Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
🏆၂၀၁၄: ပေါ်တူဂီ(လစ္စဘွန်း)မှာ ကျင်းပခဲ့တုန်းက ချန်ပီယံဖြစ်ခဲ့တဲ့ ခရစ်တီယာနိုရော်နယ်ဒို 🇵🇹
🏆 ၂၀၁၇: ဝေးလ်စ်(ကာဒစ်)မှာ ကျင်းပခဲ့တုန်းက ချန်ပီယံဖြစ်ခဲ့တဲ့ ဂါရတ်ဘေးလ် 🏴
🏆 ၂၀၂၂: ပြင်သစ်(ပဲရစ်)မှာ ကျင်းပခဲ့တုန်းက ချန်ပီယံဖြစ်ခဲ့တဲ့ ကာရင်ဘန်ဇီမာ 🇫🇷
⏳ ၂၀၂၄: အင်္ဂလန် (လန်ဒန်)မှာ ကျင်းပသွားမဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ 🏴
ကိုယ့်အမိမြေနိုင်ငံမှာ ချန်ပီယံလိဂ်ဖလားကြီးကို ဆွတ်ခူးနိုင်တဲ့ နောက်ထပ် ရီးရဲယ်ကြယ်ပွင့်ဖြစ်လာဖွယ်ရှိနေတဲ့ ဂျူဒ့်ဘယ်လင်ဟမ် 🏆👀
ပျော်ရွှင်နေတဲ့ Relationship တိုင်းကို ကြည့်တဲ့အခါ
Respect and Support ဆိုတဲ့ အကန့်လေးနဲ့
သွားနေကြတာကို မြင်ရတယ် ။
တစ်ယောက်ကို တစ်ယောက် အပြန်လှန်လေးစားမှု
ရှိကြတယ် ။
ကိုယ့်ချစ်သူကို ဘယ်သူနဲ့မှ မနှိုင်းယှဉ်ဘူး ။
ကိုယ့်ချစ်သူသာ အကောင်းဆုံး ၊ အတော်ဆုံး ၊
သူတစ်ယောက်ကလွဲ ဘယ်သူကိုမှ မမြင်ပါဘူး ။
သူသာလျှင် ငါ့အတွက် Perfect အဖြစ်ဆုံးပါပဲ ။
သူဟာ ကိုယ့်အတွက် အထင်ကြီးရတဲ့ အမျိုးသား ၊
လေးစားရပါတဲ့ အမျိုးသမီး ပါ ။ ဘယ်တော့မှ အထင်မသေးဘူး ။ သူမပြည့်ဝရင်တောင် ကိုယ့်ဘက်ကပဲ ဖြည့်ပေးလိုက်မယ် ။ မညိုညင်ဘူး ၊ အားမငယ်စေရဘူး ။
တစ်ယောက်ကို တစ်ယောက် respect အပြည့်ထားကြတယ် ။
Support ပေးကြတယ် … ။
သူ့မှာ ဝင်ငွေနည်းနေတဲ့အခါ ၊ သူမသိအောင်
မုန့်ဖိုးလေး ခိုးပေးလိုက်တာမျိုး ၊
သူ့ကို အမြဲစောင့်ကြည့်ပြီး သူလိုမယ်ထင်တာလေး ဝယ်ပေးလိုက်တာမျိုး ။ အဘက်ဘက်က ကူညီတယ် ။
သူ့ရဲ့ အပြုမှုတိုင်း ကို ချစ်ပေးတယ် ။
သူလုပ်သမျှ သူ့ဝါသနာ တိုင်းကို စိတ်လိုလက်ရ သဘောကျပေးတယ် ။ ပါရမီ ဖြည့်ပေးတယ် ။
ကိုယ်တိုင်က အပြည့်ဝယုံကြည်မှုပေးထားတယ် ။
ပါပီယွန် ပြောသလိုပေါ့ …
" ဘဝမှာ ကိုယ်ချစ်တဲ့ မိန်းကလေးရဲ့
အထင်ကြီးမှုကို ခံရတာဟာ အလက်ဇန်းဒါးသည်ဂရိတ် ကမ္ဘာတစ်ခြမ်းကို သိမ်းပိုက်နိုင်ခဲ့တာလောက် နီးနီး ၊ စိတ်ကြီးဝင်စရာကောင်းတယ်မဟုတ်လား " .. တဲ့
ငါတို့အားလုံးဟာ ကိုယ့်ချစ်သူသာ ယုံကြည်ပေးနေပါစေ ၊အားပေးနေပါစေ ၊ အင်အားအပြည့်နဲ့ ကြိုးစားဖို့
တိုးတက်ဖို့ အဆင်သင့်ပါပဲ ။
လုပ်နိုင်တာထက် ပိုလုပ်ပြဖို့လဲ ဝန်မလေးကြဘူးလေ ။
ဒါတွေဟာ ပျော်ရွှင်ပြီး ခိုင်မာနေကြတဲ့ Relationship တိုင်းရဲ့ အဓိက အကြောင်းပြချက်ပါပဲ ။
ကိုယ့်ချစ်သူအပေါ် Respect ရှိရဲ့လား ။
ကိုယ့်ချစ်သူကို Support ပေးနိုင်ရဲ့လား ။
Apple + Nike Collab တဲ့ 😱
iPad Pro အသစ် မိတ်ဆက်တာတွေကို Celebrate တဲ့အနေနဲ့ Nike ကနေ Tim Cook အတွက် သီးသန့် ထုတ်ပေးထားတဲ့ ဖိနပ်ပါတဲ့
Nike Air Max 1 ‘86s ပေါ်မှာ အခြေခံထားတာပါ
Design မှာထင်ရှားတာကတော့ Apple ရဲ့ Rainbow Color ကို Nike Logo မှာ ပတ်ထားတယ် ၊ မထင်မရှား Apple Logo က အပေါ်ဘက်မှာ ပါမယ် ၊ Tag မှာ Made on iPad ဆိုတဲ့စာသားပါမယ်
အဓိက ကြော်ငြာပါပဲ iPad Pro ပေါ်မှာ Pro Create App နဲ့ Apple Pencil Pro ကိုသုံးပြီးဖန်တီးထားတယ်ဆိုတာကို ပြချင်တဲ့အချက်ပါတဲ့
