45 w - Translate

စားဖူးလား???

စောင်းလျားသီး ( 𝐒𝐭𝐚𝐫 𝐅𝐫𝐮𝐢𝐭 )

image
45 w - Translate

စားဖူးလား???

စောင်းလျားသီး ( 𝐒𝐭𝐚𝐫 𝐅𝐫𝐮𝐢𝐭 )

image
image
image
45 w - Translate

ချင်းတောင်ရဲ့
သဘဝအလှကိုပိုပြည့်စုံစေတဲ့ " သစ်ခွပန်း"

ဒါဟာလည်း ချင်းပြည်ရဲ့အလှတစ်ခုပါ

image
45 w - Translate

ချင်းတောင်ရဲ့
သဘဝအလှကိုပိုပြည့်စုံစေတဲ့ " သစ်ခွပန်း"

ဒါဟာလည်း ချင်းပြည်ရဲ့အလှတစ်ခုပါ

image
45 w - Translate

ချင်းတောင်ရဲ့
သဘဝအလှကိုပိုပြည့်စုံစေတဲ့ " သစ်ခွပန်း"

ဒါဟာလည်း ချင်းပြည်ရဲ့အလှတစ်ခုပါ

image
45 w - Translate

ချင်းတောင်ရဲ့
သဘဝအလှကိုပိုပြည့်စုံစေတဲ့ " သစ်ခွပန်း"

ဒါဟာလည်း ချင်းပြည်ရဲ့အလှတစ်ခုပါ

image
45 w - Translate

ချင်းတောင်ရဲ့
သဘဝအလှကိုပိုပြည့်စုံစေတဲ့ " သစ်ခွပန်း"

ဒါဟာလည်း ချင်းပြည်ရဲ့အလှတစ်ခုပါ

image
image
image
image
45 w - Translate

A perfect moment in Hawaii, USA 🧡

image
45 w - Translate

၂၁ ရာစုမှာ အရှည်ကြာဆုံးအဖြစ် ပရီးမီးယားလိဂ်အိမ်ကွင်း (၉)ပွဲဆက်တိုက် ဂိုးပေးခဲ့ရတဲ့ လီဗာပူးလ်အသင်း

လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ(၁၇)ရက်နေ့တွင် မန်ယူနိုက်တက်အသင်းနှင့် ဂိုးမရှိသရေသည့်ပွဲနောက်ပိုင်း အိမ်ကွင်းအန်ဖီးလ်တွင် ကစားခဲ့သော ပရီးမီးယားလိဂ်(၉)ပွဲဆက်တိုက် Clean Sheet မရတော့ဘဲ ပွဲတိုင်းကို ဂိုးပေးခဲ့ရသည်။ပြီးခဲ့သည့်ပွဲစဉ်များတွင် တိုက်စစ်က ဂိုးသွင်းနိုင်သဖြင့် နိုင်ပွဲနှင့် သရေပွဲများရခဲ့သော်လည်း ယခုတစ်ပတ်ပွဲစဉ် ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲတွင် လီဗာပူးလ်ကစားသမားများက ဂိုးသွင်းခွင့်များစွာကို ဖြုန်းတီးခဲ့ကြ၍ ဂိုးမရဘဲ (ဝ-၁)ဂိုးဖြင့်ရှုံးကာ ယခုရာသီ ပထမဆုံးအိမ်ကွင်းပရီးမီးယားလိဂ် ရှုံးပွဲကို ကြုံ့တွေ့ခဲ့ရသည်။ လီဗာပူးလ်အသင်းအနေဖြင့် (၂၁)ရာစုနှစ်များအတွင်း (၂၀၀၀ ပြည့်နှစ်မှ စ၍) အိမ်ကွင်းတွင် ယင်းကဲ့သို့ (၉)ပွဲဆက်တိုက်အထိ ဂိုးပေးခဲ့ရသည့် အခြေအနေမျိုးမကြုံတွေ့ဖူးဘဲ ယခုအချိန်အကြာဆုံး အိမ်ကွင်း Clean Sheet ပျောက်ဆုံးမှုကို ကြုံတွေ့နေရခြင်းဖြစ်သည်။ယခင်က ယခုကဲ့သို့ အိမ်ကွင်း(၉)ပွဲဆက်တိုက် နောက်ဆုံးအနေဖြင့် ဂိုးပေးခဲ့ရခြင်းမှာ (၁၉၉၈) ဒီဇင်ဘာလမှ (၁၉၉၉) မေလအထိ ဂိုးပေးခဲ့ရခြင်းဖြစ်သည်။

image
45 w - Translate

သူတစ်ပါးရဲ့ အပြစ်သာမက ကိုယ့်အပြစ်၊ အားနည်းချက်ကိုလည်း မြင်အောင်ကြည့်ပါ

တစ်ခါတုန်းက အမျိုးသားတစ်ဦးက သူ့ရဲ့ အမျိုးသမီးဟာ သူပြောတာတွေကို ကောင်းကောင်းမကြားရတဲ့အတွက် နားလေးလာပြီဖြစ်ပြီး နားကြားစေဖို့ ကိရိယာတပ်ဖို့ လိုနေခဲ့ပြီလို့ ထင်နေခဲ့ပါတယ်။ သူက ဆရာဝန်နဲ့ တိုင်ပင်ပြီး သူမရဲ့ နားလေးတဲ့ ဝေဒနာကို စမ်းသပ်ဖို့ အတွက် ရိုးရှင်းတဲ့ စမ်းသပ်ချက် တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

