Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ကျနော်က perfect Relationship တစ်ခုကို
လိုချင်တာမဟုတ်ပါဘူး
ကျနော့်ကို ဆုံးရှုံးရမှာ ကြော" က်တဲ့သူ
ကျနော့်ရဲ့ဂရုစိုက်ပေးမှုတွေကို အသိအမှတ်ပြုတဲ့သူ
ကျနော့်ကိုပိုင်ဆိုင်ထားရတာကို ဂုဏ်ယူတဲ့သူ
တန်ဖိုးထားတဲ့သူ
ကျနော့်ရဲ့ပုံစံအစစ်အမှန်ကို ချစ်နေပေးတဲ့သူ
အဲ့လိုလူတစ်ယောက်ကိုပဲလိုအပ်တာပါ
ပကာသန အလှအပတွေမလိုချင်ဘူး မလိုအပ်ဘူး။
"Pictures. Always take pictures of people you love.
Take pictures when they walk, dance, and sing. Take pictures when they are happy and sad. When they wear a beautiful outfit, when they buy a new thing, when they feel excited about smth, and when they act weird. Pictures stay. And memories last forever."
လေယာဉ်နဲ့ ခရီးသွားရင် ဘာတွေ လိုအပ်လဲ 😊
1. Airticket ကို ကြိုဖြတ်ပါ ( တလလောက် ကြိုဖြတ်ရင် ပုံမှန်ဈေးနဲ့ ရပါတယ်)ရက်နီးလေ ဈေးကြီးလေပါ
2. လေယာဉ်လက်မှတ် ကြိုဝယ်တဲ့ အခါ Kg 30/40 ပါတာမျိုးကို တခါတည်း ရွေးဝယ်ပါ လေဆိပ်ရောက်မှ Kg ဝယ်ရရင် အရမ်းဈေးကြီးပါတယ်
3. လေယာဉ်မထွက်မှီ International ဆို 3 နာရီ ကြိုရောက်အောင် သွားပါ / Local ဆို 2 နာရီ ကြိုသွားပါ
( ထိုင်ခုံနေရာ ကောင်းကောင်း ရွေးဖို့ အတွက်ပါ )
4. လေယာဉ်ကွင်း ရောက်တာနဲ့ Check In ဝင်ရပါမယ် Check in ဝင်တဲ့ အခါမှာ Luggage 24 & 29 & 32 တို့ကို တခါတည်း အပ်ပြီး Boarding Pass (လေယာဉ်လက်မှတ် ) ထုတ်ရမှာပါ
5. Check in ဝင်ရင်း ကိုယ်လိုချင်တဲ့ Seat Number ကို တခါတည်းပြောလို့ရပါတယ်
6. ပြတင်းပေါက် နားကို Window seat လို့ ခေါ်ပါတယ် တခါတည်း ပြောပြီး ရွေးပါ
7. (Check in ဘယ်နေရာမှာ ဝင်ရမှန်း မသိတဲ့သူတွေအတွက် --> online က ဖြတ်ထားတဲ့ E-ticket ကို Print ထုတ်သွားပါ / ကိုယ်သွားမယ့် လေယာဉ် နံပါတ် နဲ့ အချိန်ကို မှတ်ထားပြီး လေယာဉ်ကွင်းရှိ LED Board / TV screen မှာ လေယာဉ်လက်မှတ်ထုတ်ရမယ့်နေရာကို Check-In လို့ခေါ်ပြီး line no A,B,C, D စသည်ဖြင့် ရေးထားပါတယ် မျှားညွှန်တဲ့ အတိုင်း သွားရင် ရပါပြီ)
