟာ အသက်အရွယ်မျိုးစုံပါနိုင်တာမို့လို့ ကိုယ်ဆိုတာကို သိသာစေဖို့က အရေးကြီးပါတယ်။
၂။ ဆွဲဆောင်မှုရှိရမယ်
လက်မှတ်ကိုမြင်လိုက်တာနဲ့ လူကို စိတ်ဝင်စားသွားနိုင်တဲ့အထိ ဆွဲဆောင်မှုရှိဖို့လိုအပ်ပါတယ်။ တစ်ခါတလေ လူက ယူထားတာ ရာထူးကအကြီးကြီး လက်မှတ်ကကျတော့ ကလေးဆန်ပြီး ဆွဲဆောင်မှုမရှိဘူးဖြစ်နေတတ်ပါသေးတယ်။
၃။ ကိုယ်ပိုင်အမှတ်အသားဖြစ်ပါစေ
ကိုယ့်ရဲ့လက်မှတ်က တခြားသူဆီမှာလုံးဝမတွေ့ရတဲ့၊ ဆင်တူယိုးမှား လုံးဝမရှိတဲ့ ကိုယ်ပိုင်အမှတ်အသားတစ်ခုဖြစ်နေဖို့လည်း လိုအပ်ပါတယ်။ သူများတွေ လိုက်တုလို့မရလေကောင်းလေပါပဲ။ တခြားသူတွေ အလွယ်ထိုးနေတဲ့စကားလုံးမျိုးကိုလည်း ရှောင်သင့်ပါတယ်။
၄။ အဆန်းထွင်တာတွေလျှော့ပါ
တစ်ခါတလေ ကလေးတွေက မသိနားမလည်တော့ လက်မှတ်မှာ ကြယ်လေးတွေထည့်ဆွဲတာ၊ အသည်းပုံပေါ်အောင် ဆွဲတာမျိုးလေးတွေလည်း ရှိတတ်ပါတယ်။ ဒါပေမယ့် ဒီလက်မှတ်ကြီးဟာ တရားဝင်သုံးရင်းသုံးရင်းနဲ့ အသက်လည်းကြီးရော ပြင်ချင်တာတောင် ပြင်မရဖြစ်သွားတတ်ပါတယ်။ ဒီတော့ ကိုယ့်ရဲ့ ကလေးတွေ ဒီလိုလက်မှတ်မျိုး ဖန်တီးနေပြီဆိုရင်လည်း တားမြစ်သင့်ပါတယ်။
၅။ အရှည်နဲ့အတို နှစ်မျိုးအဆင်ပြေပါစေ
တချို့စာရွက်စာတမ်းတွေလိုအပ်ချက်အရ လက်မှတ်အရှည်ထိုးရတာမျိုးလည်း ရှိတတ်ပါတယ်။ ဒီလိုလက်မှတ်အရှည်တွေအတွက်လည်း သင့်တော်အောင် လက်မှတ်အရှည်နဲ့ အတို အနည်းဆုံး နှစ်မျိုးအဆင်ပြေအောင် ဖန်တီးထားပါ။ ဒါပေမယ့် လက်မှတ်အယူအဆနဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့ ကိုယ်ပဲ ဖြစ်ရပါလိမ့်မယ်။
လက်မှတ်နဲ့ နာမည်ဆိုတာ ကိုယ့်ကိုယ် တစ်သက်တာလုံး ကိုယ်စားပြုသွားမယ့်အရာနှစ်ခုပါ။ ဒါကြောင့် မိဘဖြစ်သူတွေကလည်း ကိုယ့်ရဲ့ကလေးတွေကို နာမည်မှည့်ပေးတာကိုပဲ ဂရုမစိုက်သင့်ပါဘူး။
လက်မှတ်ထိုးတတ်တဲ့အရွယ်ရောက်လာတဲ့အခါမှာလည်း လက်မှတ်တွေကိုပါ ဂရုတစိုက်ပြုပေးသင့်ပါတယ်။ ဒါမှ အများသူငါကြားမှာ ထင်ပေါ်ပြီး ထူးခြားမှုရှိနေမှာပါ။ အသက်အရွယ် ဘယ်အချိန်ပဲရောက်ရောက် သင့်တော်တဲ့လက်မှတ်မျိုးလေးတွေကိုပဲ ဖန်တီးပေးကြရအောင်နော်။
Credit

image