Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ကားအင်ဂျင် တုန်ခါမှုကို ဖြစ်ပေါ်စေတဲ့ အချက်(၈)ချက်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကားမောင်းတဲ့ သူတွေ တော်တော်များများ မကြာခဏတွေ့ကြုံနေရတဲ့ ကား အင်ဂျင် ပုံမှန်မဟုတ်ဘဲ တုန်ခါစေတဲ့ ပြသနာတွေကို တင်ပြပေးသွားပါ့မယ်။
🔸(1) လေတံခါး ( Throttle Body) နဲ့ ( ISC Valve) တွေ ချေးပိတ်တာ
ကားအင်ဂျင် တုန်ခါမှုရဲ့ 70% လောက်ကဒီနှစ်ခုမှာ ချေးပိတ်လို့ ဖြစ်တာများပါတယ်။
ဒီနှစ်ခုရဲ့ အလုပ်လုပ်ပုံကလည်း သဘောတရားအခြေခံ နီးစပ်ပြီး တချို့ကားတွေမှာ အတွဲလိုက်ရှိပြီး တချို့ကားတွေမှာတော့ သီးသန့်စီတည်ဆောက်ထားပါတယ်။
အားလုံးသိထားတဲ့အတိုင်းပဲ ကားအင်ဂျင်တုန်ခါတာနဲ့ လေတံခါးဖြုတ်ဆေးကြောတယ်ဆိုတာ အစဉ်အလာတစ်ခုလိုတောင် ဖြစ်နေပါပြီ။
🔸(2) Spark Plugs တွေ မကောင်းတာ
ကားအင်ဂျင်မှာ အသုံးပြုထားတဲ့ Spark Plugsတွေ မကောင်းဘူးဆိုရင် ကားအင်ဂျင်လည်ပတ်ဖို့ ဆီတွေကို မီးလောက်ကျွမ်းပေးဖို့ လုံလောက်တဲ့ မီးပွင့်မှုတွေ ဖြစ်မလာနိုင်တော့ဘဲ ကားအင်ဂျင် တုန်ခါမှုတွေကို ဖြစ်လာစေပါတယ်။
🔸(3) Fuel Filter တွေ ချေးပိတ်တာ
Fuel Filter တွေ ချေးပိတ်နေတယ်ဆိုရင် ဆီပန့်ကနေ လုံလောက်တဲ့ ဖိအားရှိတဲ့ ဆီတွေကို Injectorတွေ ဆီမပို့ဆောင်တော့ဘဲ အင်ဂျင်တုန်ခါမှု ဖြစ်ပေါ်လာစေပါတော့တယ်။
🔸(4) အင်ဂျင်အဝင်လေပိုက်တွေ ပေါက်တာ၊ ကွဲတာ
ကားအင်ဂျင်တစ်ခု လည်ပတ်ဖို့ အဓိက လိုအပ်တဲ့ အရာတွေထဲမှာ လေ လည်းပါဝင်တာမို့ ဒီလေပိုက်တွေ သေချာမတပ်ဆင်ထားလို့ ကားမောင်းရင်း ပြုတ်ထွက်သွားတာ၊ ဆွေးမြေ့နေတဲ့ လေပိုက်အက်ကြောင်းတွေကနေတဆင့် လေတွေဝင်နေတာကြောင့် အင်ဂျင်ရဲ့ ဆီနဲ့လေ အချိုးမမှန်မှုတွေ ဖြစ်ပေါ်လာစေပြီး ကားအင်ဂျင်တုန်ခါမှုကို ဖြစ်လာစေပါတယ်။
🔸(5) အင်ဂျင်မောင်းတိန်းတွေ မကောင်းတာ
ပုံမှန်အားဖြင့် ကားအင်ဂျင်တိုင်းမှာ အင်ဂျင်မောင်းတိန်း အနည်းဆုံး ၂ခု ကနေ ၃ ခု ၄ခုထိပါတတ်ပါတယ်။
ဒီကောင်တွေရဲ့ အဓိကလုပ်ဆောင်ချက်က အင်ဂျင်ကို ကားဘော်ဒီမှာ အသေတပ်ဆင်တာမျိုး မလုပ်ဘဲ လိုအပ်သလောက် အတိမ်းအစောင်း လှုပ်နိုင်ခါနိုင်အောင် ထိန်းထားပေးတာပါ။
အင်ဂျင်နဲ့ ဘောဒီကို တွဲဖက်ပေးထားတဲ့ ဒီကောင်တွေ တလုံးလုံး ပျက်ပြီဆိုရင်၊ မောင်းတိန်းဆွေ အားပျော့လာပြီး အင်ဂျင်ဟာ သိသိသာသာ တုန်ခါပါတယ်။