ဒီဖိနပ်ကို Tim Cook က Apple Event မှာ စီးခဲ့ပါတယ်
1 of 1 အနေနဲ့ပဲဆက်ရှိမလား ထုတ်ရောင်းမလားကတော့မသိပါဘူး ထုတ်ရောင်းခဲ့ရင်လဲ ဝက်ဝက်ကွဲ အောင်မြင်မဲ့ ဖိနပ်ဆိုတာငြင်းရမှာမဟုတ်ပါဘူး 🫥
55th Algiers International Fair invites participation of Myanmar entrepreneurs
Myanmar entrepreneurs can participate in the 55th edition of the International Fair of Algiers (FIA) that will be held from 24 to 29 June 2024 in the vibrant Algiers city, according to the Myanmar Trade Promotion Organization.
It offers a multisectoral exhibition platform covering agriculture, manufacturing industry, construction, petrochemical industry, services, electrical industry, mechanical industry and steel industry,
FIA serves a pivotal role for economic stakeholders in both Africa and beyond. The event promotes the commercial exchange between Algeria and partner countries and trade cooperation potentials in line with the new investment law of Algeria.
To make further enquiries about the event, the website www.safex.dz can be visited for online registration. — NN/EM
DxoMark နံပါတ် (၁) ဆိုတာ Huawei ရဲ့ အိမ်လို ဖြစ်နေပြီ တလောက Honor ကြောင့် ခန အောက်ဆင်းပေးခဲ့ရပေမဲ့ အခုမှာတော့ Pura 70 Ultra ကြောင့် နံပါတ် (၁) နေရာကို 163 Score နဲ့ ပြန်ရခဲ့ပါပြီ
DxoMark က Pura 70 Ultra ရဲ့ ကင်မရာကို မကောင်းပြောတဲ့နေရာကတော့ Low-Light အချိန် Video ရိုက်ကူးမှုမှာ Detail တွေ လျော့တယ် ပြောထားလေရဲ့
ကောင်းတာတွေက များတော့ အကျဉ်းချုပ်ပဲပြောပြတော့မယ်
Pura 70 Ultra ကင်မရာက ကြိုက်တဲ့အနေထားမှာရိုက် အကုန်ကောင်းတယ် ၊ exposure / color / auto ပိုင်းကောင်းတာကြောင့် image quality ကောင်းကောင်းတွေကို ထုတ်ပေးနိုင်မယ် ၊ Zoom ကလဲ Best in Class အပြင် Macro ပိုင်းကလဲ Detail ကောင်းတယ် ၊ Autofocus ပိုင်း လျင်မြန်တယ် ပြောထားပြီးတော့ Portrait ပိုင်းမှာ Blur Effect တွေ ကောင်းတယ်လို့ဆိုထားပါတယ်
Huawei က Pura Line Up အသစ်နဲ့ကြမ်းပြလာတာပဲ သတင်းထူးအနေနဲ့ PuraOS ဆိုပြီး Huawei က မှတ်ပုံတင်ဖို့ ပြုလုပ်နေတယ်လို့ သတင်းထွက်နေတယ် ဆိုတော့ကာ Huawei စီကနေ Pura Branding ကို မြင်လာရတော့မလား စောင့်ကြည့်ရပါမယ်
အဆုံးသတ်ရရင် “ကင်မရာဖုန်း” ဆိုတာ ဒါမျိုး လို့ ပြောရတော့မှာပါပဲ
အရောင်းဂုရုကြီး Jordan Belfort ကို
Interview တစ်ခုမှာ ဗျူးတဲ့သူက မေးတယ်
The Wolf of Wall Street ထဲကလိုမျိုး
ဒီဘောပင်လေးကို ရောင်းပြပါလား Jordan၊
Sell me this pen ဆိုပြီး ဘောပင်ပေးလိုက်တယ်
Jordan Belfort က ဘောပင်ကို ကိုင်ပြီး
" ငါသာဘောပင်အရောင်းသမားဆိုရင်
ဒီလိုပုံစံလေးနဲ့ရောင်းဖြစ်လိမ့်မယ်
မင်းကိုအခုမေးခွန်းလေးတွေ အရင်စမေးမယ်ပေါ့
မင်းက ဘယ်လိုဘောပင်တွေနဲ့စာရေးလေ့ရှိလဲ?"
