42 w - Translate

အရမ်းချစ်လာရင် ဖုန်းလျှော့ဆက်ပါ။
အရမ်းသတိရလာရင် မက်စေ့လျှော့ပို့ပါ။
အရမ်းလိုအပ်လာပြီဆိုရင် ခဏတာမေ့ထားလိုက်ပါ။
ဘာလို့ဆို
.......
(အချစ်ရဲ့ နိယာမ သဘောတရားကိုက
ကို့ကိုပစ်ထားတဲ့လူ၊ကို့ကိုနာကျင်စေတဲ့လူ၊ကို့ကို မျက်ရည်ကျစေတဲ့လူဆိုရင်
မမေ့နိုင်အောင် ချစ်တတ်ပြီး...
မလွတ်သွားအောင် စွဲထားတတ်ပြီး...
ကို့ကိုဂရုစိုက်တဲ့လူ၊တန်ဖိုးထားတဲ့လူ၊အမြဲအဆင်သင့်ဖြစ်နေတဲ့လူမျိုးကြ
စိတ်ကုန်လွယ်၊ငြီးငွေ့လွယ်တတ်တယ်။)

တစ်ချို့ဆို
တကယ်ချစ်လာပြီဆိုရင်၊သူ့တို့တကယ်လိုအပ်လာပြီဆိုရင်..
တစ်ဖက်လူဒဏ်မခံနိုင်တော့တာပဲ။
တစ်ဖက်လူရဲ့ အသေးဖွဲကစ
သူတို့နမ်မည်တွေ ဖြစ်ချင်လာတယ်။
ဆုံးရှုံးရမှာ ကြောက်တဲ့စိတ်နဲ့ပဲ
ဂရုစိုက်ခြင်းအသွင်ကနေ
တဖက်လူကိုကျင်းကျတ်စေတဲ့အသွင်းပြောင်းသွားတတ်ပြီး
အရာရာဟာ ကို့အမှားတွေပဲဖြစ်လာတယ်။
မမှားလဲ မှားတော့တယ်။
မှန်နေရဲ့နဲ့တောင်းပန်ရတဲ့အဖြစ်တွေ ကြုံရတယ်။
တစ်ဖက်လူလဲ မပျော်ရ၊ကို့ဘက်လဲ မပျော်ရနဲ့
နောက်ဆုံး...
ပိုအနီးကိုသွားလေလေ... ပိုဝေးလာလေလေဖြစ်တော့တာပဲ။

ကျနော်ပြောတာကို ယုံပါ။
အနီးမှာနေလိုက ခပ်ခွာခွာနေပါ။
တကယ်ချစ်ရင် အရမ်းဂရုစိုက်မပြပါနဲ့

image
42 w - Translate

ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့တွင် ချောက်မြို့နှင့် မကွေးမြို့ ပါဝင်လာ၊ မုတ်သုံမဝင်မီ အပူဒဏ်ကို ခံစားရမည်ဟု မိုးလေဝသလေ့လာသူအချို့က ပြောကြားသည်။

အပူချိန်နှင့် မိုးရွာသွန်းမှုအခြေအနေများကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိသည့် Eldorado weather ၏ မေ ၁၅ ရက်တွင် ဖော်ပြထားသည့်ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့တွင် မကွေးတိုင်းဒေသကြီး ချောက်မြို့နှင့် မကွေးမြို့တို့မှာ ပြန်လည်ပါဝင်လာသည်ကို တွေ့ရသည်။

မေ ၁၅ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ထုတ်ပြန်ချက်အရ ချောက်မြို့မှာ ၄၄ ဒသမ ၄ ဒီဂရီစင်တီဂရိတ်ဖြင့် အဆင့် ၈ ဖြင့်လည်းကောင်း၊ မကွေးမြို့မှာ ၄၄ ဒသမ ၁ ဒီဂရီစင်တီဂရိတ်ဖြင့် အဆင့် ၁၁ နေရာတွင်လည်းကောင်း ရပ်တည်လျက်ရှိသည်ကို တွေ့ရသည်။

ဧပြီလ တစ်လလုံးနီးပါး မြန်မာနိုင်ငံ အလယ်ပိုင်းဒေသရှိ မြို့များဖြစ်သည့် ချောက်မြို့၊ မကွေးမြို့၊ မင်းဘူမြို့ အစရှိသည့်မြို့များမှာ ကမ္ဘာ့အပူဆုံးမြို့များတွင် ဆက်တိုက်ပါဝင်ခဲ့သော်လည်း မေလဆန်းပိုင်းတွင် မိုးရွာသွန်းမှု များရှိလာသဖြင့် အပူဆုံးမြို့များတွင် ပါဝင်ခြင်းမရှိရာမှ မေ ၁၄ ရက်မှ စတင်ကာ ချောက်မြို့မှာ ပြန်လည်ပါဝင်လာခဲ့သည်။

မေ ၁၅ ရက်တွင်မူ အဆိုပါစာရင်းတွင် မကွေးမြို့မှာ ထပ်တိုးလာခဲ့ပြီး ကမ္ဘာ့အပူဆုံးမြို့စာရင်းတွင် မြန်မာနိုင်ငံမှ မြို့နှစ်မြို့အထိ ပါဝင်လာခြင်းဖြစ်သည်။