🔸(6) Mass Air Flow Sensor ( MAF) တွေ မကောင်းတာ
MAF Sensors တွေ ချေးကပ်ပြီး၊ ချို့ယွင်းပြီး အလုပ်လုပ်တာ မမှန်တော့ဘူးဆိုရင် ECMကိုပို့ပေးတဲ့ အချက်အလတ်တွေ မှားယွင်းကုန်ပြီး ဆီနဲ့လေ အချိုးတွေ မမှန်တော့ပါဘူး။
ဒီမှာ အင်ဂျင် တုန်ခါတွေ ဖြစ်ကုန်ပါတော့တယ်။
🔸(7) Injectors တွေ မကောင်းတာ
Fuel Injectors ( Petro Engine) နဲ့ Nozzle ( Diesel Engine) တွေ ချေးပိတ်ဆို့တာ ၊ ကာဗွန်ဂျိုးတက်တာတွေ ဖြစ်ပြီး ကားအင်ဂျင်လည်ပတ်မှု ဖြစ်စဉ်ကို အနှောက်အယှက်ပေးတာမို့ ကားအင်ဂျင် တုန်ခါမှုကို ဖြစ်စေတာပါ။
🔸(8) Timing Belt ကြိုးတွေ ချော်တာ၊ ပွန်းစားကုန်တာ
Timing Belt ကြိုးတွေ ပွန်းစားပြီး Timing အသွားအလာကျော်တာ၊ တိုင်ပင်ချော်တာတွေကြောင့် ကားအင်ဂျင် တုန်ခါမှုတွေကို ဖြစ်စေနိုင်ပါတယ်။
ကဲ သင်ရော ကားအင်ဂျင် တုန်ခါတဲ့ ပြသနာမျိုး ကြုံဖူးပြီလား။
သင့်ကားရော ဘယ်အချက်တွေနဲ့ ကားအင်ဂျင် တုန်ခါမှုတွေကို ကြုံတွေ့ဖူးကြသလဲ။
ထိုင်းမှာ သွားလာရေးအတွက် ရထားမစီးတက်ဘူးဆိုရင်တော့ ဒီဆော့ဝဲလေးက မိတ်ဆွေအတွက် ဆောင်ကို ဆောင်ထားသင့်တဲ့ ဆော့ဝဲလေးတစ်ခုဖြစ်ပါတယ်။
ဒီဆော့ဝဲလေးရဲ့ အားသာချက်က ကိုလက်ရှိရှိတည်နေရာကနေ MRT, BTS စီးရမယ့်နေရာကိုသွားဖို့
- ကိုယ်က ဘယ်နေရာကနေ ဘယ်နေရာထိ လမ်းလျောက်ရမယ် ၊
- ဘယ်နှစ်နာရီမှာ ရထားထွက်မယ် ၊
- အချိန်ဘယ်လောက်ကြာမယ် ၊
- တစ်ဆင့်ထဲသွားရမယ် ၊
- ရထားပြောင်းပြီးရမယ် ၊
- Platform No ဘယ်လောက်မှာဆင်းပြီး တစ်ဆင့်ပြန်စီးရမယ့် ရထားက Platform No ဘယ်လောက်မှာ ဘယ်အချိန် ပြန်ရောက်မယ် ၊
- ရထားခက ဘယ်လောက်ကုန်မယ် ဆိုတာက အစ သေးစိတ် သိရှိရမှာဆိုတော့ မိတ်ဆွေအနေနဲ့ ထိုင်းမှာနေနေတယ် ဆိုရင်တော့ သွားရေးလာရေးအတွက် အရမ်းကို အဆင်ပြေစေမှာပါခင်ဗျ။
ဆော့ဝဲဒေါင်းရန် - https://bit.ly/3JWgshp
❝ အော်တေဂါက ဒီနေ့မှာ ကျနော်တို့ကို ကယ်တင်သွားခဲ့တာပါ၊ အဲ့လိုမှ မဟုတ်ရင် အာဆင်နယ်က ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်သွားလောက်ပါပြီ။
ပြိုင်ဘက်ကစားသမားနဲ့ တစ်ဦးချင်းတွေ့တဲ့အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ အော်တေဂါက ကျနော့်ဘဝမှာ မြင်ဖူးသမျှ အကောင်းဆုံးဂိုးသမားတွေထဲက တစ်ယောက်ပါပဲ။ ❞
~ပပ်ဂွာဒီယိုလာ (စပါးနှင့်ပွဲပြီးပြောကြားချက်)