Interview တဲ့လူက
တွေ့တဲ့ဘောပင်နဲ့ပဲ ရေးတယ်လို့ ပြန်ဖြေတယ်...
Jordan က " ဒါဆိုစျေးကွက်ထဲမှာ
ဘောပင်ဝယ်ဖို့ဆိုပြီးရှာနေတာမျိုးကောရှိလား "
Interview တဲ့လူက No လို့ပြန်ဖြေတယ်
Jordan က
"ဒါဆို ဒီဘောပင် မင်းကိုထိုးရောင်းဖို့
ငါမကြိုးစားတော့ဘူး...
ဘောပင်ဝယ်ဖို့ စုံစမ်းနေတဲ့လူတစ်ယောက်
မတွေ့မချင်း ငါဒီလိုပဲလိုက်မေးမယ်
ဘောပင်မလိုအပ်တဲ့လူ၊ မလိုချင်တဲ့လူကို
ငါတို့အတင်းထိုးရောင်းဖို့ ကြိုးစားစရာမလိုဘူး"
=====
စျေးကွက်ထဲမှာ ဝယ်လိုအားမရှိရင်
ဘယ်လောက် ကြော်ငြာကောင်းကောင်း
မရောင်းရနိုင်ပါဘူး..
အထူးသဖြင့် စစ်မှုထမ်းဥပဒေကြောင့်
ဒီရက်ပိုင်း ဘယ် Industry မှာမဆို
စျေးကွက်ရဲ့ဝယ်လိုအားတွေကျကြပါတယ်
မသိမသာ နည်းနည်းကျတာနဲ့
သိသိသာသာ များများကျတာပဲကွာတာပါ
=====
ဒါဆို ဝယ်လိုအားကျတာနဲ့
Marketing ကိုရပ်ပစ်ရမှာလားဆိုတော့
ရပ်ပစ်လို့မရပါဘူး
Marketing က ရပ်လိုက်တာနဲ့
အရှိန်ပြန်ရဖို့ တော်တော်ပြန်ကြိုးစားရပါတယ်
ဒါ့ကြောင့်မရပ်တော့မရပ်ပါနဲ့ ✅
=====
သို့သော် ကိုယ်အရှုံးခံနိုင်သလောက် ပမာဏတစ်ခုနဲ့
ကြော်ငြာတာလေးတွေဆက် Run ထားပါ..
Marketing Campaign တွေဆက်ပြီးပြုလုပ်ပါ...
တချိန်တုန်းက ဒီလုပ်ငန်းကနေ
ကျွန်တော်တို့ကိုအမြတ်တွေရခဲ့ပြီးပြီလေနော်
အခု လုပ်ငန်းမသေဆုံးသွားအောင်
ပြန်ရင်းနှီးမြုပ်နှံတယ်လို့ ခံယူကာ
Marketing နဲ့ပတ်သက်ပြီး
အနည်းနဲ့အများတော့ဆက်လုပ်နေပါ 🌟
=====
အခုလိုကြီးကြီးမားမားအပြောင်းအလဲကာလမှာ
ဘယ်လုပ်ငန်းမဆို ပြဿနာတက်ကြပါတယ်..
တချို့က Marketing ပြဿနာတက်တယ်
တချို့က ဝန်ထမ်းပြဿနာတက်တယ်..
ပြဿနာကြီးကြီးတက်တာနဲ့
ပြဿနာသေးသေးတက်တာပဲ ကွာမှာပါ ...
=====
စျေးကွက်ထဲမှာ ဝယ်လိုအားတွေကျလို့
ရောင်းအားကျတာမျိုးကတော့ ဖြစ်နေကျပါပဲ
လုပ်ငန်းတွေအနေနဲ့ စျေးကွက်ထဲမှာ
ရှင်သန်ကျန်ရစ်ခဲ့ချင်ရင်
ဒီကာလကိုတော့ Survive ဖြစ်အောင်နေဖို့လိုပါတယ်
=====
Please Stay Strong 💖