အမျိုးသားအနေနဲ့ ဇနီးနဲ့ ပေလေးဆယ်အကွာကနေ စကားပြောမယ်၊ တကယ်လို့မကြားခဲ့ရင် ရှေ့ကို ရှေ့ကို ဆယ်ပေ ထပ်တိုးပြီး ပေသုံးဆယ် အကွာကနေ စကားပြောမယ်၊ အဲ့ဒါမှ မကြားသေးရင် ဆယ်ပေစီ ရှေ့ဆက်တိုးပြီး သူ ကြားပြီး ပြန်ပြောတဲ့ အထိ ရှေ့တိုးသွားပါလို့ ဆရာဝန်က မှာလ်ိုက်ပါတယ်။

အဲ့ဒီညနေမှာတော့ အမျိုးသားက မီးဖိုထဲမှာ ညစာ ချက်ပြုတ်နေတဲ့ ဇနီးသည်ထံကို ပေလေးဆယ်လောက်အကွာကနေပြီး ညစာက ဘာချက်လဲလို့ လှမ်းမေးပါတယ်။ ဇနီးဆီက ပြန်ဖြေသံ မရတဲ့ အခါ သူက ရှေ့ကို ဆယ်ပေ ထပ်တိုးပြီး မေးပြန်ပါတယ်။ ဒါပေမယ့် မကြားရသေးပါဘူး။ အဲ့ဒါနဲ့ နောက်ထပ် ဆယ်ပေ ထပ်ရှေ့တိုးပြီး ပေနှစ်ဆယ် အကွာကနေ ဇနီးသည်ကို ညစာ ဘာချက်လဲလို့ ထပ်မေးပါတယ်။ ဒါပေမယ့် သူ့ အမျိုးသမီးဆီက ဘာမှ မကြားရပြန်ပါဘူး။ နောက်ဆုံး ဆယ်ပေအကွာအထိ တိုးပြီး ထပ်မေးလိုက်ပြန်တာပေါ့။ ဒါပေမယ့်လည်း စကားပြန်မရပါဘူး။

အဲ့ဒါနဲ့ သူက သူ့ အမျိုးသမီးရဲ့ နောက်တည့်တည့်မှာ ရပ်ပြီး ညစာ ဘာချက်လဲလို့ ထပ်မေးလိုက်ပါတယ်။ အဲ့ဒီတော့မှ သူ့ အမျိုးသမီး အခုလို ပြောလိုက်ပါတယ်။ “ရှင်ဘယ်လိုဖြစ်နေလဲ ဂျိမ်းစ်၊ ကျွန်မဖြေနေတာ ငါးခေါက်လောက်ရှိပြီ၊ ကြက်သားလို့”။ တကယ်ကတော့ နားမကြားတာ သူ့အမျိုးသမီးမဟုတ်ပါဘူး။ သူက မကြားရတာပါ။ ဒါပေမယ့် သူ့စိတ်ထဲမှာ သူ့အမျိုးသမီးက မကြားရလို့ ပြန်မဖြေဘူးလို့ပဲ လုံးဝ ယုံကြည်နေခဲ့တာပါ။

ဒီဇာတ်လမ်းလေးက ရယ်စရာလည်း ကောင်းသလို သနားစရာလည်း ကောင်းပါတယ်။ ဒီဇာတ်လမ်းလေးကနေ တဆင့် ပြောပြချင်တာကတော့ တခါတလေမှာ ကိုယ်က ပြသနာလို့ ထင်တဲ့အရာက သူများဆီမှာ မရှိဘဲ ကိုယ့်ဆီမှာ ရှိနေတာပါ။ မြန်မာ စကားပုံအရဆိုရင်တော့ ကိုယ့်မျက်ချေးကိုယ်မမြင်တာလို့ ဆိုလို့ရမယ် ထင်ပါတယ်။ တကယ်က ဒါက သဘာဝပါပဲ။ လူအများစုက ကိုယ့်ဆီမှာ ရှိနေတဲ့ အပြစ်ထက် သူများရဲ့ အပြစ်ကို ပိုမြင်တတ်ကြသလို၊ ကိုယ့်မှာ ရှိနေတဲ့ အားနည်းချက်ကို မြင်လေ့မရှိဘဲ သူတစ်ပါးရဲ့ အားနည်းချက်ကို ပိုမြင်လေ့ရှိတာမျိုးက ဖြစ်နေကျဖြစ်နေလို့ပါ။ ရိုးရာလေး စာဖတ်ပရိတ်သတ်တွေ အနေနဲ့လည်း ကိုယ့်ရဲ့ အားနည်းချက်တွေကိုလည်း မြင်အောင်ကြည့်ပြီး သူတစ်ပါးအပေါ် လွယ်လွယ်ကူကူ ဝေဖန်ပြီး နှိမ့်ချလိုက်တာမျိုး မလုပ်ကြဖို့ တိုက်တွန်းပါရစေ။

Ref: What’s for dinner

image