8. Check-in ဝင်ဖို့ မလိုတဲ့ ပစ္စည်းများ
Laptop / Power Bank / Ph / Tablet / အခြား တကိုယ်ရေတကိုယ်ထ သယ်ချင်တဲ့ ပစ္စည်းများ
9.. Check-in မှာ ထားခဲ့စရာမလိုတဲ့ Luggage Size (လေယာဉ်ပေါ် သယ်သွားလို့ ရတဲ့ size)
ပြည်ပ ဆိုရင် 20/ 22 (7kg)
ပြည်တွင်း ဆိုရင် 20 (5kg)
10. Check In ပြီးတာနဲ့ Immigration ဖြတ်ရပါမယ်ရှင့် ( International မှာ ခလေးပါရင် ဦးစားပေး အခန်းရှိပါတယ် အာ့ဘက်မှာ သွားတန်းစီပါ ခလေးနဲ့ သက်ကြီးရွယ်အို ကို သီးသန့် Immigration စစ်ပေးပါတယ် အရမ်းမြန်ပါတယ် တန်းစီစရာကို မလိုသလောက်ပါ) ပုံမှန်လူတွေကတော့ ပုံမှန်နေရာမှာပဲ Immigration တန်းစီပါ
11. Immigration တန်းစီနေတုန်း Passport / လေယာဉ်လက်မှတ် အသင့်ထုတ်ထားပါ လေယာဉ်ရပ်ထားတဲ့ နေရာကို ဆင်းရပါမယ် အာ့ကို Gate လို့ ခေါ်ပါတယ်
12. Gate 8/9/10 စသည်ဖြင့် ရှိပါတယ် အာ့ကို ကြည့်ပြီး ထိုင်စောင့်ရုံပါပဲ
16. Gate open လုပ်တဲ့ အခါမှာ သက်ကြီးရွယ်အိုနဲ့ Business class ကို အရင်ခေါ်ပါတယ် အာ့နောက်မှာမှ Economy က ဝင်လို့ရတာပါ
ဒီအထိက Check in ဝင်ပြီး လေယာဉ်ပေါ် ရောက်တဲ့ အထိပါ။
လေယာဉ်ဆိုက်ရောက်တဲ့ အခါ ဘယ်လိုဆက်သွားရမလဲ
- ပထမဆုံး လေယာဉ်ပေါ်က ဆင်းဆင်းချင်း Baggage Claim No ကို သေချာမှတ်ပါ ( မမှတ်မိပါက ဓာတ်ပုံ ရိုက်ထားပါ) မင်မင်ဆို ပုံရိုက်ထားပါတယ်
- Immigration ဖြတ်ပါ ( International မှာ ခလေးပါရင် ဦးစားပေး အခန်းရှိပါတယ် အာ့ဘက်မှာ သွားတန်းစီပါ ခလေးနဲ့ သက်ကြီးရွယ်အို ကို သီးသန့် Immigration စစ်ပေးပါတယ် အရမ်းမြန်ပါတယ် တန်းစီစရာကို မလိုသလောက်ပါ) ပုံမှန်လူတွေကတော့ ပုံမှန်နေရာမှာပဲ Immigration တန်းစီပါ
- Immigration တန်းစီနေတုန်း Passport / လေယာဉ်လက်မှတ် အသင့်ထုတ်ထားပါ
- Immigration ပြီးတာနဲ့ Baggage Claim ဖို့ သွားပါ ( များသောအားဖြင့် လေယာဉ်ပေါ်က ဆင်းတာနဲ့ Baggage claim တဲ့ နေရာထိကို တနာရီ ဝန်းကျင်ကြာပါတယ်) အာ့မှာ ကိုယ်အပ်ထားတဲ့ Luggage ကို ထုတ်ပါ
- Luggage ထုတ်ပြီး သက်ဆိုင်ရာ Taxi / Bus / BTS စသည့်ဖြင့် အလွှာလိုက် ခွဲထားတဲ့နေရာကို သွားပါ ။
လွတ်လပ်စွာ Share နိုင်ပါတယ်။
အဆင်ပြေချောမွေ့ကြပါစေ 🙏🙏🙏