မိုးလေဝသလေ့လာသူတစ်ဦးဖြစ်သည့် ဦးဝင်းနိုင်ကလည်း မုတ်သုံရာသီမဝင်မီတွင် အပူဒဏ်ကို သတိထားနေထိုင်ရမည်ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

“မုန်တိုင်းဖြစ်တာကမသေချာသေး။ မုတ်သုံဝင်လာဖို့လဲ ၁၀ ရက်လောက် လိုနေသေးတယ်။ လောလောဆယ် ပြန်ပြီးအာရုံစိုက် သတိထားကြရမဲ့ မိုးလေဝသအခြေအနေက တကျော့ပြန် အပူချိန်တွေ လာမဲ့တပတ် တနင်္ဂနွေနေ့ (မေလ ၁၉ ရက်အထိ) မြင့်တက်လာဦးမဲ့အရေးဘဲ။ အလယ်ပိုင်းဒေသတွေဖြစ်တဲ့ မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတွေထဲက မြို့နယ်အချို့မှာ အပူချိန် ၄၄ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာဦးမယ်၊ မိုးကလဲ မစို့မပို့ ရွာထားတော့ စိုထိုင်းဆတွေက မြင့်နေမယ်။ စိုထိုင်းဆတွေ မြင့်နေတော့ ခံစားရတဲ့ အပူချိန်က ၄၄ ဒီဂရီစင်တီဂရိတ်ထက် ကျော်တဲ့နေရာတွေ ကျော်လာဦးမယ်လေ” ဟု ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ လာမည့်နှစ်ရက်အတွင်း မြန်မာနိုင်ငံ၏ ဒေသအချို့တွင် နေ့အပူချိန်များ အနည်းငယ်တိုးလာမည်ဟု ခန့်မှန်းထားသည်။

image
42 w - Translate

အောက်တိုဘာလောက်မှာ Xiaomi 15 ကို မိတ်ဆက်လာမယ်လို့ သတင်းထွက်နေတယ်

ထုံးစံအတိုင်းပဲ Snapdragon 8 Gen4 ကိုသုံးပေးလာမယ်တဲ့ ဒါကတော့ မဆန်းပါဘူး နှစ်ကုန်ပိုင်းလောက်မှာ xiaomi က flagship အသစ် မိတ်ဆက်တယ် ၊ နောက်ဆုံးထွက် Snapdragon SoC ကိုသုံးပေးတယ် (ပုံမှန်ပါပဲ)

Snapdragon 8 Gen4 က သတင်းအရတော့
Single Core 2,700
Multi Core 100,000 ရှိပါတယ်ဆိုပြီး အတည်မပြုနိုင်တဲ့ Geekbench 6 Test အရသိရတယ် နောက်ထပ် သတင်းအနေနဲ့ 8 Gen4 မှာ သိသာတဲ့ CPU / GPU Performance တိုးတက်မှုတွေရှိလာနိုင်ပြီး High Performance Core တွေက 3.6 - 4 GHz Clock Speed အထိ ရှိမယ်လို့ ပြောနေကြပါတယ်

Xiaomi 15 အကြောင်းသိရသမျှ ကို ဆက်ရရင် အရင်က Xiaomi 14 ထက် ဘေးဘောင်တွေပိုပါးလာမယ်

Chin ကို 1.71mm ကနေ 1.5mm အထိ ပါးလာမယ်ဆိုတာက ဖုန်း Screen ပေါ်ကျရင်သိသာတဲ့တိုးတက်ပြောင်းလဲမှုလို့ပြောရမှာပဲ
အင်တာနက်ပေါ်ကပုံအရတော့ 1.5mm က ဘောင်ပတ်လည် ဖြစ်လာနိုင်တယ့်အပြင် ကင်မရာနေရာကလဲ 3.9mm ကနေ 2.5mm အထိ ပိုသေးလာပါမယ်တဲ့

image
42 w - Translate

Positive vibes ✨

image
42 w - Translate

Positive vibes ✨

image
42 w - Translate

Positive vibes ✨

image
42 w - Translate

Positive vibes ✨

image
image
image
42 w - Youtube

lovely ❤

42 w - Translate

နွေရာသီနဲ့လည်းလိုက်၊ ခေတ်စားနေတဲ့ outfit မျိုး ဝတ်မယ်ဆိုရင် Boxer Shorts Outfit တွေသာ ဝတ်ကြ။ နှစ်အစကတည်းက Boxer Shorts နဲ့ ပတ်သက်တဲ့ fashion outfit တွေ instagram တို့ Pinterest တို့မှာတွေ့ပေမယ့် ဆက်တိုက်ကြီီး ဝတ်လာကြမယ် မထင်ခဲ့ဘူး။
ခုတော့ Boxer Shorts တွေကို ပုံတွေထဲကလို တစ်ထပ်တည်းသာမက Baggy Jeans တွေအောက်ကနေလည်း အလှထုတ်ဝတ်လာကြတယ်။ 💁
Boxer Shorts တွေကို အများအားဖြင့် Baby Tee လေးတွေ၊ Body Fit Top လေးတွေ၊ Graphic Tee ၊ Vest စတာတွေနဲ့ တွဲဝတ်ကြပြီး Cowboy Boots၊ Loafers၊ Sneakers စတာတွေကို ခြေအိတ်လေးတွေ ဖော်ဝတ်ပြီး styling လုပ်ဝတ်ကြတာများပါတယ်။ 🙌

image